CRPH Support Team Germany -Deutschland

Anrufen Wegbeschreibung Website Kontaktieren Sie die Organisation

CRPH Support Team Germany -Deutschland CRPH Support Team Germany is a civilian organization to support the humanitarian projects in Myanmar during this difficult time.

မြေပြင် ဝေဟင် အမိမြေတခွင်သံကွန်ခြာဖေါက် မိစ္ဆာပျောက်ဖို့တာဝန်ကျေပြွန် „ကြိုးနဲ့စွန်“Team Germany Forward MyanmarCRPH - O...
11/10/2026

မြေပြင် ဝေဟင် အမိမြေတခွင်
သံကွန်ခြာဖေါက် မိစ္ဆာပျောက်ဖို့
တာဝန်ကျေပြွန် „ကြိုးနဲ့စွန်“

Team Germany

Forward Myanmar
CRPH - OFP Fundraising Program

ရဲဘော်...အောက်တိုဘာလအတွက်ထောက်ပို့ တာဝန်ထမ်းဆောင်လို့ ရပါပြီ။
10/10/2026

ရဲဘော်...အောက်တိုဘာလအတွက်
ထောက်ပို့ တာဝန်ထမ်းဆောင်လို့ ရပါပြီ။

09/10/2026

မင်္ဂလာပါ။ Team Germany အဖွဲ့သားများအားလုံးကနေ နွေဦးတော်လှန်ပြည်သူတွေအားလုံးကျန်းမာပါစေကြောင်း ဆုတောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။

အခုအချိန်ထိ Team Germany နဲ့အတူတူ ယုံယုံကြည်ကြည် ပူးပေါင်းအားဖြည့်ပေးနေကြတဲ့ နွေဦးတော်လှန်ပြည်သူတွေအားလုံးကို လေးစားဂုဏ်ပြုဦးညွတ်လိုက်ပါတယ်။

မြေပြင်မှာတိုက်ပွဲဝင်နေတဲ့နွေဦးသူရဲကောင်းလေးတွေနဲ့ တို့တွေအားလုံးအတူတူ နွေးထွေးတဲ့အိမ်ကလေးတွေဆီကို အမြန်ဆုံးပြန်နိုင်ဖို့ ထောက်ပို့ကြရာမှာ နွေဦးတော်လှန်ပြည်သူတို့ရဲ့ Like and shareလေးတွေဟာက များစွာအရေးပါကြောင်း အသိပေးနှိုးဆော်ပါရစေနော်။

နွေဦးတော်လှန်ပြည်သူတို့အနေနဲ့ CRPH Support Team Germany Pageမှာတင်တဲ့ Postလေးတွေကို (like and share) Clickတစ်ချက်နဲ့အတူ ထပ်မံပါဝင်အားဖြည့်ပေးကြပါအုံးလို့ Team Germany အဖွဲ့သားများအားလုံးက လေးစားစွာမေတ္တာရပ်ခံအပ်ပါတယ်။

ထပ်မံကျေးဇူးတင်လေးစားဂုဏ်ပြုဦးညွတ်လျက်

အရေးတော်ပုံအောင်ရမည်။ အောင်ကိုအောင်ရမည်။ မုချအောင်ကိုအောင်ရမည်။

CRPH Support Team Germany is a civilian organization to support the humanitarian projects in Myanmar during this difficult time.

📽️ “Until We Meet Again” ရုပ်ရှင် ရဲ့ကြိုတင် လက်မှတ်လေးတွေ ဘယ်လိုဝယ်လို့ရမလဲဆိုတော့...အောက်မှာပေးထားတဲ့ ဘဏ်အကောင့်ထဲကိုလ...
07/10/2026

📽️ “Until We Meet Again” ရုပ်ရှင် ရဲ့
ကြိုတင် လက်မှတ်လေးတွေ ဘယ်လိုဝယ်လို့ရမလဲဆိုတော့...

အောက်မှာပေးထားတဲ့ ဘဏ်အကောင့်ထဲကို
လက်မှတ်တစောင် 10,- နဲ့ လိုချင်သလောက် ကူချင်သလောက်
လက်မှတ်အစောင်ရေနဲ့ တွက်ပြီး ယူရိုငွေ လွှဲပေးပါ
ငွေလွှဲတဲ့အခါ အကြောင်းအရာနေရာမှာ
🌹“Spenden für Myanmar/UWMA” လို့ သေသေချာချာရေးပေးပါ
ပြီးရင် မိမိပေးချင်တဲ့ 🪻အမည်နာမည်ပေးလို့ရပါတယ်
💻 Email နဲ့ ငွေလွှဲ 📱Screenshotလေးကို
Team Germany ရဲ့ 💻 📱 ⌨️ messenger ကနေ ပို့ပေးပါ
Team Admin တွေ စစ်ဆေးပြီးရင် ပေးထားတဲ့
Email ကနေ လက်မှတ်ပို့ပေးမှဖြစ်ပါတယ်...

ကဲ...မလွယ်ဘူးလား...အခုပဲ အားပေးလိုက်ကြပါနော်

“Until We Meet Again ရုပ်ရှင် လက်မှတ်အတွက် ငွေလွှဲရန်”
Account Name: Spenden Konto für Team Germany
Account Inhaber: Chin Community e.V (Germany)
IBAN: DE33 7205 0000 0252 1224 78
BIC (SWIFT Code): AUGSDE77###
Bank Address: Halderstraße 1-5, 86150 Augsburg
🎥 Verwendungszweck: 📡Spenden für Myanmar/UWMA🎞️

👊Together we are stronger👍

ခင်မင်လေးစားစွာနဲ့
Team Germany Working Group


We Meet Again

🎥 Until We Meet Again Film 📽️သီတင်းကျွတ် တော်လှန်ရေးရုပ်ရှင်ပြပွဲ🎥📽️ Team Germany ရဲ့ Messenger ကနေတော်လှန်ရေးထောက်ပို့ရ...
05/10/2026

🎥 Until We Meet Again Film 📽️
သီတင်းကျွတ် တော်လှန်ရေးရုပ်ရှင်ပြပွဲ

🎥📽️ Team Germany ရဲ့ Messenger ကနေ
တော်လှန်ရေးထောက်ပို့ရန်ပုံငွေပွဲ ရုပ်ရှင်လက်မှတ်များကို
🎞️10€- ဖြင့် ကြိုတင်ဝယ်ယူနိုင်ပါမည်။

သီတင်းကျွတ် တော်လှန်ရေးရုပ်ရှင်ပြပွဲကို
အောက်တိုဘာ ၂၄ စနေနေ့ ဘာလင်မြို့
⏰ 16:00 - 20:00
🗓️ 24.10.2026
📍 Königin-Luise Straße 56
14195 Berlin
ပွဲစချိန် ညနေ ၄ နာရီမှ ၆ နာရီအတွင်း
သီတင်းကျွတ်ညနေစျေးလေးလဲရှိပါမယ်တဲ့
ကဲ...ရိုးရာအစားအသောက်တွေ ဝယ်ယူအားပေးသုံးဆောင်ပြီး
သီတင်းကျွတ် မီးပုံးပျံတွေ များများလွှတ်နိုင်အောင်လဲ
ထောက်ပို့လှူဒါန်းနိုင်ပါအုံးမယ်နော်

အဆိုဝါသနာရှင်များအတွက် ရုပ်ရှင်မပြခင် ၄-၆ နာရီအတွင်း
ကာရာအိုကေ ဖျော်ဖြေရေးအစီစဥ်‌ကနေ
ကိုယ်ပိုင် USB stick လေးများဖြင့် သီဆိုနိုင်ကြပါမယ်တဲ့

ရုပ်ရှင်ကို
ညနေ ၆ နာရီမှာ စတင်ပြသမှာဖြစ်ပါတယ်။

တော်လှန်ရေးမိတ်ဆွေ အားလုံးကို ခင်မင်လေးစားစွာဖြင့်
ထပ်ဆင့် ဖိတ်ခေါ်ပါသည်။

Team Germany

နိုင်ရာဝန်ထမ်း ချီတက်ရာလမ်းလွတ်မြောက်ငြိမ်းချမ်း တရားမျှတသည့်ပန်းကြမ်းတမ်းသော်လည်း ဆက်လျှောက်မြဲ...We are working togeth...
04/10/2026

နိုင်ရာဝန်ထမ်း ချီတက်ရာလမ်း
လွတ်မြောက်ငြိမ်းချမ်း တရားမျှတသည့်ပန်း
ကြမ်းတမ်းသော်လည်း ဆက်လျှောက်မြဲ...

We are working together!

အရေးတော်ပုံ အောင်ရမည်။
Team Germany

***တော်လှန်သီတင်းကျွတ်အကြို***ရန်ပုံငွေစျေးရောင်းရှာဖွေပွဲ နှင့် ကာရာအိုကေ  အစီအစဉ်ကိုGermanyနိုင်ငံ Frankfurtမြို့၌ မနက...
03/10/2026

***တော်လှန်သီတင်းကျွတ်အကြို***

ရန်ပုံငွေစျေးရောင်းရှာဖွေပွဲ နှင့် ကာရာအိုကေ အစီအစဉ်ကို
Germanyနိုင်ငံ Frankfurtမြို့၌ မနက်ဖြန် (04.10.2026)နေ့တွင်
ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ရရှိလာမည့် ထောက်ပံ့အလှူငွေအားလုံးကို
တော်လှန်ရေးအင်အားစု(ကမ်ပိန်း)တွေအတွက်
စနစ်တကျထောက်ပို့သွားမည်ဖြစ်ကြောင်းနှင့် ရရှိလာသော
မှတ်တမ်းလွှာများကိုလည်း အသိပေးတင်ပြသွားမည်
ဖြစ်ကြောင်း စိစဥ်ဆောင်ရွက်သူ „အိမ်ရှင်မများ“အဖွဲ့မှ
အသိပေး ကြောငြာထားပါတယ်။

နေ့ရက်။ ။ တနင်္ဂနွေနေ့ 04.10.2026
အချိန်။ ။ နေ့လည် ၁၂ နာရီမှ ညနေ ၇ နာရီထိ
နေရာ။ ။ Saalbau Griesheim
Schwarzerlenweg 57,65933
Frankfurt am Main

အခြေအနေ နှင့် အချိန်ပေးနိုင်သူများလာရောက်
ဝိုင်းရံ ပံ့ပိုးပေးကြပါရန် *ထပ်ဆင့်၍ ဖိတ်ကြားအပ်ပါသည်။

ခင်မင်လေးစားစွာဖြင့်
အရေးတော်ပုံ အောင်ရမည်။
Team Germany

ကိုယ်စိုက်သမျှ ရိတ်သိမ်းကြဖို့ကောက်သစ်ရာသီဟာ ကြည်ပြာကောင်းကင်မိုးအလွန် ကြိုး+စွန် ပြင်လို့လှမ်းလာပြီမင်းကိုနိုင် #ကြိုးန...
03/10/2026

ကိုယ်စိုက်သမျှ
ရိတ်သိမ်းကြဖို့

ကောက်သစ်ရာသီဟာ
ကြည်ပြာကောင်းကင်

မိုးအလွန်
ကြိုး+စွန် ပြင်လို့လှမ်းလာပြီ

မင်းကိုနိုင်

#ကြိုးနဲ့စွန်
#ကြိိုးနဲ့စွန်_2.0

ကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF)အကြမ်းဖက်စစ်ကောင်စီ၏ လိမ်လည်စွပ်စွဲထုတ်ပြန်ချက်အား ပယ်ချခြင်း၂၀၂၆...
29/09/2026

ကာကွယ်ရေးဝန်ကြီးဌာန
ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF)
အကြမ်းဖက်စစ်ကောင်စီ၏ လိမ်လည်စွပ်စွဲထုတ်ပြန်ချက်အား ပယ်ချခြင်း
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်

၁။ အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့တွင် “CRPH ၊ NUG နှင့် PDF များအား ငွေကြေးထောက်ပံ့နေသော PRF အဖွဲ့ဝင် ၂၇၀၀ ကျော်၏ အချက်အလက်များကို ဖော်ထုတ်နိုင်ခဲ့ပြီး ၂၁ ဦးကို ဖမ်းဆီးရမိ” ဟု ထုတ်ပြန်ခဲ့ပါသည်။ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) သည် အဆိုပါထုတ်ပြန်ချက်ကို အပြည့်အဝ စိစစ်ပြီးဖြစ်ရာ ၎င်းသည် အမှန်တရားနှင့် လုံးဝ ကိုက်ညီမှုမရှိသော လိမ်လည်စွပ်စွဲချက်သာဖြစ်ကြောင်း ပြတ်သားစွာ ပယ်ချအပ်ပါသည်။
၂။ PRF သည် စတင်တည်ထောင်ချိန်မှစ၍ ထောက်ပို့တော်လှန်ပြည်သူများ၏ အမည်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံ စသည့် ကိုယ်ရေးအချက်အလက်များကို တစ်စုံတစ်ရာ ကောက်ခံခြင်းမရှိ၊ သိမ်းဆည်းထားခြင်း မရှိသည့် မူဝါဒကို တင်းကျပ်စွာ ကျင့်သုံးလာခဲ့ပါသည်။ အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ရန် အမည်လွှဲတစ်ခုနှင့် Email လိပ်စာတစ်ခုသာ လိုအပ်သဖြင့် PRF ၏ စနစ်မှတစ်ဆင့် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရန် မဖြစ်နိုင်ပါ။ သို့ဖြစ်၍ အဖွဲ့ဝင် ၂၇၀၀ ကျော်၏ အချက်အလက်များ ရရှိထားသည်ဟူသော စွပ်စွဲချက်သည် အခြေအမြစ်မရှိပါ။
၃။ စစ်ကောင်စီက ဖော်ပြထားသော ဖမ်းဆီးမှုများသည် ယခင်လများအတွင်း Wave Money Agent တစ်ဦး၏ စာရင်းများနှင့် အခြားကိစ္စများကို အကြောင်းပြု၍ ဖမ်းဆီးခံရသူများ၏ ဖုန်းများမှ ရရှိသည့် အချက်အလက်များကို စုစည်းကာ PRF နှင့် ဆက်စပ်ပြီး ချဲ့ကားထုတ်ပြန်ခြင်းသာ ဖြစ်ပါသည်။ တော်လှန်ရေးကို ကူညီပံ့ပိုးခဲ့ကြသည့် ပြည်သူများ ဖမ်းဆီးခံရခြင်းအပေါ် PRF အနေဖြင့် လေးနက်စွာ ဝမ်းနည်းစာနာပြီး ၎င်းတို့အတွက် တရားမျှတမှုရရှိရေး ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ပါသည်။
၄။ ယခုစွပ်စွဲချက်၏ အဓိကရည်ရွယ်ချက်မှာ ပြည်သူများကို ခြိမ်းခြောက်၍ PRF အပေါ် ယုံကြည်မှု ပျက်ပြားစေရန်နှင့် တော်လှန်ရေး၏ ဝင်ငွေရလမ်းကြောင်းများကို ဖြတ်တောက်ရန်ဖြစ်ကြောင်း ထင်ရှား ပါသည်။ ထို့ပြင် လက်ရှိထိန်းသိမ်းခံထားရသူများအပေါ် ပြစ်မှုများ ထပ်တိုးအမှုဆင်ရန် ကြိုးပမ်းမှုလည်း ဖြစ်ပါသည်။ ပြည်သူများ၏ ငွေကြေးအချက်အလက်များကို စစ်ကောင်စီထံ ပေးအပ်ပူးပေါင်းဆောင်ရွက် နေသည့် Wave Money နှင့် မိခင်အဖွဲ့အစည်းဖြစ်သည့် ရိုးမဘဏ်ကိုလည်း အကြမ်းဖက်မှုအား အားပေးကူညီသည့် အဖွဲ့အစည်းများအဖြစ် ပြင်းထန်စွာ ရှုတ်ချအပ်ပါသည်။
၅။ PRF သည် လုံခြုံရေးအစီအမံများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်းရှိ တော်လှန်ပြည်သူများအနေဖြင့် ဖုန်းနှင့် ငွေလွှဲမှတ်တမ်းများဆိုင်ရာ လုံခြုံရေးကို အထူးသတိပြုကြရန်နှင့် ပြည်ပရောက် ပြည်သူများအနေဖြင့် ပြည်တွင်းရှိ ညီအစ်ကိုမောင်နှမများ၏ နေရာကို ဖြည့်ဆည်းကာ ပိုမိုပါဝင်ပံ့ပိုးကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF)

မီဒီယာများအနေဖြင့် [email protected] သို့သာ ဆက်သွယ်မေးမြန်းပေးကြပါရန်နှင့် အခြား မည်သည့်နေရာမှ မေးခွန်းများကို ဖြေကြားမည် မဟုတ်ပါ။

စက်တင်ဘာလအတွင်း ထောက်ပို့တာဝန်ထမ်းဆောင်မှုအခြေအနေကို Website မှာ တိုက်ရိုက်ကြည့်လို့ရနေပြီဆိုတာ သိပြီးပြီလား?အခုဆိုရင်  ...
27/09/2026

စက်တင်ဘာလအတွင်း ထောက်ပို့တာဝန်ထမ်းဆောင်မှုအခြေအနေကို Website မှာ တိုက်ရိုက်ကြည့်လို့ရနေပြီဆိုတာ သိပြီးပြီလား?

အခုဆိုရင် ထောက်ပို့အင်အားအခြေအနေတွေကို PRF Website မှာလည်း အချိန်နဲ့တစ်ပြေးညီ (Real-time) တိုက်ရိုက်ဝင်ရောက်ကြည့်ရှုလို့ရနေပါပြီ။
လကုန်တော့မှာဖြစ်လို့ စက်တင်ဘာလအတွက် ထောက်ပို့တာဝန်ထမ်းဆောင်နိုင်ဖို့ ရက်အနည်းငယ်ပဲ ကျန်ပါတော့တယ်။ တာဝန်ကျေပွန်ပြီးကြသူတွေ ရှိသလို၊ ပါဝင်ဖို့ ပြင်ဆင်နေဆဲ ရဲဘော်တွေလည်း ရှိနေမယ်လို့ ယုံကြည်ပါတယ်။ တိုက်ပွဲခေါ်သံတွေ ကြားနေရတဲ့ ဒီလိုကာလမှာ ရှေ့တန်းက ရဲဘော်တွေအတွက် နောက်တန်းထောက်ပို့အင်အားကို အရှိန်မြှင့်တင်ကြပါစို့။

"ငါတို့ တာဝန်... ငါတို့ကိုယ်စီကျေပွန်မှသာ ဒီပွဲက မြန်မြန်ပြီးမှာ ဖြစ်ပါတယ်။"
လာပါငါတို့အတူတူရုန်းမယ်။⁩

🌐 PRF website တွင် ဝင်ရောက်ကြည့်ရှုရန် - www.prf.modnugmm.org
ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot
🔗 နိုင်ငံတကာမှ ထောက်ပို့တပ်သားစုဆောင်းရေးမှူး Fundraiser များစာရင်း - https://www.facebook.com/share/p/1AVXcurWuE/

It’s not an option. It’s “Duty”
Report your duty !
တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။
အရေးတော်ပုံ အောင်ရမည်။

Team Germany ရဲ့ Messenger မှနေ၍လည်း
လစဥ် €20,-မှစ၍ တာဝန်တမ်းဆောင်ကြပါတယ်နော်။


#လာပါငါတို့အတူတူရုန်းမယ်
PRF - People's Revolution Supply Family
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု

#ထောက်ပို့PRF⁩

Adresse

Berlin
10115

Benachrichtigungen

Erfahren Sie als Erste/r von Neuigkeiten und Aktionen: Wir schicken Ihnen eine E-Mail, wenn CRPH Support Team Germany -Deutschland etwas veröffentlicht. Ihre E-Mail-Adresse wird für keinen anderen Zweck verwendet, und Sie können sich jederzeit abmelden.

Kontaktieren Sie Die Organisation

Nachricht an CRPH Support Team Germany -Deutschland senden:

Verknüpfungen

Teilen