Myanmar Pioneer Star

Myanmar Pioneer Star Myanmar Pioneer Star co.,Ltd. is an integrated industrial and trading company. Aqua&AgricultureMining

17/08/2026

Myanmar Pioneer Star ငါး/ပုစွန် ဆေးဝါး
ဆေးဆိုင် ထောက်ကြန့်မြို့လျှောက်လမ်းတွင်ရှိသော MPS ဆေးဆိုင်ကို ယာယီခဏပိတ်ထားပါသည်
နေရာအခက်ခဲကြောင့်ပါ၊MPS ဆေးဝါးများကို
အမှတ်(၃၄၅)ကင်းဝန်မင်းကြီးလမ်းနှင့်မြတောင်ဝန်ကြီးဦးမှိုလမ်းထောင့်၊ရွှေလင်ပန်းစက်မှုဇုန်၊လှိုင်သာယာမြို့နယ်တွင်ဝယ်ယူ၍ရရှိနိုင်ပါသည်။
ငါးတောင်သူကြီးများ ကို ဝယ်ယူရန်အဆင်မပြေမှုအတွက် အထူးတောင်ပန်းပါသည်။
အမြန်ဆုံးဝယ်ယူလွယ်ကူရန်အမြန်ဆုံးကြိုးစားပေးပါမည်။

MPS.Group

Myanmar Pioneer Star co.,Ltd. is an integrated industrial and trading company.
Aqua&AgricultureMining

Myanmar Pioneer Star ဆေးအရင်နေရာမဟုတ်တော့ပါ၊ အရင်နေရာမှအရှေ့သို ခြေ ၁၀ လှမ်းခန့်သွားရပါမည်၊တွံတေး ကမ်းနား ဗိုလ်မှုးစိန်လ...
06/08/2026

Myanmar Pioneer Star ဆေးအရင်နေရာမဟုတ်တော့ပါ၊ အရင်နေရာမှအရှေ့သို ခြေ ၁၀ လှမ်းခန့်သွားရပါမည်၊တွံတေး ကမ်းနား ဗိုလ်မှုးစိန်လွင် လမ်းမပေါ်မှာပါ
ငါးတောင်သူဦးကြီးများဆက်လက်၍အားပေးကြပါအုံး
အခုနေရာမှဘယ်မှမသွားတော့ပါ။

MPS Group.

BENTONITE (မြေဖယောင်း)------------------------------------------Myanmar Pioneer Star Co..,Ltd သည်နိုင်ငံတော်၏မြေသယံဇာတတစ...
26/06/2026

BENTONITE (မြေဖယောင်း)
------------------------------------------
Myanmar Pioneer Star Co..,Ltd သည်နိုင်ငံတော်၏မြေသယံဇာတတစ်မျိုးဖြစ်သည်မြေဖယောင်းကိုပြည်ပသွင်းကုန်အစားထိုးအဖြစ်ကျယ်ပြန်စွာအသုံးပြု နိုင်ရန်အတွက်ထုတ်လုပ်ဖြန့်ဖြူး​ရောင်းချ​ပေး​နေ​သော
ကုမ္ပဏီဖြစ်ပါသည်။
MPS Companyသည်သတ္တုတွင်းဝန်ကြီးဋ္ဌာနမှလိုင်စင်
များရယူပြီအောက်ဖော်ပြပါမြေဖယောင်းလုပ်ကွက်များမှမြေဖယောင်းကုန်ကြမ်းထုတ်လုပ်လျှက်ရှိပါသည်။

BENTONITE [မြေဖယောင်း ]
-----------------------------------------
MPS.GROUP Companyမှအမျိုးအစားကောင်းမွန်သောနိုင်ငံတကာအဆင့်မီမြေဖယောင်းများကိုပြည်တွင်း၊
ပြည်ပစျေးကွက်လိုအပ်ချ က်အညီအောက်ပါမြေဖယောင်းအမျိုးအစားများကို​​မြေဖ​ယောင်းမှုန့်အရွယ်အစားကို
[ ၁၀၀ ]ဇကာ(100 Mesh )အထိပြုလုပ်၍ဖြန့်ဖြူးရောင်းချ
ပေးလျက်ရှိပါသည် ။

မြေဖယောင်းအမျိုးအစားနှင့်အရည်အသွေး [ ၄ ] မျိုးရှိပါသည်။

© သဲဆန်သောမြေဖယောင်း Sandy Bentonite
© မပွသော မြေဖယောင်း Non Swelling Bentonite
© အသင့်အတင့်ပွသောမြေဖယောင်း Semi Swelling
Bentonite
© ပွသော မြေဖယောင်း Swelling Bentonite
အရောင်အသွေးသည်မြေဖယောင်းအမျိုးအစားနှင့်ပတ်ဝန်းကျ င်မြေအခြေအနေပေါ်မူတည်၍အ​ရောင်အစားလိုက်
အညှိ | အဝါ | အစိမ်း | အနက် ဟူ ၍ ကွဲပြားခြားနားမူရှိပါသည် ။

အသုံးပြု နိုင်သောအရာများ
-----------------------------------
မြေဖယောင်းသည်စက်မူကုန်ကြမ်းပစ္စည်းဖြစ်ပြီးအောက်ပါအတိုင်းကျယ်ပြန့်စွာအသုံးပြုနိုင်ပါ
သည် ။
♥ ဆည်ကြီးများ|တံတားတိုင်ကြီးများပုံလောင်းရာ
တွင်အသုံးပြုခြင်း၊ဆည်ကြီးများတွင်အောက်
ခြေရေပိတ်လွှာအဖြစ်ဘိလပ်မြေနှင့်အချိုးကျ
ရောစပ်၍လည်းကောင်း|တံတားတိုင်ကြီးများ
ဆောက်လုပ်ရာတွင်ရေမစိမ့်ရန်မြေထိန်းနံရံ
အဖြစ်လည်းကောင်းအသုံးပြုနိုင်ပါသည်။


♥ သံရည်ကြို ပုံလောင်းရာတွင်အသုံးပြု ခြင်း
မြေဖယောင်းကိုသဲမိုများပြုလုပ်ရာတွင်အချိုး
ကျရောစပ်၍အသုံးပြုခြင်း‌ကြောင့်သံထည်
ကုန်ပစ္စည်းများချောမွတ်ပြီးအရည်အသွေး
ကောင်းမွန်သောပစ္စည်းများရရှိပါသည် ။

♥ ဆီများအရောင်ချွတ်ရာတွင်အသုံးပြု ခြင်း
စားသုံးဆီများ၊စက်ဆီ၊ချောဆီများအရောင်
ချွတ်ရာတွင်ထိရောက်စွာအသုံးပြုနိုင်ပါသည်။

♥ သဘာဝ ကော်အဖြစ်အသုံးပြုခြင်း
တိရစ္ဆာန် အစာတောင့်များ၊မြေသြဇာများအား
အစိုင်အခဲများပြုလုပ်ရာတွင်သဘာဝကော်
အဖြစ်အသုံးပြု နိုင်ပါသည် ။

♥ ရေနံ တွင်းတူးဖော်ရာတွင်အသုံးပြု ခြင်း
ရေနံ ၊သဘာဝဓာတ်ငွေ့များတူးဖော်ရာတွင်ဘေး
သားမြေများပျိုမကျစေရန်မြေသားနံရံအထိန်း
အဖြစ်လည်းကောင်းမြေသြဇာCuttingများကို
သယ်ယူရန်အတွက်လည်းကောင်းအသုံးပြုနိုင်ပါ
သည် ။

♥ ဆေးဝါးများအတွက်အသုံးပြုခြင်း
ဆေးဝါးများနှင့်အလှပြင်ပစ္စည်းများ၊အသား
လိမ်းအဆီများပြုလုပ်ရာတွင်လည်းအသုံးပြု
နိုင်ပါသည် ။

♥ အချိုရည်၊အရက်များ၊အနည်စစ်သန့်စင်ရာတွင်
လည်းအသုံးပြုနိုင်ပါသည်။

♥ အဝေစီတွင်း တူးရာတွင်းမြေဇာသယ်ခြင်း၊တွင်း
ပြိုကျမှုမဖြစ်စေရန်လည်းအသုံးပြုနိုင်ပါသည်။

MPS မှရရှိနိုင်သောBENTONITEအမျိုးအစား၄ မျိုး
-----------------------------------------------------------------

Volco Gel (Foreign Bentonite )

ပွနှုန်း [ ၁၀၀ % အထက်ရှိပြီး ]ရေနံတွင်းကြီးများ [ Vertical Drilling ] နှင့်မြစ်ဖြတ်ရေနံနှင်သဘာဝ
ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းခြင်း [ Horizontal Directional Drilling ]တူးရာတွင်လည်းကောင်း
မြေအောက်ရထားလမ်းလှိုင်ခေါင်းမြေထိန်းနံရံကြီးများပြု လုပ်ရာတွင်မြေ ပြို မကျ စေရန်အတွက်အသုံးပြုနိုင်ပါသည်။

GRADE . A
ပွနှုန်း [ ၇၀ ] နှင့် အထက်ရှိပြီးဆည်ကြီးများတည်ဆောက်ရာတွင်[Diaphragm Cut - off
Wall]တူးရာတွင်ဘေးသားမြေနံရံပြိုမကျစေရန်အရည်ဖျော်၍လည်းကောင်း ၊ အောက်ခြေရေပိတ်
လွှာအဖြစ်ဘိလပ်မြေ နှင့် အချိုးကျရောစပ်၍ လည်းကောင်းအသုံးပြု နိုင်ပါသည် ။

GRADE . B
ပွနှုန်း [ ၄၀ ] မှ [ ၅၀ ] အတွင်းရှိပြီးတံတားတိုင်ကြီးများဘိုးပိုင် [ Bore Pile ] တူးရာတွင်ရေစိမ့်မဝင်
စေရန် အတွက်လည်းကောင်း ၊ အဝီစီရေတွင်းတူးရာတွင်လည်းကောင်းအသုံးပြု နိုင်ပါသည် ။

GRADE . C
ပွနှုန်း [ ၃၀ ] ဝန်းကျ င်ရှိပြီးစားသုံးဆီများ ၊ စက်ဆီချောဆီများအရောင်ချွတ်ရာတွင်လည်းကောင်း
သံရည်ကြို ပုံလောင်း ရာတွင်လည်းကောင်းအသုံးပြု နိုင်သည့်အပြင်အချိုရည်နှင့်အရက်များ
အနည်စစ်ရာတွင်လည်းကောင်းအသုံးပြု နိုင်ပါသည် ။

ဆက်သွယ် ဝယ်ယူနိုင်သော ဖုန်းနံပါတ်များ
--------------------------------------------------------------

ဦး​ဇော်ဝင်း [ Marketing and Sales Operation ]

PH - 09 51 49997

မစန္ဒာတိုး[ Marketing and Sales Operation ]

PH - 09 51 35247

မမေလဝန်း [ Customer Service ]

Ph- 09782366394

ရုံးချုပ် MPS
No , 21 သီရိဟေမာလမ်း ၊ ဇဝန ရပ်ကွက် ၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့
E-mail : myanmarpsgc .com
Website : www.myanmarpioneerstargroup.com

စက်ရုံအမှတ်-၁
No.345၊ကင်းဝန်မင်းကြီးလမ်းနှင့်မြ​တောင်ဝန်ကြီးဦးမှိုလမ်းထောင့်၊​ရွှေလင်ပန်းစက်မှုဇုံ၊လှိုင်သာယာမြို့နယ်၊ရန်ကုန်မြို့
ဖုန်း -- ၀၉၇၈၀၆၅၀၉၁၆၊၀၉၂၅၈၂၅၅၀၈၃

စက်ရုံအမှတ်-၂
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် စကားအင်းကျေးရွာတောင်ဘက်
ဖုန်း—၀၉၇၇၆၈၀၃၀၉၆

စက်ရုံအမှတ်-၃
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကန်ဘောက်ကျေးရွာ
ဖုန်း—၀၉၅၁၄၈၆၄၅

MPS. GROUP

ငါးမှုန် , ငါးသန် ,ငါးဖျန်းကန်များအတွက်မြေပြုပြင်ခြင်းနှင့်ရေပြုပြင်ခြင်းများ-------------------------------------------...
19/05/2026

ငါးမှုန် , ငါးသန် ,ငါးဖျန်းကန်များအတွက်မြေပြုပြင်ခြင်းနှင့်ရေပြုပြင်ခြင်းများ
-------------------------------------------------------------------------------------------------
ငါးမွေးမြူ ကန်များ၏ရေပြုပြင်ခြင်းနှင့်မြေပြုပြင်ခြင်းကိုယေဘုယျအားဖြင့်ဘေးထွက်ဆိုးကျိးဖြင့်ဖေါ်ပြပါအတိုင်းမွေးမြူ ကာလသတ်မှတ်ချက်တရပ်အတွင်း
လုပ်ကိုင်ဆောင်ရွက်ပေးသင့်သည် ။ဒါမှသာလျှင်စီးပွါးရေးစျေးကွက်ဝင်ငါး / ပုစွန် /ဂဏန်း / ခရု
ယောက်သွား စသည် ရေချို /ရေငန် စသည်နေရာအသီးသီးရှိပတ်ဝန်းကျင်သဘာဝအခြေအနေများ
တွင်ထိန်းချုပ်မှုနည်းလမ်းအဆင့်ဆင့်၊ကန်ဖွဲ့စည်းမှုပုံစံအမျိုးမျိုးကိုအခြေခံ၍စီးပွားဖြစ်ရေထုတ်ကုန်
ရေလုပ်ငန်းမွေးမြူ ရေးအခြေခံ [ ၄ ] မျိုးရှိခဲ့ပါသည်။

၁) သမားရိုးကျ မိရိုးဖလာမွေးမြူ နည်း [ Semi intensive Culture System ]
၂)သိပ္ပံနည်းကျ ဂရုစိုက်မွေးမြူ နည်း [ Intensive Culture System ]
၃)သိပ္ပံနည်းကျ အထူးဂရုစိုက်မွေးမြူ နည်း [Special Intensive Culture System ]
၄)သိပ္ပံနည်းကျ အဆင့်မြင့်အထူးဂရုစိုက်မွေးမြူ နည်း [Special Intensive Culture System]

ယခုကျွန်တော်တို့ငါးတောင်သူဦးကြီးများနေနဲ့ သိပ္ပံနည်းကျ အဆင့်မြင့်အထူးဂရုစိုက်မွေးမြူ ခြင်း
နည်းလမ်းကိုကျ င့်သုံးရတော့မှာပါ ၊ မိရိုးဖလာမွေးမြူ နည်းလမ်းက အဆင်မပြေနိုင်တော့ပါဘူး
နည်းစနစ် ဟောင်းတွေကိုဖယ်ရှားပြီ တိုးတက်လာတဲ့ခတ်သစ်နဲ့အညီပြု ပြင်ဖို့လိုအပ်လာပါပြီ
ဒါမှလဲငါးတို့ကျန်းမာရေး / ထုတ်ကုန်လည်းအများကြီးထုတ်လုပ်နိုင်တော့မှာပါ ၊ ကျွန်တော်တို့
ဘက်ကငါးတောင်သူဦးကြီးများပြု ပြင်ပြောင်းလဲနိုင်ဖို့ပြောပြပြီနည်းလမ်းများချ ပြသွားပါမည်။

ငါးမှုန် , ငါးသန် , ငါးဖျန်း ကန်များကို ရေ/ မြေ ဘယ်လိုပြု ပြင်မလဲ
----------------------------------------------------------------------------------
ရေ/ မြေ ပြု ပြင်ခြင်းကို ၁ဧကနှုန်းထားရှင်းပြသွားပါမည် ။
၁ဧက နေမလှန်းရသေးကန် အတွက် သမာရိုးကျ ထုံးမှုန့် [ ထုံးကြမ်း ] 5 အိတ် [ 50 ပိသာ ] နှင့်
Calcium Carbonnate ( CaCO3 ) 7 အိတ် [ 150 kg ] နှစ်မျိုးကိုရောစပ်၍ ကန်အနှံ မြေပြင်,
ဘေးဘောင်းတို့လိုက်၍နေရာအနှံပတ်ထားပေးပါ ။ 3 လ ခန့် ပတ်ကြားအက်သည့်အထိနေလှန်း
ထားပေးပါ ။ လကြာကြာလှန်းမယ်ဆိုလဲရပါသည် ။ မိမိထည့်သွင်းပြု စုမိ ငါးသားပေါက်/ ငါးမှုန်
ငါးသန်မရောက်ခင် 1 လ အလိုတွင်မိမိရေပြင်ကိုကြိုပြီ ပြု ပြင်ပေးရပါသည်။
ပထမ မိမိ ၁ဧကကန်ကို ရေ ၂ပေ ပြည့်သည့်အထိရေသွင်းပေးပါ ရေ ၂ ပေပြည့်သွားလျှ င်
CaCO3 ( 25kg ) - 2 အိတ် နှင့် Zeoplus (25kg) - 1 အိတ်ထည့် သွင်းပေးပါ ဓာတ်ပြု မြန်ရန်အတွက်
2 မျိုးကိုမိမိကန်ရေဖြင့်ရောစပ်ဖျော်၍ နေရာအနှံမိမိရေပြင်ပေါ်သို့လိုက်ပတ်ကျဲပေးပါ။
ဤသို့ပတ်ကျဲပြီပါက ၃ ညခန့်ရေကိုသိပ်ထားပေးပါ။
၃ ညခန့်ရေသိပ်ထားပြီ နောက်ထပ် မိမိကန်ရေကို ၁ပေခန့် ဖြည့်သွင်းပါ ၊ ရေ ၁ပေခန့်ဖြည့်သွင်းပြီ
သွားလျှင်Zeolite ( 25kg ) 2 အိတ်နှုန်းကိုမိမိကန်ရေဖြင့်ရောစပ်ဖျော်၍ခပ်ကျဲကျဲ zeolite ကို
ဖျော်၍ မိမိရေပြင်ပေါ်သို့လိုက်ပတ်ကျဲ ပေးပါ [ မှတ်ချ က် Zeolite ဆေးသည် ရေ နှင့် ဖျော်စပ်
ရာတွင်အနည်းငယ်လက်ဝင်ပါသည် ရေကိုခပ်များများဆေးနည်းနည်းဖြင့်ဖျော်စပ်ပေးပါ ] ဤသို့
ပတ်ကျဲပြီပါက ၃ညခန့်ရေကိုသိပ်ထားပေးပါ ။
၃ ညခန့်ရေသိပ်ထားပြီ နောက်ထပ် မိမိကန်ရေ ကို ၁ပေ ခန့် ဖြည့်သွင်းပါ ၊ ရေကို ၁ပေခန့်ဖြည့်သွင်းပြီ
သွားလျှ င် Dolomite (25kg) - 2 အိတ်နှုန်း ကိုမိမိကန်ရေဖြင့်ရောစပ်ဖျော်၍ ခပ်ကျဲ ကျဲ Dolomite
ကိုဖျော်စပ်၍ မိမိရေပြင်ပေါ်သို့လိုက်ပတ်ကျဲ ပေးပါ ၊ ဤသို့ပတ်ကျဲပြီပါက ၃ ညခန့် ရေကိုသိပ်ထား
ပေးပါ ။
၃ ညခန့်ရေသိပ်ထားပြီ နောက်ထပ် မိမိကန်ရေကို ၁ပေခန့် ဖြည့်သွင်းပေးပါ ၊ရေ ကို ၁ပေခန့်ဖြည့်
သွင်းပြီသွားလျှ င် Prozeocompolizer (25kg) - 1 အိတ်နှုန်းခန့်ကိုမိမိကန်ရေဖြင့်ရောစပ်ဖျော်၍
ခပ်ကျဲ ကျဲ Prozeocompolizer ကိုဖျော်စပ်၍မိမိရေပြင်ပေါ်သိုလိုက်ပတ်ကျဲပေးပါ ။ ၃ညခန့်ရေကို
သိပ်ထားပေးပါ ။
ငါးမှုန် ပျိုးကန်အတွက်ဆိုလျှင်Prozeocompolizer ထည့်သွင်းပြီ ၃ရက်ခန့်ခြား၍ ငါးငယ်လေး
များအစာရေစားပေါကြွယ်ဝရန်အတွက် 1ဧက Plankto forte [ 5kg ] 1ထုတ်နှုန်းခန့်ကိုမိမိကန်ရေ
ဖြင့်ဖျော်စပ်၍ ရေပြင်ပေါ်သို့လိုက်ပတ်ဖျ န်းပေးပါ ၊ plankto forte အသုံးပြု ခြင်းအားဖြင့်ငါးငယ်
လေးများအတွက် အပင်မျှောလှေးများနှင့် အကောင်မျှောလှေး များပေါက်ရောက်ရှင်သန်၍
အစာရေစားပေါ်ကြွယ်ဝပြီ အပင်ပိုင်ဆိုင်ရာ အပင်မျှောလှေးများမှငါးငယ်လေးများအတွက်ညအခါ
အောက်စီဂျင်ထုတ်လုပ်ပေးသွားပါတယ်
မိမိအခုလိုရေပြင်ပြီ ၁ ပတ်အတိ [သို့] ၅ ရက်အတွင်းမိမိရေရောင်ဟာဌက်ပျော်ပင်အရွက်သစ်
ထွက်လာတဲ့ရွက်သစ်အရောင်အတိုင်းစိမ်းနုလေးသမ်းလာပြီဆိုရင်မိမိထည့်ချင်သောငါးမှုန်
ငါးသန် , ငါးဖျန်း သားပေါက်ကိုစထည့်လို့ရပါပြီ

ကန်အခြောက်မလှန်းနိုင်ငါးကန်များအတွက် ရေ / မြေ ပြု ပြင်ခြင်း
---------------------------------------------------------------------------------------
ကန်အခြောက်မလှန်းနိုင်ငါးကန်အတွက် ထုံးကြမ်း - 7 အိတ် နှင့် CaCO3 - 7 အိတ် ခန့်
ကိုရောစပ်၍ နေရာအနှံ လိုက်ပတ်ကျဲပေးပါ အထူးသဖြင့် မြေပြင်ပေါ်သို့ပို့ပတ်ပေးပါ ။
၅ ရက်ခန့်မြေသိပ်ထားပေးပါ ။၆ရက်မြောက်နေ့မှာ ရေကို ၁ ပေခန့် သွင်းပေးပြီ ၅ ရက်ခန့်
ရေကိုသိပ်ထားပေးပါ ။ ရေသိပ်ပြီ ၆ရက်မြောက်နေ့မှာမိမိထည့်ထားသောရေအားလုံးကိုစုပ်
ထုတ်ပေးပါ ။ ထိုသို့ပြုလုပ်ပြီသွားလျှင် အပေါ်ကတင်ပြထားသော အကြောင်းအရာအတိုင်း
ပြုလုပ်ပါ ၊ပထမမိမိကန် ၁ဧကကန်ကိုရေ ၂ပေပြည့်သည့်အထိရေသွင်းပေးပါ ရေ ၂ပေပြည့်
သွားလျှ င် CaCO3 (25kg)- 2အိတ် နှင့် Zeoplus (25kg)- 1အိတ်ထည့်သွင်းပေးပါကစပြီ
စာပိုဒ်မှအဆင့်ဆင့်ပြု လုပ်ဆောင်ရွက်နိုင်ပါသည်

ငါးတောင်သူဦးကြီးများရွှင်လန်းချမ်းမြေ့ကြပါစေ
ထုတ်ကုန်ငါးများလည်းစျေးကောင်းရကြပါစေ
MPS မှဆုတောင်းပေးလိုက်ပါတယ်။

MPS မှ​ရေးသား​ဖော်ပြသည်။ဆရာကြီး
ဦး​အောင်ကြည်ဦးထိပ်ထား၍
MPS . GROUP

မကြာခင်မိုးတွင်းကာလရောက်တော့မှာမို့ဆရာကြီးဦးအောင်ကြည်တီထွင်ဖန်တီးထားသော ( သုံးရောင်ခြယ်) Zeoplus ဆေးလေးကို ငါးတောင်သူဦးက...
09/05/2026

မကြာခင်မိုးတွင်းကာလရောက်တော့မှာမို့
ဆရာကြီးဦးအောင်ကြည်တီထွင်ဖန်တီးထား
သော ( သုံးရောင်ခြယ်) Zeoplus ဆေးလေး
ကို ငါးတောင်သူဦးကြီးများမမေ့ဖို့တော့လိုတယ်နော်..............?.
မိုးတွင်းမှာဘာ​ဆေးပိုသုံးသင့်သလဲ?
မိုးတွင်းဘာ​ဆေး​ဆောင်ထားသင့်သလဲ?
Zeoplus ​ဆေး​လေးပါ
သုံးဖူးသူတိုင်ပိုကြိုက်ကြတယ်
နွေ၊မိုး၊​ဆောင်Zeoplusကိုဆောင်ထားဖို့တော့လိုအပ်လာပြီနော်၊ဘာ​ကြောင့်​ဆောင်ထားသင့်လည်း၊ကြိုတင်
အနေနဲ့လစဉ်ထည့်သွင်းအသုံးပြုသင့်လဲ.....?
Zeoplusဆေးအကြောင်းရှင်းပြထားပါတယ်။မိုးရွာသွန်းမှုကြောင့်မိုးရေထဲမှာအက်စစ်မိုး​ရေများပါလာတက်ပါတယ်
ထိုကြောင့်pHကျဆင်းမယ်၊အောက်စီဂျင်လျော့နည်းမယ်
မိုးရေကကန်ဘောင်ကိုတိုက်ရိုက်ထိမှန်ပြီရေညစ်ပတ်မယ်၊ကန်ရေနောက်လာတက်ပါတယ်။
ဒါတွေကိုဖြေရှင်းလို့ရပါတယ် ။ဆရာကြီးဦးအောင်ကြည့်ကမိုးတွင်းကာလမှာ​ရေလုပ်ငန်းသုံးဦးကြီးများစိတ်မညစ်ရ​လေ
အောင်စမ်းသပ်ထုတ်လုပ်ခဲ့သောZeoplus​ဆေးသုံး​ရောင်
ခြယ်ဆေးလို့လူအသိများပြီ Zeolite,Dolomite, Calcium Carbonateပစ္စည်း၃မျိုး​ရောစပ်ထား​သော​ဆေးပါမိုးတွင်း
ဆိုပေမယ့် နွေ ၊ မိုး ၊ဆောင် (၃) မျိုးကာလလုံးအသုံးတက်ပါ
တယ်၊ငွေကုန်ကြေးကြနည်းပြီမိမိကန်ရေပြင်ကိုအမြန်ဆုံးနဲ့ငွေကြေးသက်သာစွာနဲ့ပြုပြင်နိုင်ပါတယ်။

ZEOPLUS [ဇီအိုပလပ်(စ်)]
--------------------------------------------------
စီးပွားဖြစ် ငါး၊ပုစွန်ကုန်ထုတ်လုပ်ငန်းများ၏ရေထု၊မြေထုဂေဟပတ်ဝန်းကျင်တွင်​ရေသြဇာများ​သေ​ကြေပျက်စီးခြင်း
၊ရေပေါက်ပင်များသေကြေပျက်စီးခြင်း၊အစာအကြွင်းအကျန်
များပုပ်သိုးပျက်စီးခြင်းတို့ကြောင့်ရေထု၊မြေထု၏အရည်အ​သွေးယုတ်​လျော့ကျဆင်းညစ်ညမ်းလာမှုအ​ခြေအ​နေများ
ကိုပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက်အံဝင်ခွင်ကျ
ထိရောက်စွာအသုံးပြု နိုင်ရန်အတွက်ပြု လုပ်ထားသော
ဓာတုဗေဒဒြပ်ပေါင်းChemical Compoundတစ်မျိုးဖြစ်ပါသည်။

ဓာတုဒြပ်ပေါင်းပါဝင်ဖွဲ့စည်းမှု
--------------------------------------------
SiO2 -------------- 58.06 %
Na2O --------------- 3.65 %
MgO --------------- 0.34 %
MgCO3 ------------- 4.86 %
K2O -------------- 3.05 %
CaO --------------- 4.08 %
CaCO3 --------------- 6.52 %
H2O ---------------- 0.41 %
Al2O3 -----------------14.54%
P2O ------------------ 0.02%
Fe2O3 ----------------- 3.64%

အကျိုးသက်ရောက်န်ိင်မှုများ
-------------------------------------------
♥ရေထု ၊ မြေထု ညစ်ညမ်းမှုကြောင့်ဖြစ်ပေါ်လာသောအဆိပ်
ဖြစ်စေနိုင်သည့်ဓာတ်ငွေ့များ[Ammonia,Hydrogen
Sulphide, Nitrogenous gases ]တို့ကိုအချိန်တို
အတွင်းဓါတ်ပြုစုပ်ယူဖယ်ရှား​ပေးနိုင်ပါသည်။

♥ရေထု၊မြေထု၏ချ ဉ်ဖန်နှုန်း(pH)အတက်အကျဟန်ချက်
ဘောင်ကိုကျဉ်းမြောင်းစေပြီး၊​ရေသြဇာအပင်​မျော​လှေး
များရှင်သန်ပေါက်ပွားမှုအခြေအနေကိုထိန်းညှိပေးထား
နိုင်ပါသည်။

♥ရေသြဇာအပင်မျောလှေးများအတွက်အဟာရဓါတ်လျော့
နည်းကျဆင်းမှုကိုဖြည့်တင်း​ပေးနိုင်သဖြင့်ပုံမှန်ဖွံဖြိုးမှုကို
ပေးနိုင်သဖြင့်ပုံမှန်ဖွံဖြိုးမှုကိုဖြစ်စေပြီးရေထုအတွင်းပျော်
ဝင်အောက်စီဂျ င်ကိုမြင့်မားစေနိုင်ပါသည်။

♥ရေထုလွှာအတွင်းအနည်ကျမှုကိုမြန်ဆန်
စေ၍ရေထု၏ကြည်လင်မှုနှင့်အလင်းရောင်ဝင်
ရောက်နိုင်မှုအခြေအနေကိုမြင့်မားစေသည့်အပြင်အနာ
ရောဂါပိုးမွှားများရှင်သန်ပေါက်ပွားမှာကို​လျော့နည်းကင်း
စင်စေနိုင်ပါသည်။

အရေးပေါ်အခြေအနေမျိုးတွင်(35kg or 50kg)1ဧကနှုန်း
ဖြင့်ရယူ၍ ( 2 ရက် မှ 3, 4 )အကြိမ်ကြိမ် ခွဲပြီးသုံးစွဲနိုင်
သည်။ အသုံးပြု ရာတွင် နံနက် ပိုင်း ၆နာရီ မှ ၁၀ နာရီအတွင်း
မိမိငါးကန်ကိုနေရာအနှံရေကြဲကြဲဖျော်၍ပတ်ဖြန်းပေးရန်ဖြစ်ပါသည်။

[Zeoplus (25kg) - 15500 ကျ ပ် စက်ရုံ ထုတ်စျေး]​နေရာ​ဒေသလိုက်၍​စျေးနှုန်း 1000 ကျပ်ပို​ပေး
ရပါသည်။
---------------------------------------------------------------------

Office - အမှတ် ၂၁ သီရိဟေမာလမ်း ၊ ဇဝန ရပ်ကွက် သင်္ကန်းကျွန်းမြို့နယ် ရန်ကုန်
E - mail : mps .com.mm/myanmarpsgc @ gmail.com
Website : www.myanmarpioneerstargroup.com

MPS.GROUP

Adresse

No. 21, Thirihaymar Street, Zawana Block, Thingangyun Township , Yangon
Democratic Republic Of The

Heures d'ouverture

Lundi 09:30 - 17:30
Mardi 09:30 - 17:30
Mercredi 09:30 - 17:30
Jeudi 09:30 - 17:30
Vendredi 09:30 - 17:30
Samedi 09:30 - 15:00

Téléphone

+951578188

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Myanmar Pioneer Star publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L’organisation

Envoyer un message à Myanmar Pioneer Star:

Raccourcis

Partager