09/08/2026
Bonjour à tous
အားလုံးဘဲ မင်္ဂလာပါ
မြန်မာ နိုင်ငံ စစ်ကိုင်းတိုင်း နှင့် ဧရာဝတီ တိုင်း တို့ တွင် နေထိုင်ကြသောပြည် သူများသည် မိုးရွာ ရေကြီးမှူများကို အလူးအလဲခံစားနေရပါသည်။
ရေဘေးသင့်မြို့နယ်များတွင် ထိခိုက်ဆုံးရှုံးမှုများနှင့် အရေးပေါ်အကူအညီလိုအပ်ချက်များမှာ အောက် ပါ အတိုင်း တွင် ဩဂုတ် လ ၉ ရက်နေ့ အထိ သတင်းထုတ်ပြန် ချက်များအရသိရိှ ရပါသည်။
မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် နေ့စဉ် ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဆည်ရေများ ဖောက်ထုတ်ခြင်းတို့ကြောင့် ရေကြီးရေလျှံကာ စစ်ကိုင်းယူနစ်၊ မန္တလေးယူနစ်၊ မကွေးယူနစ်နှင့် ဧရာဝတီတိုင်းတို့ရှိ မြို့နယ်ပေါင်း ၁၅ ခုတွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်လျက်ရှိပြီး လူဦးရေ ၄၁၄,၈၄၃ ဦးခန့် ရေဘေးသင့်နေပါသည်။
လက်ရှိအချိန်အထိ သေဆုံးသူ စုစုပေါင်း ၁၆ ဦး၊ ပျောက်ဆုံးသူ ၂ ဦး၊ ဒဏ်ရာရ ၆၁ ဦးရှိပြီး နေအိမ်များ ရေနစ်မြုပ်ခြင်း၊ စိုက်ပျိုးမြေဧက ထောင်ပေါင်းများစွာ ရေလွှမ်းမိုးခြင်းနှင့် ချောင်းကူးတံတားများ ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့ပါသည်။
ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာမှုအကူအညီများ လိုအပ်လျက်ရှိပြီး ယာယီနေရာချထားရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး အစီအမံများကိုလည်း သက်ဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုရေးအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။ အဓိကအားဖြင့် သောက်သုံးရေ၊ အစားအစာ၊ ဆေးဝါး၊ စက်သုံးဆီ၊ မိုးကာစ၊ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်နေပါသည်။
မိမိတို့ တတ်နိုင်သော ပမာဏ ဖြင့် ပါဝင်ကူညီ နိုင်ပြီး တိုက်ရိုက် လွှဲ နိုင်သော ဘဏ် အကောင့် ကိုလည်း ပို့ ပေး ပြီး ၊ ကျေးဇူးတင်လွှာ များကိုလည်း ပြန်လည် ပေးပို့ မည် ဖြစ်ပါသည်။
https://www.facebook.com/share/1HhN4bHA3q/