Myanmar in Switzerland - ဆွတ်ဇာလန် ရောက် မြန်မာများ

  • Startseite
  • Schweiz
  • Geneva
  • Myanmar in Switzerland - ဆွတ်ဇာလန် ရောက် မြန်မာများ

Myanmar in Switzerland - ဆွတ်ဇာလန် ရောက် မြန်မာများ Kontaktinformationen, Karte und Wegbeschreibungen, Kontaktformulare, Öffnungszeiten, Dienstleistungen, Bewertungen, Fotos, Videos und Ankündigungen von Myanmar in Switzerland - ဆွတ်ဇာလန် ရောက် မြန်မာများ, Gemeindezentrum, Geneva.

‼️2025 မှာ Work-Life Balance အတွက်အသင့်တော်ဆုံးဆယ်နိုင်ငံ ‼️🔹1.Denmark 🇩🇰 🔹2.Netherlands 🇳🇱🔹3.Sweden 🇸🇪 🔹4.Germany 🇩🇪🔹5....
09/03/2025

‼️2025 မှာ Work-Life Balance အတွက်
အသင့်တော်ဆုံးဆယ်နိုင်ငံ ‼️

🔹1.Denmark 🇩🇰
🔹2.Netherlands 🇳🇱
🔹3.Sweden 🇸🇪
🔹4.Germany 🇩🇪
🔹5.New Zealand 🇳🇿
🔹6.Finland 🇫🇮
🔹7.Canada 🇨🇦
🔹8. Australia 🇦🇺
🔹9.Switzerland 🇨🇭
🔹10.France 🇫🇷

အရမ်းလှ ပြီး work-life balance ဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံကိုရွှေ့ပြောင်းနေထိုင်လိုသူများအတွက် နိုင်ငံပတ်သက်ပြီးလေ့လာသင့်တဲ...
10/08/2024

အရမ်းလှ ပြီး work-life balance ဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံကိုရွှေ့ပြောင်းနေထိုင်လိုသူများအတွက် နိုင်ငံပတ်သက်ပြီးလေ့လာသင့်တဲ့အချက်တွေကို Shareပေးလိုက်ပါတယ်။

Switzerlandနိုင်ငံမှာအလုပ်လုပ်လိုသူများအတွက် အလုပ်ရှာဖွေနိုင်သော website များ
https://www.jobs.ch/en/
https://www.monster.ch/de/
https://ch.indeed.com/

Switzerlandတွင်ပညာသင်လိုသူများ/Scholarship များအတွက်လေ့လာရန်
https://www.educa.ch/en
https://www.sbfi.admin.ch/sbfi/en/home/education/scholarships-and-grants/swiss-government-excellence-scholarships.html

နေတဲ့နေရာပေါ်လိုက်ပြီး German, French, or Italian ဘာသာစကား၃မျိုးသုံးပါတယ်။ ဘာသာစကားလေ့လာလိုလျှင်
https://www.goethe.de/ins/ch/en/index.html (German)
https://www.usi.ch/en/education/lifelong-learning/continuing-education/italian-courses (Italian)

EU နိုင်ငံသားမဟုတ်သူများအတွက် work permitနဲ့ပတ်သက်ပြီးလေ့လာလိုလျှင်
https://www.ch.ch/en/
https://www.sem.admin.ch/sem/en/home.html

အလုပ်သမားအခွင့်အရေး/ လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင်စည်းမျဉ်းများ
https://www.bsv.admin.ch/bsv/en/home.html

ကိုယ်ပိုင်အလုပ်/company ထူထောင်ခြင်းအကြောင်း
https://www.kmu.admin.ch/kmu/en/home/concrete-know-how/setting-up-sme.html

အိမ်ငှားလိုလျင်
https://www.comparis.ch/immobilien/default
https://www.homegate.ch/en
https://www.immoscout24.ch/en

ပြောင်းရွှေ့နေထိုင်တဲ့အခါ တခြားသိသင့်တဲ့ကျန်းမာရေး/ပညာရေး စသည့်အချက်တွေကိုဒီမှာလေ့လာနိုင်ပါတယ်
https://www.priminfo.admin.ch/en/praemien
https://www.bag.admin.ch/bag/en/home.html
https://familienservice.ch/en/

အလည်လာလိုသူများအတွက်
https://www.myswitzerland.com/en

#ဆွစ်ဇာလန်

Credit - original uploader

03/08/2024

လှပတဲ့ ဆွတ်ဇာလန်

03/08/2024

မျက်စောင်းလဲ မထိုးဘူး

04/07/2024

ရေကျ အိမ်တံခါးဖွင့်ကြည်လိုက်တော့

ကင်ညာနိုင်ငံသား အပြေးသမားဖြစ်သော Abel Mutai သည်ပြေးလမ်းတလျှောက်လုံး ရှေ့ဆုံးမှဦးဆောင်လာပြီးနောက် ပန်းဝင်ရန် ပေအနည်းငယ်သ...
02/07/2024

ကင်ညာနိုင်ငံသား အပြေးသမားဖြစ်သော Abel Mutai သည်ပြေးလမ်းတလျှောက်လုံး ရှေ့ဆုံးမှဦးဆောင်လာပြီးနောက် ပန်းဝင်ရန် ပေအနည်းငယ်သာလိုတော့သည်။ သို့သော် ပန်းဝင်သင်္ကေတများကို မျက်စိလည်သွားပြီးနောက် သူပန်းဝင်သွားပြီ၊ ပြိုင်ပွဲပြီးသွားပြီအထင်နှင့် အပြေးရပ်လိုက်သည်။

သူ့နောက်မှကပ်ပါလာသော စပိန်အပြေးသမား Ivan Fernandez သည် သူ့ရှေ့မှ ကင်ညာအပြေးသမား၏ အဖြစ်အပျက်ကို သဘောပေါက်သွားပြီးနောက် ဆက်ပြေးရန် အော်ဟစ်သတိပေးသည်။ ကင်ညာသား Mutai က Fernandez အော်ပြောနေသော စပိန်စကားကို နားမလည်။ အ​ခြေအနေမှန်ကို လုံးဝ နားလည်သွားသော Fernandez သည် Mutai ကို ပန်းဝင်စည်းအထိ တွန်းခေါ်သွားပြီးနောက် အောင်ပွဲခံခိုင်းလိုက်သည်။

ပြိုင်ပွဲအပြီးတွင် သတင်းသမားတစ်ယောက်က Ivan ကို လာမေးသည်။
"ခင်ဗျား ဘာဖြစ်လို့ အခုလိုလုပ်လိုက်တာလဲ"

Ivan က ပြန်ဖြေသည်။
"တစ်နေ့နေ့မှာ ကျွန်တော်တို့တတွေ အချင်းချင်းတွန်းအားပေးပြီး တစ်ယောက်အောင်မြင်ဖို့ တစ်ယောက်ကပံ့ပိုးကူညီတတ်တဲ့ လူမှုပတ်ဝန်းကျင်မျိုး တည်ဆောက်ချင်တာ ကျွန်တော့်အိပ်မက်ပါ"

သတင်းသမားက စောဒကတက်သည်။
"ဒါပေမယ့် ခင်ဗျား ဘာဖြစ်လို့ ကင်ညာသားကို အနိုင်ပေးလိုက်တာလဲ"

Ivan က ပြန်ဖြေသည်။
"ကျွန်တော်က အနိုင်ပေးတာမဟုတ်ဘူးလေ... သူက နိုင်ပြီးသားလူ၊ နိုင်ကိုနိုင်ရမယ်လူ... ဒီပွဲကသူ့ပွဲပဲလေ"

သတင်းသမားက မလျှော့တမ်းထပ်ပြောပြန်သည်။
"ခင်ဗျားလည်း ပထမဆု ယူလို့ရတယ်လေ"

Ivan က သတင်းသမားကို ကြည့်ပြီးပြောလိုက်သည်။
"သူ့နားမလည်မှုကို အခွင့်အရေးယူပြီးရသွားမယ့် ကျွန်တော့်ရဲ့ အောင်မြင်မှုကြီးကဘာအကျိုးရှိသွားမှာမို့လို့လဲ... ရလာတဲ့ ဆုတံဆိပ်ကြီးကရော ဂုဏ် သိက္ခာရှိပါဦးမလား... ကျွန်တော့်လုပ်ရပ်ကို ကျွန်တော့်အမေကရော ဘယ်လိုထင်သွားမလဲ... တန်ဖိုးဆိုတာ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းပြီးသင်ပေးရမယ့်အရာဗျ... ကျွန်တော်တို့ရဲ့ကလေးတွေကို ဘယ်လိုတန်ဖိုးတွေအကြောင်း သင်ပေးကြမလဲ... အောင်ပွဲရဖို့အတွက် မှားယွင်းတဲ့နည်းလမ်းတွေ၊ အောင်မြင်မှုနဲ့ပတ်သက်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် အမှားတွေကို သင်ပေးကြမှာလား... အဲဒါတွေအစား ကူညီရိုင်းပင်းတတ်တဲ့လက်တွေရဲ့ လူသားဆန်မှုနဲ့ အလှအပတရားတွေအကြောင်းပဲ ကလေးတွေကို လက်ဆင့်ကမ်းပေးကြရအောင်ပါ... ရိုးသားမှုနဲ့ ကိုယ်ကျင့်တရားကမှ တကယ့်အောင်ပွဲအစစ်ပါဗျာ..."

Credit - original uploader

01/07/2024

မြစ်ကြီးနား ရေကြီးမူ ရပ်ကွက်စုံမှ ဗီဒီယိုများ

Flood in Myitkyina, Myanmar (Burma) , 1-July-2024

BEAM ကျောင်းရဲ့ ၆ လ အခမဲ့ အမေရိကန် ၁၂ တန်း (GED) အတန်းအတွက် လျှောက်လွှာဖွင့်ပြီ 🎓▪ဒီနေ့မှာတော့ စာရေးသူဟာ ပညာရေး အခွင့်အလ...
27/06/2024

BEAM ကျောင်းရဲ့ ၆ လ အခမဲ့ အမေရိကန် ၁၂ တန်း (GED) အတန်းအတွက် လျှောက်လွှာဖွင့်ပြီ 🎓

▪ဒီနေ့မှာတော့ စာရေးသူဟာ ပညာရေး အခွင့်အလမ်း ပျောက်ဆုံးနေတဲ့ လူငယ်တွေကို BEAM Education Foundation (ဘီးမ် ပညာရေး အဖွဲ့အစည်း) ကနေ သင်ကြားပြသပေးမဲ့ ၆ လတာ အခမဲ့ အွန်လိုင်း General Education Development (GED) အတန်းတစ်ခုအကြောင်းကို မျှဝေပေးချင်ပါတယ်။

▪BEAM Education Foundation ဟာ ထိုင်းနိုင်ငံ ချင်းမိုင် မြို့မှာ တည်ရှိပါတယ်။ ကိုဗစ် - ၁၉ မဖြစ်ခင်တုန်းကဆိုရင် BEAM Education Foundation ရဲ့ GED အတန်းတွေကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ကျောင်းမှာပဲ အပြင်သင်တန်းအနေနဲ့ သင်ပေးခဲ့တာပါ။

▪သို့သော် ကိုဗစ် - ၁၉ ကာလကစပြီး BEAM Education Foundation ဟာ GED အတန်းတွေကို အွန်လိုင်းကနေပြီး သင်ကြားပေးလာခဲ့တာ အခုထိပါပဲ။

▪အခု BEAM Education Foundation ကနေ ဖွင့်မယ့် အွန်လိုင်း GED အတန်းဟာ အခမဲ့ ဖြစ်ပြီး ၆ လပဲ ကြာမြင့်ပါမယ်။

▪အွန်လိုင်း အတန်းအနေနဲ့ သင်ကြားပေးမှာ ဖြစ်တာကြောင့် အကြောင်းအမျိုးမျိုးကြောင့် အပြင်အတန်းတွေကို တက်ဖို့ ခက်နေသူ လူငယ်တွေအတွက် အင်တာနက်လှိုင်းအား ရှိနေယုံနဲ့ကို ဒီအတန်းကို တက်ရောက်လို့ ရပါပြီ။

▪ပြီးရင် ဒီ အွန်လိုင်း GED အတန်းဟာ အခမဲ့ ဖြစ်ပါတယ်။ ဒါကြောင့် ငွေရေးကြေးရေး အခက်အခဲ ရှိနေသူ လူငယ်တွေအတွက် သိပ်ကို ကောင်းတဲ့ အခွင့်အလမ်း တစ်ခုပါပဲ။

▪ဒီ BEAM Education Foundation ရဲ့ အွန်လိုင်း GED အတန်းကို အသက် ၁၆ နှစ်ကနေ ၁၆ နှစ်အထက် လူငယ်တွေ လျှောက်လို့ရပါတယ်။ အထူးသဖြင့် ဒုက္ခသည်၊ ရွှေ့ပြောင်းနဲ့ အခွင့်အလမ်းပျောက်ဆုံးနေတဲ့လူငယ်တွေ လျှောက်လို့ရပါတယ်။

▪ဒီ အွန်လိုင်း GED အတန်းကို လျှောက်သူ လူငယ်တွေဟာ အဂ်လိပ် ဘာသာစကားမှာ lntermediate အဆင့် ရှိသူတွေ ဖြစ်နေရပါမယ်။ ဘာကြောင့်လဲဆိုတော့ GED အတန်းမှာ သင်ကြားပေးမဲ့ အဂ်လိပ်၊ သချ်ာ၊ လူမှုရေး (ပထဝီ၊ သမိုင်း)နဲ့ သိပ္ပံ (ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ) စတဲ့ ဘာသာရပ်တွေ အားလုံးကို အဂ်လိပ် ဘာသာစကားနဲ့ သင်ကြားရမှာဖြစ်ပြီး ဒီ သင်ကြားရမဲ့ အဂ်လိပ်ဟာ အထက်တန်းအဆင့် အဂ်လိပ် ဖြစ်နေလို့ပါ။

ကျောင်းလျှောက်လွှာ ကာလ...

▪၂၀၂၄ ဇန်နဝါရီလ ၄ ရက်ကနေ - ၂၀၂၄ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ။

ဝင်ခွင့်စာမေးပွဲ ကာလ...

▪ဒီ အွန်လိုင်း GED အတန်းကို တက်ချင်သူ လူငယ်တွေဟာ ဝင်ခွင့်စာမေးပွဲ ဖြေရပါမယ်။

▪ဝင်ခွင့်စာမေးပွဲကို ၂၀၂၄ ဖေဖော်ဝါရီလ ဒုတိယ အပတ်လောက်မှာ ဖြေရပါမယ်။

▪ဝင်ခွင့်စာမေးပွဲကို အောင်မြင်သူ စာရင်းကို ၂၀၂၄ ဖေဖော်ဝါရီလ အကုန်လောက်မှာ ကြေငြာပေးသွားမှာပါ။

ကျောင်းလျှောက်လွှာကို ရယူရန် လင့်ခ်...

https://docs.google.com/forms/d/e/1FAIpQLScMw3_KF_8jnDcIi7EdnjTHXWEn3sP2AWzCoshdiChduEdC-g/viewform

BEAM Education Foundation ရဲ့ အကြောင်းကို အသေးစိပ်လေ့လာရန် လင့်ခ်...

https://beamedu.org/ged-online-program/?fbclid=IwAR3Cm_DfebxZ5hC1utfbxoJakS7Ewm63NOVB_RwMTbkM_ZXkdu-yS28QzM4

ပုံ - BEAM Education Foundation ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်ရဲ့ ကျောင်းသူ၊ ကျောင်းသားများ။ ဒီ ကျောင်းသူ၊ ကျောင်းသားတွေထဲက BEAM ရဲ့ GED အတန်းကို အောင်မြင်ပြီး အခုနိုင်ငံတကာ တက္ကသိုလ်တွေမှာ တက်ရောက်နေတဲ့ လူငယ်တွေ အများကြီးပါပဲ။

Crd - အောင်ကျော်လှိုင်

06/06/2024

သမီး အိမ် ထမင်းပြန်စားပြီးမှ လာခဲ့မယ်

Switzerland 🇨🇭 Heidiland Village
05/04/2024

Switzerland 🇨🇭 Heidiland Village

.ဆွတ်ဇာလန် နိုင်ငံ  Zurich နဲ့  Geneva  မြို့ ဟာ လူဦးရေနဲ့အချိုးချရမယ်ဆိုရင် Millionaire ရာခိုင်နှုန်းအများဆုံးမြို့မျာ...
28/03/2024

.
ဆွတ်ဇာလန် နိုင်ငံ Zurich နဲ့ Geneva မြို့ ဟာ လူဦးရေနဲ့အချိုးချရမယ်ဆိုရင် Millionaire ရာခိုင်နှုန်းအများဆုံးမြို့များ ထဲမှာပါဝင်ပါတယ်

လူဦးရေနဲ့အချိုးချရမယ်ဆိုရင် Millionaire ရာခိုင်နှုန်းအများဆုံးမြို့များ
🇲🇨 Monaco (30%)
🇨🇭 Zurich (27%)
🇨🇭 Geneva (18%)
🇳🇿 Auckland
🇩🇪 Frankfurt

Auckland နှင့် Frankfurt မြို့တွေ့မှာလည်း millionaire ရာခိုင်နှုန်းခန့်မှန်းရခက်ပေမဲ့ လူဦးရေနဲ့အချိုးချရင် အရေအတွက်တော်တော်လေးများတယ်လို့သိရပါတယ်။

ကမ္ဘာပေါ်မှာ Billionaire အရေအတွက်အများဆုံးရှိတဲ့မြို့များ
🇺🇸 New York City – 101
🇭🇰 Hongkong – 70
🇨🇳 Beijing – 68
🇨🇳 Shanghai – 65
🇬🇧 London - 63

နယူးယောက်နဲ့ဘေဂျင်းနှစ်မြို့လုံးမှာ အရင်က Billionaire အရေအတွက် ၁၀၀ ဝန်းကျင်ရှိပါတယ်။ ဘေဂျင်းက ၂၀၂၂ လောက်က နယူး‌ယောက်ကိုတောင် ကျော်တက်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ Net worth တွေကျလာလို့ အခုတော့ ၆၈ ယောက်သာရှိပါတော့တယ်။

ကမ္ဘာပေါ်မှာ Millionaire အရေအတွက်အများဆုံးရှိတဲ့မြို့များ
🇺🇸 New York City - 340000,
🇯🇵 Tokyo - 290000,
🇺🇸 Tha Bay Area (San Francisco & Silicon Valley) – 285000
🇬🇧 London – 258000
🇸🇬 Singapore – 240000

Credit-

Adresse

Geneva

Webseite

Benachrichtigungen

Lassen Sie sich von uns eine E-Mail senden und seien Sie der erste der Neuigkeiten und Aktionen von Myanmar in Switzerland - ဆွတ်ဇာလန် ရောက် မြန်မာများ erfährt. Ihre E-Mail-Adresse wird nicht für andere Zwecke verwendet und Sie können sich jederzeit abmelden.

Teilen

Kategorie