With Love

With Love volunteer group for health care and education support

💢 Proof of life လှုပ်ရှားမှု့ 💢အမေ့အတွက် သားတစ်ယောက်ရဲ့ အရိုးရှင်းဆုံးဆန္ဒလေးတစ်ခုဖြစ်သည့် အမေကျန်းကျန်းမာမာ နှင့်ရှိနေသ...
21/04/2026

💢 Proof of life လှုပ်ရှားမှု့ 💢

အမေ့အတွက် သားတစ်ယောက်ရဲ့
အရိုးရှင်းဆုံးဆန္ဒလေးတစ်ခုဖြစ်သည့်
အမေကျန်းကျန်းမာမာ နှင့်ရှိနေသေးသည်ကို
သက်သေနှင့်ပြပေးဖို့အတွက်တောင်းဆိုသည့်
လှုပ်ရှားမှု့လေးဖြစ်သည့် Proof of life
လှုပ်ရှားမှု့လေးစတင်ပြီဖြစ်ပါတယ်။
ကင်မ်နှင့်အမေ့ရဲ့သားသမီးများ အတူတူ
ပါဝင်လှုပ်ရှားပေးဖို့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ခင်ဗျာ။

အစီအစဉ် (၁) အမေစု ကျန်းကျန်းမာမာ ရှိနေကြောင်းကို သက်သေပြပေးရန် အတွက် social media မှတဆင့်
မိမိခံစားချက်များအတိုင်းတောင်းဆိုပေးကြရန် ။

(၂) မိမိနေထိုင်ရာနိုင်ငံများတွင်ပြုလုပ်မည့်
သက်ဆိုင်ရာအစိုးရဌာနများမှတစ်ဆင့်
အမေစုရဲ့သက်ရှိထင်ရှားရှိနေကြောင်း
အထောက်အထားတစ်ခုခုကို စစ်တပ်မှ
ထုတ်ပြပေးနိုင်ရန်အတွက်အကူအညီပေးဖို့
တောင်းဆိုမှု့များတွင်ပါဝင်ပေးကြပါရန်ဖြစ်ပါတယ်ခင်ဗျာ။

အစီအစဉ်များကို All In One Piece Movement
page တွင် ဆက်လက်
ဖေါ်ပြပေးသွားပါမည်ခင်ဗျာ။

(RCS ဖြင့် ပါဝင်ပေးကြပါအုံး)

All In One Piece Movement

21/11/2025
28/01/2025
23/12/2024

တနေ့ (၂) ကြိမ် ပုံမှန် တုပ်ဖြစ်လား ပျားကြီးတို့ ⚡️

နွေဦးပျားတို့အတွက် ဒီဇင်ဘာ ၁၂ ရက်နေ့မှ စပြီး ၁၂ နာရီ တကြိမ်၊ တနေ့ (၂) ခါ တုပ်ဖို့ ပြောင်းလဲပေးပြီးကတည်းက အချိန်မှန် တုပ်ဖြစ်ကြရဲ့လား။

အာဏာရှင် ဝက်ဝံဆိုးရဲ့ရန်မှ လွတ်ကင်းအောင် ပျားကမ္ဘာကို နေ့စဉ်ကာကွယ်ပြီး တာဝန်ကျေပွန်စွာ ရှယ်တုပ်ဖို့က ပျားရဲဘော်တို့ရဲ့ တာဝန်တရပ် ဖြစ်တယ်နော်။

တုပ်ချက်မှန်လေ ဝံကုတ်သက်သာလေ ဖြစ်လို့ ပျားကြီး တယောက်ချင်းစီရဲ့ ဇွဲ၊ လုံ့လနဲ့အတူ ၁၂ နာရီခြားတခါ မှန်မှန်တုပ်ရင်း မြန်မြန်ဖြုတ် ကြရအောင်။

🎮 SpringBees ကမ္ဘာသို့ ဝင်ရောက်ရန်
bit.ly/SpringBeesBot

🐝 တုပ်မယ့်ပျားများ စည်းလုံးရာ
t.me/SpringDevBankCommunity

#ချစ်ပျားတုပ်ချက်

https://www.facebook.com/share/p/17hXCLuUfS/?mibextid=wwXIfr
22/12/2024

https://www.facebook.com/share/p/17hXCLuUfS/?mibextid=wwXIfr

⚠️ ထောက်ပို့တပ်သားများသို့ သတိပေးကြေညာချက် ⚠️

လေးစားချစ်ခင်ရတဲ့ ရဲဘော်တို့ရေ …. PRF မှာ တာဝန်ထမ်းဆောင်တဲ့အခါ
🛑 PRF မှ ကြေညာထားတဲ့ တရားဝင် ထောက်ပို့တပ်သားစုဆောင်းရေးမှူး Fundraiser များ (သို့မဟုတ်)
🛑 Blue Mark ပါတဲ့ PRF page / PRF Telegram များကနေပဲ ပါဝင်ထောက်ပို့ကြဖို့ သတိပေး တိုက်တွန်းချင်ပါတယ်။

လတ်တလောမှာ PRFထောက်ပို့အတွက်ဆိုပြီး Page / Tiktok အကောင့် အတုတွေနဲ့ ကြားခံတဆင့် လိမ်လည်ကောက်ခံနေတာတွေ တွေ့နေရတာကြောင့် ဖြစ်ပါတယ်။

PRF ရဲ့ Official Social Media တွေနဲ့ Official Fundraisers များကလွဲပြီး တခြား နာမည်တူ Page /Channel/ account တွေကနေ ထောက်ပို့ငွေ ကောက်ခံနေတာမျိုး မရှိပါဘူးရှင့် ။ အဲဒီလို PRF အမည်ခံ Page / အကောင့်တွေနဲ့ ကြားကနေတစ်ဆင့် ကောက်ခံနေတာမျိုးသည် စစ်ကောင်စီဘက်က ထောက်လှမ်းနေတဲ့လူတွေလည်း ဖြစ်နိုင်တာမို့ ရဲဘော်တို့လုံခြုံရေးအတွက်လည်း သတိထားရမှာဖြစ်သလို ရဲဘော်တို့ရဲ့ ထောက်ပို့ငွေဟာလည်း အလကား သပ်သပ် ဆုံးရှုံးနိုင်စရာဖြစ်ပါတယ်။

🛑 ဒါ့ကြောင့် ဘယ်လိုဂရုပြုပြီး စစ်ဆေးလို့ရနိုင်မလဲ ဆိုရင်...

ရဲဘော်တို့ ရရှိထားတဲ့ ထောက်ပို့တပ်သားကတ်တွေဟာ စစ်မှန်မှု ရှိ/ မရှိကို ကတ်မှာပါတဲ့ QR Code ကို Scan ဖတ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက အသိမှတ်ပြုထုတ်ပေးထားတဲ့ ကတ်ဖြစ်ကြောင်း အချက်အလက်မှန်ကန်ကြောင်းကို စစ်ကြည့်နိုင်ပါတယ် ။

PRF ထောက်ပို့တပ်သားအဖြစ်တာဝန်ထမ်းဆောင်ဖို့ လုပ်ဆောင်ရတာက လွယ်ကူရိုးရှင်းပြီး သိလိုသမျှကို PRF Admins တွေ ၊ ယုံကြည်စိတ်ချရတဲ့ တရားဝင် FR တွေရဲ့ Admin တွေကလည်း သေချာရှင်းပြဆောင်ရွက်ပေးမှာဖြစ်လို့ ရဲဘော်တို့အနေနဲ့ လွယ်ကူစွာနဲ့ပဲ ကိုယ်တိုင် ထောက်ပို့တာဝန်ကို ထမ်းဆောင်နိုင်ပါတယ်။

- တရားဝင် FR တွေမှ ဖြစ်စေ၊
- PRF ရဲ့ page / telegram မှဖြစ်စေ
- ပြင်ပတွင် ရင်းနှီးကျွမ်းဝင်တဲ့ ရင်ဘက်ချင်းတူ မိတ်ဆွေများနဲ့ဖြစ်စေ တာဝန်ထမ်းဆောင်နိုင်ပြီး တခြားသော အမည်ခံ Page /Channel/ account တွေကနေတဆင့် တာဝန်ထမ်းဆောင်မှုကို မလုပ်ကြဖို့ သတိပေးလိုပါတယ် 🚨

📌 PRF ၏ တရားဝင် ထောက်ပို့တပ်သားစုဆောင်းရေးမှူး Fundraiser များကို ဒီ post မှာ စစ်ဆေးနိုင်ပါတယ်။
https://www.facebook.com/share/p/tCjoapWR7qzW5Dcz/

တာဝန်ထမ်းဆောင်မှုအတွက် လေးစားပါတယ် ရဲဘော်တို့ 🫡

လာပါ ......... ငါတို့ အတူတူရုန်းမယ် 💪💪💪

PRF for PDF

ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အခုဆို Credit Card, Debit Card တွေ အသုံးပြုပြီးလည်း လစဉ် အလွယ်တကူ တာဝန်ထမ်းဆောင်လို့ရပါပြီ။

It’s not an option. It’s “Duty”
Report your duty !


#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF

29/05/2024
06/05/2024

𝓣𝓱𝓮 𝓟𝓻𝓸𝓶𝓲𝓼𝓮 (ကတိကဝတ်)
𝓒𝓪𝓶𝓹𝓪𝓲𝓰𝓷 စတင်ခြင်း

CDMer : လူတွေက ကျတော်တို့ CDM တွေကို မေ့နေကြပြီထင်ပါတယ်။
CDMMN: မမေ့ကြပါဘူးဗျာ။ မေ့လို့လည်းမရပါဘူး CDM ဆိုတာ နွေဦးတော်လှန်ရေးကို စပြီး မောင်းနှင်အသက်သွင်းခဲ့ကြသူတွေထဲမှာ ရှေ့ဆုံးက ပါခဲ့ကြတာပဲလေ။
____________________________
CDMer : CDM တွေကို ထောက်ပံ့တယ်သာ ဆိုတယ် တခါမှလည်း အထောက်အပံ့မရဖူးပါဘူးဗျာ။ ဘယ်သူတွေက ရနေကြလို့လဲ။
CDMMN : မများတဲ့ ပမာဏပေမယ့်၊ ကျန်းမာရေး CDM တိုင်းမဟုတ်ပေမယ့် အချို့သော CDMer အရေအတွက်တစ်ခုတော့ အထောက်အပံ့ ရပြီးကြပါပြီဗျာ လုံခြုံရေးအရ ထုတ်ပြောလို့မဖြစ်ကြလို့သာ မပြောကြတာပါ။ ကျတော်တို့ Page ကနေ လစဉ်ထောက်ပံ့ခဲ့မှုတွေ တင်ပြနေပါတယ်။
____________________________
CDM : CDM တွေက ဒုက္ခမျိုးစုံရောက်နေကြတာ။ အိမ်မီးရှို့ခံရတာတွေ၊ ဖမ်းဆီးထောင်ချခံရတာတွေ၊ ရောဂါဖြစ်ကြ ကိုယ်အင်္ဂါဆုံးရှုံးကြ သေဆုံးကြ စသဖြင့်၊ ဒါတွေကို ဘယ်သူတွေက ဘယ်လိုကူညီစောင့်ရှောက်ပေးမှာလဲ??
CDMMN : အဆိုပါ ထိခိုက်နစ်နာ CDMer တွေအတွက် "ကတိကဝတ် (𝓣𝓱𝓮 𝓟𝓻𝓸𝓶𝓲𝓼𝓮)" ဆိုတဲ့ CDMMN ရဲ့ Campaign ကို ယခုချိန်မှစပြီး စတင်ကြေညာဖွင့်လှစ်လိုက်ပါပြီ
________________________

𝓣𝓱𝓮 𝓟𝓻𝓸𝓶𝓲𝓼𝓮 𝓒𝓪𝓶𝓹𝓪𝓲𝓰𝓷 ဆိုတာဘာလဲ??
𝓣𝓱𝓮 𝓟𝓻𝓸𝓶𝓲𝓼𝓮 ကတိကဝတ် Campaign ဟာ ထိခိုက်နစ်နာ ကျန်းမာရေးCDMer များအတွက် ထိခိုက်နစ်နာ အာမခံများ ဝယ်ယူပေးခြင်း ဖြစ်ပါတယ်။ Member စနစ်နဲ့ လစဉ် ပါဝင်လှူဒါန်းရုံနဲ့ 𝓣𝓱𝓮 𝓟𝓻𝓸𝓶𝓲𝓼𝓮 Member/ ကတိကဝတ်ရှင် အဖြစ်နဲ့ CDMerများအတွက် အာမခံများ ဝယ်ယူပြီးဖြစ်မှာဖြစ်ပါတယ်။

Member တစ်ဦးမှ
တစ်လလျှင် အနည်းဆုံး အာမခံ ၁ယူနစ် = ၁၅,၀၀၀ ကျပ်, တစ်သောင်းခွဲကျပ် (သို့မဟုတ် 5 USD) မှစပြီး လစဉ် ဝယ်ယူလှူဒါန်းသွားရုံဖြင့် ကျန်းမာရေး CDMer ၅၀ ဦးအတွက် အာမခံကြေး လုံလောက်နိုင်ပါသည်။

တစ်လလျှင် ၂ယူနစ် ဝယ်ယူပါက - ဖမ်းဆီးထိန်းသိမ်းခံ တစ်ဦးအတွက် လစဉ်ထောက်ပံ့ခြင်း
တစ်လလျှင် ၃ယူနစ် ဝယ်ယူပါက - ဆေးရုံတက်/ ပိုင်ဆိုင်မှုဆုံး/ သေဆုံး တစ်ဦးဦးအတွက် ထောက်ပံ့ခြင်း
တစ်လလျှင် ၄ယူနစ် ဝယ်ယူပါက - ကိုယ်အင်္ဂါဆုံးရှုံးသူတစ်ဦးအတွက် ထောက်ပံ့ခြင်း
တစ်လလျှင် ၆ယူနစ် ဝယ်ယူပါက - စစ်ကောင်စီကြောင့် ကျဆုံး CDMerတစ်ဦးအတွက် ထောက်ပံ့ခြင်း

စသဖြင့် ကာကွယ်ပေးပြီးဖြစ်ပါမည်။
ကျန်းမာရေး CDMer ပျှမ်းမျှ ၄သောင်းခွဲခန့်ရှိပါသဖြင့် 𝓣𝓱𝓮 𝓟𝓻𝓸𝓶𝓲𝓼𝓮 Member ဦးရေ ၉၀၀ ရှိရန် လိုအပ်ပါသည်။

Member များကို Member Card နှင့် လစဉ်ငွေပေးသွင်း Certificate များ Email ပို့ပေးသွားမည်ဖြစ်ပြီး 𝓣𝓱𝓮 𝓟𝓻𝓸𝓶𝓲𝓼𝓮 Member အဖြစ်ပါဝင်လိုပါက CDM Medical Network Page messenger မှ “The Promise Member ဝင်ရန်” ဟုပို့ပြီး
1. အမည်/Nickname
2. Email
3. လစဉ် ဝယ်ယူလိုသော ယူနစ်အရေအတွက်” တို့ကို ပြောကြားပေးပါက Telegram သို့ ဆက်လက် ညွှန်းပို့ ဆောင်ရွက်ပေးသွားပါမည်။

ကမ်ပိန်းအသေးစိတ် အချက်အလက်များကို နေ့စဉ် ရှင်းလင်းတင်ပြပေးသွားပါမှာမလို့ ဒီ Post ကို React, Comment, Share လုပ်ပြီး CDM Medical Network page ကို Like & Follow , See first လုပ်ထားကြပါဦး။


နိုဝင်ဘာ ဒီဇင်ဘာ.. ခရစ္စမတ်သီချင်းတွေရော.. ဒီဇင်ဘာနံ့သင်းတဲ့ သီချင်းတွေရော.. ဆ်ိုတတ်သလောက်ဆိုကြပြီး အလှူခံခဲ့တယ်.. လိုတဲ...
08/01/2024

နိုဝင်ဘာ ဒီဇင်ဘာ.. ခရစ္စမတ်သီချင်းတွေရော.. ဒီဇင်ဘာနံ့သင်းတဲ့ သီချင်းတွေရော.. ဆ်ိုတတ်သလောက်ဆိုကြပြီး အလှူခံခဲ့တယ်.. လိုတဲ့နေရာလေးတချို့ဆီ ပို့ဖြစ်ခဲ့တယ်..

Address

Bandar Seri Begawan

Website

Alerts

Be the first to know and let us send you an email when With Love posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share