MSDF Support Team

MSDF Support Team Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MSDF Support Team, Non-Governmental Organization (NGO), Sydney.

💢💢 ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်း ဝမ်းနည်းကြောင်း သဝဏ်လွှာရက်စွဲ ။       ။ ၂၀၂၆ ခုနှစ်၊ ၊ သြဂုတ်လ (၃၁) ရက်။             ...
31/08/2026

💢💢 ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်း ဝမ်းနည်းကြောင်း သဝဏ်လွှာ

ရက်စွဲ ။ ။ ၂၀၂၆ ခုနှစ်၊ ၊ သြဂုတ်လ (၃၁) ရက်။
စာအမှတ် ။ ။ MSDF/006/2026

ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP) ၏ အထွေထွေ အတွင်းရေးမှူး၊ ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီ (KSCC) ဥက္ကဋ္ဌနှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကောင်စီဝင် ဦးအောင်ဆန်းမြင့် သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၃၀) ရက်တွင် ကွယ်လွန်သွားကြောင်း သိရှိရသည့်အတွက် မွန်ပြည် ကာကွယ်ရေးတပ် (MSDF) အနေဖြင့် လေးနက်စွာ ဝမ်းနည်း ကြေကွဲရပါသည်။

ဦးအောင်ဆန်းမြင့် သည် အာဏာရှင် စနစ်ကို ဆန့်ကျင်ပြီး ပြည်သူများ၏ ကိုယ်ပိုင် အခွင့်အရေး၊ တန်းတူ ညီမျှမှုနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေးအတွက် ရေရှည်တစိုက်မတ်မတ် ရပ်တည် ကြိုးပမ်းခဲ့သူ တစ်ဦး ဖြစ်ပါသည်။ အထူးသဖြင့် နွေဦးတော်လှန်ရေး ကာလအတွင်း တိုင်းရင်းသား လူမျိုးစုများနှင့် ဒီမိုကရေစီ အင်အားစုများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာလာစေရန် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သူလည်း ဖြစ်ပါသည်။ သူ၏ နိုင်ငံရေးရပ်တည်ချက်နှင့် ပြည်သူ့အရေးအတွက် မဆုတ်မနစ် ကြိုးပမ်းခဲ့မှုများသည် ကရင်နီ ပြည်သူများအတွက်သာမက စစ်အာဏာရှင် စနစ်ကို ဆန့်ကျင် တိုက်ပွဲဝင်နေကြသည့် တစ်နိုင်ငံလုံးရှိ တော်လှန်ရေး အင်အားစုများအတွက်ပါ အမှတ်တရ ဖြစ်စေမည့် အမွေအနှစ် တစ်ရပ်အဖြစ် ကျန်ရစ်မည်ဟု ယုံကြည်ပါသည်။

တော်လှန်ရေး ခရီးလမ်းသည် ခက်ခဲကြမ်းတမ်းသော်လည်း လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုတို့ အတွက် အသက်ပေးခဲ့ကြသူများ၏ ခံယူချက် စိတ်ဓာတ်နှင့် မျှော်လင့်ချက် အိပ်မက်များသည် ဆက်လက် ရှင်သန်နေမည် ဖြစ်ပါသည်။ ဦးအောင်ဆန်းမြင့် ၏ အားထုတ် ကြိုးပမ်းမှုများကိုလည်း ကျွန်ုပ်တို့အနေဖြင့် မမေ့မလျော့ မှတ်တမ်းတင်ထားမည် ဖြစ်ပါသည်။ ကျန်ရစ်သူ မိသားစုဝင်များ၊ ဆွေမျိုးမိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ကရင်နီ ပြည်သူများ၏ ဝမ်းနည်း ကြေကွဲမှုများအပေါ် မွန်ပြည် ကာကွယ်ရေးတပ် (MSDF) မှ ထပ်တူထပ်မျှ ဝမ်းနည်း ကြေကွဲရပါသည်။



မွန်ပြည် ကာကွယ်ရေးတပ် (MSDF)
နိုင်ငံရေး၊ စစ်ရေး ဦးဆောင် ကော်မတီ

ဆက်သွယ်ရန် -
Telegram -

29/08/2026

မွန်တော်လှန်ရေး အဖွဲ့အစည်းများအားလုံး ပူးပေါင်း ဆောင်ရွက်မှု မလုပ်နိုင်ပါကခေတ်သစ် မွန်တော်လှန်ရေး ပိုမို ရှည်ကြာသွားနိုင်ဟု MSDF သတိပေး

ရန်ကုန်၊ ဩဂုတ် ၂၈

တော်လှန်ရေး အဖွဲ့အစည်းများအားလုံး တရားမျှတစွာ စစ်မှန်သည့် ပူးပေါင်းဆောင်ရွက်မှု မလုပ်နိုင် ပါက တော်လှန်ရေး ပိုမို ရှည်ကြာသွားနိုင်ကြောင်း မွန်ပြည်ကာကွယ်ရေးတပ် (MSDF) သတိပေး လိုက်သည်။

ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့တွင် ကျရောက်သော ၇၉ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ တိုက်တွန်း နှိုးဆော်ချက်တွင် ထည့်သွင်းကာ သတိပေးထားခြင်းဖြစ်သည်။

မွန်ပြည် ကာကွယ်ရေးတပ် (MSDF) အနေဖြင့် မွန်လူမျိုးများ၏ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိသည့် နိုင်ငံရေး အပြင် နိုင်ငံတဝန်းရှိ လူမျိုး၊ ဘာသာမရွေး လွတ်လပ်ခွင့်အတွက် အခြားသော မွန်တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့များ၊ ပြည်တွင်း ပြည်ပမှ မွန်ပြည်သူ ပြည်သားများ၊ ဘဝတူ အဖိနှိပ်ခံ တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နွေဦးတော် လှန်ရေး၌ ပေါ်ပေါက်လာသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ဆက်လက် တိုက် ပွဲဝင်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

ယနေ့ အချိန်တွင် အာဏာသိမ်း စစ်တပ်သည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် (အတု အယောင်) တရားမဝင် ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံဖြင့် အကောင် အထည်ဖော်ခဲ့ပြီး ပေါ်ပေါက် လာသော (အတု‌အယောင်) အစိုးရအဖွဲ့ကို ဖွဲ့စည်းကာ နိုင်ငံ တော် အာဏာကို ချုပ်ကိုင်၍ တရား၀င် မှုရယူရန် ကြိုးစားလျက်ရှိသည်ဟု ဆိုသည်။

ထို့အပြင် ပြည်သူလူထု အပေါ် အကြမ်းဖက် လုပ်ရပ်များကို နည်းလမ်း မျိုးစုံဖြင့် နေ့စဥ် လုပ်ဆောင် ကာ စစ်ရာဇ၀တ်မှုများကို ကျူးလွန်လျက်ရှိရာ ပြည်သူလူထုအနေဖြင့် အာဏာ သိမ်း အကြမ်းဖက်စစ် တပ်၏ လုပ်ရပ်များတွင် ပူးပေါင်း ပါ၀င် ဆောင်ရွက်ခြင်း မပြုဘဲ ဆန့်ကျင် ကန့်ကွက်သွားရန် လိုအပ် ပါကြောင်း ထောက်ပြထားသည်။

ထို့ကြောင့် မွန်လူမျိုး၊ မွန်ပြည်နယ် အခြေပြု နိုင်ငံရေးနှင့် စစ်ရေးတွင် ဦးဆောင်နေသော တော်လှန် ရေးအဖွဲ့အစည်းများမှ တာ၀န်ရှိ ခေါင်းဆောင်များအနေဖြင့် မွန်ပြည်သူ လူထုအကျိုးအတွက် ပုဂ္ဂိုလ် စွဲ အဖွဲ့အစည်းစွဲ မထားဘဲ သက်ဆိုင်ရာ မွန် အင်အားစုများ အား လုံးနှင့် ပေါင်းစည်း ညီညွတ်ရေးကို အောင်မြင်အောင် စွမ်းစွမ်းတမံ ဆောင်ရွက်ရမည့် အချိန်အခါဖြစ်ကြောင်း၊ နိုင်ငံရေး၊ စစ်ရေးအရ အားကောင်းရေးအတွက် စစ်မှန်သော ညီ ညွတ်မှုကို အခြေခံပြီး စည်းလုံး ညီညွတ်စွာဖြင့် မဖြစ်မနေ စုဖွဲ့ရမည့် အချိန်အခါလည်း ဖြစ် ကြောင်း သတိပေးထားသည်။

လက်ရှိတွင် ကွဲပြားနေသော မွန်အစုအဖွဲ့များကို စုစည်းနိုင်ရန် အတွက် ခေါင်းဆောင်များနှင့် တာဝန် ရှိသူများ အကြား ကြိုးပမ်းညှိနှိုင်းမှုများ၊ ဆွေးနွေးပွဲများ ရှိနေသည်ဟု ဆိုသော် လည်း ယနေ့တိုင် တိ ကျ သေချာသော ရလဒ်တစ်ခု ထွက်လာရန် လိုအပ်နေဆဲ ဖြစ် ကြောင်း၊ ၂၀၂၆ ခုနှစ်၊ မတ်လတွင် မွန် တော်လှန်ရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရန်၊ စည်းလုံးညီညွတ်မှု မြှင့် တင်ရန် ရည် ရွယ်ပြီး ပြုလုပ်ခဲ့သော “ မွန်တော် လှန်ရေး ဖိုရမ် ” ၏ နောက်ဆက်တွဲ ကောင်းမွန်သော ရလဒ်များ ရရှိရန်အတွက် မွန်လူထုက မျှော်လင့် စောင့်မျှော်လျက် ရှိသောကြောင့် သက်ဆိုင်ရာ ခေါင်းဆောင် များ အနေဖြင့် ပြီးမြောက် အောင်မြင်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန်မှာ မွန်ပြည်နယ်နှင့် မွန်လူထုအ တွက် လွန်စွာ အရေးကြီးကြောင်း အသိပေးထားသည်။

ရန်သူသည် သွေးခွဲအုပ်ချုပ်သည့် မဟာဗျူဟာကို အသုံးပြုလေ့ရှိရာ မွန်အင်အားစုများအကြား ကွဲ ပြား နေပါက တော်လှန်ရေးကို ဖြိုခွဲရန် ပိုမိုလွယ်ကူမည် ဆိုသည့်အချက်ကို သတိပြုကြစေလို ကြောင်း၊ အတိတ်သမိုင်း သင်ခန်းစာများကို မှန်ပြတင်းသဖွယ် ကြည့်ရှုပြီး ပြုပြင် ပြောင်းလဲရမည့် အချိန် အခါကောင်းပင်ဖြစ်ကြောင်း ထောက်ပြထားသည်။

ယခု အချိန်အခါတွင် မွန်တော်လှန်ရေး အဖွဲ့အစည်းများအားလုံး တရားမျှတစွာ စစ်မှန်သည့် ပူးပေါင်း ဆောင်ရွက်မှု မလုပ်နိုင်ပါက မွန်ပြည်နှင့် မွန်လူထုအတွက် များစွာနစ်နာပြီး ခေတ်သစ်မွန်တော်လှန် ရေး သည်လည်း ပိုမို ရှည်ကြာသွားနိုင်ကြောင်း၊ ထိုကြောင့် မွန်တော်လှန်ရေး အစုအဖွဲ့များအကြား၊ တော်လှန်ရေး မဟာမိတ်များအကြား ညီညွတ်သော ဘုံနိုင်ငံရေး လမ်းစဥ်များ၊ မျှတသော နိုင်ငံရေး သဘောတူညီမှုများ ချမှတ်ပြီး နိုင်ငံရေး၊ စစ်ရေး အရွေ့များ ဖန်တီး ဖော်ဆောင်ကြရန် တိုက်တွန်း ထားသည်။

28/08/2026

စစ်ပွဲရှည်ကြာမသွားဖို့ မွန်တော်လှန်ရေးအဖွဲ့တွေ အမြန်စည်းလုံးရေး MSDF ဆော်ဩ



https://www.facebook.com/share/v/1CvKU1QiwR/

🚩💢  (၇၉) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ တိုက်တွန်း နှိုးဆော်ချက်ရက်စွဲ ။       ။ ၂၀၂၆ ခုနှစ်၊ ၊ သြဂုတ်လ (၂၈) ရက်။စာအမှတ်...
28/08/2026

🚩💢 (၇၉) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ တိုက်တွန်း နှိုးဆော်ချက်

ရက်စွဲ ။ ။ ၂၀၂၆ ခုနှစ်၊ ၊ သြဂုတ်လ (၂၈) ရက်။
စာအမှတ် ။ ။ MSDF/005/2026

ယနေ့ ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်နေ့သည် မွန်လူမျိုးတို့၏ “ (၇၉) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ” ဖြစ်သည်။ မွန်လူမျိုးတို့သည် ကိုယ်ပိုင် ပြဌာန်းခွင့်နှင့် ကိုယ့် ကံကြမ္မာကိုယ် ဖန်တီးခွင့်ရှိသည့် လူမျိုး ဖြစ်သည်။ ၎င်း အခွင့်အရေးအတွက် ငြိမ်းချမ်းသော နိုင်ငံရေး နည်းလမ်းများဖြင့် နှစ်ရှည် လများစွာ တောင်းဆို ခဲ့သော်လည်း မအောင်မြင်ခဲ့ခြင်းကြောင့် (၁၃၁၀) ခုနှစ်၊ ဝါခေါင်လပြည့်နေ့၊ ၁၉၄၈ ခုနှစ်တွင် နိုင်ပန်းသာ၊ နိုင်မောင်သိမ်းနှင့် မွန်မျိုးချစ် လူငယ် (၂၇) ဦးမှ ဦးဆောင်ကာ ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာ ကာကွယ်ရေး စခန်းနှင့် အနီးဝန်းကျင်ရှိ ကာကွယ်ရေး စခန်းများကို၊ ဝင်ရောက် တိုက်ခိုက် စီးနင်းခဲ့ပြီး မွန်တို့၏ ခေတ်သစ် မွန်လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့သည်။ တော်လှန်ရေးကာလတစ်လျှောက်တွင် အသက်၊ သွေး၊ ချွေးပေးဆပ်သွားသော ခေါင်းဆောင်များ၊ ရဲဘော်များနှင့် မျိုးချစ်ပြည်သူများ အားလုံးအား ကျွန်ုပ်တို့ မွန်ပြည် ကာကွယ်ရေးတပ် (MSDF) မှ အလေးအနက်ထားပြီး ဦးညွတ် ဂုဏ်ပြုအပ်ပါသည်။

ကျွန်ုပ်တို့ မွန်ပြည် ကာကွယ်ရေးတပ် (MSDF) အနေဖြင့် မိမိတို့ မွန်လူမျိုးများ၏ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိသည့် နိုင်ငံရေးအပြင် နိုင်ငံတဝန်းရှိ လူမျိုး၊ ဘာသာမရွေး လွတ်လပ်ခွင့်အတွက် အခြားသော မွန်တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့များ၊ ပြည်တွင်း ပြည်ပမှ မွန်ပြည်သူ ပြည်သားများ၊ ဘဝတူ အဖိနှိပ်ခံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နွေဦးတော်လှန်ရေး၌ ပေါ်ပေါက်လာသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်သည်။

ယနေ့ အချိန်တွင် အာဏာသိမ်း စစ်တပ်သည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် (အတုအယောင်) တရားမဝင် ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ခဲ့ပြီး ပေါ်ပေါက်လာသော (အတု‌အယောင်) အစိုးရအဖွဲ့ကို ဖွဲ့စည်းကာ နိုင်ငံတော် အာဏာကို ချုပ်ကိုင်၍ တရား၀င်မှုရယူရန် ကြိုးစားလျက်ရှိပါသည်။ ပြည်သူလူထု အပေါ် အကြမ်းဖက် လုပ်ရပ်များကို နည်းလမ်း မျိုးစုံဖြင့် နေ့စဥ် လုပ်ဆောင်ကာ စစ်ရာဇ၀တ်မှုများကို ကျူးလွန်လျက် ရှိသည်။ ပြည်သူလူထုအနေဖြင့် အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်များတွင် ပူးပေါင်း ပါ၀င် ဆောင်ရွက်ခြင်း မပြုဘဲ ဆန့်ကျင် ကန့်ကွက်သွားရန် လိုအပ်ပါသည်။

မွန်ပြည် ကာကွယ်ရေးတပ် (MSDF) အနေဖြင့် လက်ရှိ အချိန်တွင် မွန်လူမျိုး၊ မွန်ပြည်နယ် အခြေပြု နိုင်ငံရေးနှင့် စစ်ရေးတွင် ဦးဆောင်နေသော တော်လှန်ရေးအဖွဲ့အစည်းများမှ တာ၀န်ရှိ ခေါင်းဆောင်များအား တိုက်တွန်း လိုသည်မှာ -

၂၀၂၁ ခုနှစ် အာဏာသိမ်း အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်ကို လက်မခံနိုင်၍ ခုခံတော်လှန် တိုက်ပွဲဝင်ရန် ရည်ရွယ်ပြီး နိုင်ငံရေး စစ်ရေး အရ ပေါ်ပေါက်လာသော အဖွဲ့အစည်းများအနေဖြင့် ၁၉၄၇ ခုနှစ်၊ လွတ်လပ်ရေး ရပြီးနောက် ဖြစ်ပေါ်ခဲ့သော သမိုင်းသင်ခန်းစာများကို ပြန်လည်သုံးသပ်ပြီး ယခုအချိန်တွင် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အာမခံချက် ရှိသော မွန်ပြည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် စုပေါင်း အုတ်မြစ်ချပြီး ပြင်ဆင်ရန် လိုအပ်သော အချိန်ဖြစ်သည်ကို ကောင်းစွာ သိမြင် နားလည်ကြလိမ့်မည်ဟု ယုံကြည် ပါသည်။ မွန်ပြည်သူ လူထုအကျိုးအတွက် ပုဂ္ဂိုလ်စွဲ အဖွဲ့အစည်းစွဲ မထားဘဲ သက်ဆိုင်ရာ မွန် အင်အားစုများ အားလုံးနှင့် ပေါင်းစည်း ညီညွတ်ရေးကို အောင်မြင်အောင် စွမ်းစွမ်းတမံ ဆောင်ရွက်ရမည့် အချိန်အခါလည်းဖြစ်ပါသည်။

အာဏာသိမ်း အကြမ်းဖက် စစ်တပ်ကို နည်းအမျိုးမျိုးဖြင့် တော်လှန်နေသော မွန် အင်အားစုများအနေဖြင့် နိုင်ငံရေး၊ စစ်ရေးအရ အားကောင်းရေးအတွက် စစ်မှန်သော ညီညွတ်မှုကို အခြေခံပြီး စည်းလုံး ညီညွတ်စွာဖြင့် မဖြစ်မနေ စုဖွဲ့ရမည့် အချိန်အခါလည်း ဖြစ်ပါသည်။ လက်ရှိတွင် ကွဲပြားနေသော မွန်အစုအဖွဲ့များကို စုစည်းနိုင်ရန် အတွက် ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ အကြား ကြိုးပမ်းညှိနှိုင်းမှုများ၊ ဆွေးနွေးပွဲများ ရှိနေသည်ဟု ဆိုသော်လည်း ယနေ့တိုင် တိကျ သေချာသော ရလဒ်တစ်ခု ထွက်လာရန် လိုအပ်နေဆဲ ဖြစ်သည်။

၂၀၂၆ ခုနှစ်၊ မတ်လတွင် မွန်တော်လှန်ရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရန်၊ စည်းလုံးညီညွတ်မှု မြှင့် တင်ရန် ရည်ရွယ်ပြီး ပြုလုပ်ခဲ့သော “ မွန်တော်လှန်ရေး ဖိုရမ် ” ၏ နောက်ဆက်တွဲ ကောင်းမွန်သော ရလဒ်များ ရရှိရန်အတွက် မွန်လူထုက မျှော်လင့် စောင့်မျှော်လျက် ရှိသောကြောင့် သက်ဆိုင်ရာ ခေါင်းဆောင်များ အနေဖြင့် ပြီးမြောက် အောင်မြင်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန်မှာ မွန်ပြည်နယ်နှင့် မွန်လူထုအတွက် လွန်စွာ အရေးကြီး ပါသည်။

ရန်သူသည် သွေးခွဲအုပ်ချုပ်သည့် မဟာဗျူဟာကို အသုံးပြုလေ့ရှိရာ မွန်အင်အားစုများအကြား ကွဲပြားနေပါက တော်လှန်ရေးကို ဖြိုခွဲရန် ပိုမိုလွယ်ကူမည် ဆိုသည့်အချက်ကို သတိပြုကြစေလိုပါသည်။ အတိတ်သမိုင်း သင်ခန်းစာများကို မှန်ပြတင်းသဖွယ် ကြည့်ရှုပြီး ပြုပြင် ပြောင်းလဲရမည့် အချိန် အခါကောင်းပင်ဖြစ်သည်။

ယခု အချိန်အခါတွင် မွန်တော်လှန်ရေး အဖွဲ့အစည်းများအားလုံး တရားမျှတစွာ စစ်မှန်သည့် ပူးပေါင်း ဆောင်ရွက်မှု မလုပ်နိုင်ပါက မွန်ပြည်နှင့် မွန်လူထုအတွက် များစွာနစ်နာပြီး ခေတ်သစ် မွန်တော်လှန်ရေး သည်လည်း ပိုမို ရှည်ကြာသွားနိုင်ပါသည်။ ထိုကြောင့် မွန်တော်လှန်ရေး အစုအဖွဲ့များအကြား၊ တော်လှန်ရေး မဟာမိတ်များအကြား ညီညွတ်သော ဘုံနိုင်ငံရေး လမ်းစဥ်များ၊ မျှတသော နိုင်ငံရေး သဘောတူညီမှုများ ချမှတ်ပြီး နိုင်ငံရေး၊ စစ်ရေး အရွေ့များ ဖန်တီး ဖော်ဆောင်ကြရန် “ (၇၉) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ” တွင် အလေးအနက်ထား၍ တိုက်တွန်း နှိုးဆော် အပ်ပါသည်။


“ တော်လှန်ရေး ညီညွတ်ရေးမှသည်
မွန်ပြည် ဖက်ဒရယ် ပြည်ထောင်စု ဆီသို့ ”


မွန်ပြည် ကာကွယ်ရေးတပ် (MSDF)
နိုင်ငံရေး၊ စစ်ရေး ဦးဆောင် ကော်မတီ

၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်နေ့

ဆက်သွယ်ရန် -
Telegram -

#ဒပစဵုဒၞာဍုၚ်မန်
#မန်ပြည်ကာကွယ်ရေးတပ်



#တၚဲပၠန်ဂတးမန်
#မန်တော်လှန်ရေးနေ့


#နူပရေင်ပၠန်ဂတးပရေင်ညဳသၟဟ်ဂှ်
#စိုပ်ဍုင်မန်ကၟိန်ဍုင်ဖေဒ်ရေလ် တေံ

#ဒပ်စဵုဒၞာဍုၚ်မန်
#မန်ပြည်ကာကွယ်ရေးတပ်



#တ္ၚဲပၠန်ဂတးမန်
#မန်တော်လှန်ရေးနေ့


#နူပရေင်ပၠန်ဂတးပရေင်ညဳသၟဟ်ဂှ်
#စိုပ်ဍုင်မန်ကၟိန်ဍုင်ဖေဒ်ရေလ် တေံ

🚩💢 ဂလာန်ဗတိုက်ဖအောဝ်ဆဝ်ဗ္ၚုဟ်တ္ၚဲပၠန်ဂတးမန် မရနုက်ကဵု (၇၉) ဝါစၟတ်တ္ၚဲ ။ ။ ၂၈ ဂိတုအဝ်ဂါတ်၊ သၞာံ ၂၀၂၆။                    ...
27/08/2026

🚩💢 ဂလာန်ဗတိုက်ဖအောဝ်ဆဝ်ဗ္ၚုဟ်
တ္ၚဲပၠန်ဂတးမန် မရနုက်ကဵု (၇၉) ဝါ

စၟတ်တ္ၚဲ ။ ။ ၂၈ ဂိတုအဝ်ဂါတ်၊ သၞာံ ၂၀၂၆။
စၟတ်လိက် ။ ။ MSDF/005/2026

တ္ၚဲဏအ် ဂိတုခ္ဍဲသဳပေင် သက္ကရာဇ်ဍုင် ၁၃၈၈ မဒှ် “ တ္ၚဲပၠန်ဂတးမန် မရနုက်ကဵု (၇၉) ဝါ ” ရ။ ကောန်ဂကူမန်ဝွံ မဒှ်ကောန်ဂကူမၞုံအခေါင်ဖန်ဖက်ပရေင်ဂကူဇကု မွဲဂကူကီုရောင်။ သွက်ကလိဂွံအခေါင်အရာဝွံဂှ် နနဲပရေင်ဍုင်ကွာန် အာတ်မိက်ကၠုင် ဗွဲမၜိုဟ်လလမ် ပွိုင်အခိင်သၞာံအခါဗွဲမလအ်လကီုလေဝ် ဟွံဂွံအံင်ဇၞးတုဲ ပ္ဍဲသက္ကရာဇ် ၁၃၁၀ ဂိတု ခ္ဍဲသဳပေင်ဂှ် နာဲပါန်သာ၊ နာဲသိင်မိုင် ကေုာံသၟတ်ဆာန်ဂကူ ၂၇ တၠ ဍိုက်က္ဍိုပ်တုဲ ဍိုက်လုပ်ဗတိုက်သီဂွံဒပ်စဵုဒၞာကွာန်သပၠင် ပွိုင်ဍုင်ဘာအင် ကေုာံ ဒပ်စဵုဒၞာကွာန်ပွဳပွိုင်ကွာန်သပၠင်ဂှ် မဒှ်ပရေင်ပၠန်ဂတးရပ်လွဟ်ကောန်ဂကူမန်ခေတ်တၟိ ကမြဴတမ် က္တဵုဒှ်ကၠုင်ရ။ မွဲဒမြိပ် အခိင်ပၠန်ဂတးဝွံဂှ် က္ဍိုပ်သ္ကိုပ်ဂမၠိုင်၊ သရာဲသဂံင်ဂမၠို၊ သီုကောန်ဍုင်ကောန်ကွာန်ညးဆာန်ဂကူ ဂမၠိုင် မပူဇဴလဝ်လမျီု ဆီ ပဠက်၊ သီုညးဖအိုတ်ဂှ် ပိုဲ ဒပ်စဵုဒၞာဍုင်မန် (MSDF) ပ္တိုန်ဂုဏ်စရာဲမသၠုင်ပြဲတုဲ သ္ပရှ်ေသှ်ေရဴဂဴ ဗွဲမဇြိုဟ်နက်ရ။

ဒပ်စဵုဒၞာဍုင်မန် (MSDF) ပိုဲဝွံ တဝ်စၞေဟ်သွက်အခေါင်ဗၠးၜးသဂွံဂွံဖန်ဖက်ပရေင်ဍုင်ကွာန်ကောန်ဂကူမန်ကီု၊ သ္အာင်နူပိုဲပၠန်ဂှ် ကုဒပ်ပၠန်ဂတးရပ်လွဟ်မန်တၞဟ်ဟ်ကီု ကောန်ညးဍုင်ကွာန်မန်အပ္ဍဲဍုင်မ္ၚးဍုင်ကီု၊ ဒပ်ရပ်လွဟ် ကောန်ဍုင် အရင်မဒးဒုင်ဍဵုဍိုက် ဘဝတုပ်ဂမၠိုင်ကီု၊ ဒပ်စဵုဒၞာညးဍုင်ကွာန်ဂမၠိုင်မမံက်တိုန်ပ္ဍဲအခိင် ပၠန်ဂတးတမ်ကညင်ကီု သီုရဲပၠန်ဂတးအလုံမွဲကၟိန်ဍုင် ဟွံရုဲဂကူဘာသာ ပိုဲဆက်လုပ်အာပေါဲဗတိုက် မွဲကရောံမွဲစွံရောင်။

အခိင်လၟုဟ်ဏအ် ဒပ်ပၞာန်သီအဝဵုဏအ်ဝွံ သွက်သၞောတ်တၠအဝဵုပၞာန်အယုက်ဂွံဂၠိင်အာဂှ် ကၠောန်ဗဒှ်ပေါဲရုဲမာဲ (ပလွေဟ်) စကာနဲကဲနာနာသာ် ဟၟဲကဵုဗဗွဲဓဝ် ဓမံက်ရုပ်ရဴဒက်ပ္တန်အလဵုအသဳ (ပလွေဟ်) ကေမ်ဇျှာပ်လဝ်အဝဵုအာဏာ ကၟိန်ဍုင်တုဲ ဂိုတ်ဂစာန်ဒၟံင်ညံင်သဂွံဒှ်အလဵုအသဳဗဗွဲဓဝ်ရောင်မဒှ်ရ။ လတူကောန်ညးဍုင်ကွာန်ဂမၠိုင် ပွမပ္ကီုပရာပ်နနဲ နာနာသာ် ကၠောန်သ္ပဒၟံင်ရိုဟ်ဒဒှ်တ္ၚဲတုဲ လုတ်သာတ်ဒၟံင်အမှုရာဇာဝတ်ပၞာန်ဗွဲမဂၠိုင်ရ။ နကဵုကောန်ညးဍုင်ကွာန်ဂမၠိုင် ပွကမၠောန်ဒပ်ပၞာန်သီအဝဵုကြာန်န်ဏအ်ဂှ် ဟွံဗိုင်ရေင်တၠုင်ဆဂှ်ဓဝ်ဟွံသေင် ညံင်သ္ဂောံဒစဵုဒစးအာပွကမၠောန်ဒပ်ပၞာန် ပ္ကီုပရာပ်ဂှ်လေဝ် ဂပ်ဝ်သ္ဒးချပ်ကၠောန်အာကီုရောင်။

နူဒပ်စဵုဒၞာဍုင်မန် (MSDF) အခိင်လၟုဟ်ဏအ် ပိုဲမိက်ဂွံဗ္တိုက်ဖအောဝ်ဏာ ကဵုညးမၞုံတာလျိုင်က္ဍိုပ်သ္ကိုပ် ပရေင်ဍုင်ကွာန် ပရေင်ပၞာန် ပ္ဍဲဂကောံပၠန်ဂတးဂမၠိုင် ညးမသ္ပသဇိုင်ဒၟံင်ကဵုကောန်ဂကူမန် ပ္ဍဲတွဵုရးဍုင်မန်ဏအ် သာ်လဵုရောမ္ဂး -

ပွကမၠောန်ဒပ်ပၞာန်ပ္ကီုပရာပ်သီအဝဵု သၞာံ ၂၀၂၁ ဂှ် ဒုင်တဲဟွံမာန်တုဲ မက္တဵုဒှ်တိုန်ဂကောံဂမၠိုင်ဝွံ နကဵုရန်တၟအ် ပရေင်ဍုင်ကွာန် ပရေင်ပၞာန် တၞဟ်နသဂွံပၠန်ဂတး တဝ်စၞေဟ်လုပ်ပေါဲဗတိုက်ဂှ် ဒးကေတ်ခန်လ္ၚတ်ကလေင်သ္ၚဳဂၠိပ် ဝင်အတိက် နူသၞာံ ၁၉၄၇ တေံ မဂွံဗၠးၜးတုဲဂှ်၊ အခိင်လၟုဟ်ဏအ် မဒှ်အခိင်ပိုဲသ္ဒးပံင်ကောံ ပလေဝ်ပလေတ်ဖျေံရိုဟ်ကၞက် ဒက်ပ္တန်ဍုင်မန် ကၟိန်ဍုင်ဝှေဒ်ရေလ်ဒဳမဝ်ကရေဇြဳ မနွံကဵုတင်ဒုင်လယိုင်ဂှ် ပိုဲညးဂမၠိုင်တီညာတ်ကၠိုဟ်ကေတ်ရောင် ပတှ်ေကေတ်ရ။ သွက်ဂုဏ်ဖဵုညးဍုင်ကွာန်မန်ဟေင် ဟွံရန်ကဵုဂုဏ်ဖဵုပူဂဵု ဂုဏ်ဖဵုဂကောံမွဲသာ် ဂကောံဒြဟတ်ကောန်ဂကူ မန်သီုဖအိုတ် ညံင်ဂွံသၟဟ်သၟန် ကောံကလောအ်ဂှ် မဒှ်အခိင်အခါဒးဂိုတ်ဂစာန်ရေင်တၠုင်အာမွဲကရောံမွဲစွံရောင်။

ဂကောံဒြဟတ်မန်ဂမၠိုင် မပၠန်ဂတးဒၟံင်ကဵုဒပ်ပၞာန်ပ္ကီုပရာပ်သီအဝဵု နကဵုနဲကဲနာနာသာ်တအ်ဂှ် ဒုင်သဇိုင်ကဵု ပရေင်ညဳသၟဟ်မဍာံစၟတ်တုဲ ဒြဟတ်ပရေင်ဍုင်ကွာန် ပရေင်ပၞာန် ညံင်ဂွံခိုဟ်တိုန်အာဂှ် ဗွဲမညဳသာကောံကလောအ်တုဲ ဟွံဒှ်ညံင်ဂွံဒှ် ဂပ်ဝ်ဒက်ပ္တန်ဒပ်ပံင်ကောံမွဲရောင်။ လၟုဟ်ဏအ် ဂကောံမန်ဂမၠိုင်မပြးဇးဒၟံင်ဂှ် ညံင်ဂွံကောံရင်သ္ကအ်ဂှ် အကြာက္ဍိုပ်သ္ကိုပ်ဂမၠိုင် ညးမနွံတာလျိုင်ဂမၠိုင် ဂိုတ်ဂစာန်ပ္ညဳပ္ညပ် ကောံဓရီုညးသ္ကအ်နွံဒၟံင်ဒှ်ကၠာလေဝ် သွဟ်ချိုတ်တ်ပၠိုတ်တ် ဒဵုတ္ၚဲဏအ် ဟွံမံက်ကၠုင်ဏီရ။

ပ္ဍဲသၞာံ ၂၀၂၆ ဂိတုမာဆ်ဂှ် ဂကောံပၠန်ဂတးမန်ဂမၠိုင် ရန်တၟအ်သွက်ဂွံပံင်တဲရေင်တၠုင်ပရေင်ညဳသၟဟ်ဗိုန်ဇၟအ် ဂွံသၠုင်တိုန်ဂးတုဲ ကၠောန်ဗဒှ် “ ဝှဝ်ရာမ်ဗွိုင်ပၠန်ဂတးမန် ” တုဲကၠုင်ရ။ အဆက်ဗွဲကြဴဂှ် မူဖဵုပရဲဂမၠိုင်မကလိဂွံရော၊ ကောန်ညးဍုင်ကွာန်မန်ဂမၠိုင်မင်စၟဳဒၟံင်နွံတုဲ နကဵုက္ဍိုပ်သ္ကိုပ်ဂကောံညးမဆေင်စပ်တအ် ညံင်ဂွံပံင်တဲရေင်တၠုင် သဂွံအံင်ဇၞး စိုပ်ဒတုဲဖဵုမာန်ဂှ် သွက်တွဵုရးဍုင်မန်ကီု သီုညးဍုင်ကွာန်မန်ဂမၠိုင်ကီု ပၟိက်ဇၞော်ဗွဲမလောန်ရောင်။

သၞသတြုဂှ် စကာမဟာဗျူဟာပါ်ပရးတုဲအုပ်ဓုပ် ဒြဟတ်ဂကောံမန်တအ်ပြးထ္ကးဒၟံင်မ္ဂး သွက်ဍေံသဂွံသရိုဟ် ပလီုထောံ ပရေင်ပၠန်ဂတးလောဲသွာရောင်ဂှ် ဒးကဵုစွံသတိ။ ခန်လ္ၚတ်ပ္ဍဲဝင်ပ္ဍဲအတိက်ဂှ် ပိုဲသ္ဒးကျောဝ်ရံင်အာညာတ်အာ ညံင်ရဴကျောဝ်ညာတ်အာနူဗတင်ဒ္ၚောဝ်ဂှ်တုဲ ပလေဝ်ပလေတ်သရပ်ဖဍပ်လဝ် သွက်ဂွံပြံင်သၠာဲဂှ် မဒှ်အခိင်အခါခိုဟ်ရောင်။

အခိင်လၟုဟ်ဏအ် ဂကောံပၠန်ဂတးမန်သီုဖအိုတ် ယဝ်ရဟွံရေင်တၠုင်ပရေင်ပံင်ကောံသၟဟ်သၟန် ဗွဲမဍာံစၟတ်မ္ဂး ဒှ်လလေင်ဖဵုသွက်ကောန်ညးဍုင်ကွာန်မန်ဗွဲမဂၠိုင်တုဲ ပရေင်ပၠန်ဂတးမန်ခေတ်တၟိဏအ်လေဝ်အာယုက် ဂၠိင်သ္ၚောဲအာ ရောင်။ ဟိုတ်သာ်ဂှ်ရ အကြာဂကောံပၠန်ဂတးမန်ဂမၠိုင် ဂကောံမဟာမိတ်ဂမၠိုင် ညံင်ဂွံဖျေံသ္ဂုတ်သွာတ် ပရေင်တုပ်စိုတ် ဂၠံင်တရဴ ပၞိဟ်ပရေင်ဍုင်ကွာန် သမသၟဟ်တးဂှ်တုဲ ချဳဒရာင်ဓမံက်အာရုပ်ရဴပရေင်ပၞာန်မာန်ဂှ် ဆဝ်ဗ္ၚုဟ်ဏာဗွဲမဇြိုဟ်နက် ပ္ဍဲ “ တ္ၚဲပၠန်ဂတးမန် မရနုက်ကဵု (၇၉) ဝါ ” ဝွံရ။

“ နူ ပရေင်ပၠန်ဂတး ပရေင်ညဳသၟဟ် ဂှ်
စိုပ် ဍုင်မန် ကၟိန်ဍုင်ဖေဒ်ရေလ် တေံ ”


ဒပ်စဵုဒၞာဍုင်မန် (MSDF)
ကမ္မတဳဍိုက်က္ဍိုပ်ပရေင်ဍုင်ကွာန်၊ ပရေင်ပၞာန်

သက္ကရာဇ်ဍုင် ၁၃၈၈၊ ဂိတုခ္ဍဲသဳပေင်

ကေတ်အဆက် -
Telegram -

#ဒပစဵုဒၞာဍုၚ်မန်
#မန်ပြည်ကာကွယ်ရေးတပ်



#တၚဲပၠန်ဂတးမန်
#မန်တော်လှန်ရေးနေ့


#နူပရေင်ပၠန်ဂတးပရေင်ညဳသၟဟ်ဂှ်
#စိုပ်ဍုင်မန်ကၟိန်ဍုင်ဖေဒ်ရေလ်တေံ

🚩💢  (၇၉) နှစ်ပြည့် မွန်တော်လှန်ရေးနေ့နှင့် အကူးအပြောင်းကာလ တော်လှန်ရေး အလားအလာသတင်းဆောင်းပါး - ကညန်းလွတ်လပ်သော မွန်သတင်း...
27/08/2026

🚩💢 (၇၉) နှစ်ပြည့် မွန်တော်လှန်ရေးနေ့နှင့် အကူးအပြောင်းကာလ တော်လှန်ရေး အလားအလာ

သတင်းဆောင်းပါး - ကညန်း
လွတ်လပ်သော မွန်သတင်းအေဂျင်စီ (August 27, 2026)

မွန်လူမျိုးတို့၏ ဆုံးရှုံးနေသော အမျိုးသားအခွင့်အရေးများ ပြန်လည်ရရှိရေး၊ မိမိတို့၏ ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်နှင့် ဘိုးဘွားပိုင်နယ်မြေများကို ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် စတင်ခဲ့သည့် မွန်အမျိုးသားတော်လှန်ရေးသည် ယနေ့တိုင် ဆက်လက်ရှင်သန်နေဆဲ ဖြစ်သည်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ဖဆပလအစိုးရထံ မွန်အမျိုးသားများက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။ ထို့ကြောင့် နိုင်ပန်းသားနှင့် နိုင်မောင်သိန်းတို့ ဦးဆောင်သည့် မွန်လူငယ် ၂၇ ဦးတို့ ကရင်ပြည်နယ်၊ ဇာသပြင်ကျေးရွာရှိ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ မွန်လက်နက်ကိုင် တော်လှန်ရေး သမိုင်း စတင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ လက်နက်ကိုင်စွဲ တော်လှန်ခဲ့သည့် ဝါခေါင်လပြည့်နေ့ကို “မွန်တော်လှန်ရေးနေ့” အဖြစ် အစဉ်အလာမပျက် နှစ်စဉ် သတ်မှတ်ကျင်းပခဲ့ကြရာ လာမည့် သြဂုတ်လ ၂၈ ရက်နေ့တွင် ၇၉ နှစ်ပြည့် မြောက်လာပြီး ဖြစ်သည်။

ယနေ့အချိန်အထိ မွန်အမျိုးသားတော်လှန်ရေးသည် မပြီးဆုံးသေးသည့် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေပြီး ခေတ်အဆက်ဆက် မွန်လူငယ်များနှင့် ပြည်သူများက လိုလားချက်များ ရရှိသည်အထိ အားသစ်လောင်း လှုပ်ရှားလျက် ရှိသည်။

မွန်တော်လှန်ရေး ဖြစ်ပေါ်လာသည့် နောက်ခံအကြောင်းအရာနှင့် ရည်မှန်းချက်များသည် နွေဦးတော်လှန်ရေးနှင့် လာရာမတူညီသကဲ့သို့ လားရာလည်း မတူသည့်အတွက် ရောထွေးမမြင်ဘဲ မွန်အမျိုးသား လွတ်မြောက်ရေးနှင့် မွန်အမျိုးသားများကို ကိုယ်စားပြုသည့် တော်လှန်ရေးအဖြစ် သီးခြား တည်ရှိနေသည်။

- တော်လှန်ရေးအတွင်း ပါဝင်မှု ပုံစံအပြောင်းအလဲများ

မွန်တော်လှန်ရေးအတွင်း ရောက်ရှိလာသည့် လူငယ်မျိုးဆက်သစ်များသည် အမိန့်တစ်ခုအောက်တွင် တစ်သွေမသိမ်း လိုက်နာဆောင်ရွက်သည့် ပုံစံထက် နည်းပညာနှင့် သတင်းအချက်အလက်များကို ကိုယ်တိုင်လေ့လာ၊ တွေးခေါ်ဆန်းစစ်၍ ဆုံးဖြတ်နိုင်စွမ်း ပိုမိုမြင့်မားလာသည်ကို တွေ့ရသည်။

အခြားသော တိုင်းရင်းသား လူငယ်များနှင့် ပိုမိုအချိတ်ဆက်မိလာပြီး အမျိုးသားရေးနှင့် နိုင်ငံရေး လှုပ်ရှားမှုများတွင် လွတ်လပ်စွာ ပါဝင်လာနိုင်ခြင်းသည် မွန်အမျိုးသားရေးနှင့် တော်လှန်ရေးအတွက် လူငယ်မျိုးဆက်သစ်များ၏ တန်ဖိုးရှိသော အင်အားသစ်တစ်ရပ် ဖြစ်လာနေသည်။

အဖွဲ့အစည်း သို့မဟုတ် ဌာနတစ်ခုတည်းကို ဗဟိုပြု၍ ပါဝင်သည့် အစဉ်အလာ ပုံစံမှ အပြောင်းအလဲများ ဖြစ်ပေါ်လာကြောင်း မွန်တော်လှန်ရေးတပ်ဖွဲ့မှ လူငယ်တစ်ဦးက သုံးသပ်ပြောဆိုသည်။

“ မွန်အမျိုးသားရေးနဲ့ ဆိုင်တဲ့ ပွဲတော်တွေမှာ မွန်လူငယ်တွေရဲ့ ပါဝင်မှုက တအားမြင့်ပါတယ်။ ဒါပေမဲ့ အဲဒီအဆင့်ကို ကျော်လွန်ပြီး နိုင်ငံရေးမှာ ဝင်ပါဖို့ကျတော့ အရင်မျိုးဆက်နဲ့ မတူတော့ဘူး။ အရင်မျိုးဆက်တုန်းက မွန်လူငယ် ပညာတတ်တွေဟာ မွန်ပြည်သစ်ပါတီမှာ စုစုစည်းစည်း ရှိခဲ့ကြတာပါ။ ဒီနေ့ခေတ်မှာတော့ နိုင်ငံရေးအရ ပါဝင်တဲ့ မွန်လူငယ် အရေအတွက် နည်းပါးနေတဲ့ကြားကပဲ အဖွဲ့အသီးသီးမှာ ပျံ့ကျဲပါဝင်နေကြပြန်တယ် ” ဟု ၎င်းက ဆိုသည်။

ရှေ့တန်းစစ်မြေပြင် လက်နက်ကိုင် တိုက်ပွဲများအပြင် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)၊ နည်းပညာနှင့် သတင်းအချက်အလက် ဖြန့်ဝေရေး၊ နိုင်ငံတကာနှင့် ချိတ်ဆက် ဆက်သွယ်ရေး စသည့် ကဏ္ဍစုံတွင် နှံ့နှံ့စပ်စပ် ပါဝင်လှုပ်ရှားရင်း မွန်တော်လှန်ရေး၏ အခင်းအကျင်းသစ်ကို ပုံဖော်နေကြသည်။

- သမိုင်းတစ်လျှောက် မွန်တော်လှန်ရေး ခရီးစဉ်၏ အသီးအပွင့်

နှစ်ပေါင်း ၈၀ နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည့် မွန်အမျိုးသား တော်လှန်ရေးသမိုင်းစဉ်အတွင်း မူလ နိုင်ငံရေး ရည်မှန်းချက်များ အပြည့်အဝ မရောက်သေးသော်လည်း လက်ရှိ ခင်းကျင်းထားနိုင်သည့် အခြေခံကောင်းများနှင့် အသီးအပွင့်အချို့ကိုမူ ငြင်းပယ်၍ မရပေ။

မွန်တော်လှန်ရေး၏ တိုက်ပွဲဝင်မှုများကြောင့် မွန်ပြည်နယ်ဟူသည့် တရားဝင် နယ်မြေ သတ်မှတ်ချက် ပေါ်ပေါက်လာခဲ့သလို မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေများအတွင်း ကိုယ်ပိုင် အုပ်ချုပ်ရေး ယန္တရားများကို စနစ်တကျ လည်ပတ်နိုင်ခဲ့သည်။

ထို့အပြင် ဖိနှိပ်ခံခဲ့ရသည့် မွန်စာပေ၊ ဘာသာစကားနှင့် အမျိုးသား ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများကို မျိုးဆက်အလိုက် ဆက်လက် ရှင်သန်နိုင်ခဲ့ခြင်းမှာလည်း တော်လှန်ရေး ခရီးစဉ်၏ သိသာထင်ရှားသည့် မဏ္ဍိုင်ကြီးများ ဖြစ်ခဲ့သည်။

သို့သော်လည်း အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးဟူသော မူလ နိုင်ငံရေး ရည်မှန်းချက်၏ ၂၀ ရာခိုင်နှုန်းခန့်သာ ခရီးရောက်သေးကြောင်း ၈၈ မျိုးဆက် မွန်တော်လှန်ရေးသမားတစ်ဦးက သုံးသပ်သည်။

၎င်းက လက်ရှိ ရရှိထားပြီးဖြစ်သော နယ်မြေနှင့် စာပေယဉ်ကျေးမှု အခြေခံကောင်းများကို ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုရန် လိုအပ်ကြောင်း ထောက်ပြသည်။

“ ဒီခေတ်သစ် မွန်တော်လှန်ရေး ၇၉ နှစ်အကြာမှာ နိုင်ငံရေး ရည်မှန်းချက် မပြည့်ဝသေးဘူးဆိုပေမဲ့ အသီးအပွင့်တချို့ ရရှိခဲ့ပါတယ်။ မွန်တော်လှန်ရေးကြောင့် မွန်ပြည်နယ်ဆိုတာ ဖြစ်ပေါ်လာတယ်၊ အုပ်ချုပ်ရေး လုပ်လို့ရလာတယ်။ ဒီရှိနေတဲ့ အခြေခံကောင်းတွေကို အသုံးချပြီး မွန်ပြည်သူတွေအတွက် ပညာရေး၊ ကျန်းမာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေပါ ပေးနိုင်မှ မွန်လူထုရဲ့ ထောက်ခံမှုကို ပိုရလာမှာပါ ” ဟု ၎င်းက ပြောသည်။

ခင်းကျင်းထားသည့် အုပ်ချုပ်ရေးအထိုင်နှင့် အမျိုးသားရေး အခြေခံကောင်းများအပေါ် မူတည်၍ ပြည်သူများ၏ လူမှုစီးပွား ဘဝကို ထိရောက်စွာ မြှင့်တင်ပေးနိုင်ခြင်းသည်သာလျှင် မွန်တော်လှန်ရေး၏ အနာဂတ် ရည်မှန်းချက်များဆီသို့ လျှောက်လှမ်းရာတွင် ပြည်သူ့ထောက်ခံမှုကို ပိုမိုခိုင်မာစေမည့် သော့ချက်ဖြစ်ကြောင်း သုံးသပ်နေကြသည်။

- အကူးအပြောင်းကာလ ရိုက်ခတ်မှုနှင့် စိန်ခေါ်မှုများ

မွန်အမျိုးသားတော်လှန်ရေး သမိုင်းစဉ်တစ်လျှောက် ကာလရှည်ကြာလာသည်နှင့်အမျှ မျိုးဆက်တစ်ခုနှင့် တစ်ခုအကြား အမြင်ကွာဟချက်များ၊ မဟာဗျူဟာအယူအဆ ကွဲပြားမှုများနှင့်အတူ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရသည်။
လက်ရှိ နွေဦးတော်လှန်ရေး အရှိန်အဟုန်နှင့်အတူ မွန်တော်လှန်ရေးကို တစ်ဆင့်မြှင့်တင်ရန် မျိုးဆက်သစ် လူငယ်များက လိုလားနေကြသော်လည်း၊ တစ်ဖက်တွင်လည်း မျိုးဆက်ဟောင်း တော်လှန်ရေးသမားများမှာ သမိုင်းအတွေ့အကြုံများအရ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်အပေါ် ယုံကြည်မှု လျော့နည်းလာနေသည်။

ထိုအခြေအနေသည် အမျိုးသားတော်လှန်ရေး၏ သွားရာလမ်းကြောင်းတွင် ဟန်ချက်မညီမှုများကို ဖြစ်ပေါ်စေလျက်ရှိသည်။

မွန်လူငယ်တစ်ဦးက “ တော်လှန်ရေးတစ်ခု အောင်မြင်ဖို့ဆိုတာ နှစ်ရှည်ကြာတတ်ပါတယ်။ မွန်တော်လှန်ရေးက ကာလကြာလွန်းသွားတဲ့အခါ မျိုးဆက်ပြဿနာ ရှိလာတယ်။ မျိုးဆက်သစ်တွေက နွေဦးတော်လှန်ရေးနဲ့အတူ လိုက်ပါစီးမျောပြီး မွန်တော်လှန်ရေးကို တဆင့်မြှင့်ချင်ပေမဲ့ မျိုးဆက်ဟောင်းတွေက အတွေ့အကြုံအရ လက်နက်ကိုင်လမ်းစဉ်အပေါ် ယုံကြည်မှု နည်းပါးလာတဲ့အတွက် ဟန်ချက်မညီဘူး ဖြစ်နေရတာပါ ” ဟု သုံးသပ်ပြောဆိုသည်။

ထို့ပြင် ပြည်သူလူထုနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား စည်းလုံးညီညွတ်မှု အားနည်းလာခြင်း၊ တော်လှန်ရေး၏ မူလရည်မှန်းချက်နှင့် သမိုင်းဆိုင်ရာ ခိုင်မာမှုများ လျော့ပါးလာခြင်း၊ ရရှိလာသည့် နိုင်ငံရေးအခွင့်အရေးများကို ထိရောက်စွာ အသုံးမချနိုင်ခြင်းတို့သည်လည်း တော်လှန်ရေး ခရီးစဉ်အတွက် ကြီးမားသော အဟန့်အတားများဖြစ်နေသည်။

၈၈ မျိုးဆက် မွန်တော်လှန်ရေးသမားတစ်ဦး၏ အဆိုအရ “ အဓိက စည်းလုံးမှုမရှိတာ၊ ခေါင်းဆောင်နဲ့ အဖွဲ့အစည်းကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းတာအပြင် နောက်တက်လာတဲ့ လူငယ်တွေနဲ့ အဖွဲ့အစည်းသစ်တွေကို နေရာပေးမှု အားနည်းတာတွေက အဓိက အဟန့်အတား ဖြစ်စေတယ် ” ဟု ထောက်ပြထားသည်။

သို့ဖြစ်ရာ တော်လှန်ရေးအတွက် လိုအပ်သည့် ရင်းမြစ်များ အချိန်ကြာလာသည်နှင့်အမျှ ခမ်းခြောက် လာနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
မွန်တော်လှန်ရေး အောင်မြင်စွာ ခရီးဆက်နိုင်ရန်အတွက် မျိုးဆက်သစ်နှင့် မျိုးဆက်ဟောင်းအကြား နားလည်မှုတည်ဆောက်ခြင်း၊ လူငယ်များကို နေရာပေးပြီး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊ သမိုင်းဝင် ရည်မှန်းချက်များကို ဆက်လက်ကိုင်စွဲ၍ ခိုင်မာသည့် စီးပွားရေးအခြေခံစနစ် တည်ဆောက်ခြင်းတို့မှာ အရေးပေါ် လိုအပ်လျက်ရှိသည်။

- အနာဂတ် ရေရှည်မဟာဗျူဟာ ပြင်ဆင်မှု

စိန်ခေါ်မှုများ ရှိနေသော်လည်း မွန်ပြည်နယ်အတွင်း ကိုယ်ပိုင်အစိုးရဖြင့် စနစ်တကျ အုပ်ချုပ်နိုင်ရေးအထိ အနာဂတ်မျှော်မှန်းချက်များထားရှိကာ ပြင်ဆင်ရန် လိုအပ်ကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။

လက်ရှိ နွေဦးတော်လှန်ရေး အရှိန်အဟုန် ကျဆင်းနီးပါးဖြစ်နေသည့် အခြေအနေတွင် မွန်တော်လှန်ရေးပါ လျှော့ကျမသွားစေရန် အင်အားများကို အလဟဿ အသုံးမချဘဲ ကိုယ်ပိုင်လုပ်ငန်းစဉ်များဖြင့် အနာဂတ်အတွက် ပြန်လည်ပြင်ဆင် အားမွေးရမည်ဖြစ်သည်။

ခေတ်မီနည်းပညာများနှင့်အညီ မဟာဗျူဟာများကို ပြောင်းလဲပြင်ဆင်ပြီး မွန်တော်လှန်ရေး အင်အားစုများစုပေါင်းရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးလှုပ်ရှားသူ မွန်လူငယ်တစ်ဦးက အကြံပြုသည်။

၎င်းက “ လက်ရှိမှာ နွေဦးတော်လှန်ရေး အရှိန်ကျသွားပေမဲ့ မွန်တော်လှန်ရေး အရှိန်မကျသွားအောင် ပစ္စုပ္ပန်မှာ ပြသရုံသက်သက် (For show) လုပ်ပြီး အင်အားဖြုန်းတီးတာထက် မိမိတို့ ကိုယ်ပိုင်အာဂျင်တာနဲ့ အနာဂတ်မှာ ဘယ်လိုပြန်တိုက်မလဲဆိုတာ ပြင်ဆင်အားမွေးရမဲ့ အချိန်ဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။

မွန်တော်လှန်ရေး အောင်မြင်စွာ ခရီးဆက်နိုင်ရန်အတွက် မျိုးဆက်သစ်နှင့် မျိုးဆက်ဟောင်းအကြား နားလည်မှုတည်ဆောက်ခြင်း၊ လူငယ်များကို နေရာပေး၍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊ သမိုင်းဝင် ရည်မှန်းချက်များကို ဆက်လက်ကိုင်စွဲကာ အနာဂတ် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ခိုင်မာသည့် စီးပွားရေးနှင့် မဟာဗျူဟာ အခြေခံစနစ်များ တည်ဆောက်ခြင်းတို့မှာ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သုံးသပ်လိုက်သည်။

https://www.facebook.com/photo?fbid=1494046899417532&set=a.640474221441475 See less

🚩💢 (၇၆) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ     ရက်စွဲ ။       ။ ၂၀၂၆ ခုနှစ်၊ ၊ သြဂုတ်...
12/08/2026

🚩💢 (၇၆) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

ရက်စွဲ ။ ။ ၂၀၂၆ ခုနှစ်၊ ၊ သြဂုတ်လ (၁၂) ရက်။
စာအမှတ် ။ ။ MSDF/004/2026

၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့သည် ကရင် အမျိုးသားခေါင်းဆောင် စောဘဦးကြီး နှင့်တကွ ကရင် ခေါင်းဆောင်များ ကျဆုံးခဲ့သည့် (၇၆) နှစ်မြောက် ကရင် အမျိုးသား အာဇာနည်နေ့ ဖြစ်ပါသည်။ ယနေ့ အချိန်အခါသည် ကရင်လူမျိုးတို့၏ သမိုင်းနှင့် ကရင်တော်လှန်ရေး သမိုင်းတွင် မည်သို့မျှ မေ့ပျောက်သွားမည် မဟုတ်သော အောက်မေ့ သတိရဖွယ်ဖြစ်သော နေ့တစ်နေ့ ဖြစ်ပါသည်။ ၁၉၅၀ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့တွင် ကရင် အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့် ကရင် တော်လှန်ရေး ခေါင်းဆောင်များသည် တန်းတူ ညီမျှရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် အပြည့်အဝ ရရှိစေရေးအတွက် အကြမ်းဖက် စစ်အာဏာရှင်နှင့် အပေါင်းအပါများအား ခုခံ တိုက်ခိုက်ရင်း ကျဆုံးခဲ့ရသည်။

ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီး ချမှတ်ခဲ့သည့် လမ်းညွှန်မူ (၄) ချက်ကို မဆုတ်မနစ် ကိုင်စွဲပြီး ကရင်အမျိုးသား တော်လှန်ရေးအတွက် သာမက မျက်မှောက်ခေတ် နွေဦးတော်လှန်ရေး အထိ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတွက် အသက်၊ ကိုယ်ခန္ဓာ အစိတ်အပိုင်းများ၊ အိုးအိမ်နှင့် ပိုင်ဆိုင်မှုများစွာ စွန့်လွှတ် အနစ်နာခံပြီး တိုက်ပွဲဝင်လျှက် ရှိသည့် ကရင် တော်လှန်ရေး ခေါင်းဆောင်များ၊ ကရင် ရဲဘော်များနှင့် ကရင် ပြည်သူလူထုအား လေးစားစွာ ဂုဏ်ပြု အပ်ပါသည်။

ကျွန်ုပ်တို့ မွန်ပြည် ကာကွယ်ရေးတပ် (MSDF) သည် ကရင်အမျိုးသား ခေါင်းဆောင်များနှင့် မွန်အမျိုးသား ခေါင်းဆောင်များ၏ ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့ မော်လမြိုင် ကွန်ဂရက်တွင် ချမှတ်ခဲ့သော မွန် ကရင် သစ္စာ အဓိဌာန် (၄) ချက်အတိုင်း မဟာမိတ်အဖြစ် ခိုင်မာစွာ ရပ်တည်သွားမည် ဖြစ်သည်။ မွန် ကရင် သစ္စာ အဓိဌာန် (၄) ချက်ထဲမှ “ မွန် နှင့် ကရင်တို့သည် အတူတကွ လက်တွဲပြီး၊ စည်းလုံးညီညွတ်စွာဖြင့် ကရင်ပြည်၊ မွန်ပြည် ရရှိသည်အထိ လက်တွဲဆောင်ရွက်သွားရန် ” ဆိုသည့် အချက်သည့် နိုင်ငံရေး ဖြစ်စဥ်အရ လွန်စွာ အ‌ရေးကြီးသော အချက်ဖြစ်သည်ဟု ရှုမြင်ပါသည်။

အကြမ်းဖက် စစ်အာဏာရှင်နှင့် အာဏာရှင်စနစ် အမျိုးမျိုး ပပျောက်ရေး၊ တန်းတူ ညီမျှရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပေါ်ထွန်းရေးနှင့် ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေးတို့အတွက် ကရင် တိုင်းရင်းသား မဟာမိတ်တို့နှင့်အတူ ဆက်လက်ပူးပေါင်း တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ကတိ သစ္စာပြုရင်း ဤ သဝဏ်လွှာကို ပေးပို့ အပ်ပါသည်။

“ တော်လှန်ရေး သစ္စာဖြင့် ”

မွန်ပြည် ကာကွယ်ရေးတပ် (MSDF)
နိုင်ငံရေး၊ စစ်ရေး ဦးဆောင် ကော်မတီ

ဆက်သွယ်ရန် -
Telegram -

#ကရင်_အာဇာနည်နေ့

#ဒပ်စဵုဒၞာဍုၚ်မန်
#မွန်ပြည်ကာကွယ်ရေးတပ်

23/07/2026

ကိုဂျင်မီ အပါအဝင် ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ကြိုးပေးသတ်ဖြတ်မှု ၃ နှစ်ပြည့်အဖြစ် ဧရာဝတီက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က ဖော်ပြခဲ့သည့် ဆောင်းပါးအား ပြန်လည်ဖော်ပြလိုက်ပါသည်။

Website တွင် ဖတ်ရန် https://bit.ly/4cRn0KN

---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

🚩💢 ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဥ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်ပွဲနှင့် Proof of Life Campa...
04/06/2026

🚩💢 ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဥ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်ပွဲနှင့် Proof of Life Campaign ကို ယနေ့ (၄ - ၆ - ၂၀၂၆) ရက်နေ့တွင် ဩစတြေးလျ နိုင်ငံ၊ ကင်ဘာရာမြို့ Canberra Parliament House အရှေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး မွန်ပြည် ကာကွယ်ရေးတပ် (MSDF) နိုင်ငံရေး၊ စစ်ရေး ဦးဆောင်ကော်မတီမှ ဥက္ကဌ နိုင်ဥာဏ နှင့် ကော်မတီဝင် မင်းသက်နိုင်တို့မှ ပါဝင် တက်ရောက်ခဲ့ပါသည်။

မွန်ပြည် ကာကွယ်ရေးတပ် (MSDF)
နိုင်ငံရေး၊ စစ်ရေး ဦးဆောင် ကော်မတီ


#ဒပ်စဵုဒၞာဍုင်မန်
#မွန်ပြည်ကာကွယ်ရေးတပ်

🚩💢 ဒပ်စဵုဒၞာဍုင်မန် (MSDF) ဝွံ ပံင်တဲညးသ္ကအ် ကု Reapper GALON Columm တုဲ  အာကတ်ဗ္တောန်နဲကဲကွတ်ပညာကၠောန်ခၞံမကမ် ROCKET  က...
09/05/2026

🚩💢 ဒပ်စဵုဒၞာဍုင်မန် (MSDF) ဝွံ ပံင်တဲညးသ္ကအ် ကု Reapper GALON Columm တုဲ အာကတ်ဗ္တောန်နဲကဲကွတ်ပညာကၠောန်ခၞံမကမ် ROCKET ကေုာံ နဲကဲပန်ဗတိုက်တအ်ဂှ်တုဲ တိတ်အာမုက်ပၞာန် ပ္ဍဲဂိတု အေပြဳ သၞာံ ၂၀၂၆ ဂှ် ဒှ်ပေါဲဗတိုက် (၁၁) ဝါ စိုပ်တရဴ ဂွံကၠုင်ပေါဲအံင်ဇၞး ဂတမတ် ပ္ဍဲအရာပန်ဗတိုက်ဒၞာဲဒပ်ပၞာန် ရဲပ္ကီုပရာပ်တအ်ဂှ် တုဲကၠုင်ရ။

ဒပ်စဵုဒၞာဍုင်မန် (MSDF)
ကမ္မတဳဍိုက်က္ဍိုပ်ပရေင်ဍုင်ကွာန်၊ ပရေင်ပၞာန်

🚩💢 မွန်ပြည် ကာကွယ်ရေးတပ် (MSDF) မှ Reapper GALON Column နှင့် ပူးတွဲပြီး ROCKET ထုတ်လုပ်ရေးနှင့် ပစ်ခတ် တိုက်ခိုက်ရေး နည်းပညာများကို သွားရောက် သင်ယူခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ တပ်စခန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် (၁၁) ကြိမ်တိုင် လက်တွေ့ သွားရောက် ပစ်ခတ် တိုက်ခိုက်မှုများကို ထိရောက် အောင်မြင်စွာ လုပ်ဆောင်ခဲ့သည်။

မွန်ပြည် ကာကွယ်ရေးတပ် (MSDF)
နိုင်ငံရေး၊ စစ်ရေး ဦးဆောင် ကော်မတီ


#ဒပ်စဵုဒၞာဍုင်မန်
#မွန်ပြည်ကာကွယ်ရေးတပ်

Address

Sydney, NSW

Website

Alerts

Be the first to know and let us send you an email when MSDF Support Team posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to MSDF Support Team:

Shortcuts

Share