Myanmar in Finland - ဖင်လန်ရောက် မြန်မာများ

  • Koti
  • Suomi
  • Helsinki
  • Myanmar in Finland - ဖင်လန်ရောက် မြန်မာများ

Myanmar in Finland - ဖင်လန်ရောက် မြန်မာများ ဖင်လန်ရောက်မြန်မာများ အတွက်

10/10/2025

ဖင်လန်နိုင်ငံတွင် upper secondary နှင့် vocational တက်ရောက်မည့် EU ပြင်ပမှ ကျောင်းသားများအတွက် ကျောင်းလခ ကောက်ခံတော့မည်။

ဖင်လန်အစိုးရဟာ ဥရောပသမဂ္ဂ (EU) နှင့် ဥရောပစီးပွားရေးဇုန် (EEA) ပြင်ပနိုင်ငံများမှ ကျောင်းသားများအတွက် အထက်တန်းကျောင်းနှင့် အသက်မွေးဝမ်းကျောင်းကျောင်းများတွင် ကျောင်းလခ ကောက်ခံရန် အစီအစဉ်ကို ကြေညာလိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံခြားကျောင်းသားများကို အဓိကမှီခိုနေရတဲ့ ဖင်လန်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းက ကျေးလက်ဒေသက ကျောင်းငယ်လေးတွေအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာပါတယ်။ ဥပမာအားဖြင့်၊ Savukoski အထက်တန်းကျောင်းမှာ ကျောင်းသား ၂၂ ယောက်ရှိတဲ့အနက် ၁၄ ယောက်ဟာ ရုရှား၊ မြန်မာ၊ ဗီယက်နမ်တို့လို နိုင်ငံခြားတိုင်းပြည်တွေက ဖြစ်ပါတယ်။

ဒီကျောင်းလခကောက်ခံမှုဟာ လာမယ့်နှစ်ကစပြီး ကျောင်းစတက်မယ့် ကျောင်းသားသစ်တွေအတွက်သာ အကျုံးဝင်မှာဖြစ်ပြီး၊ လက်ရှိကျောင်းတက်နေသူတွေကတော့ ဘွဲ့ရတဲ့အထိ အခမဲ့ ဆက်လက်ပညာသင်ကြားခွင့်ရှိပါမယ်။

EEA နိုင်ငံများတွင် အမြဲတမ်းနေထိုင်ခွင့်ရသူများ၊ ကျောင်းသားဖလှယ်ရေးအစီအစဉ်ဖြင့် လာရောက်သူများနှင့် ယာယီအကာအကွယ်ရထားသူများကတော့ ကျောင်းလခပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ရမှာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ နိုင်ငံခြားကျောင်းသားတွေအတွက် ပေးနေတဲ့ ထောက်ပံ့ငွေကို ရပ်ဆိုင်းလိုက်ခြင်းအားဖြင့် ယူရို ၂ သန်းခန့် သက်သာစေမှာဖြစ်ပြီး၊ ဒီဥပဒေအပြောင်းအလဲဟာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှာ စတင်အသက်ဝင်ဖို့ ရည်ရွယ်ထားပါတယ်။

ဒါကြောင့် ဖင်လန်မှာ ပညာသင်ကြားဖို့ ရည်ရွယ်ထားတဲ့ မြန်မာကျောင်းသားတွေနဲ့ မိဘတွေအတွက် သိရှိထားသင့်တဲ့ အရေးကြီးသတင်းတစ်ခု ဖြစ်ပါတယ်။

09/10/2025

🇫🇮ဖင်လန်နိုင်ငံတွင် လူငယ်များ အလုပ်အကိုင်ရရှိရေးအတွက် အလုပ်အကိုင်ဘောက်ချာ (employment voucher) အစီအစဉ်သစ်🇫🇮

ဖင်လန်အစိုးရသည် လူငယ်လူရွယ်များ အလုပ်အကိုင်ရရှိရေးကို လွယ်ကူချောမွေ့စေရန် အလုပ်အကိုင်ဘောက်ချာ (employment voucher) အစီအစဉ်သစ်တစ်ခုကို ဆောင်းဦးဘတ်ဂျက်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ အလုပ်သမားရေးရာဝန်ကြီး မာတီးယတ်စ် မာတီနန် (Matias Marttinen) ၏ အဆိုအရ အခုလိုအလုပ်ခန့်အပ်မှု အထောက်အပံ့သစ်သည် လူငယ်များအတွက် အလုပ်ခွင်ဘဝသို့ ဝင်ရောက်နိုင်ရန် လမ်းဖွင့်ပေးမှာဖြစ်တယ်လို့လဲသိရှိရပါတယ်။

"လူငယ်တိုင်း အလုပ်ခွင်ထဲဝင်ရောက်ပြီး ပထမဆုံးအလုပ်တစ်ခုကို ရရှိဖို့ ထိုက်တန်ပါတယ်။ လူငယ်အလုပ်လက်မဲ့ဖြစ်မှု သံသရာကို ဖြတ်တောက်နိုင်ခြင်းဟာ လူသားဆန်ပြီး လူ့အဖွဲ့အစည်းအတွက် အလွန်တန်ဖိုးရှိပါတယ်" ဟု ဝန်ကြီး မာတီနန်က ပြောကြားခဲ့သည်။

အစိုးရသည် ဤအစီအစဉ်အတွက် ယူရို သန်း ၃၀ ခွဲဝေချထားပေးခဲ့ပြီး အလုပ်အကိုင်ဆိုင်ရာ အာဏာပိုင်အဖွဲ့များက အသက် ၁၈ နှစ်မှ ၂၉ နှစ်ကြား လူငယ်တစ်ဦးကို အနည်းဆုံး ခြောက်လကြာ အလုပ်ခန့်အပ်မည့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုအား ဘောက်ချာထုတ်ပေးမည် ဖြစ်သည်။ ဤဘောက်ချာသည် အစိုးရ သို့မဟုတ် အကျိုးအမြတ်မယူသော အဖွဲ့အစည်းများအတွက်မဟုတ်ဘဲ၊ ကဏ္ဍအားလုံးရှိ ပုဂ္ဂလိကကုမ္ပဏီများအတွက်သာ ရရှိနိုင်မည်ဖြစ်သည်။

🇫🇮ပံ့ပိုးမှုအသေးစိတ်🇫🇮

ဤဘောက်ချာသည် အလုပ်သမားဈေးကွက်တွင် အားအနည်းဆုံးအနေအထားရှိသော၊ ပညာအရည်အချင်းနည်းပါးသော သို့မဟုတ် ယခင်အလုပ်အတွေ့အကြုံ မရှိသလောက်နည်းပါးသော လူငယ်များကို အဓိကပံ့ပိုးပေးမည် ဖြစ်သည်။ ဘောက်ချာရရှိရန်အတွက် လူငယ်သည် အလုပ်လက်မဲ့ဖြစ်နေသည်မှာ ၆ လရှိရမည်ဖြစ်သည်။ သို့သော် အခြေခံပညာအထက်တန်းအဆင့် ပညာရေးမရှိသော လူငယ်များအတွက်မူ အလုပ်လက်မဲ့ကာလ ၃ လသာ လိုအပ်မည်ဖြစ်သည်။

အဆိုပါဘောက်ချာသည် အလုပ်ခန့်အပ်ခံရသော လူငယ်၏ လစာကုန်ကျစရိတ် ထက်ဝက်ကို ကျခံပေးမည်ဖြစ်သည်။ ခြောက်လကြာ အထောက်အပံ့ကာလအတွင်း လူငယ်တစ်ဦးလျှင် အများဆုံး ယူရို ၉,၀၀၀ သို့မဟုတ် တစ်လလျှင် ယူရို ၁,၅၀၀ အထိ အစိုးရက ပံ့ပိုးပေးမည်ဖြစ်သည်။ ဤအစီအစဉ်မှတစ်ဆင့် လူငယ် ၃,၃၀၀ မှ ၄,၄၀၀ ကြား အလုပ်အကိုင်ရရှိနိုင်မည်ဟု ခန့်မှန်းထားပြီး လာမည့်နှစ်အစပိုင်းတွင် စတင်ရန် ရည်ရွယ်ထားသည်။

🇫🇮နောက်ခံအခြေအနေ🇫🇮

ဖင်လန်နိုင်ငံ၏ အားနည်းသော စီးပွားရေးအခြေအနေကြောင့် လူငယ်အလုပ်လက်မဲ့နှုန်း မြင့်တက်လာလျက်ရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လတွင် အသက် ၂၅ နှစ်အောက် လူငယ် ၃၇,၀၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး ယမန်နှစ်ကထက် ၁၆.၆ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ဖင်လန်နိုင်ငံ စာရင်းအင်းဌာန၏ အဆိုအရ အသက် ၁၅-၂၄ နှစ်အရွယ် လူငယ်များ၏ အလုပ်လက်မဲ့နှုန်းသည် ဩဂုတ်လတွင် ၁၆.၆ ရာခိုင်နှုန်း ရှိခဲ့သည်။

06/10/2025

🇫🇮Finland Works ဆိုတဲ့ online အလုပ်ရှာပွဲတော်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့၊ နေ့လယ် ၁၂:၀၀ ကနေ ညနေ ၃:၀၀ (CET) အထိ အွန်လိုင်းကနေ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီအွန်လိုင်းခေါ်ယူရေးပွဲမှာ အလုပ်ရှာဖွေသူတွေနဲ့ ဖင်လန်မှအလုပ်ရှင်တွေ online event မှတဆင့်ဆုံစည်းနိုင်မှာဖြစ်ပြီး လက်တွေ့ကျတဲ့ အကြံဉာဏ်တွေလည်း ပေးသွားမှာပါဖြစ်တယ်လို့သိရှိရပါတယ်။ ဖင်လန်နိုင်ငံမှာရှိတဲ့ လုပ်ငန်းကဏ္ဍပေါင်းစုံနဲ့ အသက်မွေးဝမ်း‌ ကြောင်းဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းတွေကို တွေ့ရှိရမယ်လို့လဲဆိုထားပါတယ်။

ဖင်လန်မှာ နေထိုင်အလုပ်လုပ်ကိုင်ခြင်းနဲ့ ပတ်သက်တဲ့ အသုံးဝင်တဲ့ အချက်အလက်တွေဖြစ်တဲ့ လူမှုဖူလုံရေး၊ အခွန်အခနဲ့ အခြားအရာများစွာကိုလည်း ဗဟုသုတအဖြစ်သိရရှိမှာပါ။

🇫🇮အလုပ်ရှာဖွေသူများအတွက်လမ်းညွှန်ချက်🇫🇮

🧳အလုပ်ရှာဖွေသူ jobseeker ပရိုဖိုင်ကို ခုပေးထားတဲ့ link မှာ register လုပ်ရမှာဖြစ်ပီး CV ကိုတခါထဲအဲ့ account ကနေတင်ရမှာဖြစ်ပါတယ်။ လင့် ကော်မန့်တွင်ကြည်ပါ။
အဲ့ဒီပလက်ဖောင်းက သင့်ပရိုဖိုင်နဲ့ကိုက်ညီတဲ့ အလုပ်တွေကို ရှာပေးမှာဖြစ်လို့ ပရိုဖိုင်ဖန်တီးတဲ့အခါ တိတိကျကျကိုယ်ရှာဖွေမဲ့ အလုပ်နဲ့ကိုက်ညီမှု ရှိမရှိကိုသေချာသတိထားပြီး စစ်ဆေးပြီးတင်ပေးရမှာဖြစ်ပါတယ်။

🧳အလုပ်တွေကို အမြန်ဆုံးလျှောက်ထားပြီး အလုပ်အသစ်တွေကို ပုံမှန်စစ်ဆေးပါ။

🧳ဖြစ်နိုင်ခြေရှိတဲ့ အင်တာဗျူးတွေအတွက် ပြင်ဆင်ပါ။

🧳အလုပ်ရှင်တွေရဲ့ virtual stand တွေကို သွားရောက်ကြည့်ရှုပြီး သူတို့ကိုသိအောင်လုပ်ပါ။

🧳ပွဲအစီအစဉ်တွေကို website မှာ detail ပြထားလို့အဲ့ကနေသေချာ ကြည့်ရှုပါ။

🧳ပွဲကျင်းပမယ့်နေ့မှာ ကိုယ်က job interview ရထားရင် account ထဲကနေ Employer နဲ့တိုက်ရိုက်တွေ့ဆုံးလို့ရမှာဖြစ်ပြီး တကယ်လို့ job interview မရခဲ့ရင်လဲ event page ထဲသွားပီး 'Chat with Employers' ဆိုတဲ့နေရာကိုနှိပ်ပြီး လည်းအလုပ်ရှင်တွေနဲ့ စကားပြောလို့ရမှာဖြစ်တယ်လို့သိရှိရပါတယ်။

05/10/2025

ကျောင်းသားနေထိုင်ခွင့်နဲ့ တစ်ပတ်ကို ၃၀ နာရီလုပ်လို့ရပါတယ်။ ၁၂ လလုံး အလုပ်လုပ်မယ်ဆိုရင် တော့ တလကို ၁၂၀ နာရီ လုပ်လို့ရပါ့မယ်။

၁ နစ်မှာ ၁၅၆၀ နာရီမကျော်ရင်ရပါပြီး။ ပြောချင်တာက တစ်ချို့လတွေမှာ အလုပ်မလုပ်ဖြစ်ခဲ့ရင် တစ်ချို့လတွေမှာ ကြိုက်သလောက်လုပ်လို့ရပါတယ်။

ဥပမာ။ ၁ နစ်မှာ ကိုက အလုပ် ၇ လလောက်ပဲ လုပ်မယ်ဆိုရင်တာ့ အလုပ်ကို တစ်ပတ် ၃၀ နာရီ အေးဆေးလေးကျော်လို့ရပါတယ်- နစ်ကုန်လို့ တွက်လိုက်ရင် ၁၅၆၀ မကျော်နေရင်ရပြီ။

Osoite

Helsinki

Hälytykset

Tiedä ensimmäisenä ja anna meille oikeus lähettää sinulle sähköpostitse uutisia ja promootioita Myanmar in Finland - ဖင်လန်ရောက် မြန်မာများ :ltä. Sähköpostiosoitettasi ei käytetä muihin tarkoituksiin, ja voit perua milloin tahansa.

Jaa

Kategoria