14/06/2026
✊🏻ဒီနေ့မှာလည်း နိုင်ရာတာဝန်ထမ်းကြရင်း "စစ်တောင်းမြစ်ဝှမ်း တပ်ရင်း"အတွက် Takadanobaba ဘူတာတွင်
အလှူခံခဲ့ကြရာ ¥95,000 နှင့် ကိုသစ္စာ မှထပ်ပေါင်း ယန်း 50,000လှူဒါန်းပေးမှုကြောင့် ¥ 145,000ကောက်ခံရရှိခဲ့ကြပါတယ် ။
💖ရာသီဥတုလေးကလည်း ပူပြင်းလှတဲ့ နွေရာသီသို့ ပြန်ပြီး ကူးပြောင်းလာပေမယ့်လည်း ဘယ်လို ရာသီဥတုတွေမှာပဲဖြစ်ဖြစ် အားမလျော့ဘဲကျွန်တော်တို့ အဖွဲ့ဝင် ညီကိုမောင်နှတွေ ဆက်လက်ပြီး တိုက်ပွဲဝင်နေသေးကြောင်းပြသနိုင်ရန် 4နာရီကြာမတ်တပ်ရပ်ပြီး အားလုံးအတူတူ ကြိုးစားခဲ့ကြပါတယ်💪🏻
🙏ပါဝင်လှူဒါန်းပေးသောအလှူရှင်များ
🤍ဘယ်လိုအခြေအနေမျိုး ရာသီဥတုမျိုးမှာပဲဖြစ်ဖြစ် ပါဝင်ပေးကြသော Volunteerများ၊တစ်နာရီ ရရ ပါဝင်အားဖြည့်ပေးကြသော ညီငယ် ညီမငယ်လေးများ၊ မြန်မာ့အရေးဆို ရှေ့ကအမြဲပါဝင်ပေးကြသော ဂျပန်လူမျိုးများ၊ ရေသန့်နှင့် အအေးများ လှူဒါန်းပေးကြသူများအားကျေးဇူးအထူးတင်ရှိပါသည်။
တော်လှန်ရေးအတွက် တတ်နိုင်တဲ့ဘက်က အတတ်နိုင်ဆုံးပါဝင်ပေးကြဖို့လဲ တိုက်တွန်းလိုပါတယ်။
高田馬場駅で募金活動しました。ミャンマーで必要な人達に出来るだけ早く寄付します。応援してくれたお一人お一人どうもありがとうございました。
皆様のご応援とご協力ありがとうございました。心から感謝致します。
#အရေးတော်ပုံအောင်ရမည်