2021 Burmese Action Group Vancouver, BC, Canada

2021 Burmese Action Group Vancouver, BC, Canada Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 2021 Burmese Action Group Vancouver, BC, Canada, Nonprofit Organization, Vancouver, BC.

03/21/2026
Today’s post is not just another status update. It carries the weight of more than 40 lives.In Nyaunglebin Township, Bag...
03/11/2026

Today’s post is not just another status update. It carries the weight of more than 40 lives.

In Nyaunglebin Township, Bago Region, in the villages of Yay Twin Kone, Khayu Kone, and Kyaung Kone, the military arrested over 300 civilians and killed more than 40 people.

In this country, there are:

• Massacres
• Airstrikes on civilians
• Genocide
• One of the world’s longest civil wars
• Torture inside prisons
• A military coup
• Widespread poverty

What we do not have is justice.

Do not look away from injustice.
Do not pretend it has nothing to do with you.

Because when injustice is ignored, it eventually reaches everyone.

Please share this post. Repost it.
At the very least, help ensure that the military’s atrocities do not become something the world grows silent about.

ဒီနေ့တင်တဲ့ ပို့စ့် က သာမာန်် status တခု မဟုတ်ပါဘူး လူအယောက် (၄၀) ကျော်ရဲ့ အသက်ပါ။

ပဲခူးတိုင်း ညောင်လေးပင် ၊ ရေတွင်းကုန်း၊ ခရုကုန်း နှင့် ကျောင်းကုန်း ကျေးရွာတွေမှာ အကြမ်းဖက် စစ်တပ် က ပြည်သူ (၃၀၀) ကျော်ကို ဖမ်းပြီး (၄၀) ကျော်ကို သတ်ခဲ့တယ်။

ဒီနိုင်ငံ မှာ

“အစုလိုက် အပြုံလိုက်သတ်ဖြတ်”

“ လေကြောင်းတိုက်ခိုက်မှု”

“လူမျိုးသုဉ်းသတ်ဖြတ်မှု”

“ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ်”

“ထောင်တွင်းနှိပ်စက်ညှင်းပန်းမှု”

“အာဏာသိမ်းမှု”

“ဆင်းရဲမွဲတေမှု” တွေ ရှိတယ်။

မရှိတာ ကတော့ တရားမျှတမှုပါ

မတရားမှုကို မမြင်သလို မနေပါနဲ့။ မတရားမှု ကို ကိုယ်နဲ့ မဆိုင်သလို နေရင်းကနေ ကိုယ်ပါ ဒုက္ခရောက်လာတတ်ပါတယ်။

ဒီ post ကို share လုပ်ပါ။ ပြန်ကူးတင်ပါ။

အနည်းဆုံး
စစ်တပ်ရဲ့ ယုတ်မာမှုတွေကို လူထုကြားထဲ သာမာန်ကိစ္စ တခုလို အသံ မတိတ်သွားအောင် လုပ်ပေးပါ။

#အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု

03/05/2026
SCF ကတော့ မနေ့ညက ပြည်သူတွေရဲ့ စကားသံအတိုင်းထုတ်ပြန်လာတာကို တွေ့ရပါတယ်။ဒါဟာ ကျေးဇူးတင်ရမဲ့ ကိစ္စဖြစ်သလို ၀မ်းသာ ကြိုဆိုရမ...
02/21/2026

SCF ကတော့ မနေ့ညက ပြည်သူတွေရဲ့ စကားသံအတိုင်းထုတ်ပြန်လာတာကို တွေ့ရပါတယ်။

ဒါဟာ ကျေးဇူးတင်ရမဲ့ ကိစ္စဖြစ်သလို ၀မ်းသာ ကြိုဆိုရမဲ့ကိစ္စဖြစ်ပါတယ်။

နောက်တစ်ခုက ကမ်ပိန်းရဲ့ ၅ % ကောက်ခံမယ်ဆိုပြီးပြောတုန်းက‌လဲ SCF က ပွင့်လင်းမြင်သာစွာ ထုတ်ပြီးပြောခဲ့တာပါ။

လူထုအသံနားထောင်ပြီး ချက်ချင်းအပြောင်းအလဲ လုပ် အကောင်အထည်ဖော်တာက တော့ချီးကျူးရမှာဖြစ်ပါတယ်။

တကယ်လုပ်နေတဲ့ အဖွဲ့အစည်းတွေကို ဝေဖန်ထောက်ပြတဲ့အခါ သူတို့မှာလည်း တကယ် အလုပ်လုပ်နေရတဲ့ အဖွဲ့တွေ ဖြစ်တာ မို့လို့ အပြောခံရတာကို ကြိုက်နှစ်သက်ကြမှာ မဟုတ်ပါ ဘူး။

ပြည်သူ့အသံကို နားထောင်ပြီး တော်လှန်ရေးကို သာ မျက်နှာမူပြီး ဒီထုတ်ပြန်ချက်ကို ထုတ်ခဲ့တဲ့ SCF ကိုလဲ လေးစားကျေးဇူးတင်ပါတယ်။

ပြည်သူလူထု ယုံကြည်မှူစကားသံကို အလေးထားတာကြောင့် SCF နဲ့အတူချီတက်ရင်း ဆက်လက် ထောက်ပို့ ကူညီကြပါလို့လည်း နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။

SCF အဖွဲ့သားများလည်း ယခုထက်ပို ကောင်းမွန်တဲ့ ၀န်ဆောင်မှုတွေနဲ့ ပြည်သူတွေ အဆင်ပြေစွာ အားဖြည့်ကူညီနိုင်ဖို့ လုပ်ဆောင်ပေးနိုင်ပါစေကြောင်းလဲ ဆုမွန်ကောင်းတောင်းပေးပါတယ်။

ပြည်သူလူထု၏ယုံကြည်မှုနဲ့ ၀န်းရံမှုကို တန်ဖိူးထားတဲ့ SCF ကနေ ဆက်လက်ထောက်ပို့ကူညီကြပါခင်ဗျာ။

02/18/2026
02/15/2026
ရန်ကုန်မြို့ထဲက မမြင်ရတဲ့ ရဲဘော်တွေ ရန်ကုန်မှာ အထင်ကရမစ်ရှင်ကြီးတွေလုပ်ခဲ့ကြတဲ့ ယူဂျီရဲဘော်တွေဟာ အမြဲတော်လှန်ရေးကန့်လန့်...
02/15/2026

ရန်ကုန်မြို့ထဲက မမြင်ရတဲ့ ရဲဘော်တွေ

ရန်ကုန်မှာ အထင်ကရမစ်ရှင်ကြီးတွေလုပ်ခဲ့ကြတဲ့ ယူဂျီရဲဘော်တွေဟာ အမြဲတော်လှန်ရေးကန့်လန့် ကာနောက်မှာပဲနေခဲ့ကြပါတယ်။ ဘယ်လောက်အရေးပါတဲ့ တော်လှန်ရေးတာဝန်တွေ လုပ်နေပါစေ အရင်းနှီးဆုံးလူတွေ မိသားစုဝင်တွေ ကိုတောင်မှ ပေးမသိပါဘူး။ အသိအမှတ်ပြုခံရဖို့ထက် တော်လှန်ရေးလုပ်ငန်းတွင် ဖို့ပဲ ရှေးရှုလို့ပါ။

လူဦးရေ ၈ သန်းဝန်းကျင်ရှိတဲ့ ရန်ကုန်မြို့မှာ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ တပ်ရင်းပေါင်း တဒါဇင်ကျော်၊ ရဲစခန်း ၅၀ ကျော်နဲ့ ဗဟိုထိန်းချုပ်စနစ်ပါ CCTV အလုံး ၁၁၀၀ ကျော်ရှိနေပါတယ်။ ဒီလိုရန်သူ့မျက်စိ အောက်မှာ ယူဂျီတွေအလုပ်လုပ်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ မြို့ပြမစ်ရှင်တွေလျော့ပါးသွားပေမဲ့ ယူဂျီတွေဟာရပ်တန့်မနေပါဘူး။ အခုတော့ ပိုပြီး အားကောင်းကောင်းနဲ့ပြန်လာနိုင်အောင် ‘ရန်ကုန်မှာ နားထွင်း စစ်တပ်ကိုတအားဗျင်း’ ကမ်ပိန်းကို လုပ်နေပါတယ်။

ယူဂျီတွေဖြစ်တဲ့အတွက် တော်လှန်ရေးကာလတလျှောက်လုံးလည်း ပေါ်ပေါ်ထင်ထင် ရုပ်ထွက်ပြီး ကမ်ပိန်းလုပ်လို့မရခဲ့ပါဘူး။ ဒါပေမဲ့ မစ်ရှင်တွေနဲ့ သက်သေထူခဲ့ပါတယ်။ ရန်ကုန်မှာ တကယ်အလုပ် လုပ်နေတဲ့ ယူဂျီတွေဖြစ်တယ်ဆိုတာ တော်လှန်ရေးအသိုင်းအဝိုင်းတခုလုံးကသိပါတယ်။

အခု OFP FR များက တဆင့် ငါးနှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် စီစဉ်တဲ့ကမ်ပိန်းဖြစ်ပါတယ်။ ယူဂျီတွေကို ဝန်းရံထောက်ပံ့ပေးကြပါဦး။ ဒီကမ်ပိန်းဟာ Open Donation ဖြစ်တာမို့မိမိ ကူညီချင်တဲ့ ပမာဏ နဲ့ ရန်ကုန်မြို့ပြရဲဘော်တွေကို ထောက်ပံ့ကူညီပေးပါလို့ တိုက်တွန်းလိုက်ရပါတယ်။ ဒီကမ်ပိန်းရဲ့ အသီးအပွင့်ကို မြို့ပြမစ်ရှင်တွေနဲ့ သက်သေထူပြန်လာခဲ့ပါမယ်။

ရန်ကုန်မှာနားထွင်းစစ်တပ်ကိုတအားဗျင်း

#စစ်အာဏာရှင်အမြစ်ပြတ်ရေး
#မြို့ပြပြောက်ကျား
#ကမ်ပိန်း
#ရန်ကုန်

Address

Vancouver, BC

Website

Alerts

Be the first to know and let us send you an email when 2021 Burmese Action Group Vancouver, BC, Canada posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share