Myanmar Nationalities' Support Organization - JP

アクセス ウェブサイト その団体に問い合わせる

Myanmar Nationalities' Support Organization - JP မြန်မာ့လူထု ကူညီထောက်ပံ့ရေးအသင်း မြန်မာ့လူထုကူညီထောက်ပံ့ရေးအသင်း
(1)

RAY ရုပ်ရှင်ပွဲရဲ့ Tokyo နဲ့ Osaka ၂ ပွဲလုံးကို နောက်ထပ် sponsor အဖြစ် ပါဝင်အားဖြည့်ထားတဲ့ စည်တော်ကြီး Osaka-Namba ဆိုင်...
23/08/2026

RAY ရုပ်ရှင်ပွဲရဲ့ Tokyo နဲ့ Osaka ၂ ပွဲလုံးကို နောက်ထပ် sponsor အဖြစ် ပါဝင်အားဖြည့်ထားတဲ့ စည်တော်ကြီး Osaka-Namba ဆိုင်လေးကို မိတ်ဆက်ပေးပါရစေ။

https://www.facebook.com/share/1ERpGHmeUQ/?mibextid=wwXIfr

စည်တော်ကြီးဆိုင်ဟာ မြန်မာဟင်းလျာအမျိုးမျိုးနဲ့ အရသာအလွန်ကောင်းမွန်တဲ့ ဖက်ထမင်း၊ ဇလုံထမင်း၊လက်ဖက်ရည်ချိုအေး နဲ့ အတူ ဝက်သားတုတ်ထိုး ဘူဖေး စသဖြင့် မြန်မာအစားအစာ စုံလင်လှတဲ့ မိသားစုဆိုင်လေးပါ။ ကြာဇံကြော်နှင့် ခေါကိဆွဲကြော်ကတော့ ဆိုင်ရောက်တာနဲ့ မှာကို မှာရမယ့် menu လို့ညွှန်းပါရစေ။
အပတ်စဉ်တနင်္ဂနွေ နေ့တိုင်းလည်း ဝက်သားတုတ်ထိုး ဘူဖေး ရပြီမလို့ ပိတ်ရက်တွေ အဝစားပြီး လည်ကြမယ့်သူတွေအတွက် သတင်းပါးပါရစေ။
စားသောက်ဆိုင်အပြင် မြန်မာအစားအစာတွေကိုဝယ်ယူနိုင်ရန် ကုန်စုံဆိုင်လည်း တွဲလျှက်ဖွင့်ထားပါတယ်။
လတ်ဆတ်တဲ့ အသားငါးနဲ့ အသင့်စားမြန်မာစားစရာတွေလည်း အစုံအလင်ဝယ်ယူလို့ရရှိနိုင်ပါတယ်။

Osaka ရဲ့ အချက်အချာနေရာ ဖြစ်တဲ့ Namba မှာတည်ရှိသည့်အပြင် ဆိုင်ရဲ့ အခင်းအကျင်း သန့်ရှင်း သပ်ရပ် ကျယ်ဝန်းတဲ့မြန်မာ အစားအစာတွေလည်း တနေရာတည်းဝယ်ယူနိုင်ပြီမလို့ မြန်မာ့အစားအစာငွေ့အသက်တွေ လွမ်းနေတဲ့အခါတိုင်း မြန်မာစာတွေလည်းစား အိမ်အတွက်လိုတာတွေဝယ်ရင်း လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပါရစေ။

လိပ်စာ- Chuo Ward, Dōtonbori, 1-chōme-1-5 リアライズ道頓堀ビル 7F, Osaka, Japan
📍 https://maps.app.goo.gl/bi1DisH3iSvbYHwP8

ပွဲတိုင်းမှာ ပါဝင်ပံ့ပိုးပေးနေတဲ့ စည်တော်ကြီး Osaka-Namba ကို နောက်နောင်လည်းဘဲ​ စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ကျေးဇူးတင်ဂုဏ်ပြုလိုက်ပါတယ်။


September 20 ရက်နေ့Osaka မှာ ပြသမဲ့ Ray ရုပ်ရှင်ရဲ့ Sponsor အနေနဲ့ ပထမဆုံးမိတ်ဆက်ပေးချင်တဲ့ ဆိုင်လေးကတော့ Osaka Daikokuc...
21/08/2026

September 20 ရက်နေ့Osaka မှာ ပြသမဲ့ Ray ရုပ်ရှင်ရဲ့ Sponsor အနေနဲ့ ပထမဆုံးမိတ်ဆက်ပေးချင်တဲ့ ဆိုင်လေးကတော့ Osaka Daikokucho Station ကနေ လမ်းလျှောက်၅ မိနစ် တည်းနဲ့ရောက်တဲ့ မကြာသေးမှီကမှ အသစ်ဖွင့်လှစ်ထားပြီး အသက်၂၀ကျော်ပဲရှိသေးတဲ့ မြန်မာလူမျိုးလူငယ်လေးတွေဦးစီးနေတဲ့
🐼KONFU PANDA🐼
ဆိုတဲ့ တရုတ်စားသောက်ဆိုင်လေးပဲ ဖြစ်ပါတယ် 🙇💗

Location - https://maps.app.goo.gl/6rcgnzfXb1Qb6ixf8?g_st=ic

〒556-0014 大阪府大阪市浪速区大国1丁目4-17 マツカワビル 1階

နေ့တိုင်းပိတ်ရက်မရှိ နေ့ခင်း 11 နာရီကနေ ည 12 နာရီ အထိ ဖွင့်လှစ်ပေးထားပြီး✌🏻
တရုတ်မာလာအကင်မျိုးစုံနှင့် မာလာထန် မာလာရှမ်းကော တို့အပြင် တရုတ်ဟင်းလျာ မြန်မာဟင်းလျာတွေကိုလည်း အရသာရှိရှိသုံးဆောင်နိုင်တဲ့ ဆိုင်လေးပဲဖြစ်ပါတယ်🙇💕

အခုလိုပူပြင်းလှတဲ့ ဂျပန်ရဲ့နွေရာသီကြီးမှာ စားလိုက်ရင် ရင်ကိုအေးသွားစေမဲ့ ရေခဲချောင်း Free service လည်း ရှိပါတယ်✌🏻💕

ဒါတင်မကသေးဘဲ🎂🎉 Birthday Party ကို KONFU PANDA မှာ ကျင်းပမယ်ဆို မွေးနေ့ရှင်နဲ့အတူ လာရောက်
ဆင်နွဲ စားသောက်ကြတဲ့မိတ်ဆွေတွေအတွက် စားသောက်ကျသင့်ငွေ 10% OFF လည်းရှိပါသေးတယ်💕 ✨

အသေးစိတ်ကို 🐼KONFU PANDA🐼
Page မှာ ကြည့်လို့ရပါတယ်

Page Link-
https://www.facebook.com/profile.php?id=61591132462654&mibextid=wwXIfr

ဆိုင်ရှင်ညီလေး ညီမလေးတို့ဟာလည်း တလရပွဲတွေမှာ အမြဲတမ်း တက်နိုင်တဲ့ အနုပညာအကအလှတွေနဲ့ ပါဝင်ပေးနေတဲ့ အမှန်တရားဘက်တော်သားတွေဖြစ်တဲ့အပြင် အခုလို Sponsor အဖြစ် ပါဝင်ပေးတဲ့အတွက်လည်း အထူးကျေးဇူးတင်လျက်ပါ🙇❣️

ဆိုင်လုပ်ငန်းစီးပွါးရေးလုပ်ငန်များ ဒီထက်မက တိုးတက်အောင်မြင်ပြီး လုပ်တိုင်းအောက်လို့ ကြံတိုင်းမြှောက်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ 🙇❣️

🎬 OSAKA — RAY 🇯🇵 OSAKAရဲ့🎟️ Early Bird Tickets တွေလဲSOLD OUT ဖြစ်နေပြီး 🎉နောက်ထပ် လက်မှတ်တွေလဲ ရောင်းအားကောင်းနေပါတယ်။ ရ...
19/08/2026

🎬 OSAKA — RAY 🇯🇵

OSAKAရဲ့🎟️ Early Bird Tickets တွေလဲ
SOLD OUT ဖြစ်နေပြီး 🎉
နောက်ထပ် လက်မှတ်တွေလဲ ရောင်းအားကောင်းနေပါတယ်။

ရုံပြည့်ရုံလျှံတော့မဖြစ်သေးလို့ လက်မှတ်လေးတွေ လာဝယ်ကြပါဦးနော်🥰

📍 OSAKA, JAPAN
🎟️ Ticket Price — ¥2,500

အားလုံးနဲ့ ဆုံကြမယ်… RAY 🎬❤️

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) အတွက် ရန်ပုံငွေဖလားအဖြစ် ကျင်းပခဲ့သည့် MNSO Summer Cup 2026 ဖ...
16/08/2026

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) အတွက် ရန်ပုံငွေဖလားအဖြစ် ကျင်းပခဲ့သည့် MNSO Summer Cup 2026 ဖူဆယ်ဘောလုံးပြိုင်ပွဲမှ ရရှိခဲ့သော ရန်ပုံငွေများကို MOD သို့ လှူဒန်းပြီးပါကြောင်း တင်ပြအပ်ပါသည်။

အနယ်နယ် အရပ်ရပ်မှ လာရောက်ပူးပေါင်းဝန်းရံပေးပါသော ဘောလုံးဝါသနာရှင်များနှင့် တကူးတကလာရောက်အားပေးကြသောဧည့်သည်များအားလုံးကိုကျတော်တို့ MNSO မိသားစုမှအထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျ

ပံ့ပိုးကူညီပေးမည့်  လုပ်ငန်းစပွန်ဆာများ ဖိတ်ခေါ်ခြင်း🔊 လာမယ့် ၉လပိုင်းမှာဆိုရင်တော့ ဂျပန်ရဲ့ မြို့ကြီး ၉ မြို့မှာ RAY ရု...
14/08/2026

ပံ့ပိုးကူညီပေးမည့် လုပ်ငန်းစပွန်ဆာများ ဖိတ်ခေါ်ခြင်း

🔊 လာမယ့် ၉လပိုင်းမှာဆိုရင်တော့
ဂျပန်ရဲ့ မြို့ကြီး ၉ မြို့မှာ RAY ရုပ်ရှင် ကို ပြသတော့မှာ ဖြစ်ပါတယ်။

ဂျပန်ရဲ့ Osakaပွဲ ဖြစ်မြောက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးနိုင်ပါရန် Sponsor လုပ်ငန်းများ ဖိတ်ခေါ်ပါရစေနော် ...

---

🎥 Main Page & MNSO Page တွင် Sponsor များအား ကြော်ငြာ ပေးခြင်း
🎥 RAY ဇာတ်ကောင်များ၏ အမှတ်တရ သော့ချိတ်လက်ဆောင်ပေးခြင်း
🎥 ရုပ်ရှင်မပြခင် လုပ်ငန်းကြော်ငြာ ၁ မိနစ် ထည့်သွင်းပေးခြင်း
🎥 ရုပ်ရှင်ပြသရေး အဖွဲ့မှ ကျေးဇူးတင်မှတ်တမ်း လွှာကို stage ပေါ်တွင် ပြန်လည် ပေးအပ်ခြင်း
🎥 Osakaပွဲစဉ်ရဲ့ ရုပ်ရှင်လက်မှတ် ၂ စောင်ကို မေတ္တာလက်ဆောင် ပေးအပ်ခြင်း

💰 ¥ 50,000
(၁၀ ဦးအထိ လက်ခံမှာ ဖြစ်ပါတယ်) 🤗



၈၈၈၈ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ (၃၈) နှစ်မြောက် အထိမ်းအမှတ် ချီတက်လမ်းလျှောက်ဆန္ဒပြပွဲ 🔥  သမိုင်းပေးတာဝန်ကို ကျေပွန်ဖိ...
08/08/2026

၈၈၈၈ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ (၃၈) နှစ်မြောက် အထိမ်းအမှတ် ချီတက်လမ်းလျှောက်ဆန္ဒပြပွဲ 🔥

သမိုင်းပေးတာဝန်ကို ကျေပွန်ဖို့အတွက် ရေခြားမြေခြား ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ရောက်နေကြပေမဲ့ ရင်ထဲက သွေးတွေကတော့ ဘယ်တော့မှ အေးစက်မသွားပါဘူး။

သွေးမအေးကြဘူးဆိုတာကို သက်သေပြဖို့၊ ကျဆုံးသွားတဲ့ အာဇာနည်တွေကို ဂါရဝပြုဖို့နဲ့ ဖက်ဆစ်အမြစ်ပြတ် ကျဆုံးရေးအတွက် အိုဆာကာရောက် မြန်မာညီအစ်ကို မောင်နှမတွေ ဒီနေ့ ဒီနေရာမှာ ခိုင်မာစွာ စုစည်းရပ်တည်ချီတက်ခဲ့ကြပါပြီ။ 💪

ဒီမိုကရေစီရရှိရေးနှင့်ဖက်ဒရယ်ရည်မှန်းချက် အတွက် အာဏာရှင်စနစ်မပျောက်,ပျောက်အောင် တိုက်ပွဲဝင်နေဆဲပါ... တရားမျှတမှု မရမချင်း ဆက်လက်ချီတက်ကြမယ်! ✊️



#လူထုလှုပ်ရှားမှုသည်တော်လှန်ရေး

06/08/2026

✊ တော်လှန်အင်အား၏ အသက်သည် လူထုလှုပ်ရှားမှု ဖြစ်သည် ။
၈၈၈၈ အိုဆာကာ ဆန္ဒပြပွဲ ✊

"လူထုညီညွတ်လျှင်... ဘယ်စစ်အာဏာရှင်မှ ရေရှည် မရပ်တည်နိုင်!"

ဂျပန်နိုင်ငံရောက် တော်လှန်မိဘပြည်သူများနှင့် မျိုးဆက်သစ်လူငယ်များခင်ဗျာ...

တော်လှန်ရေးတစ်ရပ်ရဲ့ အဓိကမောင်းနှင်အားနဲ့ အသက်ဝိညာဉ်ဟာ ပြည်သူတွေရဲ့ ဆန္ဒပြပွဲများနှင့် လူထုလှုပ်ရှားမှုများ (Mass Movement) သာလျှင် ဖြစ်ပါတယ်။ ကျွန်တော်တို့ ထိုင်မကြည့်ဘဲ အသံထွက်လှုပ်ရှားနေသမျှ ကမ္ဘာက မြန်မာပြည်ကို မေ့သွားလို့ မရသလို၊ အာဏာရှင်တွေရဲ့ မတရားဖိနှိပ်မှုတွေကိုလည်း ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် "Proof of Life Campaign" ကဲ့သို့သော ကမ္ဘာတစ်လွှား လူထုလှုပ်ရှားမှုကြီးများ၏ အင်အားကြောင့်သာလျှင် ကျွန်တော်တို့ အလေးအမြတ်ထားရသည့် ပြည်သူ့ခေါင်းဆောင်ကို စစ်ကောင်စီက သက်ရှိထင်ရှားရှိကြောင်း သတင်းအစအန ပြန်လည်ထုတ်ပြခဲ့ရပြီး၊ ပြည်သူတွေအနေဖြင့် ခေါင်းဆောင်၏ အခြေအနေကို အတိုင်းအတာတစ်ခုအထိ သိခွင့်ရခဲ့ကြတာ ဖြစ်ပါတယ်။ ဒါဟာ ပြည်သူတို့၏ အသံနှင့် လှုပ်ရှားမှုများ၏ ကြီးမားလှသော အောင်မြင်မှု သက်သေပင် ဖြစ်ပါသည်။
ထို့ကြောင့် ယခုကျရောက်မည့် "၈၈၈၈ ရှစ်လေးလုံး အရေးတော်ပုံ (၃၈) နှစ်ပြည့် အထိမ်းအမှတ်" တွင်လည်း ကျွန်တော်တို့၏ တော်လှန်အင်အားများကို ဆထက်တပိုး တိုးမြှင့်ကာ စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး အဆုံးသတ်နိုင်ရေးအတွက် MNSO-Japan မှ ဦးဆောင်၍ “၈၈၈၈ အထိမ်းအမှတ် လမ်းလျှောက်ချီတက်ဆန္ဒပြပွဲ” ကို အိုဆာကာမြို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
သမိုင်းစဉ်ဆက် အာဏာရှင်ကို ဒူးမထောက်ဘဲ စွန့်လွှတ်ပေးဆပ်ခဲ့ကြသည့် ရှစ်လေးလုံးသူရဲကောင်းများကို အောက်မေ့ဂုဏ်ပြုရင်း၊ နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်ပွဲဆင်နိုင်ရန်အတွက် အိုဆာကာနှင့် အနီးတစ်ဝိုက်ရှိ တော်လှန်ပြည်သူများအားလုံး လမ်းမထက်သို့ အင်တိုက်အားတိုက် ထွက်ရှိကာ ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

📅 ဆန္ဒပြပွဲ အသေးစိတ် အချက်အလက်များ
📆 နေ့ရက်: ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၈) ရက် (စနေနေ့)
⏰ အချိန်: ညနေ ၄:၃၀ နာရီမှ ၆:၃၀ နာရီအထိ
📍 နေရာ: Osaka မြို့၊ Nakanoshima Park (နကာနိုရှီးမားပန်းခြံ - ဆန္ဒပြနေကျနေရာ)

"၈၈၈၈ စိတ်ဓာတ်ဖြင့် နွေဦးတော်လှန်ရေးကို အပြီးသတ် အောင်ပွဲဆင်ကြစို့!"
"အရေးတော်ပုံ အမြန်ဆုံး အောင်ရမည်!" ✊🔥🇲🇲
#အရေးတော်ပုံအောင်ရမည် #ရှစ်လေးလုံးအရေးတော်ပုံ #လူထုလှုပ်ရှားမှုသည်တော်လှန်ရေး၏အသက်

🎬 RAY Movie – Early Bird Ticket Promotion 🎁🎉 RAY မှာ ထူးခြားတဲ့အစီအစဉ်လေး အဖြစ်နဲ့  ပထမဆုံး လက်မှတ်ဝယ်ယူသူ အယောက် (၁၀၀) ...
02/08/2026

🎬 RAY Movie – Early Bird Ticket Promotion 🎁
🎉 RAY မှာ ထူးခြားတဲ့အစီအစဉ်လေး အဖြစ်နဲ့ ပထမဆုံး လက်မှတ်ဝယ်ယူသူ အယောက် (၁၀၀) အတွက်
🎁 Exclusive Character Key Chain Blind Bag လေး လက်ဆောင် ပြန်ပေးမယ့် အစီအစဉ်
အိုဆာကာမှာလဲ ရှိပါတယ်။

🤔 Blind Bag ဖြစ်တဲ့အတွက်…
အထဲမှာ ဘယ် Character ပါမလဲဆိုတာ ကြိုမသိနိုင်ပါဘူး။
✨ RAY လား…
✨ ဇွဲလက်ျာ လား…
✨ ဗိုလ်မှူး စောခူးဝါး လား…
ရင်ခုန်စွာ ဖွင့်ကြည့်တဲ့အချိန်မှပဲ သိရမှာပါ။ 😍

🎟️ Ticket Price – ¥2,500
🎁 Early Bird လက်​ဆောင်ရမယ့် အခွင့်အရေးက ဦးဆုံး အယောက် (၁၀၀) အတွက်ပဲ ရှိတာမို့ လက်မှတ်လေးတွေကို အမြန်ဆုံး ဝယ်ကြရအောင်နော် 🩷



住所

Osaka, Osaka

ウェブサイト

アラート

Myanmar Nationalities' Support Organization - JPが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

その団体に問い合わせる

Myanmar Nationalities' Support Organization - JPにメッセージを送信:

ショートカット

共有する

カテゴリー