မင်္ဂလာပါ
ယ္ခုလက်တလောဖြစ်ပေါ်လျှက်ရှိသော မြန်မာနိုင်ငံအတွင်းစစ်အာဏာရှင်များ၏ မတရားအာဏာသိမ်းမှု/နိုင်ငံတော်ပုန်ကန်မှုအပေါ်ဆန့်ကျင်၍ စစ်အာဏာရှင်ယန္တရားကြီးရပ်တန့်သွားစေရန်အတွက် နိုင်ငံရေး၊လူမှု့ရေး၊ပညာရေး၊ကျန်းမာရေး၊စီးပွားရေးဆိုင်ရာဌာနအသီးသီးတွင်တာဝန်ထမ်းဆောင်နေသော နိုင်ငံဝန်ထမ်းများသည် ပြည်သူများဘက်မှရပ်တည်၍လုပ်ငန်းခွင်မဝင်ဘဲ CDM ( Civil Disobedience Movement ) လှုပ်ရှားမှုတွင်ပူးပေါင်းပါဝင်ကာပ
ြည်သူများဘက်မှရပ်တည်၍ ဆန္ဒဖော်ထုတ်မှုဟာ အောင်မြင်မှုများရရှိလျှက်ရှိပါသည်။
ထိုမှ့နေ၍ ယ္ခုလက်ရှိအထိဖြစ်ပေါ်နေသော စစ်ပွဲများ ဒဏ်ကြောင့် နိုင်ငံအတွင်းရှိ့ တိုင်ရင်းသားညီအကိုမောင်နှမများမှာလည်း ဘေးလွတ်ရာကို ရှောင်ပြေးနေရလျှက်ရှိပါသည်။
ယ္ခုကဲ့သို့မြန်မာပြည်ကြီး အန္တရာယ်အတွင်းကျရောက်နေချိန်တွင် ကျွန်ုပ်တို့ပြည်ပရောက်ညီအစ်ကိုမောင်နှမများမှနေ၍ တစ်ဘက်တစ်လမ်းမှတတ်နိုင်သောအကူအညီများဖြင့် စစ်ဘေးဒဏ်ခံစား နေရသော သွေးချင်းများနှင့် CDM လှုပ်ရှားမှုတွင် ပါဝင်နေကြသော အစိုးရဝန်ထမ်းများနှင့် ပုဂ္ဂလိက ဝန်ထမ်းများအား ကူညီထောက်ပံ့နိုင်ရန်ဆောင်ရွက်လျှက်ရှိပါသည်။
ကျွန်ုပ်တို့သည် နှမ်းစေ့ကလေးများကဲ့သို့ပင် တစ်စေ့ထဲဆိုလျှင်သာ နှမ်းစေ့လေးလို့သာ အမြင်ရှိပေသော်ငြားလည်း နှမ်းစေ့လေးများ စုပေါင်းလိုက်လျှင် တန်ဖိုးကြီး၍ ဆေးဖက်ဝင်သော နှမ်းဆီ ဖြစ်ထွန်းလာပေမည်။ နှမ်းဆီ၏အစွမ်းသည် ဝမ်းကိုသော်လည်းအေးစေ၏ အပူကိုသော်လည်း ချုပ်ငြိမ်းစေ၏ ဘေးဥပါဒ်လဲ ကင်းစေ၏ တန်ဖိုးသည်လည်းရှိပါပေ၏။ထို့ကြောင့် တစ်ဦးတစ်ယောက် ဆိုသည်ထက် ညီအစ်ကိုမောင်နှမများ အားလုံးပူးပေါင်းပါဝင်ကာ အမိမြန်မာပြည်ကြီးအတွက် အုတ်တစ်ချပ်သဲတစ်ပွင့် (သို့မဟုတ်) နှမ်းစေ့လေးတစ်စေ့အဖြစ်ပါဝင်ပေးနိုင်ကြစေဖို့ တိုက်တွန်းလိုက်ရပါသည်။
ပုံ / နှမ်းစေ့လေးများ
Sesames