Social aid Society Myanmar Swiss

Wegbeschreibung

Social aid Society Myanmar Swiss မြန်မာ ဆွစ် လူမှု ကူညီရေး အသင်း

🐀လယ်သမားတစ်ယောက်ဟာ သေဆုံးနေတဲ့ ဝက်သေကောင်ကိုကြည့်ပြီး အကြံဆိုးတစ်ခု ရလိုက်ပါတယ်။ဒီမြေမြှုပ်ပစ်ရမယ့် ဝက်သေကောင်ကို ထိုးကြ...
22/10/2026

🐀လယ်သမားတစ်ယောက်ဟာ သေဆုံးနေတဲ့ ဝက်သေကောင်ကိုကြည့်ပြီး အကြံဆိုးတစ်ခု ရလိုက်ပါတယ်။

ဒီမြေမြှုပ်ပစ်ရမယ့် ဝက်သေကောင်ကို ထိုးကြွေးကာ သူ့စပါးကျီကို မွှေနှောက်ပြီး ကောက်ပဲသီးနှံတွေကို ဖျက်ဆီးနေတဲ့ ကြွက်တွေကို အပြတ်ရှင်းနိုင်မယ့်နည်းကို တွေးလိုက်တာပါ။

လယ်သမားဟာ ဝက်သေကောင်ပုပ်ကို လယ်စပ်က စွန့်ပစ်ထားတဲ့ ရေတွင်းဟောင်းကြီးတစ်ခုထဲ ပစ်ချလိုက်ပါတယ်။

အသားစိမ်းနံ့ကြောင့် ကြွက်အကောင် ပေါင်းများစွာဟာ ရေတွင်းပျက်နှုတ်ခမ်းမှာ တပြုံတခေါင်းကြီး စုပြုံနေတာပေါ့။

အဲ့ဒီမှာ ကြွက်တွေအအချင်းချင်းတိုက်မိပြီး ကြွက်အချို့ဟာ ရေတွင်းပျက်ထဲကျသွားပါတယ်။

အောက်ကျသွားတဲ့ကြွက်တွေဟာ ဝက်အသေကောင်ပေါ်ရောက်သွားပြီး အသားစိမ်းကို တကျွိကျွိနဲ့ အလုအယက်စားနေတာကို တွေ့တဲ့အခါမှာ အပေါ်ကကြွက်တွေလည်း မရိုးမရွဖြစ်လာပြီး အစာငမ်းတဲ့စိတ်နဲ့ ရေတွင်းထဲခုန်ချသွားပါတော့တယ်။

အစပိုင်းမှာတော့ အင်မတန်များပြားတဲ့ ရိက္ခာအထောက်အပံ့ကြီးရှိနေတဲ့အခါမှာ ကြွက်တွေအတွက် အရာအားလုံးဟာ အဆင်ပြေနေသလို ထင်ရပါတယ်။

ရက်အတော်ကြာအောင် ဝဝလင်လင် စားနိုင်လောက်တဲ့ အစာရေစာတွေ အလျှံပယ်ရှိနေပြီး သူတို့ဟာ ဗိုက်တင်းကားနေအောင် စားသောက်ပျော်ပါး နေခဲ့ကြပါတယ်။

ဒါပေမဲ့ အစာတွေ ကုန်သွားတဲ့အခါမှာတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ အိပ်မက်ဆိုးတစ်ခုရောက်လာပါတယ်။

ရေတွင်းနံရံဟာ မတ်စောက်လွန်းတာကြောင့် ပြန်တက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပဲ တက်နေရင်း လမ်းတစ်ဝက်မှာ ပြန်ပြန်ပြုတ်ကျတာပါပဲ။

နေ့ရက်တွေ ကုန်လွန်လာတာနဲ့အမျှ ဆာလောင်မွတ်သိပ်မှုကနေ ရန်လိုကြမ်းတမ်းမှုတွေအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။

ရိက္ခာအလွယ်တကူရနေစဉ်တုန်းက ကိုယ့်အစာပဲစားကာ အတူတကွ ငြိမ်းချမ်းစွာ စားသောက်ခဲ့ကြတဲ့ ကြွက်တွေဟာ ဆာလောင်မွတ်သိပ်မှုနဲ့အတူ ရန်လိုမှုတွေ၊ သွေးဆာခြင်းတွေ ပြင်းထန်နေပါတယ်။

အဲ့ဒီမှာ ရေတွင်းပေါ်ပြန်တက်ဖို့ကြိုးစားရင်း ပြုတ်ကျပြီး သေတဲ့ကြွက်တွေကို ဆာလောင်နေတဲ့ ကြွက်တွေက စားမိပြီး အချင်းချင်းပြန်စားရတဲ့အရသာကို သိသွားပါတယ်။

အဲ့ဒီကနေ အသက်ရှင်ကျန်ရစ်ဖို့အတွက် အစာကိုလုစားဖို့ရော၊ ရန်လိုဒေါသဖြစ်နေတဲ့အတွက်ရော အချင်းချင်း ပြန်လည်တိုက်ခိုက်ကြပါတော့တယ်။

သူတို့ရဲ့ပန်းတိုင်ဟာ #တွင်းနက်ကြီးထဲကလွတ်မြောက်ဖို့ထက် ဆာလောင်မွတ်သိပ်မှုပြေပျောက်ဖို့အတွက် အချင်းချင်းကို လက်ဦးသူနဲ့ အင်အားသာသူက အရင်တိုက်ခိုက်စားသောက်ရေး ဖြစ်သွားပါတယ်။

ရေတွင်းအခြေမှာ သူတို့ဟာ တစ်ကောင်ကိုတစ်ကောင် သတ်ဖြတ်ပြီး ပြန်စားလာကြတဲ့အထိ ဖြစ်သွားခဲ့ကာ နောက်ဆုံးမှာတော့ ကြွက်တစ်ကောင်တည်းသာ ကျန်ရစ်ပါတော့တယ်။

သူ့မျက်လုံးတွေဟာ သွေးကြောင့် နီရဲနေပြီး ကိုယ့်အမျိုးအနွယ်ကို ပြန်စားရင်း အသက်ဆက်ရှင်သန်လာခဲ့တာပါ။ သူ့ပါးစပ်တွေဟာ မျိုးတူချင်းရဲ့ သွေးတွေစွန်းပေနေပါတယ်။

အဲ့ဒီအချိန်ကိုစောင့်နေတဲ့ လယ်သမားဟာ ရေတွင်းဆီ ရောက်လာပြီး ကြိုးတစ်ချောင်းချပေးကာ အဲဒီနောက်ဆုံးကျန်တဲ့ ကြွက်တစ်ကောင်ကို ကယ်တင်ပေးလိုက်ပါတော့တယ်။

ကြွက်ဟာ လာကယ်တဲ့ ဟယ်လီကော်ပတာပေါ်က ချပေးတို့ကြိုးကို ဆွဲတက်လာတဲ့လူလိုပဲ ကြိုးတစ်လျှောက်တက်လာရင်း ရေတွင်းနှုတ်ခမ်းပေါ် ရောက်လာပါတယ်။

လယ်သမားအတွက်ကတော့ သူ့အကြံအောင်မြင်သွားပါပြီ။ အချင်းချင်းပြန်စားဖို့ သွေးဆာနေတဲ့ ကြွက်ဟာ တွေ့သမျှကြွက်တွေကို ရန်လိုစွာနဲ့ သတ်ဖြတ်စားသောက်ဖို့ ကြိုးစားတော့မှာပါ။

အသွင်တူခဲ့တဲ့ဘဝကနေ ရန်သူဖြစ်သွားသူဟာ ပိုကြောက်ဖို့ကောင်းပါတယ်။ သူဟာ ဘဝတူ အချင်းချင်းအပေါ် မုန်းတီးမှုအပြည့်နဲ့ ရန်လိုနေသူဖြစ်သွားပါပြီ။

ရေတွင်းနှုတ်ခမ်းပေါ်ရောက်လာတဲ့ကြွက်ဟာ Facebook ပေါ်တက်ပြီး သူပြန်လာနေပြီ ကြွက်တွေကိုရှာတိုက်တော့မယ်လို့ ကြော်ငြာလိုက်တော့သတဲ့ ...

ဒါဟာ Divide and Conquer ဆိုတဲ့ သွေးခွဲအုပ်ချုပ်ခြင်း ထောင်ချောက်နမူနာ သင်ခန်းစာတစ်ခုပါပဲ။

ထောင်ချောက်ကို ထိန်းချုပ်ထားတဲ့သူတွေဟာ ကိုယ်တိုင်တိုက်ပွဲဝင်စရာ မလိုပါဘူး။

အချင်းချင်း ရန်လိုပြီး ပြန်လည်သတ်ဖြတ်တိုက်ခိုက်လာအောင် အခြေအနေတစ်ခုကို ဖန်တီးပေးလိုက်ရုံပါပဲ။

အကြီးမားဆုံး အန္တရာယ်ဆိုတာ မျက်မှောက်ကာလမှာ သင်နဲ့အချင်းဖြစ်ပွားနေတဲ့ ရန်သူချည်းပဲ မဟုတ်ပါဘူး။

ပဋိပက္ခကို ဖန်တီးပြီး အချင်းချင်း အလဲထိုးသတ်ဖြတ်အောင် ထောင်ချောက်ဆင်ပေးလိုက်တဲ့ သူလည်း ဖြစ်နေတတ်ပါတယ်။

သွေးကွဲနေခြင်းကနေ ဘယ်သူတွေ အကျိုးအမြတ်ရနေသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်သင့်ပါတယ်။

တကယ်တော့ အဓိကမေးခွန်းဟာ သင် ဘယ်ဘက်က ရပ်တည်နေသလဲဆိုတာ မဟုတ်ဘဲ၊ "ဒီရေတွင်းကြီးကို ဘယ်သူ တူးခဲ့တာလဲ"၊ ပြီးတော့ "သင်တို့ကို ဘာကြောင့် ဒီတွင်းနက်ထောင်ချောက်ထဲမှာ အချင်းချင်း သတ်ဖြတ်စေချင်နေရတာလဲ" ဆိုတာသာ ဖြစ်ပါလိမ့်မယ်။


Douglas Martin ရဲ့ Divide and Conquer ကို ပြန်ရေးပါတယ်။

ရိုးရှင်းစွာနေပေမယ့်ရိုးသားပါတယ်လို့တစ်ခါမှ မပြောခဲ့ဘူး။လူတစ်ယောက်ကိုသူကမရိုးသားဘူးလို့အပြစ်တင်နေမယ့်အစားကိုယ်ရော ရိုးသာ...
02/08/2026

ရိုးရှင်းစွာနေပေမယ့်
ရိုးသားပါတယ်လို့
တစ်ခါမှ မပြောခဲ့ဘူး။

လူတစ်ယောက်ကို
သူကမရိုးသားဘူးလို့
အပြစ်တင်နေမယ့်အစား

ကိုယ်ရော ရိုးသားဖူးခဲ့လားမေးရင်း
ရိုးရှင်းစွာပဲ နေမိတော့တယ်။

ဘဝကတိုတိုလေးပါ။

ကိုယ့်ဘဝစာမျက်နှာအတွက် ...
ရေးလက်စဘောပန်လေးမှာ
မှင်ရည်ကျဲရင်
ကျဲစေဦးတော့.....

ရှိတဲ့မှင်နဲ့ လှအောင်ရေးနေရမှာမို့ ...
ဘောပန်လာမငှားနဲ့
ဒီနေ့ပဲရေးခွင့်ရှိတာမို့
ရသလောက်လေးရေးနေမိတာ ...
ကိုယ့် စာမျက်နှာဟာ ကိုယ့် အတွက်တော့ လှနေတယ်။

25/07/2026

လူ့ဘဝတန်ဖိုး....................
လူတော်တော်များများဟာ ငွေကို ရှာရင်းနဲ့
ကိုယ့်ဘဝကို မေ့သွားတတ်ကြတယ်။

ဘဝနောက်ကို လိုက်ရင်းနဲ့ ကိုယ့်နာမည်ကို
မေ့သွားတတ်ကြတယ်။

ငွေဆိုတာ ဒီဘဝအတွက်သာ အကျိုးရှိနိုင်တယ်၊
ရာထူးဆိုတာ အချိန်တန်ရင် အခြားသူလက်ထဲ
ရောက်သွားမယ်၊
အလှဆိုတာ အသက်အရွယ်နဲ့အတူ လျော့နည်းသွားမယ်။

ဒါပေမယ့် ကုသိုလ်ကောင်းမှု၊ မေတ္တာ၊ စေတနာ၊ ရိုးသားမှုနဲ့
ရခဲ့တဲ့ နာမည်ကတော့ လူမရှိတော့တဲ့နောက်မှာတောင် ကျန်နေတတ်တယ်။

သစ်ပင်ကြီးတစ်ပင် ကြီးထွားဖို့ နှစ်များစွာ ကြာတယ်၊
ဒါပေမယ့် ခုတ်လှဲဖို့ မိနစ်အနည်းငယ်ပဲ လိုတယ်။

လူ့ဘဝလည်း ထိုနည်းတူပင်.....
နှစ်ပေါင်းများစွာ စုဆောင်းခဲ့တဲ့ ယုံကြည်မှုကို
လိမ်ညာမှုတစ်ခါနဲ့ ဆုံးရှုံးသွားနိုင်တယ်။

တစ်ဘဝလုံး ထိန်းသိမ်းခဲ့တဲ့ ဂုဏ်သိက္ခာကို
လောဘတစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်နိုင်တယ်။

သို့အတွက်ကြောင့်…
ငွေရှာပါ၊ ဒါပေမယ့် ငွေကျွန်မဖြစ်ပါနဲ့၊
အောင်မြင်ပါ၊ ဒါပေမယ့် မာနမကြီးပါနဲ့၊
ကျော်ကြားပါ၊ ဒါပေမယ့် ရိုးသားမှုကို မစွန့်လွှတ်ပါနဲ့။

အဆုံးမှာ လူတစ်ယောက်ရဲ့ တန်ဖိုးကို သူချန်ထားခဲ့တဲ့ ငွေ၊
ဂုဏ်၊ရာထူး၊အဆောက်အဦတွေက မဆုံးဖြတ်ဘူး။

သူ့ကြောင့် မျက်ရည်ကျခဲ့သူ ဘယ်နှစ်ယောက်ရှိသလဲ၊
သူ့ကြောင့် အပြုံးပန်း ပွင့်ခဲ့သူ
ဘယ်နှစ်ယောက် ရှိခဲသလဲဆိုတာကသာ
သူ့ဘဝရဲ့ အမှန်တကယ် အမွေအနှစ် ဂုဏ်သတ္တိဖြစ်တယ်။

ထိန်လင်းသာဆရာတော
25.7.2026

"ခွင့်လွှတ်တိုင်း ပြန်ပေါင်းထုပ်စရာ မလိုပါဘူး"လူတွေက အမြဲပြောတတ်ကြတယ်။ "ခွင့်လွှတ်တတ်တဲ့ သူဟာ မြတ်တယ်"၊ "အမုန်းတရားတွေကိ...
24/07/2026

"ခွင့်လွှတ်တိုင်း ပြန်ပေါင်းထုပ်စရာ မလိုပါဘူး"

လူတွေက အမြဲပြောတတ်ကြတယ်။

"ခွင့်လွှတ်တတ်တဲ့ သူဟာ မြတ်တယ်"၊ "အမုန်းတရားတွေကို ရင်ထဲမှာ မထားပါနဲ့" တဲ့။ မှန်ပါတယ်။

ဒေါသတွေ၊ အငြိုးအတေးတွေကို ရင်ထဲမှာ အချိန်ကြာမြင့်စွာ ဆက်ပိုက်ထားတာဟာ ကိုယ့်ကိုယ်ကိုယ် အဆိပ်တိုက်နေတာနဲ့ အတူတူပါပဲ။

ဒါပေမဲ့ ဒီနေရာမှာ လူတော်တော်များများ မှားယွင်းစွာ နားလည်ထားတဲ့ အရာတစ်ခု ရှိပါတယ်။

အဲဒါကတော့ "ခွင့်လွှတ်လိုက်ရင် အရင်လို ပြန်အဆင်ပြေအောင် နေရမယ်၊ အရင်လို ပြန်ပေါင်းသင်းရမယ်" ဆိုတဲ့ အတွေးပါပဲ။

တကယ်တော့ ခွင့်လွှတ်ခြင်း (Forgiveness) နဲ့ ပြန်လည်ပေါင်းလည်ခြင်း (Reconciliation) ဟာ လုံးဝကို မတူညီတဲ့ အရာနှစ်ခု ဖြစ်ပါတယ်။

တစ်စုံတစ်ယောက်က သင့်ကို ဆိုးဆိုးရွားရွား နာကျင်စေခဲ့တယ်၊ သစ္စာဖောက်ခဲ့တယ်၊ ဒါမှမဟုတ် စော်ကားခဲ့တယ် ဆိုပါစို့။

သူ့ကို ခွင့်လွှတ်လိုက်တယ် ဆိုတာဟာ သင့်ရင်ထဲက နာကြည်းမှုတွေ၊ ပူလောင်မှုတွေကို လွှတ်ချလိုက်ပြီး သင့်ရဲ့ စိတ်ငြိမ်းချမ်းမှုကို သင်ကိုယ်တိုင် ပြန်ယူလိုက်တာသာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ကို သင့်ဘဝထဲ ပြန်ဝင်ခွင့်ပေးမယ်၊ အရင်လို နေရာပြန်ပေးမယ် ဆိုတာကတော့ လုံးဝ သီးခြားကိစ္စ တစ်ခုပါ။

ဥပမာအားဖြင့် မြွေတစ်ကောင်က သင့်ကို ပေါက်သွားလို့ သင်က အဲဒီမြွေကို ဒေါသမထွက်ဘဲ ခွင့်လွှတ်လိုက်တယ် ဆိုပါစို့။ ဒါဟာ သင့်ရဲ့ စိတ်ထားမြင့်မြတ်မှုပါ။ ဒါပေမဲ့ အဲဒီမြွေကို အိမ်ထဲပြန်ခေါ်ပြီး အိပ်ရာထဲ အတူတူ ပြန်သိပ်ဖို့တော့ မလိုပါဘူး။

လူတစ်ယောက်ကို ခွင့်လွှတ်ဖို့ဆိုတာ စိတ်ထားလေး နည်းနည်း ပြင်လိုက်ရုံနဲ့ ရနိုင်ပေမယ့်၊ ယုံကြည်မှု ဆိုတာကတော့ အလွယ်တကူ ပြန်ပေးလို့ရတဲ့ အရာ မဟုတ်ပါဘူး။

ခွင့်လွှတ်တိုင်းသာ ပြန်ပေါင်းထုပ်နေမယ်ဆိုရင်၊ တစ်ဖက်လူက သင့်ကို "ဘာလုပ်လုပ် ခွင့်လွှတ်မယ့်သူ"၊ "ငါ ဘယ်လို နှိပ်စက်နှိပ်စက် အနားကနေ ထွက်မသွားမယ့်သူ" ဆိုပြီး သတ်မှတ်သွားပါလိမ့်မယ်။

အဲဒီအခါ သင့်ရဲ့ တန်ဖိုးဟာ ကျဆင်းသွားပြီး၊ သူတို့အတွက် အလွယ်တကူ အသုံးချလို့ရတဲ့ လူတစ်ယောက် အလိုအလျောက် ဖြစ်သွားပါတော့တယ်။

> "ခွင့်လွှတ်ခြင်းဟာ အတိတ်ရဲ့ အကျဉ်းထောင်ထဲကနေ သင့်ကိုယ်သင် လွတ်မြောက်အောင် လုပ်လိုက်တာ ဖြစ်ပြီး၊ ပြန်မပေါင်းထုပ်ခြင်းဟာ သင့်ရဲ့ အနာဂတ်ကို ဒုတိယအကြိမ် ထပ်မနာကျင်ရအောင် ကာကွယ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။"
>
ဒါကြောင့် တစ်စုံတစ်ယောက်ကို ခွင့်လွှတ်လိုက်ပေမယ့် သူ့ကို ကိုယ့်ဘဝထဲကနေ အပြီးတိုင် ထုတ်ပယ်လိုက်တဲ့အခါ "ငါများ သဘောထား သေးသိမ်သွားသလား" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။
သင်ဟာ သူ့ကို မုန်းတီးနေတာ မဟုတ်ပါဘူး။

သင့်ကိုယ်သင် ချစ်တဲ့စိတ်နဲ့ ကိုယ်ပိုင် "စည်း" (Boundary) တစ်ခုကို ခိုင်ခိုင်မာမာ တားလိုက်တာသာ ဖြစ်ပါတယ်။

အဝေးကနေ မေတ္တာပို့လို့ ရပါတယ်။ အဝေးကနေ ကောင်းမြတ်ပါစေလို့ ဆုတောင်းပေးလို့ ရပါတယ်။

သူ ဒုက္ခရောက်နေရင်တောင် လူသားချင်း စာနာထောက်ထားမှုအရ ကူညီချင် ကူညီနိုင်ပါတယ်။

ဒါပေမဲ့ သင့်ရဲ့ နံဘေးမှာ၊ သင့်ရဲ့ ရင်ခွင်ထဲမှာတော့ သူ့အတွက် နေရာ မရှိတော့ဘူး ဆိုတာကို ပြတ်ပြတ်သားသား သိပါစေ။

ခွင့်လွှတ်ပါ။ အမုန်းတရားတွေကို ရင်ထဲကနေ ဆေးကြောပစ်လိုက်ပါ။ ဒါပေမဲ့ သင့်ကို ဓားနဲ့ ထိုးခဲ့ဖူးတဲ့ လက်တစ်စုံကိုတော့ သင့်ကို ထပ်မံ ဖက်တွယ်ခွင့် မပေးပါနဲ့တော့။

#သုခကျော်

"2000"တရားမဲ့ချုပ်နှောင်ခံထားရသောရက်ပေါင်း ၂၀၀၀ ရှိပြီ1 - February - 2021  to    24 - July - 2026  !
24/07/2026

"2000"
တရားမဲ့ချုပ်နှောင်ခံထားရသောရက်ပေါင်း ၂၀၀၀ ရှိပြီ

1 - February - 2021 to 24 - July - 2026


!

 #ကြိုးနဲ့စွန်
13/07/2026

#ကြိုးနဲ့စွန်

တရားမဲ့ချုပ်နှောင်ခံထားရသောရက်ပေါင်း ၁၉၈၆ ရက် ရှိပြီ1 - February - 2021  to    10 - July - 2026  !
10/07/2026

တရားမဲ့ချုပ်နှောင်ခံထားရသောရက်ပေါင်း ၁၉၈၆ ရက် ရှိပြီ

1 - February - 2021 to 10 - July - 2026


!

တွန့်ကြေမှု-----------ခေါက်ရိုးကျိုးရင်တောင်"ကျိုးသွားတဲ့ခေါက်ရိုးအတိုင်းပြန်ဖြန့်လိုရအုံးမယ်"တဲ့တွန့်ကြေသွားရင်တော့မညီမ...
04/07/2026

တွန့်ကြေမှု
-----------

ခေါက်ရိုးကျိုးရင်တောင်
"ကျိုးသွားတဲ့ခေါက်ရိုးအတိုင်းပြန်ဖြန့်လိုရအုံးမယ်"တဲ့

တွန့်ကြေသွားရင်တော့
မညီမညာမှုတွေ ပြန်ဖြန့်မရ
ပြန်ဖြည်မရနဲ့...

စိတ်တွေ အတွန့်အကြေကြားထဲ
လူတွေလည်း တွန့်တွန့်ကြေကြေနဲ့
လုံးချေခံထားရတဲ့စက္ကူလုံးတွေလို
ဒီကြားထဲ လောကဓံ မိုးကစိုရသေးတယ်

ဒဏ်ရာအတွန့်အကြေတွေပိုက်ပြီး
ဝေဒနာအတွန့်အကြေတွေကိုမျိုချ
နေ့နဲ့ညကို တွန့်တွန့်ကြေကြေ
စီးဆင်းမျှော နေကြတဲ့

" ဘဝအတွန့်အကြေတွေပါ "

Thedream

တစ်ယောက်နဲ့တစ်ယောက် ပိုချစ်ပေးကြရအောင် ❤️ဒီခရီးလမ်းမှာ ကျွန်တော်တို့ အတူတူ လျှောက်လှမ်းနေကြတာ နည်းတဲ့အချိန်ကာလတစ်ခု မဟုတ...
03/07/2026

တစ်ယောက်နဲ့တစ်ယောက် ပိုချစ်ပေးကြရအောင် ❤️

ဒီခရီးလမ်းမှာ ကျွန်တော်တို့ အတူတူ လျှောက်လှမ်းနေကြတာ နည်းတဲ့အချိန်ကာလတစ်ခု မဟုတ်တော့ပါဘူး

ခရီးရှည်လာတာနဲ့အမျှ ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ နားလည်မှုလွဲတာလေးတွေ ရှိလာတတ်တာလည်း သဘာဝပါပဲ

ဒါပေမဲ့ အားလုံးရဲ့ ရင်ထဲက ရည်ရွယ်ချက်၊ သွားချင်တဲ့ ပန်းတိုင်က တူညီပါတယ်

ရှေ့တန်းကနေ အသက်ကို ပဓာနမထားဘဲ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေက ပြည်သူတွေကို ယုံကြည်အားကိုးသလို၊ ပြည်သူတွေကလည်း ရဲဘော်တွေနဲ့ ကျောချင်းကပ် ရပ်တည်ပြီး ယုံကြည်မှုအပြည့်နဲ့ မျှော်လင့်ချက်တွေ ပုံအပ်ပြီးအားဖြည့်ပေးနေကြတာပါ

တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် မှီခိုပြီး ခွန်အားပေးရင်း ရှေ့ဆက်နေကြတာလေ

ဒါကြောင့်မို့ သဘောထားကွဲလွဲမှုလေးတွေ ရှိလာတဲ့အခါ တစ်ယောက်ကိုတစ်ယောက် ပိုပြီး နားလည်စာနာပေးကြရအောင်

ကိုယ့်ဘေးနားက ရဲဘော်ရဲဘက်တွေ၊ တော်လှန်သူငယ်ချင်းတွေကို ဖေးမကြင်နာတဲ့ စကားတစ်ခွန်း ပိုပြောပေးကြရအောင်

စစ်အာဏာရှင်အကြောက်ဆုံးက တော်လှန်ဘက်တော်သားတွေ အားလုံးရဲ့ "စုစည်းညီညွတ်မှု" ပါပဲ

ကျွန်တော်တို့ရဲ့ အပြန်အလှန် တန်ဖိုးထားမှုတွေ၊ စည်းလုံးမှုတွေ ပိုခိုင်မာလေလေ ပန်းတိုင်ကို ရောက်ဖို့ ပိုနီးကပ်လာလေပါပဲ

စုပေါင်းအင်အားနဲ့ ရှေ့ဆက်ဖို့ တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်းမေတ္တာတွေပိုပေးရင်း လက်တွဲညီညီ ဆက်လျှောက်ကြရအောင်

အတူလိုက်မယ်မဟုတ်လား... ❤

#တို့အတူချီတက်SCF

Adresse

Seebahnstr 31
Rapperswil
8004

Website

Benachrichtigungen

Erfahren Sie als Erste/r von Neuigkeiten und Aktionen: Wir schicken Ihnen eine E-Mail, wenn Social aid Society Myanmar Swiss etwas veröffentlicht. Ihre E-Mail-Adresse wird für keinen anderen Zweck verwendet, und Sie können sich jederzeit abmelden.

Verknüpfungen

Teilen