For Federal Myanmar - Berlin Germany

For Federal Myanmar - Berlin Germany Humanitarian Aid for Myanmar
Support for Myanmar Democracy
Accept National Unity Government
Support Federal Army PDF
Reject Military Coup

နောက်တစ်ခါနေကြတ်မယ့်နေ့ကစက်တင်ဘာ၃ရက် ၂၀၈၁ တဲ့
12/08/2026

နောက်တစ်ခါနေကြတ်မယ့်နေ့က
စက်တင်ဘာ၃ရက် ၂၀၈၁ တဲ့

08/08/2026

၈.၈ ဘာလင်
#ရန်ကုန်လူထုသပိတ်

03/08/2026

📍Myanmar | Arnaud de Baecque, ICRC’s head of delegation in Myanmar, visited Daw Aung San Suu Kyi on 3 August 2026.

As is customary in our detention work, observations and recommendations related to the visit are shared exclusively and confidentially with the detaining authorities.

Read more: http://ms.spr.ly/6181a8l3Z

ဂျာမန်သတင်းဌာနကပါ
03/08/2026

ဂျာမန်သတင်းဌာနကပါ

လစဉ်ထောက်ပို့ မှတ်တမ်း ၈
28/07/2026

လစဉ်ထောက်ပို့ မှတ်တမ်း ၈

Image & Life (ဘဝပုံရိပ် )🎬 ရုပ်ရှင် • 💬 စကားဝိုင်း • 🌇 ဘာလင် ဆည်းဆာအလှ အတူတကွ ခံစားခြင်း📅 တနင်္ဂနွေနေ့၊ ၁၉ ဇူလိုင် ၂၀၂၆🕒...
11/07/2026

Image & Life (ဘဝပုံရိပ် )
🎬 ရုပ်ရှင် • 💬 စကားဝိုင်း • 🌇 ဘာလင် ဆည်းဆာအလှ အတူတကွ ခံစားခြင်း

📅 တနင်္ဂနွေနေ့၊ ၁၉ ဇူလိုင် ၂၀၂၆

🕒 ညနေ ၃ နာရီမှ စတင်လျက်

📍 MiCT – Media in Cooperation & Transition
Brunnenstraße 9
10119 Berlin

🎟️ အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ချစ်ခင်လေးစားရတဲ့ မိတ်ဆွေများရှင့်

မြန်မာ့နွေဦးတော်လှန်ရေး စတင်ခဲ့တာ အခုဆိုရင် ငါးနှစ်ကျော်ခဲ့ပါပြီ။

ဒီကာလအတွင်းမှာ ကျွန်မတို့ အားလုံး ဘာလင်မြို့ရဲ့ ဆန္ဒပြပွဲတွေ၊ ရန်ပုံငွေရှာဖွေရေး အစီအစဉ်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားမှုတွေ၊ အရေးပေါ်ကူညီရေးလုပ်ငန်းတွေ၊ ယဉ်ကျေးမှုအနုပညာပွဲတွေ၊ နောက်ကွယ်က စေတနာ့ဝန်ထမ်းအလုပ်တွေကနေ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံခဲ့ကြ၊ လက်တွဲခဲ့ကြပါတယ်။

မျှော်လင့်ချက်တွေကို အတူမျှဝေခဲ့ကြသလို၊ ဝမ်းနည်းဆုံးအချိန်တွေကိုလည်း အတူကျော်ဖြတ်ခဲ့ကြပါတယ်။ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်ကြိုးပမ်းခဲ့ကြပါတယ်။

ဒီနှစ်တွေတစ်လျှောက် ကျွန်မတို့ရဲ့ တွေ့ဆုံမှုအများစုဟာ အရေးပေါ်အခြေအနေတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

ဒီတစ်ခါတော့...

အနည်းငယ် ရပ်နားပြီး...

ရုပ်ရှင်တစ်ကားကို အတူကြည့်ဖို့...

မတွေ့ရတာကြာတဲ့ မိတ်ဆွေတွေကို ပြန်တွေ့ဖို့...

မိတ်ဆွေအသစ်တွေနဲ့ မိတ်ဆက်ဖို့...

အတွေ့အကြုံတွေ၊ အတွေးအမြင်တွေကို မျှဝေဖို့...

ပြီးတော့ အနုပညာ (Art) ၊ ပညာရေး (Education) နဲ့ အသိုက်အဝန်း (Community) ရဲ့ အားက ဘယ်လိုပုံစံနဲ့ ကျွန်မတို့ကို ဆက်လက်ထိန်းထားပေးနိုင်မလဲ ဆိုတာကို အတူစဉ်းစားဖို့...

ဒီလို အေးအေးဆေးဆေး တွေ့ဆုံတဲ့ နေ့လေးတစ်နေ့အဖြစ် ဖိတ်ခေါ်လိုပါတယ်။

ယခုအခါ "Image & Life (ဘဝပုံရိပ်)" မှတ်တမ်းရုပ်ရှင် (ကြာမြင့်ချိန် ၄၂ မိနစ်) ကို အတူတကွ ကြည့်ရှုကြပြီး၊ ဘာလင်ကို ခေတ္တရောက်ရှိလာတဲ့ ကော်သူးလေအနုပညာကျောင်းရဲ့ ဥက္ကဋ္ဌ နော်လှလှစိုး ကို ကြိုဆိုရင်း စာနယ်ဇင်းမီဒီယာနယ်ပယ်မှ ကိုကျော်မင်းဆွေ နဲ့ မသူဇာ တို့ ပါဝင် အားဖြည့်ထားတဲ့ အလွတ်သဘော စကားဝိုင်းတစ်ခုကို ကျင်းပသွားမှာပါ။

ဒီရုပ်ရှင်က စစ်ပဋိပက္ခကြားထဲက အနုပညာ၊ မှတ်ဉာဏ်၊ အသက်ရှင်ရပ်တည်မှုနှင့် မျှော်လင့်ချက်ကို ဆက်လက်ဖန်တီးနေသူတွေရဲ့ ဘဝကို စောကနေဒီက ဒါရိုက်တာအဖြစ် ဦးဆောင်လျက် လူငယ်ကရင်အနုပညာရှင်အဖွဲ့က နူးညံ့စွာ ရိုးရှင်းစွာ ရိုက်ကူးတင်ဆက်ထားသော မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ဘေးကြားထဲကပဲ အနုပညာနဲ့ ပညာရေးကို ဆက်လက်သယ်ဆောင်နေသော ကော်သူးလေအနုပညာကျောင်း ၏ လုပ်ဆောင်ချက်များ၊ ဆရာဆရာမများနဲံ ကျောင်းသားကျောင်းသူတွေရဲ့ အတွေ့အကြုံတွေကိုလဲ ကိုယ်တိုင်ကြားသိနိုင်မယ့် ရှားပါးအခွင့်အရေးတစ်ခု ဖြစ်ပါတယ်။

ဒီဖိတ်ကြားစာဟာ နွေဦးတော်လှန်ရေးကာလတစ်လျှောက် မြန်မာပြည်သူတွေနဲ့အတူ ပုံစံမျိုးစုံနဲ့ ရပ်တည်ပေးခဲ့ကြတဲ့ မြန်မာမိတ်ဆွေများအားလုံးကို အထူးရည်ရွယ်ပြီး ဖိတ်ကြားခြင်းဖြစ်ပါတယ်။

လမ်းမပေါ်က ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူဖြစ်စေ၊ ရန်ပုံငွေရှာဖွေပေးခဲ့သူဖြစ်စေ၊ လူ့အခွင့်အရေးအတွက် အသံထုတ်ပေးခဲ့သူဖြစ်စေ၊ ဒုက္ခရောက်သူတွေကို ကူညီပေးခဲ့သူဖြစ်စေ၊ နောက်ကွယ်ကနေ တိတ်တဆိတ် ပါဝင်အားဖြည့်ခဲ့သူဖြစ်စေ...

တစ်ယောက်ချင်းစီရဲ့ အားထုတ်မှုတွေဟာ ကျွန်မတို့အသိုက်အဝန်းကို ယနေ့ထိ ရပ်တည်နိုင်အောင် ထောက်ပံ့ပေးခဲ့တာပါ။

မိသားစုဝင်များ၊ လက်တွဲဖော်များ၊ မိတ်ဆွေရင်းချာများနဲ့ အတူဒီနေ့လေးကို အတူမျှဝေဖို့ အားလုံးကို လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အနုပညာ၊ ပညာရေးနဲ့ အသိုက်အဝန်း တို့ကတစ်ဆင့် အတူတည်ဆောက်ချင်တဲ့ ဘယ်သူ့ကို မဆို ကြိုဆိုပါတယ်။

ရုပ်ရှင်ပြသပြီးတဲ့အခါ ရိုးရာ အစားအသောက်အချို့နဲ့အတူ စကားစမြည်ပြောဆိုရင်း မိတ်ဟောင်းမိတ်သစ်များ ပြန်လည်တွေ့ဆုံဖို့ အချိန်လည်း စီစဉ်ထားပါတယ်။

တော်လှန်ရေးတစ်ခုကို ဆက်လက်ရှင်သန်စေတာဟာ တိုက်ပွဲဝင်စိတ်တစ်ခုတည်း မဟုတ်ပါဘူး။ မှတ်ဉာဏ်၊ မိတ်ဆွေမှု၊ အနုပညာ၊ ပညာရေးနဲ့ အချင်းချင်း မပျောက်ပျက်အောင် ထိန်းသိမ်းထားတဲ့ အသိုက်အဝန်းတွေလည်း ဖြစ်ပါတယ်။

ဒီအမှတ်တရနေ့လေးမှာ အားလုံးနဲ့ ပြန်လည်ဆုံတွေ့ရဖို့ မျှော်လင့်နေပါတယ်။

လေးစားစွာဖြင့်

ဇွန်စီ ဟဲဗင်လီ (Zoncy Heavenly)
အကြံပေး ဘုတ်အဖွဲ့ အဖွဲ့ဝင်
ကော်သူးလေ အနုပညာကျောင်း

1.png2.png

07/07/2026
20 Jun 2026 Berlin Germany  မှာကျင်းပခဲ့တဲ့ ၈၁ နှစ်မြောက် အမေစုမွေးနေ့ပွဲက ရရှိလာတဲ့ ထောက်ပို့ရန်ပုံငွေမှ အလှူ   #အမေစု
29/06/2026

20 Jun 2026 Berlin Germany မှာကျင်းပခဲ့တဲ့ ၈၁ နှစ်မြောက် အမေစုမွေးနေ့ပွဲက ရရှိလာတဲ့ ထောက်ပို့ရန်ပုံငွေမှ အလှူ



#အမေစု

လစဉ်ထောက်ပို့ မှတ်တမ်း ၇
27/06/2026

လစဉ်ထောက်ပို့ မှတ်တမ်း ၇

Adresse

Berlin
14163

Benachrichtigungen

Lassen Sie sich von uns eine E-Mail senden und seien Sie der erste der Neuigkeiten und Aktionen von For Federal Myanmar - Berlin Germany erfährt. Ihre E-Mail-Adresse wird nicht für andere Zwecke verwendet und Sie können sich jederzeit abmelden.

Verknüpfungen

Teilen