06/12/2025
🇩🇪 ယာဉ်မောင်း လိုင်စင်အတွက်ကုန်ကျစားရိတ်ကို လျှော့ချဖို့ ယခင်သတ်မှတ်ထားတဲ့ လမ်းပေါ်မှာ မဖြစ်မနေမောင်းနှင်လေ့ကျင့်ရမယ့် လေ့ကျင့်မောင်းနှင်ချိန်နာရီကို လျှော့ချပြီး Simulator ( လက်တွေ့အခြေအနေပုံ ဖြစ်အောင် နည်းပညာနဲ့ ဖန်တီးထားတဲ့ စက်မှာ ) အစားထိုးလေ့ကျင့်ခွင့်ပြဖို့ ဖြစ်နိုင်ခြေရှိပါမယ် တဲ့။
( ကျနော့အမြင်ကတော့- ဒါက ယာဉ်မောင်းတတ်ပြီးသားသူတွေအတွက်တော့ အကုန်အကျသက်သာမှာသေချာပေမယ့် အခုမှ ကားနဲ့စထိတွေ့မယ့်သူအတွက်တော့ သိသိသာသာ ချှေတာနိုင်ဖို့ မသေချာဘူးထင်တယ်။
အပြင်ကလက်တွေ့အခြေအနေနဲ့ ကွန်ပျူတာမှာလေ့ကျင့်တာက ထပ်တူမကျနိုင်ဘူးလေ။
စာမေးပွဲကျရင် ပြန်ကုန်ကျရဦးမှာ။
ကျနော် တန်၄၀ ကားအတွက်လိုင်စင်လုပ်တော့ လမ်းပေါ်မှာစမမောင်းရခင် အဲ့လို Simulator မှာ အရင် လေ့ကျင့်ရတယ်။ အဲ့လိုစက်မှာထိုင်မောင်းပြီးရင် ရီဝေဝေ အူတူတူနဲ့ ကျန်ခဲ့တာမို့ ကျနော်ကတော့ လုံးဝမကြိုက်ဘူး။ 😵💫
သီအိုရီကို သေချာနားလည်အောင်လေ့လာထားရင်တော့ အကျိုးရှိမှာ သေချာပါတယ်။
သီအိုရီအတန်းချိန်ကိုလည်း Fahrschule ကိုမသွားပဲ Online ကနေ တက်ခွင့်ပြုဖို့ဖြစ်လာနိုင်ခြေရှိပါတယ်။