One World One Dream - Switzerland

One World One Dream - Switzerland Kontaktinformationen, Karte und Wegbeschreibungen, Kontaktformulare, Öffnungszeiten, Dienstleistungen, Bewertungen, Fotos, Videos und Ankündigungen von One World One Dream - Switzerland, Nichtregierungsorganisation (NRO), Lausanne.

🧠 သားသားမီးမီးတို့ရဲ့ ပထမဆုံး Software ဖန်တီးမှုကို Scratch ကနေ စတင်လိုက်ပါဒီနေ့ခေတ်မှာ ကလေးတိုင်းနီးပါး ကွန်ပျူတာနဲ့ တက...
06/04/2026

🧠 သားသားမီးမီးတို့ရဲ့ ပထမဆုံး Software ဖန်တီးမှုကို Scratch ကနေ စတင်လိုက်ပါ

ဒီနေ့ခေတ်မှာ ကလေးတိုင်းနီးပါး ကွန်ပျူတာနဲ့ တက်ဘလက်တွေကို ကျွမ်းကျင်စွာ ကိုင်တွယ်လာကြပါပြီ။ ဒါပေမဲ့ ကစားရုံသက်သက်မဟုတ်ဘဲ ကိုယ်တိုင် ဖန်တီးတတ်ဖို့ သင်ပေးချင်တယ်ဆိုရင်တော့ Scratch ဟာ အကောင်းဆုံး အစပြု သင်ယူစရာတခုပါ။

တချို့မိဘတွေက "Scratch ဆိုတာ ကလေးတွေ အရုပ်လေးတွေဆွဲပြီး ကစားတဲ့ tool ပဲမဟုတ်လား၊ အပျော်ပဲ မဟုတ်လား" လို့ ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်တော့ Scratch Project တခုလုပ်တိုင်း သားသားမီးမီးတို့ဟာ software တခု အပြည့်အစုံကို တည်ဆောက်နေတာနဲ့ အတူတူပါပဲ။

အောက်မှာ မိဘတွေ နားလည်းလွယ်အောင် ရှင်းပြပေးထားပါတယ်။

🎯 အိုင်ဒီယာ (Idea) ကနေစတယ်

ကလေးတယောက် Scratch နဲ့ ဂိမ်းတခုလုပ်မယ်ဆိုရင် သူစဉ်းစားရမှာက

♡ ဘယ်လိုဂိမ်းမျိုးလဲ

♡ ဘယ်လိုကစားရမလဲ

♡ ဘယ်လိုအနိုင်ရမလဲ

ဒါဟာ software ဆော့ဖ်ဝဲလ် တခုကို မရေးခင်မှာ Plan ချတာနဲ့ အတူတူပါပဲ။ ဒီလိုစဉ်းစားတတ်တဲ့အကျင့်က ကလေးကို ပြဿနာဖြေရှင်းတတ်သူ ဖြစ်လာစေပါတယ်။

⚙️ Logic (တွေးခေါ်ပုံ) တည်ဆောက်တယ်

Scratch မှာ Block တွေကို ဆွဲချိတ်ရုံနဲ့

♡ ဇာတ်ကောင်လှုပ်ရှားစေတာ

♡ if (ဒါဆိုရင်) / loop (ထပ်ခါထပ်ခါလုပ်တာ) တွေ

♡ အမှတ်ပေးစနစ်

စတဲ့ Logic တွေကို ကလေးတွေ နားလည်သွားပါတယ်။ ဒါဟာ တကယ့် Programmer တွေ Code ရေးတာနဲ့ သဘောတရားချင်း လုံးဝတူပါတယ်။

🧪 စမ်းသပ်ပြီး ပြင်ဆင်တယ် (Testing & Debugging)

ကလေးတယောက် Project လုပ်တဲ့အခါ

♡ တခါတလေ Error တက်မယ်

♡ ကိုယ်ထင်သလို အလုပ်မလုပ်ဘူး

အဲဒီအခါ ပြန်စစ်ပြီး ပြင်ရပါတယ်။ ဒါဟာ ဆော့ဖ်ဝဲလ်လောကမှာ Testing နဲ့ Debugging လုပ်တာနဲ့ အတူတူပါပဲ။ ဒီအလေ့အကျင့်က ကလေးကို စိတ်ရှည်ဇွဲကောင်းသူ ဖြစ်စေပါတယ်။

🔁 ပြန်သုံးတတ်တယ် (Reuse)

Scratch မှာ ကိုယ်ရေးထားတဲ့ Code တွေကို Backpack ထဲသိမ်းပြီး နောက် Project တွေမှာ ပြန်သုံးနိုင်ပါတယ်။ ဒါဟာ Programmer တွေ Code Snippet ပြန်သုံးတာနဲ့ တူပါတယ်။ အလုပ်ကြိုးစားတတ်တဲ့ အကျင့် ရလာစေပါတယ်။

🚀 မျှဝေခြင်းနဲ့ အသုံးပြုစေခြင်း

Scratch Project ကို Share လုပ်လိုက်ရင် တခြားသူတွေ လာကစားနိုင်ပါတယ်။ ဒါဟာ Software တခု App အနေနဲ့ Release လုပ်ပြီး User တွေ အသုံးပြုစေတာနဲ့ အတူတူပါပဲ။ ဒါက ကလေးကို သူများအတွက်ပါ တန်ဖိုးရှိတဲ့အရာ ဖန်တီးတတ်သူ ဖြစ်လာစေပါတယ်။

📌 ညွှန်ကြားချက်ရေးတတ်ဖို့ (Documentation)

♡ Scratch Project တခုလုပ်ပြီးတိုင်း

♡ ဘယ်လိုသုံးရမလဲ (Instruction)

♡ သတိထားရမယ့်အချက်တွေ (Note)

ရေးပေးတဲ့အကျင့်က အရမ်းအရေးကြီးပါတယ်။ ဒါဟာ တကယ့် Software လောကမှာ User Guide နဲ့ Documentation ရေးတာနဲ့ တူပါတယ်။ Code ကောင်းရုံနဲ့မပြီး လူတွေ နားလည်အောင်ရှင်းပြတတ်ဖို့ လိုပါတယ်။ ဒီအချက်ကို Scratch ကနေတဆင့် ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ သင်ယူနိုင်ပါတယ်။

💡 မိဘတို့သိသင့်တဲ့ အချက် – Scratch သင်တန်းတွေ အပ်လို့ရပါတယ်

"အိမ်မှာ ကျွန်မတို့ကိုယ်တိုင် သင်ပေးဖို့ အချိန်မရှိဘူး" "ကလေးက စိတ်မဝင်စားဘူး ဖြစ်သွားမလား" စတဲ့စိုးရိမ်ချက်တွေအတွက် Coding Classroom မှာ Scratch သင်တန်းတွေ ရှိပါတယ်။

အခုခေတ်မှာ အောက်ပါပုံစံတွေနဲ့ သင်တန်းတွေ အပ်လို့ရပါပြီ-

✅ Online တဦးချင်း သို့မဟုတ် အဖွဲ့လိုက်သင်တန်း (Zoom/Google Meet ကနေ သင်ပေးတယ်)

ဘယ်လိုရွေးချယ်အပ်နှံမလဲ

♡ ကလေးရဲ့အသက်အရွယ်နဲ့ ကိုက်ညီမှု – အများအားဖြင့် ၆ နှစ်မှ ၁၆ နှစ်အထိ သင့်တော်ပါတယ်။

♡ သင်တန်းကြာချိန် – တပတ် ၁-၂ ကြိမ်၊ တကြိမ် ၁ နာရီခန့်က အကောင်းဆုံးပါ။

သင်တန်းအပြီး သားသားမီးမီး ကိုယ်တိုင် Project လုပ်ပြနိုင်လား – ကောင်းမွန်တဲ့သင်တန်းက ကိုယ်တိုင်စဉ်းစား ကိုယ်တိုင်ဖန်တီးတတ်အောင် သင်ပေးပါတယ်။

ဘယ်မှာ အပ်လို့ရလဲ

♡ Comment မှာ Interested လို့သာ ရေးပေးခဲ့ပါ။ Messenger ကနေ အသေးစိတ်ကို ရှင်းပြပေးပါမယ်။

🌈 နိဂုံး – Scratch ဟာ ပထမဆုံးခြေလှမ်း

Scratch ဟာ ကစားစရာတခုသက်သက် မဟုတ်ပါဘူး။ ဒါဟာ Software Development ရဲ့ အခြေခံအယူအဆတွေ – Idea စဉ်းစားခြင်း၊ Logic တည်ဆောက်ခြင်း၊ Testing လုပ်ခြင်း၊ Documentation ရေးခြင်း – အားလုံးကို ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်တဲ့ Platform ဖြစ်ပါတယ်။

ဒါကြောင့် သားသားမီးမီးတို့ကို Scratch Project တခုစီဖန်တီးခိုင်းတိုင်း သူတို့ဟာ အနာဂတ်ရဲ့ Software Engineer တယောက် ဖြစ်ဖို့ ခြေလှမ်းတလှမ်းနေတာပါ။

ဒီနေ့ပဲ သင်တန်းကို စုံစမ်းကြည့်ပါ။

U Tun Tun Aung
Founder and Instructor
Coding Classroom

အခိုးခံလိုက္ရတဲ့ ဆယ္ေက်ာ္သက္နဲ႔ ႏွစ္ဆယ္ေက်ာ္အရြယ္မ်ား ပိုက္ဆံအခိုးခံရတာထက္ ပိုနာၾကည္းစရာေကာင္းတာက အခ်ိန္ေတြ အခိုးခံလိုက္...
26/03/2026

အခိုးခံလိုက္ရတဲ့ ဆယ္ေက်ာ္သက္နဲ႔ ႏွစ္ဆယ္ေက်ာ္အရြယ္မ်ား
ပိုက္ဆံအခိုးခံရတာထက္ ပိုနာၾကည္းစရာေကာင္းတာက အခ်ိန္ေတြ အခိုးခံလိုက္ရတာပဲ။
အနာဂတ္ဆိုတာ ဘယ္လိုမ်ိဳးလဲဆိုတာကို ျမည္းစမ္းခြင့္ေပးၿပီးမွ၊ ပါးစပ္ထဲမွာ အရသာမေပ်ာက္ေသးခင္ အဲဒီပန္းကန္ကို ရက္ရက္စက္စက္ လုယူသြားတာမ်ိဳး။
မင္း အသက္ ၁၉ ႏွစ္။ ဖုန္းတစ္လုံး၊ 4G အင္တာနက္နဲ႔ ရည္မွန္းခ်က္ေတြ အျပည့္ရွိခဲ့တယ္။ ေက်ာင္းကသင္ေပးတာထက္ အင္တာနက္ကေန ပညာေတြကို ပိုျမန္ျမန္သင္ယူခဲ့တယ္။ မီးပ်က္တဲ့ၾကားကေန လက္ေတာ့ပ္ေလးနဲ႔ အလုပ္ေတြလုပ္ခဲ့တယ္။ လက္ဖက္ရည္ဆိုင္ထိုင္ရင္း သူငယ္ခ်င္းေတြနဲ႔ Startup ေတြ၊ App ေတြ၊ ကိုယ္ပိုင္ Brand ေတြ၊ နိုင္ငံတကာနဲ႔ခ်ိတ္ဆက္မယ့္ အနာဂတ္ေတြအေၾကာင္း ရင္ဘတ္ေကာ့ၿပီး ေျပာခဲ့ၾကတယ္။ မင္းတို့ အိပ္မက္ေတြက ေသးေသးမႊားမႊားမဟုတ္ခဲ့ဘူး။ ကမၻာႀကီးနဲ႔ တစ္ေျပးညီျဖစ္ဖို့ ေျခလွမ္းျပင္ေနခဲ့ၾကတာ။
အဲဒီအခ်ိန္မွာပဲ မင္းရဲ့ဘဝႀကီး ႐ုတ္တရက္ ရပ္တန႔္သြားတယ္။
လူတစ္ေယာက္၊ မိသားစုတစ္စုတည္း မဟုတ္ဘူး။ မ်ိဳးဆက္တစ္ခုလုံး။ အကုန္လုံးရဲ့ ဘဝေတြ လမ္းခုလတ္မွာတင္ ေအးခဲသြားတယ္။ ျပကၡဒိန္ကေတာ့ ဘာမွမျဖစ္ခဲ့သလို ဆက္ေရြ႕ေနခဲ့တယ္။
အခု မင္းအသက္ ၂၅၊ ည ၂၆ ရွိၿပီ။ ကိုယ္ျဖစ္ခ်င္တဲ့ အိပ္မက္ေတြကို တည္ေဆာက္ရမယ့္အစား၊ မင္းရဲ့ အေကာင္းဆုံးအရြယ္ေတြကို နိုင္ငံကူးလက္မွတ္သက္တမ္းတိုးဖို့၊ ဗီဇာရဖို့၊ အခန္းလခတြက္ဖို့၊ ေခါင္းငုံ႔ေနဖို့၊ ဘယ္သူ႔မ်က္စိစရာမွမျဖစ္ေအာင္ ေသးေသးေလးက်ဳံ႕ေနဖို့အတြက္ပဲ သုံးေနရတယ္။ ႀကီးက်ယ္တဲ့ Products ေတြ ဖန္တီးရမယ့္လူေတြက ကိုယ့္ကိုယ္ကို ဘယ္အခန္း၊ ဘယ္နိုင္ငံပို့ရမလဲဆိုတာပဲ ေတြးေနရတယ္။ အင္တာဗ်ဴးေတြမွာ ကိုယ့္အရည္အခ်င္းကို ခ်ျပရမယ့္လူေတြက၊ ဘာေမးခြန္းမွ သိပ္မေမးတဲ့၊ ရရာအလုပ္ကို ေခါင္းငုံ႔လုပ္ေနရတယ္။ အနာဂတ္အေၾကာင္း၊ နည္းပညာအေၾကာင္း၊ အႏုပညာအေၾကာင္း ျငင္းခုန္ေနရမယ့္လူေတြက ည ၃ နာရီမွာ ကိုယ့္ေသာကေတြ၊ ကိုယ့္ပူပန္မွုေတြနဲ႔ကိုယ္ လုံးပန္းေနရတယ္။
အနာၾကည္းရဆုံးက ဘာလဲသိလား။ ေဘးကေန လာလာဆရာလုပ္တဲ့ စကားေတြပဲ။
"သည္းခံပါ။"
"အေကာင္းျမင္စိတ္ေလး ေမြးပါ။"
"အသက္ရွင္ေနတာပဲ ေက်းဇူးတင္ပါ။"
ဘာ... အသက္ရွင္ေနတာပဲ ေက်းဇူးတင္ရမယ္?
မင္းတို့က "အသက္ရွင္႐ုံ" ရွင္သန္ဖို့ ေမြးလာတာမွ မဟုတ္တာ။ မင္းတို့က ဒီမွာပဲေနၿပီး၊ ဒီမွာပဲ ႀကီးက်ယ္ခမ္းနားတာေတြ တည္ေဆာက္ဖို့ စိတ္ကူးခဲ့ၾကတာေလ။ ႀကိဳးစားရင္ ႀကိဳးစားသေလာက္ ခရီးေရာက္မယ္ဆိုတဲ့ ယုံၾကည္ခ်က္နဲ႔ ရင္းႏွီးခဲ့ၾကတာ။
ဒါေပမယ့္ အခုေတာ့ မင္းတို့ရဲ့ အလန္းဆန္းဆုံး၊ အေတာက္ပဆုံး အရြယ္ေတြဟာ ဘာမွျပန္မရတဲ့၊ ပင္ပန္းႏြမ္းနယ္မွုေတြေလာက္ပဲ ျပန္ေပးတဲ့ စက္ဆုပ္စရာ ယႏၲရားႀကီးထဲကို ထိုးေကၽြးခံလိုက္ရၿပီ။
ဒါကို ဝမ္းနည္းတယ္လို့ မေခၚဘူး။ စာေမးပြဲက်တာ၊ ရည္းစားနဲ႔ျပတ္တာမွ ဝမ္းနည္းတာ။
အခုဟာက ဂုဏ္သိကၡာကို ေစာ္ကားခံလိုက္ရတာ။ ကိုယ့္ရဲ့ အရည္အခ်င္းေတြကို ခြင့္ျပဳခ်က္စာရြက္ေလးေတြရဖို့အတြက္ အလဟႆ ျဖဳန္းတီးပစ္ေနရတာ။ ကိုယ့္ရဲ့ ယုံၾကည္မွုေတြက ေၾကာက္ရြံ့မွုေတြအျဖစ္ ေျပာင္းလဲသြားတာကို ထိုင္ၾကည့္ေနရတာ။ ကမၻာႀကီးမွာ ေနရာယူခ်င္ခဲ့တဲ့သူေတြက အခုေတာ့ ဘယ္သူမွမသိေအာင္ ပုန္းကြယ္ေနထိုင္တတ္တဲ့ ပညာရွင္ေတြ ျဖစ္သြားရတာ။
ဒီေလာက္ ေဒါသထြက္ေနတာ သဘာဝက်တယ္။ ဘာလို့လဲဆိုေတာ့ မင္းတို့ "မွတ္မိေနလို့" ပဲ။
အနာဂတ္ႀကီး ဘယ္ေလာက္နီးစပ္ခဲ့လဲဆိုတာ မင္းတို့ မွတ္မိတယ္။ ေရွ႕ကိုလွမ္းေနတဲ့ မင္းတို့ရဲ့ အတိတ္ကပုံရိပ္ေတြကို မင္းတို့ မွတ္မိတယ္။ အဲဒီမွတ္ဉာဏ္ေတြက ေလာင္စာဆီေတြပဲ။
ဒါေၾကာင့္ ဒီမ်ိဳးဆက္ကို လာၿပီး ေခါင္းငုံ႔ခံဖို့ မေျပာနဲ႔။ "ႀကံ့ခိုင္မွု (Resilience)" ဆိုတဲ့ လွလွပပ စကားလုံးေတြနဲ႔ လာမေခၽြးသိပ္နဲ႔။ ႀကံ့ခိုင္တယ္ဆိုတာ ဘယ္လိုမွ လက္မခံသင့္တဲ့ မတရားမွုေတြကို တိတ္တိတ္ေလး ေခါင္းငုံ႔ခံခိုင္းခ်င္တဲ့အခါ သုံးတဲ့ စကားလုံးပဲ။
နာၾကည္းလြန္းလို့ ျဖစ္လာတဲ့ ေဒါသေတြဟာ အေကာင္းျမင္စိတ္အျဖစ္ ေျပာင္းလဲပစ္ဖို့ မျဖစ္နိုင္ဘူး။
မင္းတို့ေဒါသထြက္ေနတယ္ဆိုတာ မင္းတို့က်ရွုံးသြားတာ မဟုတ္ဘူး။
မင္းတို့ဘဝေတြ တန္ဖိုးဘယ္ေလာက္ရွိလဲဆိုတာ မင္းတို့ကိုယ္တိုင္ သိေနလို့ပဲ။
မင္းတို့ဆီက ဘာေတြ အခိုးခံလိုက္ရလဲဆိုတာ မင္းတို့ အတိအက် သိေနလို့ပဲ။
အဲဒီ မီးေတာက္ကို ဆက္ၿပီး ေလာင္ကၽြမ္းခြင့္ ေပးထားလိုက္။

အခိုးခံလိုက်ရတဲ့ ဆယ်ကျော်သက်နဲ့ နှစ်ဆယ်ကျော်အရွယ်များ
ပိုက်ဆံအခိုးခံရတာထက် ပိုနာကြည်းစရာကောင်းတာက အချိန်တွေ အခိုးခံလိုက်ရတာပဲ။
အနာဂတ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို မြည်းစမ်းခွင့်ပေးပြီးမှ၊ ပါးစပ်ထဲမှာ အရသာမပျောက်သေးခင် အဲဒီပန်းကန်ကို ရက်ရက်စက်စက် လုယူသွားတာမျိုး။
မင်း အသက် ၁၉ နှစ်။ ဖုန်းတစ်လုံး၊ 4G အင်တာနက်နဲ့ ရည်မှန်းချက်တွေ အပြည့်ရှိခဲ့တယ်။ ကျောင်းကသင်ပေးတာထက် အင်တာနက်ကနေ ပညာတွေကို ပိုမြန်မြန်သင်ယူခဲ့တယ်။ မီးပျက်တဲ့ကြားကနေ လက်တော့ပ်လေးနဲ့ အလုပ်တွေလုပ်ခဲ့တယ်။ လက်ဖက်ရည်ဆိုင်ထိုင်ရင်း သူငယ်ချင်းတွေနဲ့ Startup တွေ၊ App တွေ၊ ကိုယ်ပိုင် Brand တွေ၊ နိုင်ငံတကာနဲ့ချိတ်ဆက်မယ့် အနာဂတ်တွေအကြောင်း ရင်ဘတ်ကော့ပြီး ပြောခဲ့ကြတယ်။ မင်းတို့ အိပ်မက်တွေက သေးသေးမွှားမွှားမဟုတ်ခဲ့ဘူး။ ကမ္ဘာကြီးနဲ့ တစ်ပြေးညီဖြစ်ဖို့ ခြေလှမ်းပြင်နေခဲ့ကြတာ။
အဲဒီအချိန်မှာပဲ မင်းရဲ့ဘဝကြီး ရုတ်တရက် ရပ်တန့်သွားတယ်။
လူတစ်ယောက်၊ မိသားစုတစ်စုတည်း မဟုတ်ဘူး။ မျိုးဆက်တစ်ခုလုံး။ အကုန်လုံးရဲ့ ဘဝတွေ လမ်းခုလတ်မှာတင် အေးခဲသွားတယ်။ ပြက္ခဒိန်ကတော့ ဘာမှမဖြစ်ခဲ့သလို ဆက်ရွေ့နေခဲ့တယ်။
အခု မင်းအသက် ၂၅၊ ည ၂၆ ရှိပြီ။ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေကို တည်ဆောက်ရမယ့်အစား၊ မင်းရဲ့ အကောင်းဆုံးအရွယ်တွေကို နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့၊ ဗီဇာရဖို့၊ အခန်းလခတွက်ဖို့၊ ခေါင်းငုံ့နေဖို့၊ ဘယ်သူ့မျက်စိစရာမှမဖြစ်အောင် သေးသေးလေးကျုံ့နေဖို့အတွက်ပဲ သုံးနေရတယ်။ ကြီးကျယ်တဲ့ Products တွေ ဖန်တီးရမယ့်လူတွေက ကိုယ့်ကိုယ်ကို ဘယ်အခန်း၊ ဘယ်နိုင်ငံပို့ရမလဲဆိုတာပဲ တွေးနေရတယ်။ အင်တာဗျူးတွေမှာ ကိုယ့်အရည်အချင်းကို ချပြရမယ့်လူတွေက၊ ဘာမေးခွန်းမှ သိပ်မမေးတဲ့၊ ရရာအလုပ်ကို ခေါင်းငုံ့လုပ်နေရတယ်။ အနာဂတ်အကြောင်း၊ နည်းပညာအကြောင်း၊ အနုပညာအကြောင်း ငြင်းခုန်နေရမယ့်လူတွေက ည ၃ နာရီမှာ ကိုယ့်သောကတွေ၊ ကိုယ့်ပူပန်မှုတွေနဲ့ကိုယ် လုံးပန်းနေရတယ်။
အနာကြည်းရဆုံးက ဘာလဲသိလား။ ဘေးကနေ လာလာဆရာလုပ်တဲ့ စကားတွေပဲ။
"သည်းခံပါ။"
"အကောင်းမြင်စိတ်လေး မွေးပါ။"
"အသက်ရှင်နေတာပဲ ကျေးဇူးတင်ပါ။"
ဘာ... အသက်ရှင်နေတာပဲ ကျေးဇူးတင်ရမယ်?
မင်းတို့က "အသက်ရှင်ရုံ" ရှင်သန်ဖို့ မွေးလာတာမှ မဟုတ်တာ။ မင်းတို့က ဒီမှာပဲနေပြီး၊ ဒီမှာပဲ ကြီးကျယ်ခမ်းနားတာတွေ တည်ဆောက်ဖို့ စိတ်ကူးခဲ့ကြတာလေ။ ကြိုးစားရင် ကြိုးစားသလောက် ခရီးရောက်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ရင်းနှီးခဲ့ကြတာ။
ဒါပေမယ့် အခုတော့ မင်းတို့ရဲ့ အလန်းဆန်းဆုံး၊ အတောက်ပဆုံး အရွယ်တွေဟာ ဘာမှပြန်မရတဲ့၊ ပင်ပန်းနွမ်းနယ်မှုတွေလောက်ပဲ ပြန်ပေးတဲ့ စက်ဆုပ်စရာ ယန္တရားကြီးထဲကို ထိုးကျွေးခံလိုက်ရပြီ။
ဒါကို ဝမ်းနည်းတယ်လို့ မခေါ်ဘူး။ စာမေးပွဲကျတာ၊ ရည်းစားနဲ့ပြတ်တာမှ ဝမ်းနည်းတာ။
အခုဟာက ဂုဏ်သိက္ခာကို စော်ကားခံလိုက်ရတာ။ ကိုယ့်ရဲ့ အရည်အချင်းတွေကို ခွင့်ပြုချက်စာရွက်လေးတွေရဖို့အတွက် အလဟဿ ဖြုန်းတီးပစ်နေရတာ။ ကိုယ့်ရဲ့ ယုံကြည်မှုတွေက ကြောက်ရွံ့မှုတွေအဖြစ် ပြောင်းလဲသွားတာကို ထိုင်ကြည့်နေရတာ။ ကမ္ဘာကြီးမှာ နေရာယူချင်ခဲ့တဲ့သူတွေက အခုတော့ ဘယ်သူမှမသိအောင် ပုန်းကွယ်နေထိုင်တတ်တဲ့ ပညာရှင်တွေ ဖြစ်သွားရတာ။
ဒီလောက် ဒေါသထွက်နေတာ သဘာဝကျတယ်။ ဘာလို့လဲဆိုတော့ မင်းတို့ "မှတ်မိနေလို့" ပဲ။
အနာဂတ်ကြီး ဘယ်လောက်နီးစပ်ခဲ့လဲဆိုတာ မင်းတို့ မှတ်မိတယ်။ ရှေ့ကိုလှမ်းနေတဲ့ မင်းတို့ရဲ့ အတိတ်ကပုံရိပ်တွေကို မင်းတို့ မှတ်မိတယ်။ အဲဒီမှတ်ဉာဏ်တွေက လောင်စာဆီတွေပဲ။
ဒါကြောင့် ဒီမျိုးဆက်ကို လာပြီး ခေါင်းငုံ့ခံဖို့ မပြောနဲ့။ "ကြံ့ခိုင်မှု (Resilience)" ဆိုတဲ့ လှလှပပ စကားလုံးတွေနဲ့ လာမချွေးသိပ်နဲ့။ ကြံ့ခိုင်တယ်ဆိုတာ ဘယ်လိုမှ လက်မခံသင့်တဲ့ မတရားမှုတွေကို တိတ်တိတ်လေး ခေါင်းငုံ့ခံခိုင်းချင်တဲ့အခါ သုံးတဲ့ စကားလုံးပဲ။
နာကြည်းလွန်းလို့ ဖြစ်လာတဲ့ ဒေါသတွေဟာ အကောင်းမြင်စိတ်အဖြစ် ပြောင်းလဲပစ်ဖို့ မဖြစ်နိုင်ဘူး။
မင်းတို့ဒေါသထွက်နေတယ်ဆိုတာ မင်းတို့ကျရှုံးသွားတာ မဟုတ်ဘူး။
မင်းတို့ဘဝတွေ တန်ဖိုးဘယ်လောက်ရှိလဲဆိုတာ မင်းတို့ကိုယ်တိုင် သိနေလို့ပဲ။
မင်းတို့ဆီက ဘာတွေ အခိုးခံလိုက်ရလဲဆိုတာ မင်းတို့ အတိအကျ သိနေလို့ပဲ။
အဲဒီ မီးတောက်ကို ဆက်ပြီး လောင်ကျွမ်းခွင့် ပေးထားလိုက်။

အလှူပွဲတွေကြားမှာ နစ်မြုပ်နေတဲ့ ရွာ‌တွေရဲ့ အနာဂတ်😭😭😭😭😭😭😭😭😭😭👉နိုင်ငံတိုးတက်ဖို့ အစိုးရကောင်းဖို့ လိုတာမှန်ပေမယ့်။ရွာတစ်ရွ...
20/03/2026

အလှူပွဲတွေကြားမှာ နစ်မြုပ်နေတဲ့ ရွာ‌တွေရဲ့ အနာဂတ်
😭😭😭😭😭😭😭😭😭😭

👉နိုင်ငံတိုးတက်ဖို့ အစိုးရကောင်းဖို့ လိုတာမှန်ပေမယ့်။ရွာတစ်ရွာ တိုးတက်ဖို့ကျတော အစိုးရကောင်းဖို့ထက် "ရွာကလူကြီးတွေရဲ့ အသိတရား" က ပိုအရေးကြီးတယ်ဗျ။ဘာလို့တုန်းဆိုတော့ အစိုးရတိုင်းက ရွာတိုင်း‌စေ့အထိ လက်လှမ်း မမှီနိုင်ဘူး။

👉အလှူတွေကြားမှာ လူညွန့်တုံးနေတဲ့ ရွာမှာ အလှူအတန်းတွေ အကြိမ်ကြိမ် လုပ်ကြတယ်။ ခမ်းနားလိုက်တဲ့ ဘုန်းကြီးကျောင်းဆောင်ဆောင်တွေ၊ များပြားလိုက်တဲ့ အကျွေးအမွေးတွေ။ ဒါပေမဲ့ အဲဒီပွဲတွေရဲ့ နောက်ကွယ်မှာ ရွာရဲ့ ရတနာတွေ (လူငယ်) ဖုန်တက်နေတာကို ဘယ်သူမှ လှည့်မကြည့်ကြဘူး။

‼️ပညာရှင်ဖြစ်ရမယ့်ကလေးက ကျောင်းမထားနိုင်လို့ အိမ်အလုပ်တွေ ကူလုပ်နေရတယ်။

👉နိုင်ငံဂုဏ်ဆောင် လက်ရွေးစင် ဘောလုံးသမားဖြစ်ရမယ့် ကလေးက ကစားကွင်းမရှိလို့၊ ထောက်ပံ့မယ့်သူမရှိလို့ ကျဘမ်းအလုပ်ထဲမှာ ဘဝဆုံးနေရတာတွေတီထွင်သူ
🌱အင်ဂျင်နီယာ : စက်ပစ္စည်းတွေကို ဖျက်လိုက်ပြင်လိုက်နဲ့ ထူးချွန်တဲ့ပါရမီပါပေမဲ့ လမ်းပြမယ့်သူမရှိလို့ ဆိုင်ကယ်ဝပ်ရှော့မှာ ဆီပေအိုးပေဘဝနဲ့တင် တစ်သက်လုံး နစ်မြုပ်နေရတာတွေ
🌱အနုပညာပါရမီရှင် : ကမ္ဘာသိ ပန်းချီဆရာ ဒါမှမဟုတ် ဒီဇိုင်နာဖြစ်လာနိုင်တဲ့ ကလေးက သင်တန်းတက်ဖို့ ငွေမရှိတာကြောင့် လယ်ကွင်းထဲမှာပဲ ခွန်အားတွေ အလဟဿ ကုန်ဆုံးနေရတာတွေ
🌱စီးပွားရေးစီမံခန့်ခွဲသူ: စဉ်းစားတွေးခေါ်မှု ကောင်းလွန်းလို့ တစ်ရွာလုံးကို ချမ်းသာအောင် လုပ်ပေးနိုင်မယ့် ၊ ကလေးက ရင်းနှီးမြှုပ်နှံပေးမယ့်သူ မရှိလို့ ၊ သူများနိုင်ငံမှာ အိမ်အကူလုပ်နေရတာတွေက တွေးကြည့်ရင် ဘယ်လောက်ရင်နာစရာကောင်းလဲ။

👉ဒါတွေဟာ တစ်ရွာလုံးအတွက် အစားထိုးမရတဲ့ "အကြီးမားဆုံး နစ်နာမှုတွေ" ပဲ။ အလှူအတန်းတွေ ဘယ်လောက်လုပ်လုပ် ကိုယ့်ရွာက ကလေးတွေ လမ်းဘေးမှာ ဘဝပျက်နေရင် အဲဒီအလှူတွေဟာ ဘာအဓိပ္ပာယ်ရှိမှာလဲ။ စေတီ၊ပုထိုးတွေအများကြီးတည်တာထက် ကလေးတွေရဲ့ ဘဝမြင့်မားလာခြင်းကသာ ရွာရဲ့ တကယ့်အောင်မြင်မှုပါ။

👉ဘုရားတည်ဖို့ အုတ်၊သဲတွေအတွက် သိန်းရာချီ အလှူခံနေချိန်မှာ၊ လူငယ်တစ်ယောက်ရဲ့ အနာဂတ်အတွက် ကျပ်သောင်းဂဏန်းလောက်တောင် အလှူငွေ ထွက်မလာတာဟာ အရမ်းကိုရှက်စရာကောင်းပါတယ်။

‼️လူကြီးတွေရဲ့ အကြီးမားဆုံး အမှားက လူငယ်တွေရဲ့ အနာဂတ်ကို သတ်နေတာပဲ။‼️

👉အစိုးရမကောင်းလို့ရွာမတိုးတက်တာဆိုတာထက်
ရွာက လူကြီးတွေရဲ့ အမြင်မကျယ်မှုကြောင့် ရွာက လူညွန့်တုံးနေတာပါ။

👉အလှူဆိုတာ သေခါနီးမှ နိဗ္ဗာန်အတွက် ကြိုတင်ဝယ်ယူရတဲ့ လက်မှတ် မဟုတ်ပါဘူး။ ကိုယ့်မျက်စိရှေ့မှာတင် လမ်းပျောက်နေတဲ့ ကလေးတွေကို လမ်းမှန်ပြတာဟာ အမြတ်ဆုံး ကုသိုလ်ပါ။

👉ရွှေကျောင်းပြောင်ပြောင်ဖြစ်နေပီး ရွာက ကလေးတွေကတော့ လမ်းဘေးမှာ ဘဝပျက်နေတာဟာ ဘာသာရေးရဲ့ အနှစ်သာရ မဟုတ်သလို၊ ရွာရဲ့ တိုးတက်မှုလည်း မဟုတ်ပါဘူး။

👉ရွာရဲ့ အနာဂတ်ကို ရုပ်ထုစေတီအုတ်ပုံတွေကြားထဲမှာ ရှာလို့ မရပါဘူး။

👉ကြိုက်တဲ့ နိုင်ငံက ပညာရှင်ကို မေးကြည့်ပါ။ရွာရဲ့ အနာဂတ်က ဘုန်းကြီးကျောင်းတွေ၊စေတီ၊ပုထိုးတွေလား လူငယ်တွေရဲ့ ဦးနှောက်လားဆိုတာ။

👉လူငယ်တွေရဲ့ ဦးနှောက်လို့ သိပီဆိုရင် ဘာသာ‌ရေးသုံးမယ့်အစား လူငယ်တွေ အတွက်ပဲ သုံးသင့်ပါတယ်။အဲတာမှ သာ တိုးတက်ဖွံ့ဖြိုးတဲ့ ရွာတွေ များလာပီး ပညာရှင်တွေ နိုင်ငံအဆင့် အားကစားသမားတွေ ပေါများလာမှာပါ။

👉ကိုယ့်ဇာတိရွာကနေ ပညာရှင်၊ နိုင်ငံအဆင့် အားကစားသမားတွေ အင်ဂျင်နီယာပညာရှင်တွေ ထွက်တာ ထက် ဝမ်းသာကြည်နူးဖို့ကောင်းတာရှိပါ့ဦးမလား။

👉ကျနော်တစ်သက်လုံး
ဘာသာရေး၊ပွဲလမ်းသဘင်‌အကျွေးအမွေးတွေကြားမှာ ကြီးပြင်းလာတာ ဆယ်စုနှစ် ၃ခုစာရှိနေပီ၊ ဘာတွေ ပြောင်းလဲသွားလဲဆို ဘာမပြောင်းလဲသလို၊ဘာပညာရှင် ဘာနိုင်ငံအဆင့်အားကစားသမား ဘာအင်ဂျင်နီယာမှ မထွက်ဘူး။

👉မိဘ၊ ဘိုးဘွားတို့ခင်ဗျာ... အခုချိန်ကစပြီး "အလှူ" ဆိုတဲ့ အဓိပ္ပာယ်ကို ပြန်ဖွင့်ကြရအောင်။ လူသေမှ တက်မယ့် နိဗ္ဗာန်ထက်၊ ကိုယ့်ရွာက ကလေးတွေ ပညာတတ်ပြီး လောကအလယ်မှာ ဂုဏ်ရှိရှိ ရှင်သန်နိုင်အောင် လုပ်ပေးတာက ပိုမြတ်ပါတယ်။

"အလှူပွဲတွေ ခဏရပ်ပြီး၊ လူငယ်တွေရဲ့ အနာဂတ်ကို ကြည့်ပေးကြပါ။

12/03/2026

ခေါင်းဆောင်ကောင်းတွေ ရဲ့ နော-က်မှာ မိခင်ကောင်းတွေ ရှိပုံကို သေချာရှင်းပြတဲ့ ဘုန်းဘုန်း😳😳

လူသားအရင်းအမြစ်ကို ရွှေထက် ပိုတန်ဖိုးထားတဲ့ နိုင်ငံ ဆွစ်ဇာလန်နိုင်ငံ ဟာ ကမ္ဘာ့အချမ်းသာဆုံးနဲ့ ဆန်းသစ်တီထွင်မှု အကောင်းဆု...
10/02/2026

လူသားအရင်းအမြစ်ကို ရွှေထက် ပိုတန်ဖိုးထားတဲ့ နိုင်ငံ

ဆွစ်ဇာလန်နိုင်ငံ ဟာ ကမ္ဘာ့အချမ်းသာဆုံးနဲ့ ဆန်းသစ်တီထွင်မှု အကောင်းဆုံး နိုင်ငံတွေထဲမှာ အမြဲတမ်း ထိပ်ဆုံးက ပါဝင်နေပါတယ်။

သဘာဝသယံဇာတ ရှားပါးသလို လူဦးရေ အရမ်းမများလှတဲ့ ဒီနိုင်ငံက ဘာကြောင့် ဒီလောက် အောင်မြင်နေရသလဲ။

အောင်မြင်ရခြင်းရဲ့ နောက်ကွယ်မှာ အချက်အလက်များစွာ ရှိနေပေမယ့် အဓိကအကျဆုံး အကြောင်းရာ တခုကတော့ "ပညာရေး" ပဲ ဖြစ်ပါတယ်။

ဆွစ်အစိုးရဟာ နိုင်ငံတော် အသုံးစရိတ်ရဲ့ ၁၇% နီးပါးကို ပညာရေးမှာ ရင်းနှီးမြှုပ်နှံထားပါတယ်။ ဒါဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ အမြင့်ဆုံး ပမာဏ တစ်ခုလို့ ဆိုနိုင်ပါတယ်။

ဆွစ်ပညာရေးရဲ့ အသက်သွေးကြောကတော့ "အသက်မွေးဝမ်းကျောင်း ပညာရေး" (VET) စနစ် ဖြစ်ပါတယ်။

အခြားနိုင်ငံတွေလို ကျောင်းသားတိုင်းကို တက္ကသိုလ်တက်ခိုင်းပြီး ဘွဲ့ရမှ အလုပ်ရှာခိုင်းတာမျိုး မဟုတ်ပါဘူး။

ဆယ်ကျော်သက် ကျောင်းသား ၃ ပုံ ၂ ပုံ လောက်ဟာ ဒီလမ်းကြောင်းကို ရွေးချယ်ကြပါတယ်။

၁ပတ်မှာ (၃-၄) ရက် ကုမ္ပဏီတွေမှာ လစာရတဲ့ အလုပ်သင် (Apprenticeships) အဖြစ် ဝင်ရောက်လုပ်ကိုင်ကြပြီး (၁-၂) ရက်ကို ကျောင်းတက်ကြပါတယ်။

အစိုးရက ကျောင်းစရိတ်ကို တာဝန်ယူပြီး ပုဂ္ဂလိက ကုမ္ပဏီတွေက ကျောင်းသားတွေကို လေ့ကျင့်ပေးဖို့ နှစ်စဉ် ဆွစ်ဖရန် ၅ ဘီလီယံ လောက် သုံးစွဲကြပါတယ်။

ကုမ္ပဏီတွေက ဒါကို ကုန်ကျစရိတ်လို့မမြင်ဘဲ ရင်းနှီးမြှုပ်နှံမှုလို့ မြင်ကြပါတယ်။

ဒါကြောင့် ဆွစ်လူငယ်အားလုံးနီးပါးဟာ ကျောင်းပြီးတာနဲ့ လုပ်ငန်းခွင်ဝင်ဖို့ အဆင်သင့် ဖြစ်နေကြတာပါ။

ဒါအပြင် ဆွစ်ဇာလန်ဟာ "Big Science" လို့ခေါ်တဲ့ သိပ္ပံနဲ့ နည်းပညာ ကဏ္ဍမှာလည်း အကြီးအကျယ် ရင်းနှီးမြှုပ်နှံပါတယ်။

ETH Zurich နဲ့ EPFL (Lausanne) တို့ဟာ ဥရောပတိုက်ရဲ့ ထိပ်တန်း တက္ကသိုလ်တွေအဖြစ် သတ်မှတ်ခံရပြီး အစိုးရက ဓာတ်ခွဲခန်းတွေအတွက် ငွေပုံအော ထောက်ပံ့ပေးထားပါတယ်။

ကမ္ဘာ့အတော်ဆုံး သိပ္ပံပညာရှင်တွေ စုဝေးရာ CERN (နူကလီးယား သုတေသန အဖွဲ့အစည်း) ကို ပြင်သစ်နဲ့ ပူးတွဲပြီး ဖန်တီးထားပါတယ်။

ဆွစ်ဇာလန်မှာ ပညာရေးကို ဗဟိုအစိုးရက မချုပ်ကိုင်ဘဲ Canton (ပြည်နယ်) ၂၆ ခုက ကိုယ်ပိုင် စီမံခန့်ခွဲပါတယ်။

ပြည်နယ်အချင်းချင်း မိမိဒေသမှာ မိသားစုတွေ လာနေအောင် စီးပွားရေးလုပ်ငန်းတွေ လာလုပ်အောင် ပညာရေးကို အပြိုင်အဆိုင် မြှင့်တင်ကြပါတယ်။

ဆရာ/ဆရာမ တွေရဲ့ လစာဟာ ကမ္ဘာမှာ အမြင့်ဆုံး စာရင်းဝင်ဖြစ်ပြီး ဖိဖိစီးစီးသင်နိုင်ဖို့အတွက် အတန်း တတန်းမှာ ကျောင်းသားဦးရေ နည်းနည်းပဲ ထားရှိပါတယ်။

ငယ်စဉ်ကတည်းက ဘာသာစကားစုံ (Multilingual) သင်ပေးတဲ့အတွက် ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။

ဆွစ်ပညာရေးစနစ်ရဲ့ အကောင်းဆုံး အချက်ကတော့ လမ်းပိတ်မနေခြင်း (Permeability) ပဲ ဖြစ်ပါတယ်။

အသက် ၁၆ နှစ်မှာ စက်ပြင်ဆရာ (Mechanic) အလုပ်သင် လုပ်နေတဲ့ ကောင်လေးတစ်ယောက်ဟာ နောက်ပိုင်းမှာ စာမေးပွဲတွေ ဆက်ဖြေပြီး မဟာဘွဲ့ (Master’s) သို့မဟုတ် ပါရဂူဘွဲ့ (PhD) အထိ တက်လှမ်းနိုင်ပါတယ်။

အလုပ်လုပ်နေရင်း ပညာဆက်သင်ချင်သူတွေအတွက် Universities of Applied Sciences တွေကို အစိုးရက ဖွင့်လှစ်ပေးထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်က ရှင်းပါတယ်။

လူငယ်တွေကို ငယ်စဉ်ကတည်းက စာတွေ့ လက်တွေ့ ပိုင်နိုင်စေပြီး ကျွမ်းကျင်သူတွေ ဖြစ်အောင် ဖန်တီးပေးပါတယ်။

ဒီထက်ပိုပြီး အရည်အချင်းရှိလာစေဖို့ အခွင့်အလမ်းပေါင်းစုံလည်း လမ်းဖွင့် ပေးထားပါတယ်။

အရည်အချင်းရှိတဲ့ လူငယ်တွေ များလာတာနဲ့ အမျှ နိုင်ငံကို တပါတည်း မြှင့်တင်နိုင်တယ် ဆိုတာ ယုံကြည်ထားကြလို့ ဖြစ်ပါတယ်။

ဒါကြောင့်လည်း သဘာဝ သယံဇာတ မရှိပေမယ့် လူသားအရင်းအမြစ် ကို ရွှေထက် တန်ဖိုးထားပြီး မြှင့်တင်ပေးခြင်းဖြင့် ကမ္ဘာ့ထိပ်တန်းမှာ ရပ်တည်နေနိုင်တာဖြစ်ပါတယ်။

📣 ဆရာ၊ ဆရာမမ်ား အားလုံး မဂၤလာပါ။ ဆရာအတတ္ပညာ ဖြံ့ၿဖိဳးတိုးတက္ေရးအတြက္ အခမဲ့ သင္တန္း အစီအစဥ္တစ္ခုနဲ႔ မိတ္ဆက္ ေပးပါရေစ။မိမိ...
08/02/2026

📣 ဆရာ၊ ဆရာမမ်ား အားလုံး မဂၤလာပါ။
ဆရာအတတ္ပညာ ဖြံ့ၿဖိဳးတိုးတက္ေရးအတြက္ အခမဲ့ သင္တန္း အစီအစဥ္တစ္ခုနဲ႔ မိတ္ဆက္ ေပးပါရေစ။

မိမိတို့ သင္ၾကားေပးေနတဲ့ ကေလးငယ္ေတြကို အသိပညာ၊ အတတ္ပညာ၊ ကၽြမ္းက်င္မွုေတြအျပင္ အမူအက်င့္ေကာင္း၊ အေလ့အထေကာင္း၊ စိတ္ေနသေဘာထားေကာင္းေတြနဲ႔ပါ ျပည့္စုံသူေတြ ျဖစ္ေအာင္ ျပဳစု ပ်ိဳးေထာင္ေပးေနၾကတဲ့ ဆရာ/ဆရာမမ်ားကို ေလးစား ဂုဏ္ျပဳေသာအားျဖင့္ သင္တန္းအစီအစဥ္ရဲ့ အမည္ကိုေတာ့ “ပန္းပ်ိဳးသူ ဥယ်ာဥ္မွူး” လို့ အမည္ေပးထားပါတယ္။

ဒီသင္တန္း အစီအစဥ္ကို ရပ္ရြာ အေျချပဳေက်ာင္းမ်ားရွိ ဆရာ၊ ဆရာမမ်ား ကိုယ္တိုင္ေလ့လာသင္ယူၾကနိုင္ဖို့ ရည္ရြယ္ေသာ္လည္း ပညာေရးကို စိတ္ဝင္စားသူမည္သူမဆို ေလ့လာတက္ေရာက္နိုင္ပါတယ္။ သင္တန္းမွာ ပင္မေမာ္ဂ်ဴး (၆) ခု ပါဝင္ၿပီး ေမာ္ဂ်ဴး (၂) ခုကိုေတာ့ Myanmar Teacher Platform ေပၚမွာ အခမဲ့ တက္ေရာက္နိုင္ၿပီ ျဖစ္ေၾကာင္း သတင္းေကာင္းပါးအပ္ပါတယ္။

✨ေမာ္ဂ်ဴး ၁။ “သင္ၾကားေရး၏ အေျခခံအုတ္ျမစ္မ်ား” မွာေတာ့ ပညာေရး ဆိုင္ရာ သေဘာတရားမ်ား၊ သင္ၾကား သင္ယူမွုပုံစံမ်ားႏွင့္တကြ ဆရာမ်ားရဲ့ အခန္းက႑မ်ား၊ တာဝန္ဝတၱရားမ်ား၊ မိမိတို့၏ သင္ယူမွု တိုးတက္မွု အေျခအေနကို ေစာင့္ၾကည့္ စစ္ေဆးဖို့ နည္းလမ္းမ်ားကိုပါ ေလ့လာရမွာ ျဖစ္ပါတယ္။

✨ေမာ္ဂ်ဴး ၂။ “ဆရာအတတ္ပညာ ဖြံ့ၿဖိဳးတိုးတက္ေရး” မွာေတာ့ စာသင္ခန္းနဲ႔ ကိုက္ညီဆီေလ်ာ္တဲ့ ေခတ္မီသင္နည္းေဗဒဆိုင္ရာ သေဘာတရားမ်ား၊ သင္ၾကားသင္ယူနည္းမ်ား၊ စစ္ေဆးအကဲျဖတ္နည္းမ်ားကို ဆက္လက္ ေလ့လာနိုင္ပါတယ္။

🎁 အထူးအစီအစဥ္
ေမာ္ဂ်ဴး (၆) ခုလုံး ေလ့လာ တက္ေရာက္ၿပီးပါက Certificate ၆ ခုလုံးကို စုစည္းေပးပို့သူ ပထမ အေယာက္ (၁၀၀၀) အထိ K-Pay ေမတၱာလက္ေဆာင္ ထုတ္ယူနိုင္တဲ့ အစီအစဥ္ ရွိတာမို့ သင္ယူရင္းနဲ႔ ဆုမ်ားကို ရယူလိုက္ၾကရေအာင္ေနာ္။

📥 ယေန႔ပဲ စာရင္းေပးသြင္းလိုက္ပါ -

ေမာ္ဂ်ဴး (၁)- https://shorturl.at/TsCUI
ေမာ္ဂ်ဴး (၂)- https://shorturl.at/yFfQ7

လက္မွတ္ေပးပို့ရန္ – [email protected]

🎬 သင္တန္းႏွင့္ပတ္သက္သည့္ ဗီဒီယိုလမ္းညႊန္မ်ား –
Facebook: https://www.facebook.com/UNESCOMyanmar/videos/1412504626087677/

YouTube: https://www.youtube.com/

✨ ေမာ္ဂ်ဴးအလိုက္ အေၾကာင္းအရာမ်ားကို ေသခ်ာစြာ အခ်ိန္ေပး ေလ့လာရင္း အရည္အေသြး ပိုမိုျပည့္ဝတဲ့ ဆရာ၊ ဆရာမမ်ား ျဖစ္လာေစဖို့ အတူတူ ဆက္လက္ သင္ယူၾကရေအာင္ေနာ္။

#ပန္းပ်ိဳးသူဥယ်ာဥ္မွူး

07/02/2026

Thank you so much for you huge effort standing together with people of Myanmar/Generation XYZ. You are GREAT.

GED ကိုလေ့လာချင်ပေမဲ့ သင်တန်း​ကြေးမတတ်နိုင်လို့ မလေ့လာရသေးတဲ့လူတွေရှိကြလား❗️❓  အခုလို ခေတ်ကြီးမှာ ဘာသာရပ်တစ်ခုကို လေ့လာဖ...
28/01/2026

GED ကိုလေ့လာချင်ပေမဲ့ သင်တန်း​ကြေးမတတ်နိုင်လို့ မလေ့လာရသေးတဲ့လူတွေရှိကြလား❗️❓

အခုလို ခေတ်ကြီးမှာ ဘာသာရပ်တစ်ခုကို လေ့လာဖို့ဆိုတာက ပိုက်ဆံရှိမှဖြစ်နိုင်တာမျိုးမဟုတ်တော့ပါဘူး။

______________________________________________________

📌ပြည်တွင်းပြည်ပက ကျောင်းသားတွေရဲ့ ရွေးချယ်မှုအများဆုံး Ctrl List ရဲ့ General English Class 📌

https://www.facebook.com/share/p/1SgeLqc1gd/
_______________________________________________________

အောက်က Resource တွေကိုသိထားရင် GED ဘာသာရပ်တွေကို Free လေ့လာလို့ရနေပါပြီ။⬇️⬇️

USAHello 🇺🇸

ဒီ Website မှာဆိုရင် GED Subject လေးဘာသာလုံးကို Free access ပေးထားပြီး သင်ခန်းစာတစ်ခုပြီးတိုင်းမှာလဲ Quiz တွေဖြေပြီး ကိုယ့်ရဲ့နားလည်မှုကိုပြန်ဆန်းစစ်လို့ရပါသေးတယ်။
ပါဝင်တဲ့ Topic တွေအတော်များများကဆိုရင်လဲ GED Topics တွေအတော်များများကို ခြုံငုံမိတာမလို့ ဒီတစ်ခုတည်းနဲ့တင် GED ဘာသာရပ်တွေကို နားလည်နိုင်စွမ်းက အတော်ကိုမြင့်မားလာမှာဖြစ်ပါတယ်။

Website: https://usahello.org

~~~~~

ACY Learning Hub 📌

American Center ကပြုလုပ်ပေးထားတဲ့ ဒီ Website မှာဆိုရင် GED preparation course ကို အခမဲ့လေ့လာလို့ရပါတယ်။ သင်ကြားပေးထားတဲ့ video တွေမှာကလဲ မြန်မာဘာသာစကားကိုအသုံးပြုပေး
ထားတာမလို့ ကိုယ်က General english skill ကိုတိုးတက်အောင်လုပ်ရင်း GED ကိုလေ့လာချင်တယ်ဆိုတဲ့လူတွေအတွက်ကတော့ တကယ်ကို အဆင်အပြေဆုံးဖြစ်စေမှာပါ။

Website: acylearninghub.us

~~

Khan Academy ✨

Khan academy ကဆိုရင် နာမည်ကြီး Education Website တစ်ခုဖြစ်ပြီး GED related ဖြစ်တဲ့ lesson တွေအတော်များများပါဝင်ပါတယ်။ ကိုယ်က ကျောင်းနားထားတာကြာနေပြီး GED စတင်လုပ်ချင်တဲ့လူဆိုရင် Khan academy က အထောက်အကူဖြစ်စေမှာအသေအချာ
ပါပဲ။ သူ့မှာပါဝင်တဲ့ Lesson တွေက Pre-GED မှာသင်ရတဲ့သင်ခန်းစာအတော်များများနဲ့ဆင်တူတာမလို့ preparation ကိုမတက်ခင် ဒါကိုအရင်လေ့လာတာက အခြေခံကောင်းကိုအရင်တည်ဆောက်သလိုဖြစ်စေမှာပါ။ တစ်ခုရှိတာက ဒီ Website က GED ကိုအဓိကထားသင်တာမဟုတ်လို့ Lesson plan လုပ်ပြီးလေ့လာချင်ရင်တော့ Ai အကူအညီကိုယူဖို့တော့အကြံပြုပါတယ်။

Website: khanacademy.org

ဒီ Website တွေသာရှိနေရင် သင့်ရဲ့ ပညာရေးလမ်းကြောင်းကို ရှေ့ဆက်ဖို့အတွက် ပူပန်နေစရာမလိုတော့ပါဘူး။🫶🤗

~~~

Notary မှာဆို Ctrl List💯

https://www.facebook.com/share/p/1CLjGPk7Rn/?mibextid=wwXIfr

~~~





Adresse

Lausanne

Benachrichtigungen

Lassen Sie sich von uns eine E-Mail senden und seien Sie der erste der Neuigkeiten und Aktionen von One World One Dream - Switzerland erfährt. Ihre E-Mail-Adresse wird nicht für andere Zwecke verwendet und Sie können sich jederzeit abmelden.

Teilen