06/06/2026
ဗမာလူမျိုးကြီး ဝါဒ လို့ ဘာကြောင့်ပြောရတာလဲ?
ဒီစကားကို ပြောရမှာတော့ အားနာတယ်ဗျ။
ဗမာတိုင်းရင်းသား တချို့ပြောကြတယ်ဗျ
ငါတို့က ဘယ်တိုင်းရင်းသားကိုမှ မမုန်းဘူးတဲ့
မြန်မာနိုင်ငံမှာ နိုင်ငံကျော် မင်းသား နေတိုး၊ မင်းသမီးခြူးလေး ၊ သက်မွန်မြင့် ဘာညာပေါ့ အားလုံးကို သဲသဲလှုပ်အားပေးကြပါတယ်ပေါ့ အောင်လအန်ဆိုင်းလ်၊ ဂျော်ချွာဗန် တို့လို တိုင်းရင်းသား လက်ဝှေ့သမားတွေအားလုံးကိုလဲ မခွဲခြားပဲ အားပေးကြတယ်တဲ့
ငါတို့က ဘယ်တိုင်းရင်းသားကိုမှ မမုန်းဘူးပေါ့
ဒါပေမယ့် တိုင်းရင်းသားတွေကျတော့ ဗမာတွေကို မုန်းကြတယ်တဲ့ ငါတို့ဗမာတွေက မွေးကတည်းက ဘယ်တိုင်းရင်းသားကိုမှ မုန်းဖို့ မိဘတွေကလဲ မဆုံးမခဲ့ကြဘူးပေါ့ အဲ့လိုပြောကြတယ်ဗျ။
ဒါဆို တိုင်းရင်းသားတွေက ဗမာတွေကို မုန်းကြတယ်ပေါ့။ ငါတို့ ဘယ်သူ့ကိုမှ မမုန်းပါဘူး။ မိဘတွေလဲ မဆုံးမကြဘူး။ ဗုဒ္ဓဝါဒအတိုင်း လူတိုင်းကို မေတ္တာထားပါတယ်ဗျာ။ မေတ္တာတရားဆိုတာလဲ လူတိုင်းနှင့် ထိုက်တန်ပါတယ်။ တို့တိုင်းရင်းသားတွေအားလုံးကလဲ ခင်ဗျားတို့ ပြောသလိုပဲဗျ ဗမာတွေကို မမုန်းကြပါဘူးဗျာ သီချင်းနားထောင်ရင်တောင် ဗမာသီချင်းလေး နားထောင်လိုက်ရမှ ဗမာလို ပြောရတာလဲ အရမ်းကြိုက်တယ်ဗျ။ အခု တကယ်ကို ကြည်ညိုလေးစားရတဲ့ ပါချုပ်ဆရာတော်၊ သစ္စာရွှေစည် ဆရာတော်တွေဟာလဲ ဗမာလူမျိုးတွေပါပဲ
တရားနားထောင်ရင်လဲ ပါချုပ်ဆရာတော်ဘုရားရဲ့ တရားလေးမှ နာရတာ ကြိုက်တာဗျ။ တကယ်လဲ တရားနာရတာ သိပ်အေးချမ်းတယ်ဗျ။
ပြီးတော့ နာမည်ကြီး စာရေးဆရာတွေဖြစ်တဲ့ ဉီးအောင်သင်း၊ ဆရာကြီး ဉီမောင်သာချို၊ ဆရာကြီး ရွှေဉဒေါင်း တို့လို့ ဆရာကြီးတွေဟာလဲ ဗမာတွေပါပဲ စာအုပ်တအုပ်ဖတ်ရင်တောင် ဆရာကြီး ဉီအောင်သင်းရေးတဲ့ စာအုပ်လေး ဖတ်လိုက်ရမှ အရာသာသိပ်ရှိတာဗျ။ ဒါဆိုကျုပ်တို့တိုင်းရင်းသားတွေက ဗမာတွေကို မုန်းတယ်လို့ ဆိုတဲ့ စကားက မှန်သလားဗျ။
ဗမာတွေကို မမုန်းပါဘူးဗျာ။ လူသားအားလုံးဟာ ကမ္ဘာမြေပေါ်ကို ခနလာတဲ့ ဧည့်သည်တွေပဲလေ မြတ်ဘုရားဟောထားတယ်မလား။
ဟုတ်ပြီ အထက်ပါအကြောင်းအရာတွေက
ဗမာတွေကို တိုင်းရင်းသားတွေ မုန်းကြတယ်ဆိုတဲ့ စကားဟာ မှားတယ်ဆိုတာ သက်သေပြတာပါ။
ဗမာတိုင်းရင်းသားတွေကို ကျန်တိုင်းရင်းသားများက ဗမာတွေဟာ ဗမာလူမျိုးကြီးဝါဒကို စွဲကိုင်ထားတယ်လို့ ပြောကြတယ်။ ဒီစကားကို ဗမာတွေ သိပ်မကြိုက်ကြဘူးဗျ။ ငါတို့က ဘယ်သူ့ကိုမှ မခွဲခြားဘူး၊ အားလုံးကိုချစ်တယ်။ ပြည်ထောင်စု စိတ်ဓာတ်ရှိတယ်။ မြန်မာဆိုတာ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတယ် အစရှိသဖြင့်ပေါ့ ပြောကြတယ်။
အဲ့ဒီစကားက ပေါက်ပန်းစျေး လို့ပြောလို့ရတယ်။
တကယ်တော့ အဲ့ဒီစိတ်ဓာတ် မရှိကြတာများတယ်။ အခုအချိန်ထိ ဗမာလူမျိုးကြီးဝါဒကို ဆက်သုံးနေကြသေးတယ်။ ဗမာတွေက မြန်မာနိုင်ငံမှာ လူဉီးရေ အများဆုံးပဲ ၃၈သန်းရှိတယ် အစရှိသဖြင်းပေါ့ တကယ်တော့ ဗမာစစ်စစ်က အဲ့လောက်မရှိဘူးဗျ။
ကျွန်တော် သက်သေပြမယ် ကျွန်တော်ကိုယ်တိုင်က ရခိုင်စစ်စစ်ပါ ဒါပေမယ့် မှတ်ပုံတင်မှာ ဗမာဖြစ်နေတယ်။ ကျွန်တော်တယောက်တည်း မဟုတ်ပါဘူး။ အများကြီးရှိနေပါသေးတယ်။ ကရင်ကလဲ ဗမာဖြစ်လိုဖြစ် ကချင်ကလဲ အဲ့လိုပဲ ဒီနိုင်ငံမှာ လူမျိုးပေါင်းစူံ စုစည်းနေထိုင်ကြတာမို့လို့ ဗမာစစ်စစ် ရခိုင်စစ်စစ် မွန်စစ်စစ် ဆိုတာ ရှားသွားပြီဗျ ကရင်နှင့် ရခိုင်နှင့်ရ ဗမာနဲ့ရ ကချင်နဲ့ရ အဲ့လို ရောသွားကြတာဗျ။ ဗမာနှင့်ရတဲ့ ဘယ်တိုင်းရင်းသားမဆို မွေးလာတဲ့ သားသမီးတွေ အားလုံးနီးပါးဟာ ဗမာတွေဖြစ်ကုန်တော့တယ်ဗျ။ အဲ့တာကြောင့် ဗမာစစ်စစ် ၃၈သန်းကျော် ရှိတယ်ဆိုတာ မှားတယ်ဗျ။ တော်တော်များများဟာ သွေးနှောကုန်ကြပြီဗျ။ မှတ်ပုံတင်မှာရေးထားတဲ့ လူမျိုးဆိုတဲ့ နေရာဟာလဲ ဗရမ်းဗဒါတွေဖြစ်ကုန်ကြပါပြီ။
တရသ တော်တော်များများဟာလဲ ဗမာစာရင်းထဲ ပါသွားကြတော့တာပေါ့ဗျာ။
ဗမာလူမျိုးကြီးဝါဒလို့ ပြောရတဲ့ တကယ့်အစစ်အမှန်က ဒီလိုပါ👇👇👇👇👇👇
ပြည်ထောင်စုလို့ဆိုပြီးတော့မှာ ကျောင်းစာပေသင်ကြားတဲ့အခါမှာ မြန်မာသမိုင်းထဲမှာပေါ့ တကယ်မြန်မာဂျင်းသမိုင်းပဲ သင်ကြားခဲ့ရတာပါ။
ပြောတော့ ၁၃၅မျိုးနှင့် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု မီယမ်မာ နိုင်ငံဒေါ်ဂျီးပေါ့ သမိုင်းစာမျက်နှာမှာ မြန်မာခေါ် ဗမာသမိုင်းသာသင်ခဲ့ရတာပါ။ အဲ့ဒီကစပြီး ဗမာလူမျိုးကြီးဝါဒကို စတင်ရိုက်သွင်းခဲ့ကြတော့တာပေါ့
ဗမာဘုရင်တွေ ဘယ်လောက်တော်တယ် ဘယ်လောက်ကောင်းတယ် အစရှိသဖြင့်ပေါ့ တကယ့်ဗမာဘုရင်ကိုပဲ သိခဲ့ရတာပါဗျာ
ရခိုင်တွေ မွန်တွေ ရှမ်းတွေဟာလည်းပဲ သူ့ခေတ်သူ့အခါမှာ အင်အားကြီးခဲ့တယ်ဗျ သူငယ်တန်းကစလို့ တက္ကသိုလ်သာပြီးသွားတယ် မွန်ဘုရင် ရခိုင်ဘုရင် ရှိခဲ့တာကို ဗမာတွေ မသိကြဘူး။ မွန်နိုင်ငံရှိလား ရခိုင်နိုင်ငံရှိလား ဘယ်နိုင်ငံရှိလားဆိုပြီး ဗမာတော်တော်များများ ပြောကြတယ်။ ဗမာတွေ သမိုင်းအမှန်ကို မသိကြဘူးလေ တကယ်တော့ မသီကြတာအဟုတ်ပါဘူး။ သိခွင့် မပေးခဲ့တာပါ။ ဗမာတွေကို စာမတတ်ဘူးလို့ပြောရမလား ဗမာတွေ ဘူမသိ ကိုးမသိ လူပိန်းတွေလို့ ပြောရမလား ဗမတွေမပိန်းပါဘူး ခေတ်အဆက်ဆက်က ဗမ ခေါင်းဆောင်တွေ မှိုင်းတိုက်ပြီး ဗမာလူမျိုးကြီးဝါဒကို ရိုက်သွင်းခံခဲ့ရတာပါ။
ပြည်ထောင်စုဆိုပြီး ပါးစပ်က တဖွဖွပြောပြီးတော့မှ
တိုင်းရင်းသားတွေအားလုံးရဲ့ သမိုင်းကို နေရာတနေရာတောင် မထည့်ပေးခဲ့ကြဘူး။ မြန်မာနိုင်ငံက လူမျိုးတိုင်းမှာ စာပေတွေ ယဉ်ကျေးမှုတွေ အသီးသီး မတူကွဲပြားစွာရှိခဲ့ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေရဲ့ စာပေကို သင်ကြားခွင့်ရခဲ့လား ဗမာသမိုင်းပဲသင် ဗမာသမိုင်းပဲ သိ။ ဗမာအများစု တိုင်းရင်းသားတွေရဲ့ စာပေယဉ်ကျေးမှု ဘာတခုမှ မသိဘူး။
တိုင်းရင်းသားအများစု ဗမာသမိုင်းကို အစအဆုံး အကုန်သိကြတယ်။ ကျန်တိုင်းရင်းသားတွေရဲ့ သမိုင်းကိုကျ ဗမာတွေ မသိကြဘူးဗျ။ မသိကြဘူးဆိုတာထက် သိခွင့်မရအောင် ဗမာလူမျိုးကြီးဝါဒကို ရိုက်သွင်းခံခဲ့ရတာပါ။
ဟုတ်ပြီ ကိုလိုနီခေတ် သွားကြမယ် ဗိုလ်ချုပ်အောင်ဆန်းပဲသိတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေ ကို မသိကြဘူး။ ဗိုလ်ချုပ်အောင်ဆန်းသမိုင်းကိုသိတယ်။ ရခိုင်ပြည်က ဉီးဉုတ္တမ အကြောင်းမသိကြ ဗမာအများစု စိတ်လဲမဝင်စားကြပါဘူး။
မြန်မာ့တော်လှန်ရေးအစ ဗိုလ်ချုပ်အောင်ဆန်းကတဲ့ သောက်ဂျင်းထည့်ခဲ့ကြတယ်။ ဉီးဉုတ္တမက စတယ်လို့ အမှန်တရားမပြောခဲ့ဘူး။ ဒီသမိုင်းအမှန်ကိုသိတဲ့ ဗမာအများစု ထုတ်ဖော်မပြောခဲ့ကြဘူး။
အခုခေတ် မြန်မာနိုင်ငံ ခေါင်းဆောင် အဆက်ဆက် ဘယ်တိုင်းရင်သား တယောက်လောက် ဖြစ်ဖူးသလဲ ဗမာပဲ အုပ်ချုပ် ဗမာပဲ လက်ဝါးကြီးအုပ်။
ဗမာတွေပြောကြတဲ့ တမ်းတူတမ်းမျှတော့ တိုင်းရင်းသားအခွင့်အရေးတော့ ပြည်ထောင်စုပြိုကွဲမှာ မလိုလားဘူး ဘာညာ ပြောကြသေးသဗျ။
ပြည်ထောင်စုဆိုတဲ့ စကားကို ခနခန လျှာရိုးမရှိတိုင်းသုံးပြီးတော့မှ ပြည်ထောင်စုပြိုကွဲမှာ မလိုလားဘူး အားလုံးစည်းစည်းလုံးလုံးနှင့်နေသွားကြမယ် ပြည်ထောင်စုပြိုကွဲလို့ မဖြစ်ဘူး အဲ့လိုမဖြစ်စေချင်ရင် ဗမာတွေ ဒီအချက်ကိုအရင်ပြင်ရမယ်။
တိုင်ရင်းသားစာပေ ယဉ်ကျေးမှု သမိုင်းတွေအားလုံးကို ငါတို့သင်ကြားနေတဲ့ မြန်မာ စာပေထဲမှာ သင်ကြားသင့်တယ်လို့။ ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်တဲ့ အတွက် တိုင်းရင်းသားအားလုံးရဲ့ သမိုင်းစာပေ ယဉ်ကျေးမှုကို ဖော်ပြသင့်တယ်လို့ ဘယ်ဗမာ တယောက်ကများ ပြောခဲ့ဖူးလဲ။ မသိချင်ယောင်ဆောင် နေကြတာပဲလေ ဘယ်ကောင်မှ မဟခဲ့ကြဘူး။
တိုင်းရင်သားတွေမှာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ပြဌာန်းနိုင်ခွင့်ရှိရမယ်။ တန်းတူအခွင့်အရေးရှိရမယ်။
ကိုယ့်ပြည်နယ်ကို ကိုယ်အုပ်ချုပ်ပိုင်ခွင့်ရှိရမှာပေါ့။
အခုက တနိုင်ငံလုံးက ဗမာဆိုတဲ့ လူမျိုးကြီးဝါဒ နဲ့ လက်ဝါးကြီး အုပ်နေကြတာလေ။ ထွက်သမျှ သယံဇာတာကိုဘယ်တိုင်းရင်းသားကမှ မစားရဘူးဗျ။
ဉပမာပြောပြမယ် ရခိုင်မှာ ရေနံ သဘာဝဓာတ်ငွေ့ တန်ဖိုးကြီးတဲ့ သယံဇာတတွေ အများကြီးရှိတယ်။ ဒါပေမယ့် ရခိုင်တွေ ထမင်းငတ်နေတယ်။ အလုပ်လေးတခုတောင် ရခိုင်တွေမရကြဘူး။ ဒါဘာကြောင့်လဲ သေချာတွေးကြည့်ကြပေါ့။ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ့် ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့် ကိုယ့်ပြည်နယ်ကို ကိုယ်အုပ်ချုပ်ပိုင်ခွင် မရကြလို့ ကချင်ပြည်နယ်မှာဆို ကျောက်စိမ်း ထွက်တယ် ကချင်တွေ ထမင်းငတ်နေတယ်။ ကျန်တိုင်းရင်းသား ဒေသတွေလဲ ဒီအတိုင်းမှာ တနိုင်ငံလုံးကို ဗမာကပဲ လက်ဝါးကြီး အုပ်ထားတယ်။
ဒီအကြောင်းတွေကို ဗမာတချို့သိကြတယ်။ တခွန်းမဟကြဘူး မသိချင်ယောင်ဆောင်နေကြတယ်။ ဒါပါပဲ ဗမာလူမျိုးကြီးဝါဒဆိုတာ။ အဲ့လိုခေါ်တာ မကြိုက်ရင် ဗမာတွေ အခုလို ပြောသင့်တယ် ငါတို့ ဒီပြည်ထောင်စုပြိုကွဲမှာ မလိုလားဘူး ဒါကြောင့် ငါတို့သင်နေတဲ့ စာပေမှာ တိုင်းရင်းသားအားလုံးရဲ့ သမိုင်း စာပေ ယျဉ်ကျေးမှုကို သူ့ပြည်နယ်အလိုက် ထည့်သွင်းသင်ကြားသင့်တယ် တိုင်းရင်းသားတွေ အားလုံး သူတို့ကံကြမ္မာကို သူတို့ ဖန်တီးပိုင်ခွင့်ပေးရမယ်ဆိုပြီး ဗမာတွေ ပြောကြလေ။ ဗမာတွေ မပြောရဲပါဘူး
တချို့က မသိကြလို့ တချို့က သိတယ် ဒါပေမယ့် မသိချင်ယောင်ဆောင်နေကြတယ်။
အဲ့တော့ ဗမာတွေ အထက်ပါအကျင့်ဆိုးတွေ ကို အရင်ပြင်ရမယ်။ ပြည်ထောင်စု ပြည်ထောင်စုဆိုပြီး ပါးစပ်က တဖွဖွ မပြောကြနဲ့ ချီးစော်နံတယ်။ ပြည်ထောင်စုလို့ ပြောပြီး ပြည်ထောင်စု စိတ်ဓာတ်မွေး ဒါဆို ပြည်ထောင်စု ပြိုကွဲစရာလဲ မလိုတော့ဘူးလေ။
ဒါကြောင့် ဗမာလူမျိုးကြီး ဝါဒလို့ သုံးတာ မှားလား။
စားရေးသူ - Yee Wai Phyo
Yee Wai Phyo 2.0
အမှားများပါကောင်းပါနိုင်ပါတယ်။ အမှားပါရင် ခွင့်လွှတ်ပါ။
အမှန်တရားဟာ အမှားတရာဖြစ်သွားနိုင်ပါတယ်။
#ကိုယ်မြင်ကိုယ်ရေး
#ရီဝေဖြိုး
#အမှန်တရားသည်သာသစ္စာမည်၏
#ဗမာလူမျိုးကြီးဝါဒ
#တိုင်းရင်သား
#ပြည်ထောင်စု