18/08/2026
PNU Myanmar Alumni Association Introduction (2026-2027)
မင်္ဂလာပါ~
PNU မြန်မာကျောင်းသားများအဖွဲ့အစည်းကနေ ကြိုဆိုပါတယ်။ ဒီနေ့မှာတော့ လက်ရှိ PNU မြန်မာကျောင်းသားများအဖွဲ့အစည်းနဲ့တကွ ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် တာဝန်ယူထားတဲ့ အဖွဲ့ဝင်များကို မိတ်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။
ဘူဆန်အမျိုးသားတက္ကသိုလ် (Pusan National University) မှာ ပညာတော်သင် မြန်မာကျောင်းသူ/ကျောင်းသား ဦးရေဟာ တဖြည်းဖြည်းနဲ့ တိုးလာခဲ့ရာကနေ ယခု ၂၀၂၆ ခုနှစ်မှာတော့ အယောက် ၂၀၀ ဝန်းကျင်အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ယခုပို့စ်မှာတော့ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အသစ်ဖွဲ့စည်းလိုက်တဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့နဲ့အတူ ယခင်နှစ်ဝက်ကနေ စတင်ဖွဲ့စည်းခဲ့ပြီး ယခုနှစ်ထိတိုင် ဆက်လက်တာဝန်ယူကြမယ့် အမှုဆောင်များ (Central Executive Committee members) တွေကို မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် President Election ကျင်းပဖြစ်ခဲ့ပြီး ဝင်ရောက်ရွေးချယ်ခံသူ ၂ ဦးထဲကမှ မဲအများဆုံး ရရှိသူ ကိုကျော်ဇောထွန်းက ဥက္ကဋ္ဌ ရာထူးနှင့် ဒုတိယ မဲအများဆုံး ရရှိသူ မခြူးသန့်သဉ္ဇာက ဒုဥက္ကဋ္ဌအဖြစ် အသီးသီး ရွေးချယ်တာဝန်ပေးအပ်ခံခဲ့ရပါတယ်။ ဒါကြောင့် ယခင်နှစ်ဝက်တွင် တာဝန်ယူခဲ့ကြသော မအေးချမ်းပွင့်ဖြူ (ယခင်ဥက္ကဋ္ဌ) နှင့် ကိုဟိန်းဇော်ခန့် (ယခင်ဒုဥက္ကဋ္ဌ) တို့ကနေ တာဝန်လွှဲပြောင်းပေးအပ်ကာ PNU Myanmar Alumni Association ကို ယခင် CEC အဖွဲ့ဝင်များနဲ့အတူတကွ ကိုကျော်ဇောထွန်းနှင့် မခြူးသန့်သဉ္ဇာတို့မှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် တာဝန်ယူ ဆောင်ရွက်ပေးကြမှာဖြစ်ပါတယ်ခင်ဗျာ။
ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့အတူ ယခင်နှစ် CEC အမှုဆောင်အဖွဲ့များနဲ့တကွ အဖွဲ့ဝင်တွေကတော့ -
1. Event Organizing Team
MT, Gathering စတဲ့ ကျောင်းသားတွေအတွက် ပျော်ရွှင်စရာ အဖွဲ့အစည်းလိုက် လှုပ်ရှားမှုတွေကို စီစဉ်ကြီးကြပ် တာဝန်ယူပေးထားတဲ့အဖွဲ့နဲ့ အဖွဲ့ဝင်များဖြစ်ကြတဲ့ -
- Nyi Oakkar Lin
- Yoon Po Po Aung
- Suu Lai Nwe
- Yoon Thiri Zaw
- Ei Pwint Phyu (LEI)
2. Information & Communication Team
မြန်မာကျောင်းသူ/ကျောင်းသားတွေကြား အပြန်အလှန် ဆက်သွယ်မှုနဲ့ သတင်းကွန်ရက်တွေကို ချိတ်ဆက်ပြီး သက်ဆိုင်ရာ သတင်းအချက်အလက်များကို အစဉ်အမြဲ အချိန်နဲ့တပြေးညီ အသိပေးဖို့အပြင် ကျောင်းသူ/ကျောင်းသားများရဲ့ ကြားခံကိုယ်စားပြုအဖြစ် PR role ကိုပါ တာဝန်ယူထားတဲ့အဖွဲ့နဲ့ အဖွဲ့ဝင်များဖြစ်ကြတဲ့ -
- Hnin Ohnmar Wai
- Myat Thu Khaing
- Thae Htet Su
- May Thet Myat Noe
- Soe Thet Tin (LEI)
3. Digital Media Team
အဖွဲ့အစည်းကလုပ်တဲ့ ကျောင်းတွင်းကျောင်းပြင် လှုပ်ရှားမှုတွေကို လူမှုကွန်ရက်တွေအားလုံးမှာ မှတ်တမ်းအဖြစ် ကျန်ခဲ့စေဖို့နဲ့ အဲ့ဒီမှတ်တမ်းတွေကို တည်းဖြတ်ခြင်း၊ ပြုပြင်ခြင်း၊ ဖန်တီးခြင်း၊ ပြင်ဆင်ခြင်းတွေအတွက် တာဝန်ယူထားပြီး PNU Myanmar Community ရဲ့ လူမှုကွန်ရက်များကို တာဝန်ယူထားတဲ့ အဖွဲ့နဲ့ အဖွဲ့ဝင်များဖြစ်ကြတဲ့ -
- Tay Zar Linn
- Myat Po Po Aung
- Than Thar Yin Thu
- Htet Nai Lynn
- Hein Tay Zar (LEI)
4. Finance Team
အဖွဲ့အစည်းရဲ့ ငွေကြေးသုံးစွဲမှုနဲ့ ရန်ပုံငွေကိုင်တွယ်ခြင်း အစရှိတာတွေကို မှတ်တမ်းတင် စီမံကွပ်ကဲပေးနေတဲ့ အဖွဲ့နဲ့ အဖွဲ့ဝင်များဖြစ်ကြတဲ့ -
- Myo Kaung Ko
- Nang Hein Kham တို့ဖြစ်ပါတယ်။
ယခင်နှစ် ဥက္ကဋ္ဌဟောင်း၊ ဒုဥက္ကဋ္ဌဟောင်းတို့နဲ့အတူ CEC အဖွဲ့ဝင်ဟောင်းများရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူ မြန်မာပြည် ငလျင်ဘေးအတွက် ရန်ပုံငွေရှာဖွေခြင်း၊ မြန်မာကျောင်းသားများ တွေ့ဆုံပွဲ MT event နဲ့တကွ တောင်တက်ခရီးစဉ်၊ လွတ်လပ်ရေးနေ့ အားကစားလှုပ်ရှားမှု၊ ကျောင်းသားသစ်တွေ့ဆုံကြိုဆိုပွဲ အစရှိတာတွေကို အတူတကွ အောင်အောင်မြင်မြင်နဲ့ ပြုလုပ်နိုင်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရမှာပါ။ မြန်မာကျောင်းသူ/ကျောင်းသားများကိုယ်စားပြုအနေနဲ့ ကျောင်းတွင်းလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာတွေလည်း ရှိသလို တက္ကသိုလ်ပြင်ပ လှုပ်ရှားမှုတွေကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။ အထူးသဖြင့် ငလျင်ဒဏ်သင့် မြန်မာကျောင်းသားများအတွက် PNU International Office မှ ပညာသင်ဆု ထောက်ပံ့ပေးခဲ့သည့် အစီအစဉ် ဖြစ်လာသည်အထိ တွန်းအားပေးနိုင်ခဲ့ခြင်းက ထင်ရှားတဲ့ ရလဒ်တစ်ခုအဖြစ် သက်သေထူနိုင်ခဲ့ပါတယ်။
ရှေ့ဆက်ပြီးတော့ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အသစ်ဖွဲ့စည်းထားတဲ့ PNU Myanmar Alumni Association အနေနဲ့လည်း ဘူဆန်တက္ကသိုလ် မြန်မာကျောင်းသားတွေအတွက် အမှတ်ရစရာ အစီအစဉ်တွေ အတတ်နိုင်ဆုံး အများအပြား ပြုလုပ်ပေးသွားဖို့ ရှိတာမလို့ အဖွဲ့အစည်းက ဦးဆောင်ပြုလုပ်ပေးတဲ့ ပွဲတွေနဲ့ လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ပေးသွားကြဖို့ တောင်းဆိုလိုက်ပါတယ်။
ကျောင်းသူ/ကျောင်းသားတွေအတွက် စိတ်ဖိစီးမှုတွေများတဲ့ နိုင်ငံရပ်ခြား ပညာသင်ခရီးမှာ ခဏတာလေးပဲဖြစ်ဖြစ် ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ တက္ကသိုလ်နေ့ရက်များကို ပိုင်ဆိုင်နိုင်အောင် PNU Myanmar Alumni Association CEC အဖွဲ့ဝင်များက အတူတူ တာဝန်ယူ ကြိုးစားပေးမှာဖြစ်လို့ ဆက်လက် စောင့်ကြည့်ပေးကြပါဦး။
အဆုံးထိ ဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကောင်းသောနေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေ။
PNU Myanmar Alumni Association