Paletwa Khumi Community-Malaysia

Appeler Itinéraire Site Web Contacter l’organisation

Paletwa Khumi Community-Malaysia khumi Kamkawm-Malaysia

"နာရေးသတင်း"အိုက် အောင်လင်းဆန်းအသက် ( ၂၃)နှစ်အဖ - ဦးနန်းလုံးအမိ - ဒေါ်ကိုးဟွေ့ချင်းပြည်နယ် ပလက်ဝမြို့နယ်ပေါင်းမိုကျေးရွာ...
02/09/2026

"နာရေးသတင်း"
အိုက် အောင်လင်းဆန်း
အသက် ( ၂၃)နှစ်
အဖ - ဦးနန်းလုံး
အမိ - ဒေါ်ကိုးဟွေ့
ချင်းပြည်နယ် ပလက်ဝမြို့နယ်
ပေါင်းမိုကျေးရွာ| ၀၁/၀၉/၂၀၂၆ ရက်နေ့ ညနေ သူငယ်ချင်းဆီသို့ အလည်သွားပြီး မိမိအိမ်သို့ပြန်စဉ်တွင် ဆိုင်ကယ်မတော်တဆဖြစ်မှုကြောင်း ကွယ်လွန်သွားပါသဖြင့် အိုက်အောင်လင်းဆန်း ရုပ်ကလပ်အားR aubသုသာန်၌ ၅/၉/၂၀၂၆စနေနေ့ ၁၂:နာရီအချိန်သဂြိုလ်ပါမည်မိသားစုနဲ့အတူဝမ်းနည်းကြေကွဲရပါသည်။၊😢😢
#မိသားစုအပေါ်ဘုရားသခင်ထံမှနှစ်သိမ့်ခြင်းကောင်းကြီးရှိပါစေ။
သူငယ်ချင်းမိတ်ဆွေ ဆွေမျိုးများ ၁၁:၃၀အချိန် အရောက်လာပေးရန်

PKC-

2/9/2026

PKC ရုံးပိတ်အသိပေးချက်=================== ၂၀၂၆ ခုနှစ် သြဂုတ်လ ၃၁ ရက် (တနင်္လာနေ့) သည် မလေးရှားနိုင်ငံ၏ Merdeka Day (လွတ်...
26/08/2026

PKC ရုံးပိတ်အသိပေးချက်
===================

၂၀၂၆ ခုနှစ် သြဂုတ်လ ၃၁ ရက် (တနင်္လာနေ့) သည် မလေးရှားနိုင်ငံ၏ Merdeka Day (လွတ်လပ်ရေးနေ့) ဖြစ်သည့်အတွက် PKC ရုံး တစ်ရက်ပိတ်မည် ဖြစ်ပါသည်။

စက်တင်ဘာလ ၁ ရက် (အင်္ဂါနေ့) မှစ၍ ရုံးပုံမှန်ပြန်လည်ဖွင့်လှစ်မည် ဖြစ်ပါသည်။

Selamat Hari Merdeka!
Paletwa Khumi Community (PKC)

PKC-Members bawi bawi chi teng y mihum leu karum sa ai nai Satang Thai hai nai ne. Amjoanau bawi bawi chi jau tangnga ky...
24/08/2026

PKC-Members bawi bawi chi teng y mihum leu karum sa ai nai Satang Thai hai nai ne. Amjoanau bawi bawi chi jau tangnga kyh na nai kau nai ne.

MY Services Portal Update သတင်း.....................................................လက်ရှိတွင် My Services Portal ကို ပြ...
17/08/2026

MY Services Portal Update သတင်း.....................................................

လက်ရှိတွင် My Services Portal ကို ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ပြီး အသုံးပြုသူများအနေဖြင့် Login ဝင်ရာတွင် Error ဖြစ်ပါက

အောက်တွင်ဖော်ပြထားသည့် Error မျိုးကို အသုံးပြုသူအသစ်ဖြစ်စေ၊ လက်ရှိအသုံးပြုသူဖြစ်စေ တွေ့ကြုံရပါက အောက်ပါအတိုင်း စမ်းသပ်ကြည့်ပါရန် အသိပေးအပ်ပါသည်။

- Google Chrome အသုံးပြုသူများသည် Incognito Window ဖြင့် My Services Portal သို့ Login ဝင်ကြည့်ပါ။

- Microsoft Edge အသုံးပြုသူများသည် New InPrivate Window ဖြင့် Login ဝင်ကြည့်ပါ။

- ထိုနည်းလမ်းဖြင့် Login ဝင်နိုင်ပါက နောက်ပိုင်းတွင် Browser ၏ Cache နှင့် Browsing History ကို Clear ပြုလုပ်ပေးပါရန် အကြံပြုအပ်ပါသည်။

အားလုံး၏ စိတ်ရှည်သည်းခံမှုနှင့် နားလည်ပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။

လေးစားစွာဖြင့်၊
Paletwa Khumi Community-Malaysia

My Service Portal အကောင့် ဖွင့်လှစ်ထားကြပါရန် ထပ်မံ အသိပေးခြင်းUNHCR My Service Portal အကောင့် ဖွင့်လှစ်ရန် လိုအပ်သူများ...
14/08/2026

My Service Portal အကောင့် ဖွင့်လှစ်ထားကြပါရန် ထပ်မံ အသိပေးခြင်း

UNHCR My Service Portal အကောင့် ဖွင့်လှစ်ရန် လိုအပ်သူများအနေဖြင့် အားလပ်ရက်အတွင်း အချိန်ပေး၍ မိမိတို့၏အကောင့်များကို ကြိုတင်ဖွင့်လှစ်ထားကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

မိမိကိုယ်တိုင် အကောင့်ဖွင့်လှစ်ရန် အခက်အခဲရှိပါက PKC ရုံးသို့ လာရောက်၍ အကူအညီတောင်းခံနိုင်ပါသည်။

ထို့အပြင် မည်သည့် Community Card ဖြင့်မဆို My Service Portal အကောင့် ဖွင့်လှစ်နိုင်ပါသည်။

မည်သည့် Community Member ဖြစ်စေ လိုအပ်သူများအား တတ်နိုင်သမျှ ကူညီပေးနေပြီး လူမျိုး၊ ဘာသာနှင့် Community အလိုက် ခွဲခြားမှုမရှိဘဲ အားလုံးကို တန်းတူညီမျှစွာ ကူညီပေးလျက်ရှိပါသည်။

သို့ဖြစ်ပါ၍ မိမိတို့၏အားလပ်ချိန်အတွင်း အချိန်ပေး၍ My Service Portal အကောင့်များကို ကြိုတင်ဖွင့်လှစ်ထားကြပါရန် ထပ်မံ၍ လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

🙏 အားလုံး အဆင်ပြေစွာ ဆောင်ရွက်နိုင်ကြပါစေ။
Paletwa Khumi Community-Malaysia
Date, 14/08/2026

UNHCR Website အသစ်အဆင်ပြေပြီဖြစ်ကြောင်းအသိပေးအပ်ပါသည်=========================================UNHCR Website အသစ်မှ လူသစ်...
08/08/2026

UNHCR Website အသစ်အဆင်ပြေပြီဖြစ်ကြောင်းအသိပေးအပ်ပါသည်
=========================================

UNHCR Website အသစ်မှ လူသစ်မှတ်ပုံတင်ခြင်း၊ ဖုန်းနံပါတ်ပြောင်းခြင်း၊ မိသားစုတွဲကပ် စသည့် ဒုက္ခသည်အမှုတွဲကိစ္စများစတင်ပြုလုပ်နိုင်ပြီဖြစ်ပြီး PKC ရုံးတွင် မန်ဘာများကိုလည်းစတင်ပြုလုပ်နိင်ပြီး ဖြစ်ကြောင်း မာန်ဘာများ အားလုံး အသိပေးအပ်ပါသည်။

My Service အကောင့်ဖွင့်ရန် လိုအပ်သောသူများအနေဖြင့် သက်တမ်းရှိ မိမိအဖွဲ့စည်းကဒ်ယူ ဆောင်လာရမည်ဖြစ်သည်။

လေးစားစွာဖြင့်

PKC
ရက်စွဲ့ 08/08/2026

 #လိမ်လည်မှုများကို သတိပြုရန် UNHCR ထုတ်ပြန်ချက်။ UNHCR သည် ဒုက္ခသည်များနှင့် ခိုလှုံခွင့်လျှောက်ထားသူများထံမှ အစီရင်ခံစ...
05/08/2026

#လိမ်လည်မှုများကို သတိပြုရန် UNHCR ထုတ်ပြန်ချက်။

UNHCR သည် ဒုက္ခသည်များနှင့် ခိုလှုံခွင့်လျှောက်ထားသူများထံမှ အစီရင်ခံစာများ လက်ခံရရှိထားပါသည်။ မသိရှိသူအချို့က +60 11 2445 2100, +60 11 2330 5769 နှင့် +60 11 6221 3684 ဖုန်းနံပါတ်များကို အသုံးပြု၍ ဆက်သွယ်ပြီး၊ ငွေပေးချေပါက အချိန်တိုအတွင်း UNHCR ဝန်ဆောင်မှုများကို ရရှိစေရန် စီစဉ်ပေးနိုင်သည်ဟု ပြောဆိုနေကြပါသည်။ တောင်းခံသည့် ငွေပမာဏမှာ ထောင်နှင့်ချီ၍ ဖြစ်ကြောင်းလည်း အစီရင်ခံထားပါသည်။
ကျေးဇူးပြု၍ အောက်ပါအချက်များကို သတိပြုပါ။

* UNHCR ၏ ဝန်ဆောင်မှုအားလုံးသည် အခမဲ့ဖြစ်ပါသည်။ UNHCR သည် မည်သည့်ဝန်ဆောင်မှုအတွက်မဆို သင့်ထံမှ ငွေပေးချေရန် မည်သည့်အခါမျှမတောင်းဆိုပါ။
* မည်သူတစ်ဦးတစ်ယောက်မျှ ငွေကြေး သို့မဟုတ် အခြားအကျိုးအမြတ်တစ်စုံတစ်ရာ လဲလှယ်၍ UNHCR ဝန်ဆောင်မှုများကို အာမခံပေးနိုင်ခြင်း သို့မဟုတ် ပိုမိုမြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါ။
* UNHCR ဝန်ဆောင်မှုများကို ကူညီပေးနိုင်သည် သို့မဟုတ် သင့်အမှုကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်သည်ဟု ဆိုသူ မည်သူ့ကိုမျှ ငွေမပေးပါနှင့်၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုလည်း မမျှဝေပါနှင့်။
* အကယ်၍ ဤကဲ့သို့ ပြောဆိုသူတစ်ဦး၏ ဆက်သွယ်မှုကို လက်ခံရရှိခဲ့ပါက သို့မဟုတ် မိမိသည် လိမ်လည်မှု၏ ပစ်မှတ်ဖြစ်ခဲ့သည်ဟု ယုံကြည်ပါက၊ [email protected] သို့ ဆက်သွယ်၍ UNHCR Malaysia Anti-Fraud Focal Points ထံ အကြောင်းကြားပါ၊ သို့မဟုတ် အစီရင်ခံစာ (Reporting Form) ကို တင်သွင်းပါ။
* ကျေးဇူးပြု၍ အမြဲသတိရှိပြီး ဤအချက်အလက်များကို မိသားစုဝင်များနှင့် သင့်အသိုင်းအဝိုင်းရှိ အခြားသူများအားလည်း မျှဝေပေးပါ၊ အခြားသူများ လိမ်လည်မှု၏ သားကောင်မဖြစ်စေရန် ကူညီပေးပါ။

သင့်အသိုင်းအဝိုင်းကို လိမ်လည်မှုများနှင့် အတုအယောင်လှည့်ဖြားမှုများမှ ကာကွယ်ရန် ပူးပေါင်းကူညီပေးသည့်အတွက် ကျေးဇူးတင်ပါသည်။

📢 UNHCR ကတ်/စာရွက်စာတမ်း သက်တမ်းတိုးခြင်းနှင့် ပျောက်ဆုံးခြင်းဆိုင်ရာ အသိပေးချက်များ 📌 UNHCR ကတ် / စာရွက်စာတမ်း သက်တမ်းတ...
05/08/2026

📢 UNHCR ကတ်/စာရွက်စာတမ်း သက်တမ်းတိုးခြင်းနှင့် ပျောက်ဆုံးခြင်းဆိုင်ရာ အသိပေးချက်များ

📌 UNHCR ကတ် / စာရွက်စာတမ်း သက်တမ်းတိုးရန်
- UNHCR ကတ် သို့မဟုတ် စာရွက်စာတမ်း ပေါ်တွင် ဖော်ပြထားသော သက်တမ်းတိုးရမည့်နေ့တွင် နံနက် ၈:၀၀ နာရီ အချိန်၌ UNHCR ရုံးသို့ တိုက်ရိုက်လာရောက်နိုင်ပါသည်။

📌 UNHCR ကတ်/စာရွက်စာတမ်း ပျောက်ဆုံးသွားပါက
- UNHCR ကတ် သို့မဟုတ် စာရွက်စာတမ်း ပျောက်ဆုံးသွားသူများသည် ချိန်းဆိုမှု (Appointment) ပြုလုပ်ရန် မလိုအပ်ပါ။ နံနက် ၈:၀၀ နာရီ တွင် UNHCR ရုံးသို့ တိုက်ရိုက်လာရောက်ပြီး ပျောက်ဆုံးသည့် UNHCR ကတ် / စာရွက်စာတမ်း အတွက် အစားထိုးလျှောက်ထားနိုင်ပါသည်။
ကျေးဇူးတင်ပါသည်။
Paletwa Khumi Community-Malaysia

03/08/2026

📢 **အသိပေးကြောညာချက်**
===========================

**UNHCR My Services Portal အကောင့်ဖွင့်၍ Update ပြုလုပ်လိုသူများသို့**

လက်ရှိအချိန်အထိ **UNHCR My Services Portal (My Services Account) ** တွင် **Account အသစ်ဖွင့်၍ Register ပြုလုပ်ခြင်းကို ပြန်လည်ဖွင့်လှစ်ထားခြင်း မရှိသေးပါ။**

ထို့ကြောင့် **My Services Portal အကောင့်အသစ်ဖွင့်ပြီး မိမိ၏ UNHCR အချက်အလက်များကို Update ပြုလုပ်လိုသူများ** အနေဖြင့် ယခုအချိန်တွင် Register ပြုလုပ်၍ မရသေးကြောင်း ထပ်မံအသိပေးအပ်ပါသည်။

**သို့သော်**

* ယခင်ကတည်းက **My Services Account ရှိပြီးသားသူများ** သည် မိမိတို့၏ Account ထဲသို့ Login ဝင်၍ ဆက်လက်အသုံးပြုနိုင်ပါသည်။
* **Account အသစ်ဖွင့်လိုသူများ** အနေဖြင့် UNHCR မှ ပြန်လည်ဖွင့်လှစ်ကြောင်း တရားဝင်ကြေညာချက် ထုတ်ပြန်လာသည်အထိ စောင့်ဆိုင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

UNHCR မှ နောက်ထပ် တရားဝင်အသိပေးချက် ထုတ်ပြန်လာသည်နှင့်တပြိုင်နက် Community မင်ဘာများအား ချက်ချင်း ထပ်မံအသိပေးသွားပါမည်။

**ကျေးဇူးတင်ပါသည်။**
Paletwa Khumi Community

My Service အကောင့်နှင့်ပတ်သက်ပြီးအရေးကြီးအသိပေးအပ်ခြင်း=====================================My Service  အကောင့်ဖွင့်ချိန...
31/07/2026

My Service အကောင့်နှင့်ပတ်သက်ပြီးအရေးကြီးအသိပေးအပ်ခြင်း
=====================================
My Service အကောင့်ဖွင့်ချိန်တွင် ဖုန်းနံပါတ်အချို့ SMS verification code နံပါတ်များ ပေးပို့နိုင်ခြင်းမရှိသည့်ပြဿနာများဖြစ်ပေါ်နေခဲ့သောကြောင့် UNHCR ဌာနချုပ်ဘက်မှ ဝဘ်ဆိုဒ်ကို ပြန်လည်စစ်ဆေးရန်အတွက် My Service အကောင့်ကို ယာယီခေတ္တပိတ်ပင် ထားသည့်အတွက် My Service အကောင့်သစ်ဖွင့်ခြင်းများ မရသေးကြောင်းအသိပေးအပ် လိုပါသည်။

သို့သော် My Service အကောင့်ပြုလုပ်ထားပြီးသူများအနေဖြင့်မူ ပုံမှန် Log in ပြုလုပ်ပြီး အသုံးပြု နိုင်ပါသည်။

UNHCR ဌာနချုပ်ဘက်မှပြန်လည်ပြင်ဆင်ပြီးအဆင်ပြေသည့်အချိန် ပြန်လည်အသိပေး အပ်သွားပါမည်။

ကျေးဇူးတင်ပါသည်

Paletwa Khumi Community

Adresse

Democratic Republic Of The
95-2,JALANCHANGKATTHAMBIDOLLAH,PUDU,55100KUALALUMPUR,WILAYAHPERSEKUTUANKUALALUMP

Heures d'ouverture

Lundi 09:00 - 18:00
Mardi 09:00 - 18:00
Mercredi 09:00 - 18:00
Jeudi 09:00 - 18:00
Vendredi 09:00 - 18:00
Samedi 09:00 - 18:00

Téléphone

+60328570075

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Paletwa Khumi Community-Malaysia publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L’organisation

Envoyer un message à Paletwa Khumi Community-Malaysia:

Raccourcis

Partager