08/12/2026
CANADA HTE NEW YORK DU NGA AI WUNPAWNG SHA NI MALI NMAI ZUP MADIM HPE NINGHKAP
Canada Mungdan hte American Mungdan New York State hta shanu nga ai Wunpawng sha ni Mali Nmai Zup hka madim hpe ninghkap ai lamang hpe 2026 ning August 9 ya shani Canada Mungdan, Ontario mung daw, Rock Point provincial park hta galaw lai wa sai.
Dai shara hta na lung rawk pa gaw shaning wan 350 jan na sai hte masha law law sa du chyai ai shara langai rai nna Asuya a gumhpraw shang ai sai lam langai rai nga ai.
……………..
ကနေဒါနှင့် နယူးယောက်ရောက် ကချင်လူမျိုးများ မြစ်ဆုံဆည်စီမံကိန်းကို ကန့်ကွက်
ကနေဒါနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်တို့တွင် နေထိုင်ကြသော ကချင် တိုင်းရင်းသားများသည်၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် ကနေဒါနိုင်ငံ၊ အွန်တေးရီးယိုးပြည်နယ်ရှိ Rock Point ပြည်နယ်ပန်းခြံ၌ စုပေါင်း၍ မေခ-မလိခ မြစ်ဆုံဆည်စီမံကိန်း ပြန်လည်စတင်မည့်အရေးကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
အဆိုပါ လှုပ်ရှားမှုကို ပန်းခြံအတွင်းရှိ သက်တမ်း နှစ်သန်းပေါင်း ၃၅၀ ကျော်ရှိသော ကျောက်ဆောင်ကမ်းခြေ (Limestone shelf) တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းနေရာသည် ပြည်တွင်းပြည်ပ ခရီးသွားများစွာ လာရောက်လည်ပတ်ရာ ကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်မှုရှိသော နေရာတစ်ခုဖြစ်ပြီး အစိုးရအတွက် ဝင်ငွေအမြောက်အမြား ရှာဖွေပေးနေသည့် နေရာလည်း ဖြစ်သည်။
………………
KACHIN DIASPORA PROTESTS MYITSONE DAM AT ONTARIO PROVINCIAL PARK
Members of the Kachin diaspora residing across Canada and New York State gathered at Rock Point Provincial Park on August 9, 2026, to stage a demonstration protesting the resumption of the controversial Myitsone Dam project.
The demonstration was intentionally organized at the park's famous limestone shelf beach—a natural landmark dating back over 350 million years. As a heavily visited tourist destination, the park serves as a key economic and revenue generator for the local government, providing a symbolic backdrop for the community's environmental and heritage preservation message.