Saraniya Dhamma Meditation Centre

Saraniya Dhamma Meditation Centre Homepage : http://www.saraniya.com/
Saraniya Dhamma Meditation Centre : Insight meditation https://www.facebook.com/groups/177755272272991/

UK branch of Panditãrãma Shwe-taung-gon Sasana Yeik-tha monastery.

မွေးနေ့အလှူ (12, 10, 2026)Dr.ဆုသီရိဝေ က မွေးနေ့ကုသိုလ်အဖြစ်ဆရာတော် သင်္ကန်း ထီး နှင့် နဝကမ္မ လှူဒါန်းမွေးနေ့ရှင် ကျန်းမာ...
12/10/2026

မွေးနေ့အလှူ (12, 10, 2026)

Dr.ဆုသီရိဝေ က မွေးနေ့ကုသိုလ်အဖြစ်
ဆရာတော် သင်္ကန်း ထီး နှင့် နဝကမ္မ လှူဒါန်း

မွေးနေ့ရှင် ကျန်းမာချမ်းသာပါစေ။
အလုပ်အကိုင်တွေ အဆင်ပြေ၍ ကောင်းကျိုးလိုရာ
ပြည့်စုံပါစေ။

🔷စုပေါင်းကာဆင်နွဲ သက်ကြီးပူဇော်ပွဲ🔷(11, 10, 2026)အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့၊ သာရဏီယဓမ္မရိပ်သာ၌ ဓမ္မမိသားစုဝင်များ ...
11/10/2026

🔷စုပေါင်းကာဆင်နွဲ သက်ကြီးပူဇော်ပွဲ🔷
(11, 10, 2026)

အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့၊ သာရဏီယဓမ္မရိပ်သာ၌ ဓမ္မမိသားစုဝင်များ စုပေါင်း၍
ပူဇာစ ပူဇနေယျာနံ ဧတံမင်္ဂလမုတ္တမံ - မင်္ဂလာတရားတော်နှင့်အညီ
အသက်သိက္ခာ ဂုဏ်ဝါကြီးများကြတဲ့ ပူဇော်ထိုက်တဲ့အသက်(၇၅)နှစ်ထက် လူကြီးများကို မြန်မာ့ဓလေ့အတိုင်း ပူဇော်ပွဲကျင်းပခဲ့ကြပါတယ်။

မနက်ပိုင်း - သာရဏီယဓမ္မရိပ်သာဆရာတော်အားစုပေါင်း၍ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ကြွရောက်လာကြသောဧည့်ပရိတ်သတ်များကို မုန့်ဟင်းခါးဖြင့်လည်းကောင်း၊ ထမင်းဟင်းလျာတို့ဖြင့်လည်းကောင်း ကြွေးမွေးဧည့်ခံကြပါတယ်။

နေ့လယ်ပိုင်း- ဆရာတော်ထံမှ (၅)ပါးသီလခံယူဆောက်တည်၊ ဩဝါဒနာယူကြ၊ ရိပ်သာဥက္ကဋ္ဌDrသူရဟန်က သက်ကြီးပူဇော်ပွဲသို့ လာရောက်ကြတဲ့သူရော, မလာရောက်နိုင်တဲ့သူတွေကို ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြား၊
ဓမ္မပူဇာအဖြစ် သတိပဋ္ဌာန်တရား(၁၀)မိနစ်ရှုမှတ်ကြ၊
အာမိသပူဇာအဖြစ် လူကြီးများကို ပစ္စည်းများဖြင့်ကန်တော့ကြပါတယ်။

ယနေ့ သာရဏီဓမ္မမိသားစုများ စုပေါင်းပြုလုပ်
အားထုတ်ကြတဲ့ ဒါန သီလ သမထ ဝိပဿနာကုသိုလ်စေတနာတို့ကြောင့် ဓမ္မမိသားစုတွေ
အသက်ရှည်စွာ ကျန်းမာချမ်းသာကြပါစေ။ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။ မဂ်ဉာဏ်ဖိုလ်ဉာဏ်နိဗ္ဗာန်ရကြောင်း အထောက်အပံ့ကောင်းတွေဖြစ်ကြပါစေ။

Drဦးထွန်းမင်း+ဒေါ် နုနုစော မိသားစု က(11, 10, 2026) သာရဏီယဓမ္မရိပ်သာ၌ ပြုလုပ်မည့်သက်ကြီးပူဇော်ပွဲသို့လာရောက်ကြမည့် ဓမ္မမိ...
10/10/2026

Drဦးထွန်းမင်း+ဒေါ် နုနုစော မိသားစု က
(11, 10, 2026) သာရဏီယဓမ္မရိပ်သာ၌ ပြုလုပ်မည့်
သက်ကြီးပူဇော်ပွဲသို့လာရောက်ကြမည့်
ဓမ္မမိတ်ဆွေများကို #မုန့်ဟင်းခါးဖြင့် ကုသိုလ်ပြုကြွေးမွေးပါမည်။

#အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

သာသနာပြုလိုသူများရှိရမယ့်အရည်အသွေးဗုဒ္ဓါနုဿတိ၊ ဘာဝနာရှိမှ၊ မိမိဘာသာ၊ သာသနာကို၊ကောင်းစွာသိမြင်၊ စောင့်ရှောက်ချင်၏။စောင့်ခ...
08/10/2026

သာသနာပြုလိုသူများ
ရှိရမယ့်အရည်အသွေး

ဗုဒ္ဓါနုဿတိ၊ ဘာဝနာရှိမှ၊
မိမိဘာသာ၊ သာသနာကို၊
ကောင်းစွာသိမြင်၊ စောင့်ရှောက်ချင်၏။

စောင့်ချင်လာသော်၊ ကြောင်းကျိုးမြှော်က၊
ခုပေါ်ကာလ၊ ပကာသနနှင့်၊
ဒါနစုစု၊ ကုန်ကျမှုတို့၊
အပြုဘက်မှာ၊ မရောက်လာဘဲ၊
ဖျက်ရာသို့ပင်၊ အများဝင်၏။

သို့စင်သာသနာ၊ ပြုလိုပါမူ၊
ပကာသန၊ မပါရဘဲ၊
ဒါနစုစု၊ ကောင်းအောင်ပြုလော့။

တစ်ခုဒါန၊ ပါရုံမျှဖြင့်၊
သံသာရကြီး၊ လမ်းခရီးကား၊
ဘယ်နည်းနှင့်မျှ၊ မဖြောင့်ကြဘူး။

သီလအကျင့်၊ လုံအောင့်ကျင့်လျက်၊
အသင့်မေတ္တာ၊ ကရုဏာနှင့်၊
သစ္စာ ခန္တီ၊ စိတ်လည်းရှည်၍၊
ကိုယ်စီစိတ်မှု၊ ဖြောင့်အောင်ပြုမှ၊
ယခုလည်းကောင်၊ နောင်လည်းကောင်းလိမ့်။

အကောင်းဖုံဖုံ၊ အကုန်စုံလျှင်၊
ပြည်ဘုံအမတ၊ နိဗ္ဗာနကို၊
ရဖို့အကြောင်း၊ ဆုမတောင်းလည်း၊
သူကောင်းစံဖို့၊ ခေမာမြို့ကား၊
ငါတို့တွက်တာ၊ အနီးမှာတည်း။

မှန်စွာလမ်းစဉ်၊ ဤသို့မြင်၍၊
လူရှင်များစု၊ သာသနာပြဖို့၊
ယခုနောက်နှောင်း၊အချိန်ကောင်းသဖြင့်၊
စုပေါင်းသေချာ၊ စီရင်ပါသည်၊
ဗုဒ်ဓါနုဿတိ နုဿတိ။

အရှင်ဇနကာဘိဝံသ
ကျေးဇူးတော်ရှင်
မဟာဂန္ဓာရုံဆရာတော်

နေ့ဆွမ်းအလှူ ( 5, October, 2026)ကွယ်လွန်သူ ဖခင်ကြီး ဦးတင်အောင် (၂)နှစ်ပြည့်အားရည်စူး၍ (ဇနီး) Dr. ခင်လှရွှေ (သမီး) မနှင်း...
05/10/2026

နေ့ဆွမ်းအလှူ ( 5, October, 2026)

ကွယ်လွန်သူ ဖခင်ကြီး ဦးတင်အောင် (၂)နှစ်ပြည့်အားရည်စူး၍
(ဇနီး) Dr. ခင်လှရွှေ (သမီး) မနှင်း၊ မထွေး
(သား) ကိုဇော် မိသားစု ကောင်းမှု

သတ္တဝါများစွာ၊ ဘေးရန်ကွာ၊ ချမ်းသာကြပါစေ။
မေတ္တာရေချမ်း၊ သွန်းကာဖြန်း၊ အေးငြိမ်းကြပါစေ။
သက်ရှည်ကျန်းမာ၊ စိတ်ချမ်းသာ၊ လိုရာဆန္ဒပြည့်ပါစေ။

ဆွမ်းလှူအကျိုး ၅-မျိုး

၁။ အသက်ရှည်ခြင်း
၂။ အဆင်းလှခြင်း
၃။ ချမ်းသာများခြင်း
၄။ ခွန်အားဗလကြီးမားခြင်း
၅။ ဉာဏ်ပညာကြီးမားခြင်း

သာရဏီယဓမ္မမိသားစု၏စုပေါင်းကုသိုလ်(4, October, 2026) Sunday ဓမ္မမိသားစုတွေ အသက်ရှည်စွာ ကျန်းမာချမ်းသာကြပါစေ။ကောင်းကျိုးလိ...
04/10/2026

သာရဏီယဓမ္မမိသားစု၏စုပေါင်းကုသိုလ်
(4, October, 2026) Sunday
ဓမ္မမိသားစုတွေ အသက်ရှည်စွာ ကျန်းမာချမ်းသာကြပါစေ။
ကောင်းကျိုးလိုရာ အဖြာဖြာ ပြည့်ဝကြပါစေ။

 #နေ့ဆွမ်းအလှူ (2,10, 2026)လူငယ်တွေ သူတို့ကိုယ်တိုင် စီမံ၍ချက်ထားသောဆွမ်း ဟင်းလျာ ဘောဇဉ်တို့ဖြင့် ကွယ်လွန်သူ ဒေါ် နန်းမေ...
02/10/2026

#နေ့ဆွမ်းအလှူ (2,10, 2026)

လူငယ်တွေ သူတို့ကိုယ်တိုင် စီမံ၍ချက်ထားသော
ဆွမ်း ဟင်းလျာ ဘောဇဉ်တို့ဖြင့်
ကွယ်လွန်သူ ဒေါ် နန်းမေမွန်မောင် အားရည်စူး၍
ဆရာတော်အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြ
#အားလုံးကျန်းမာချမ်းသာ၍ အစစအရာရာ အဆင်ပြေကြပါစေ။

October events1. First sunday (4.10.26)2.Thadingyut မီးပူ​ဇော်ပွဲ (11.10.26)3. Kathina ဘုံကထိန် (31.10.26)Please come to...
02/10/2026

October events
1. First sunday (4.10.26)
2.Thadingyut မီးပူ​ဇော်ပွဲ (11.10.26)
3. Kathina ဘုံကထိန် (31.10.26)
Please come to the October month events.
May you all be well and peaceful.

 #မွေးနေ့ကုသိုလ်မွေးနေ့ရှင် ကိုမိုးသူရ က (၄၁)နှစ်ပြည့်မွေးနေ့ အကြောင်းပြု၍သာရဏီယဓမ္မရိပ်သာရှိ ဆရာတော်အားဝါဆိုသင်္ကန်း ဆန...
01/10/2026

#မွေးနေ့ကုသိုလ်

မွေးနေ့ရှင် ကိုမိုးသူရ က (၄၁)နှစ်ပြည့်မွေးနေ့ အကြောင်းပြု၍
သာရဏီယဓမ္မရိပ်သာရှိ ဆရာတော်အား
ဝါဆိုသင်္ကန်း ဆန် ဆီ ဆား ဆေး နဝကမ္မ လှူဒါန်းပါသည်။

မိသားစုတွေ အသက်ရှည်စွာ ကျန်းမာချမ်းသာကြပါစေ။
ကောင်းကျိုးလိုရာ အဖြာဖြာ ပြည့်ဝကြပါစေ။

“The Noble Eightfold Path”1. Sammā-diṭṭhi — Right View / Right Understanding2. Sammā-saṅkappa — Right Intention3. Sammā-...
30/09/2026

“The Noble Eightfold Path”

1. Sammā-diṭṭhi — Right View / Right
Understanding

2. Sammā-saṅkappa — Right Intention

3. Sammā-vācā — Right Speech

4. Sammā-kammanta — Right Action

5. Sammā-ājīva — Right Livelihood

6. Sammā-vāyāma — Right Effort

7. Sammā-sati — Right Mindfulness

8. Sammā-samādhi — Right Concentration

Address

420 Lower Broughton Road
Manchester
M72GD

Opening Hours

6pm - 8pm

Telephone

+441612816242

Alerts

Be the first to know and let us send you an email when Saraniya Dhamma Meditation Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share