One World One Dream - Switzerland

Itinéraire Site Web Contacter l’organisation

One World One Dream - Switzerland Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de One World One Dream - Switzerland, Organisation non gouvernementale (ONG), Lausanne.

11/10/2026
🇲🇲🏆 ဂျပန်နိုင်ငံ အိုကီနာဝါ ငြိမ်းချမ်းရေးဆုကို 💥မြန်မာဒုက္ခသည်များအား ကုသပေးနေသည့် မယ်တော်ဆေးခန်း ရရှိ==========ထိုင်း–မ...
23/08/2026

🇲🇲🏆 ဂျပန်နိုင်ငံ အိုကီနာဝါ ငြိမ်းချမ်းရေးဆုကို
💥မြန်မာဒုက္ခသည်များအား ကုသပေးနေသည့် မယ်တော်ဆေးခန်း ရရှိ
==========
ထိုင်း–မြန်မာနယ်စပ်မှာ စစ်ဘေးရှောင်များ၊ ဒုက္ခသည်များနဲ့ ရွှေ့ပြောင်းလုပ်သားများကို
၃၅ နှစ်ကျော်ကြာ ဆေးကုသပေးနေတဲ့ မယ်တော်ဆေးခန်း(Mae Tao Clinic/メータオ・クリニック)ကို ဂျပန်နိုင်ငံရဲ့ “第13回 沖縄平和賞” အိုကီနာဝါငြိမ်းချမ်းရေးဆု ပေးအပ်ရန် ရွေးချယ်လိုက်ပါတယ်။

အိုကီနာဝါငြိမ်းချမ်းရေးဆုသမိုင်းမှာ ဂျပန်နိုင်ငံပြင်ပအဖွဲ့အစည်းတစ်ခုကို ရွေးချယ်ချီးမြှင့်တာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

🔹 မယ်တော်ဆေးခန်း ဘယ်လိုပေါ်ပေါက်လာခဲ့သလဲ

ကရင်တိုင်းရင်းသူ ဒေါက်တာ စင်သီယာမောင်ဟာ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံဒီမိုကရေစီအရေးတော်ပုံနောက်ပိုင်း ဖိနှိပ်မှုများကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသူတစ်ဦးဖြစ်ပါတယ်။

၁၉၈၉ ခုနှစ်မှာ သူကိုယ်တိုင်နဲ့ ကျောင်းသားခုနစ်ဦးတို့ ပူးပေါင်းပြီး ဆေးဝါးပစ္စည်းအနည်းငယ်သာရှိတဲ့ ယာယီဆေးခန်းငယ်တစ်ခုကို စတင်ဖွင့်လှစ်ခဲ့ကြပါတယ်။

ယနေ့မှာတော့ မယ်တော်ဆေးခန်းဟာ—

▪️ အထွေထွေရောဂါနှင့် အတွင်းရောဂါ
▪️ ခွဲစိတ်ကုသမှု
▪️ ကလေးနှင့် မီးယပ်သားဖွား
▪️ သွားနှင့် မျက်စိကုသမှု
▪️ စိတ်ကျန်းမာရေးနှင့် ပြန်လည်သန်စွမ်းရေး
▪️ အရေးပေါ်ဆေးကုသမှု

တို့အပြင် ကလေးသူငယ်ကာကွယ်ရေး၊ ပညာရေးထောက်ပံ့မှု၊ ကျန်းမာရေးဝန်ထမ်းလေ့ကျင့်မွေးထုတ်မှုနဲ့ မွေးစာရင်းရရှိရေးအထိ ကူညီပေးနေပါတယ်။

🔹 လူနာပေါင်း ၂.၅ သန်းကျော်ကို ကုသပေးခဲ့

အိုကီနာဝါခရိုင်အစိုးရရဲ့ ထုတ်ပြန်ချက်အရ မယ်တော်ဆေးခန်းဟာ ၃၅ နှစ်ကျော်အတွင်း—

▪️ ဆေးကုသမှုအကြိမ်ရေ ၂.၅ သန်းကျော်
▪️ ငှက်ဖျားရောဂါကုသမှု ၇၀,၀၀၀ ကျော်
▪️ ကလေးမွေးဖွားမှု ၅၀,၀၀၀ ကျော်

ကို လက်ခံဆောင်ရွက်ပေးခဲ့ပါတယ်။

၂၀၂၄ ခုနှစ်တစ်နှစ်တည်းမှာလည်း လူနာ ၅၀,၆၉၉ ဦးအတွက် ဆေးကုသမှု ၁၂၆,၈၄၇ ကြိမ် ပြုလုပ်ပေးခဲ့ပြီး ဆေးရုံတက်ကုသမှု ၈,၇၃၅ ကြိမ်ရှိခဲ့ပါတယ်။ အိုကီနာဝါခရိုင်၏ တရားဝင်ထုတ်ပြန်ချက်⁠

🔹 “လူသားလုံခြုံရေးကို လက်တွေ့အကောင်အထည်ဖော်နေခြင်း”

အိုကီနာဝါခရိုင်အုပ်ချုပ်ရေးမှူး 玉城デニー(Tamaki Denny)က ကမ္ဘာတစ်ဝန်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေချိန်မှာ မယ်တော်ဆေးခန်းရဲ့ လုပ်ဆောင်မှုဟာ နိုင်ငံတကာငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ ပိုမိုကျယ်ပြန့်လာရေးကို အထောက်အကူပြုမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆုရွေးချယ်ရေးကော်မတီကလည်း လူမျိုး၊ ဘာသာနဲ့ နိုင်ငံသားအဆင့်အတန်းမခွဲခြားဘဲ
လိုအပ်အားနည်းသောအခြေအနေမှာ ရှိနေသူများရဲ့ အသက်၊ ကျန်းမာရေး၊ ပညာရေးနဲ့ လူနေမှုဘဝကို အကာအကွယ်ပေးခြင်းဟာ “လူသားလုံခြုံရေး” ကို လက်တွေ့အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း ချီးကျူးထားပါတယ်။

🏅 ဆုချီးမြှင့်ပွဲကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့မှာ အိုကီနာဝါခရိုင် နာဟာမြို့၌ ကျင်းပမည်ဖြစ်ပြီး ဆုကြေးငွေ ဂျပန်ယန်း ၁၀ သန်းလည်း ပေးအပ်မှာဖြစ်ပါတယ်။
Okinawa TV⁠၊ အိုကီနာဝါငြိမ်းချမ်းရေးဆုအချက်အလက်⁠

စစ်ဘေးကြောင့် ကိုယ်တိုင်နေရပ်စွန့်ခွာခဲ့ရတဲ့ မြန်မာဆရာဝန်တစ်ဦးက စတင်တည်ထောင်ခဲ့တဲ့ ဆေးခန်းလေးဟာ ယနေ့မှာတော့ သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခဲ့ပြီး ဂျပန်နိုင်ငံက ပေးအပ်တဲ့ ငြိမ်းချမ်းရေးဆုကိုပါ ရရှိလာခဲ့တာ ဖြစ်ပါတယ်။

ဂုဏ်ယူဝမ်းမြောက်စရာ သတင်းကောင်းတစ်ပုဒ်ပါ။ 🇲🇲🤝🇯🇵

#沖縄平和賞

09/08/2026

သင်မလှူနိုင်သေးရင် လှူဒါန်းနိုင်သူများသိစေရန် ကုသိုလ်စိတ်လေးဖြစ် ရှယ်ပေးကြပါ🙏🙏

မိဘမဲ့ကလေး 609 ယောက်စာအတွက် ဆန် ဆီ နို့မှုန့်များ အခတ်ခဲဖြစ်နေပါတယ်😔

ကျောင်းလိပ်စာလေးက ပဲခူးတိုင်း ရေတာရှည်မြို့နယ် ဆွာမြို့ အုန်းခြံရပ်ကွက် YGW ပရဟိတ မိဘမဲ့ကျောင်း ပါ

ကျောင်းမှာလာရောက်လှူလို့ ရသလို လာဖို့ခက်ခဲရင် wave kpayကနေ၀တ်ထုငွေထည့်နိူင်ပါတယ်
တာဝန်ခံဆရာတော်
Kpay
09782340762
U Myint Naing ပါ

03/08/2026

မြို့ပြမှာရောင်းတဲ့ ၁ အုပ် ၁,၀၀၀ တန် ဗလာစာအုပ်ကို ကရင်နီ(ကယား)ပြည်နယ်က စစ်ရှောင်ဒေသတွေမှာ ၂,၅၀၀ ကျပ်အထိ ပေး၀ယ်ပြီး ကလေးငယ်တွေ ပညာသင်ယူနေကြရပါတယ်။

ငွေကြေးတတ်နိုင်ရင်တောင် ဖတ်စာအုပ်နဲ့ ရေးစာအုပ် လိုချင်သလောက် ဝယ်မရလို့ ကလေးငယ်တွေဟာ ရှေ့နှစ်အတန်းတွေမှာ သုံးပြီးသား စာအုပ်တွေကို အကြိမ်ကြိမ်ပြန်သုံးနေရပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)ရဲ့အချက်အလက်အရ ကရင်နီမှာ အခြေခံပညာကျောင်းသား ၈ သောင်းဝန်းကျင်ရှိနေပါတယ်။

ဒီကလေးငယ်တွေ ပညာရေးဆုံးခန်းတိုင်ဖို့ စာအုပ်စာရွက်အပြင် ဘယ်လိုအခက်အခဲတွေကြုံနေရလဲ။
ရုပ်သံမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း #မြန်မာ #ကရင်နီ #ကလေးငယ် #ပညာရေး #စာအုပ် #ရှားပါးမှု

16/07/2026

ဒါကတော့ သူတို့လေးတွေ ပညာပြန်လည်သင်ယူခွင့် ရရှိဖို့ ကြိုးစားနေကြတဲ့ ခရီးလမ်းမှာ ဥရောပသမဂ္ဂ (EU) က ပံ့ပိုးကူညီပေးနေတဲ့ ရာထောင်ချီသော ကလေးငယ်တွေထဲက အနည်းအကျဥ်းမျှသာ ဖြစ်ပါတယ်။

သင်နှင့်အတူ 🎒 ဘက်စုံပညာရေးဆီသို့။

ပိုမိုသိရှိလိုပါက - https://shorturl.at/QugWM
----- ----- ----- ----- ------
These are just a handful of hundreds of thousands of children the EU supports in their journeys to regain access to education.

Together with you, 🎒 beyond education.

Find out more: https://shorturl.at/QugWM

#သင်နဲ့အတူဘက်စုံပညာရေး
#သင်နဲ့အတူ

09/07/2026
09/07/2026

Adresse

Lausanne

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque One World One Dream - Switzerland publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L’organisation

Envoyer un message à One World One Dream - Switzerland:

Raccourcis

Partager