Zo Defence Force

Zo Defence Force Zo Defence Force

15/06/2026

မြန်မာစစ်အုပ်စုဟာ ၁၉၈၈ အာဏာသိမ်းပြီးကတည်းက နိုင်ငံတကာက လက်နက်ဝယ်ယူဖို့ အခက်အခဲ တွေ့နေပါတယ်။

စစ်အုပ်စုခေါင်းဆောင်တွေ သဘောကျတဲ့ အမေရိကန်ဆီက လက်နက်နဲ့ လေ့ကျင့်ပေးတာတွေ မရတော့တဲ့အပြင်၊ မြန်မာစစ်တပ်ကို အဓိကလက်နက်တပ်ဆင်ပေးနေတဲ့ ဂျာမနီနိုင်ငံဆီကလည်း လက်နက်တွေ မရတော့ပါဘူး။ အားလုံးက ထင်ကြေးပေးနေကြတဲ့ တရုတ်နဲ့ ရုရှားက မြန်မာစစ်တပ်ကို ထောက်ပံ့နေတယ်ဆိုတာကတော့ ရာနှုန်းပြည့် မမှန်ပါဘူး။ တရုတ်နဲ့ ရုရှားက အဓိကရောင်းချနေပါတယ်။ ဒါပေမဲ့ တခြား လက်နက်ရောင်းချနေတဲ့ နိုင်ငံတွေလည်း အများအပြားရှိပါတယ်။

ဂျာမနီကလည်း ၈၈ တုန်းက အဆက်ဖြတ်ပြီးနောက်ပိုင်း တိတ်တဆိတ် ပြန်ဆက်သွယ်နေတယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေက ဆိုပါတယ်။

ရုရှားဆီက တိုက်လေယာဉ်တွေ (Su-30, MiG-29)၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ စစ်လက်နက်အပိုပစ္စည်းတွေ ဝယ်ယူနေပါတယ်။

တရုတ်နိုင်ငံကလည်း စစ်လေယာဉ်တွေ၊ တင့်ကားအဆင့်မြှင့်တင်‌ရေးပစ္စည်းတွေ၊ ဆက်သွယ်ရေး၊ ထောက်လှမ်းစောင့်ကြည့်ရေး နည်းပညာနဲ့ လက်နက်ထုတ်လုပ်ရေး ကုန်ကြမ်းတွေ ရရှိနေပါတယ်။

ထိုင်းနိုင်ငံကတော့ တိုက်ရိုက်လက်နက်ရောင်းချမှုမရှိဘဲ စစ်တပ်ရဲ့ ဝယ်ယူ‌ရေး ကွန်ရက်တွေနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေကနေတဆင့် ပစ္စည်းတွေ ပေးပို့ခဲ့ကြောင်း ကုလသမဂ္ဂက ဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေးရေးအဖွဲ့က ပြုစုထားတဲ့ စာရင်းအရ မြန်မာနိုင်ငံကို လက်နက်တွေ တင်ပို့နေတဲ့ နိုင်ငံ ၇ နိုင်ငံ ရှိပါသတဲ့။ အဲဒါတွေကတော့ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယား၊ အစ္စရေး၊ အိန္ဒိယ၊ ယူကရိန်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ပါပဲတဲ့။

ဒါပေမဲ့ အဲဒီစာရင်းမှာ ကုလသမဂ္ဂက မသိဘဲ လိုနေတာတွေ ရှိပါသေးတယ်။ သတင်းတွေအရ ဆာဘီးယားနဲ့ ဘယ်လာရုစ်နိုင်ငံတွေကလည်း လက်နက်တင်ပို့နေတယ်လို့ သိရပါတယ်။

ဩစတြေးလျနိုင်ငံ ကင်ဘာရာရှိ မဟာဗျူဟာနဲ့ကာကွယ်ရေးဆိုင်ရာ လေ့လာရေးဗဟိုဌာနက ဒေါက်တာအင်ဒရူးဆတ်က စုဆောင်းထားတဲ့ သုတေသနမှာတော့ မြန်မာစစ်တပ်ကို လျှို့ဝှက်စွာ လက်နက်ရောင်းနေတဲ့ ၃ နိုင်ငံကို ဖော်ပြထားပါတယ်။ အဲဒါတွေကတော့ စင်ကာပူ၊ အစ္စရေးနဲ့ ပါကစ္စတန်နိုင်ငံတွေပဲ ဖြစ်ပါတယ်။

အစ္စရေးက ဟိုးအရင် ပါလီမန်ဒီမိုကရေစီအစိုးရ လက်ထက်ကတည်းက မြန်မာစစ်တပ်နဲ့ ဆက်ဆံနေတဲ့ မိတ်ဆွေဟောင်းဖြစ်ပြီး ဘယ်အစိုးရတက်တက် ဆက်လက်ပံ့ပိုးနေတာပါ။ ဒါပေမဲ့ အစ္စရေးက လက်နက်ကို နောက်ပိုင်း တိုက်ရိုက်မရောင်းဘဲ စင်ကာပူကနေ တဆင့်ခံ ရောင်းတယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင်ရဲ့ အစ္စရေးနိုင်ငံခရီးစဉ်ကို ကြည့်ရင် သူတို့ပတ်သက်မှုကို သိသာပါတယ်။

စင်ကာပူကတော့ အာရှရဲ့ ငွေမည်းတွေ ခဝါချတဲ့နိုင်ငံ ဖြစ်ပြီး၊ မြန်မာပြည်က စစ်ဗိုလ်ချုပ်တွေရဲ့ ခိုးဝှက်ထားတဲ့ ပိုက်ဆံတွေ၊ ဘိန်းဘုရင်တွေရဲ့ မူးယစ်မှောင်ခိုကရတဲ့ ပိုက်ဆံတွေကို စင်ကာပူဘဏ်တွေမှာ ထားကြပါတယ်။ သူတို့ရဲ့ လုပ်ငန်းရုံးခန်းတွေလည်း စင်ကာပူမှာ ဖွင့်ထားကြတာ တွေ့ရပါမယ်။

စင်ကာပူအနေနဲ့ တိုက်ရိုက် လက်နက်တင်ပို့တာမျိုး မရှိပေမဲ့၊ လက်နက်ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေ၊ အပိုပစ္စည်းတွေနဲ့ ငွေပေးချေမှုကွန်ရက်တွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ရှိနေကြောင်း ကုလသမဂ္ဂက ထောက်ပြထားပါတယ်။

အရှေ့တောင်အာရှမှာ ရိုင်ဖယ်သေနတ် ထုတ်လုပ်တာ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ မြန်မာ ၃ နိုင်ငံပဲ ရှိတယ်လို့ ဩစတြေးလျအမျိုးသားတက္ကသိုလ်က ထုတ်ပြန်တဲ့ သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။

ဒါကြောင့်မို့ စင်ကာပူနိုင်ငံဟာ မြန်မာစစ်တပ်အတွက် လက်နက်ဝယ်ယူရေးမှာ အရေးပါတဲ့ ဂိတ်ပေါက်တခုလည်း ဖြစ်ပါတယ်။

စင်ကာပူဟာ တရုတ် ပြီးရင် မြန်မာမှာ ဒုတိယရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ လက်နက်ထုတ်လုပ်မှုသမိုင်းကို ကြည့်ရင် အရင်ဆုံး ထောက်ပံ့တာကတော့ ဂျာမနီနိုင်ငံပဲ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ လွတ်လပ်ရေးရပြီးကတည်းက ဆယ်စုနှစ် အတော်ကြာ ဂျာမနီ နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ BA စီးရီးရိုင်ဖယ်တွေကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ခိုက်တဲ့ စစ်ပွဲတွေမှာ သုံးခဲ့ပါတယ်။ ဂျီသရီး၊ ဂျီဖိုး ရယ်လို့ နာမည်ကျော်ခဲ့ပါတယ်။ မြန်မာ့စစ်လက်နက်ပစ္စည်းစက်ရုံတွေ (ကပစ) နဲ့ ဂျာမန်ကုမ္ပဏီ Fritz-Werner တို့ ဖက်စပ်ပြီး လက်နက်ငယ်တွေ ထုတ်လုပ်ခဲ့တာပါ။

၁၉၈၈ နောက်ပိုင်း ဥရောပက စီးပွားရေးပိတ်ဆို့တာကြောင့် ဂျာမန်ကုမ္ပဏီ မြန်မာပြည်က ထွက်သွားခဲ့ပါတယ်။ အဲဒီနေရာမှာ အစားထိုးဝင်လာတကတော့ တောင်ကိုရီးယားကုမ္ပဏီ ဒေဝူးပါ။ မြန်မာ့စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ) နဲ့ ကိုရီးယားဒေဝူးတို့ ဖက်စပ်ပြီး BA စီးရီး ရိုင်ဖယ်တွေ နေရာမှာ MA စီးရီးရိုင်ဖယ်တွေကို အစားထိုးခဲ့ပါတယ်။ အဲဒီ MA စီးရီးတွေက အစ္စရေးလုပ် IMI Galil စီးရီးရိုင်ဖယ်တွေကို ပုံစံတူ ကူးချထားတာပါ။ ထုတ်လုပ်တာကတော့ ဆာဗီးယားနိုင်ငံကကုမ္ပဏီတခု ဖြစ်ပါတယ်။

စစ်အာဏာသိမ်းခါစအချိန် မန္တလေး ဆန္ဒပြမှုကို ဖြိုခွင်းရာမှာ သုံးတဲ့ စနိုက်ပါက MAS I MK II အမျိုးအစား အစ္စရေးနည်းပညာ အသုံးပြုပြီး မြန်မာကိုယ်တိုင် ထုတ်လုပ်ထားတဲ့ စနိုက်ပါ ဖြစ်ပါတယ်။

လတ်တလော တော်လှန်ရေးတပ်တွေကို အများဆုံး ဒုက္ခပေးနေတဲ့ Gyrocopter နဲ့ Paramotor တွေကတော့ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးပစ္စည်းတွေ ဖြစ်လို့ ဘယ်နိုင်ငံကမဆို ဝယ်ယူနိုင်ပြီး အများအားဖြင့် တရုတ်နဲ့ ထိုင်းနိုင်ငံက ပစ္စည်းတွေ မှာယူပြီး တပ်ဆင်တာလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

ယ‌နေ့ခတ် စစ်ဆင်ရေးတွေမှာ မပါမဖြစ် တဲ့ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေကိုတော့၊ တရုတ်နဲ့ ရုရှား၊ အရင်းအမြစ်တွေဆီက အဓိကရယူနေပြီး၊ အိန္ဒိယမှ နည်းပညာ၊ သင်တန်းနဲ့ ဆက်စပ်ပစ္စည်း အနည်းငယ် ရယူကာ၊ ဘဏ္ဍာရေးနဲ့ မှာယူပေးပို့ရေး ကွန်ရက်မှာ စင်ကာပူနဲ့ ထိုင်းနိုင်ငံတွေကတဆင့် ဆောင်ရွက်နေကြောင်း ကုလစုံစမ်းမှုတွေမှာ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူး ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ နိုင်ငံ ၇ နိုင်ငံ မှာရှိတဲ့ ဘဏ် ၁၆ ခုကနေ မြန်မာစစ်တပ်နဲ့ ငွေကြေး လွှဲပြောင်းမှုတွေ ဆောင်ရွက်ပေးနေပြီး ၂၀၂၃ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံကတဆင့် ဆောင်ရွက်တာ နှစ်ဆ မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် မြန်မာစစ်တပ်ကို လက်နက်ရောင်းနေတဲ့ ရေသောက်မြစ်တွေမှာ တရုတ်နဲ့ ရုရှားက အဓိကနေရာကရှိပြီး စင်ကာပူနဲ့ အစ္စရေးတို့ကလည်း သူ့နေရာနဲ့သူ အရေးပါနေတာ တွေ့ရမှာပါ။ ဒါ့အပြင် အိန္ဒိယနဲ့ ပါကစ္စတန်တို့ကလည်း မြန်မာဈေးကွက်ကို အပြိုင်ဝင်လုနေတာပါ။

၂၀၂၀ ပြည့်နှစ်မှာ မြန်မာက ရုရှား ဒီဇိုင်း Kilo class တပတ်ရစ် ရေငုပ်သင်္ဘောတစင်းကို အိန္ဒိယကနေ ဝယ်ယူခဲ့ပြီး သိင်္ခသူ အမည်ဖြင့် အသုံးချနေပါတယ်။ နောက်ထပ် Ming class ရေငုပ်သင်္ဘောတစင်းကိုလည်း တရုတ်နိုင်ငံမှ အခမဲ့ ထပ်မံရရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ် မေလမှာ မင်းအောင်လှိုင် ပါကစ္စတန်ကို သွား‌ရောက်လည်ပတ်ခဲ့ပြီး တိုက်လေယာဉ်တွေ ဝယ်ယူဖို့ သဘောတူညီခဲ့ပါတယ်။

မြန်မာ့လေတပ်မှာ သုံးနေတဲ့ JF-17 အမျိုးအစား တိုက်လေယာဉ်တွေက တရုတ်နည်းပညာသုံးပြီး ပါကစ္စတန်က ထုတ်လုပ်တာပါ။ ၁၆ စင်း ဝယ်ယူခဲ့ပြီးး စမ်းသပ်ပျံသန်းစဉ် ပျက်ကျတာကြောင့် တိုက်လေယဉ်မှူးတယောက် သေဆုံးခဲ့ပါတယ်။

ပါကစ္စတန်က မြန်မာရေတပ်က အရာရှိတွေကို ရေငုပ်သင်္ဘောနည်းပညာ သင်ပေးခဲ့ပြီး ရေတပ်အတွက် ဗျူဟာမြောက်တဲ့ ဆိပ်ကမ်းတခုကိုလည်း တည်ဆောက်ပေးနေပါတယ်။

ဒါ့အပြင် တာဝေးပစ်၊ တာတိုပစ် ဒုံးပျံနည်းပညာတွေကို မြောက်ကိုရီးယားထံက ရယူခဲ့တဲ့ ခိုင်မာတဲ့ အထောက်အထားတွေလည်း ရှိနေပြန်ပါတယ်။

မြန်မာစစ်တပ်ရဲ့ စစ်လက်နက်ရယူရေးမှာ တရုတ်နဲ့ ရုရှားတို့ကိုပဲ မြင်ပြီး အခြားအရေးပါတဲ့ လမ်းကြောင်းများကို မျက်ခြည်မပြတ်စေဖို့ ဤဆောင်းပါးကို ရေးလိုက်ရပါတယ်။

အေးမင်း(တာမွေ)

ရည်ညွှန်း

-Small Arms productions and transfers in Southeast Asia by David Capie

fil:///C:/Users/ayemi/AppData/Local/Temp/146_Small_arms_production_and_transfers_in_Southeast_Asia.pdf

-Military Today

http://www.military-today.com/firearms/ma1.htm

-Burma’s secret military partners

fil:///C:/Users/ayemi/AppData/Local/Temp/136_Burma%E2%80%99s_secret_military_partners_(Canberra_papers_on_strategy_and_defence)_Andrew_Selth_86p_0731527755.pdf

Asia Pacific Defense Journal

https://www.asiapacificdefensejournal.com/2020/10/myanmar-commissions-kilo-class.html?utm_source=chatgpt.com

-7 countries still supplying arms to Myanmar military

https://www.aa.com.tr/en/asia-pacific/7-countries-still-supplying-arms-to-myanmar-military/1550371

-MAS sniper rifle

https://guns.fandom.com/wiki/MAS_sniper_rifle

TRT World News

China, Russia and Serbia 'supplying arms' to Myanmar junta - TRT World

Human Rights Council Report

https://www.ohchr.org/sites/default/files/documents/hrbodies/hrcouncil/sessions-regular/session56/a-hrc-56-crp-7.pdf?fbclid=IwY2xjawSSYO1leHRuA2FlbQIxMABicmlkETJ4ZGhOOGFzS051TkpyMDRUc3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHqv63RiWsYfW4GkAXwIErhLPippKFG3cgs5PEqyIjSlV8rVT1JvPQiPcXEGT_aem_ou7XdboAxFCGr8SIXpfuUQ

15/06/2026

.

11/06/2026

စစ်ကောင်စီရွှေးကောက်အပြီး နိုင်ငံရေးပြည်တွင်း/ပ အခင်းအကျင်းတွေ အလျင်အမြန်ပြောင်းလဲ့လာနေသည်။ အိန္ဒိယ နိုင်ငံခရီးစဉ်အပါဝင်။

https://www.facebook.com/share/v/1JW3jr6e6S/?mibextid=wwXIfr

https://www.facebook.com/share/p/1BB3wyjKot/?mibextid=wwXIfr
09/06/2026

https://www.facebook.com/share/p/1BB3wyjKot/?mibextid=wwXIfr

တမူး - ကလေးလမ်းပိုင်းတိုက်ပွဲတွင် စစ်အုပ်စုတပ်ဘက်မှ အိန္ဒိယကိုဆန့်ကျင်နေသည့် လက်နက်ကိုင်များပါဝင် ဟုဆို

ပါခွီး (ဇွန် ၉ရက်)

မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း ၊ တမူး နှင့် ကလေးမြို့ဆက်သွယ်ထားသော အာရှလမ်းမပေါ်၌ ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း အိန္ဒိယနိုင်ငံကို ဆန့်ကျင်နေသည့် ကသည်း (မဏိပူရပြည်နယ်) လက်နက်ကိုင်များ ပါဝင်နေကြောင်း တမူနှင့်ကလေးမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။

“အခုစစ်ကြောင်းမှာတော့ အစုံပါတယ် ၊ ကသည်း ၊နာဂအပြင် စစ်တပ် ၊ ပစ(ပြည်သူ့စစ်) SNA (ရှမ်းနီ) စုပေါင်း စပ်ပေါင်း အင်အားနဲ့ လာကြတာ” ဟု တိုက်ပွဲဖြစ်ပွားနေသည့် ရှေ့တန်းတနေရာမှ တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တဦး က မဇ္ဈိမ ကိုပြောသည်။

စစ်ကြောင်းပါ ကသည်း ၊နာဂများသည် စစ်အုပ်စုတပ် ယူနီဖောင်းများဝတ်ဆင်ထားပြီး မြန်မာစကား တတ်သူပါဝင်ကာ စစ်အုပ်စုတပ်မှ အမိန့်ပေးမှုကို ၎င်းတို့ ၏ဘာသာစကားဖြင့် အမိန့်ပြန်လည်ပေးသည့် ပုံစံမျိုးကျင့်သုံးနေကြောင်း ၎င်းကဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယ ခရီးစဥ်အတွင်း ကုန်သွယ်ရေးလမ်းကြောင်း များ ပြန်လည်ဖွင့်လှစ်ရန် တမူး - ကလေးလမ်းပိုင်းကို လုံခြုံရေးတည်ငြိမ်စေရေးဆောင်ရွက်မည် ဟု ပြောဆိုအပြီး ယင်းလမ်းအားထိန်းချုပ်ထားသည့် ကာကွယ်ရေးတပ်ဖွဲ့များအခြေစိုက်ရာများကို စစ်အုပ်စုတပ် စစ်ကြောင်းထိုးလာရာ ဇွန်လ၈ရက်နေ့တွင် တိုက်ပွဲများစတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါခရီးစဥ်အတွင်း အိန္ဒိယ၏ လုံခြုံရေးအကျိုးစီးပွားများကို ဆန့်ကျင်၍ ခြိမ်းချောက်မှုဖြစ်စေသော အဖွဲ့များ မြန်မာ့နယ်မြေကို အသုံးပြုခွင့်မပြုကြောင်း စစ်ခေါင်းဆောင်က အာမခံပြောကြားခဲ့သည် ဟု အိန္ဒိယသတင်းစာများတွင်ဖော်ပြသည်။

ယမန့်မှ စတင်ဖြစ်ပွားခဲ့သည့် တမူးနှင့် ကလေးမြို့နယ်များအတွင်း တိုက်ပွဲများသည် ယနေ့(ဇွန်လ ၉ရက်) နေ့ တွင် ဆက်လက်ဖြစ်ပွားနေသည်။

ကသည်းတပ်ဖွဲ့များသည် တမူးမြို့နယ် ဟဲဇင်းကျေးရွာတွင် အဓိက အခြေစိုက်ပြီး တမူးမြို့ပေါ် ၊ ထန်းတပင်ရွာ ၊ မင်းသာ ၊ ပန်းသာနှင့် ကျွန်းပင်သားရွာများတွင် တပ်ဖြန့်ထားပြီး အင်အား ၃၀၀ ဝန်းကျင်ခန့်ရှိကြေင်း တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောသည်။

အလားတူ ကလေးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်အတွင်း၌လည်း ကသည်း တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကို အတည်ပြုပြောသည်။

“အခုစစ်ကြောင်းမှာ ကသည်းတွေပါတယ် ဆိုတာ အတည်ပြုလို့ရတယ် အင်အားအရေအတွက်တော့ စီစစ်နေဆဲပါ” ဟု ၎င်းကဆိုသည်။

ကလေးမြို့နယ် ၊ ကံသာယာကျေးရွာတွင် ဗိုလ်မှူးအဆင့်ရှိသူတဦးမှ ဦးစီးပြီး အင်းအာ ၈၀ မှ၁၀၀ ဝန်းကျင်ရှိသော ကသည်းတပ်ဖွဲ့များအခြေစိုက်ပြီး အနီးရှိ ပျူစောထီးရွာအချို့တွင်လည်း တပ်ဖြန့် ထားကြောင်းသိရသည်။

မကြာသေးမှီက အဆိုပါ ကသည်းတပ်ဖွဲ့ဝင်များထဲမှ ထွက်ပြေးလာသူများကိုလည်း ဖမ်းဆီးထိမ်း သိမ်းထားကြောင်း သိရသည်။

ကသည်းတပ်ဖွဲ့ဝင်များအား ၎င်းတို့ တပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ပေးသောကြောင့် တမူးမြို့နယ်အတွင်း နယ်မြေပေးသွားမည်ဖြစ်ကြောင်း စစ်အုပ်စုတပ်ဖက်က မက်လုံးပေးထားသည် ဟု ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

တမူးမြို့နယ်အတွင်း ၂၀၂၄ခုနှစ် အောက်တိုဘာလ ၂၃ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ကသည်း ဗိုလ်ကြီးတဦးအပါအဝင် သုံးဦးသေဆုံး ၊ တပ်ကြပ်ကြီးအဆင့်ရှိတဦး အရှင်ဖမ်းဆီးခဲ့ရပြီး အိန္ဒိယနိုင်ငံ၏ တောင်းဆိုချက်အရ ပြန်လည်လွှဲအပ်ပေးခဲ့ကြောင်း တမူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံကသိရသည်။

အလားတူ ကလေးမြို့မြောက်ပိုင်း နန်းစောင်းပုရွာသစ်အနီးတွင် ၂၀၂၅ခု စက်တင်ဘာလ ၂ရက်နေ့ ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း ဖမ်းဆည်းရမိသည့် သုံ့ပန့်များတွင် ကသည်းတပ်ဖွဲ့ဝင်များပါဝင်ကြောင်း ၎င်းတို့၏ အိန္ဒိယနိုင်ငံသား သက်သေခံအထောက်ထားများနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ အမှတ(၁) စစ်ဒေသက ထုတ်ပြန်ခဲ့သည်။

တမူးမြို့နယ် နှင့် ကလေးမြို့အနည်းအတွင်း စစ်အုပ်စုတပ်နှင့် ပူးပေါင်းနေသည့် ကသည်းအဖွဲ့များမှာ ညီညွတ်သော အမျိုးသားတပ်ဦး (UNLF ) နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်( PLA) နှင့် ကန်လေးပက်ပြည်သူ့တော်လှန်ရေးပါတီ(PREPAK) တို့ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံ က သိရသည်။

အဆိုပါအဖွဲ့စည်းများသည် အိန္ဒိယနိုင်ငံလက်အောက်မှ လွတ်လပ်သော မဏိပူရနိုင်ငံတော်အဖြစ် ထူထောင်ရန် နိုင်ငံရေးရည်မှန်းချက်တူညီကြသော်လည်း UNLF သည် အရှေ့မြောက်အင်အားစုများကို စုစည်း၍ တော်လှန်ရေးတပ်ဦးဖွဲ့စည်းလုပ်ဆောင်လိုပြီး PLA သည် မာ့စ်ဝါဒအခြေခံ လူတန်းစားအမြင်ဖြင့် တိုက်ပွဲဝင်လျက်ရှိကာ PREPAK အဖွဲ့သည် မဏိပူရဒေသတွင်းရှိ အဖွဲ့များစုစည်း၍ တိုက်ပွဲဝင်ရေးကို ဦးစားပေးလုပ်ဆောင်နေကြောင်းသိရသည်။

မဏိပူရပြည်နယ်ရှိ ကသည်းလူမျိုးများသည် ကဘော်ချိုင့်ဝှမ်းဒေသဖြစ်သော တမူး ၊ မြို့သစ် နှင့် ခါမ်းပါတ် မြို့နယ်များသည် ၎င်းတို့၏ ဘိုးဘွားပိုင်ဒေသများခံယူထားကြပြီး ယင်းဒေသပြန်လည် ရယူရေး အဆိုတရပ်ကို မဏိပူရပြည်နယ် ကိုယ်စားလှယ် အမတ်က အိန္ဒိယနိုင်ငံအထက်လွှတ် တော်တွင် ၂၀၂၅ခုနှစ် အတွင်းက တင်သွင်းခဲ့သေးသည်။

ဓါတ်ပုံ - တမူးမြို့နယ်အတွင်း ၂၀၂၄ခုနှစ်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း သေဆုံးခဲ့သည့် ကသည်း တပ်ဖွဲ့ဝင်အလောင်းများကို အိန္ဒိယနိုင်ငံ သို့ ပြန်လည်လွှဲပြောင်းပေးစဥ်( ပုံဟောင်း/ Manipur Update) ။ စစ်ကိုင်းတိုင်း ၊ တမူးမှ ကလေးမြို့နယ်သို့ ဆက်သွယ်ထားသည့် အာရှလမ်းမကြီးပေါ်တွင် ဖြစ်ပွားနေ သော တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်ဖက်မှ အိန္ဒိယကို ဆန့်ကျင်နေသည့် ကသည်းလက်နက်ကိုင်များ ပါဝင်တိုက်ခိုက်နေကြောင်း တမူးနှင့် ကလေးမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အတည်ပြုပြောကြားသည်။


#တမူး
#အိန္ဒိယ

-----------------------------------

https://www.facebook.com/share/1DDPoVNVb9/?mibextid=wwXIfr
09/06/2026

https://www.facebook.com/share/1DDPoVNVb9/?mibextid=wwXIfr

သမ္မတ ဒေါ်နယ်ထရမ့်၏ မူဝါဒကို ဆန့်ကျင်ပြီး ရီပတ်ဘလစ်ကန်အမတ် ၁၈ ဦးက ဒီမိုကရက်များနှင့် ပူးပေါင်းကာ ယူကရိန်းအတွက်အကူအညီအသစ်များပေးရန်နှင့် ရုရှား၏ စစ်ဘက်စီးပွားရေးဆိုင်ရာ စက်မှုလုပ်ငန်းများကို ပိတ်ဆို့အရေးယူရန် တောင်းဆိုထားသည့်ဥပဒေကြမ်းကို အောက်လွှတ်တော်၌ ဇွန်လ ၄ ရက်တွင် မဲခွဲအတည်ပြုလိုက်သည်။

ယခုကဲ့သို့ ရီပတ်ဘလစ်ကန်များက ၎င်းတို့ ပါတီ၏ရပ်တည်ချက်ကို ခွဲထွက်ကာ မဲပေးလိုက်ခြင်းသည် သမ္မတ၏ နိုင်ငံခြားရေးမူဝါဒအစီအစဉ်များအပေါ်ကို နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာသည်။

ထောက်ခံမဲ ၂၂၆ မဲ၊ ကန့်ကွက်မဲ ၁၉၅ မဲဖြင့် အတည်ပြုခဲ့သည့် အဆိုပါဥပဒေကြမ်းအရ ယူကရိန်းသို့ အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံတန်ဖိုးရှိ ချေးငွေများအပြင် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အကူအညီများအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ပံ့ပိုးပေးရန် ပါဝင်သည်။

ထို့အပြင် ရုရှားနှင့် ဆက်နွှယ်နေသည့် စီးပွားရေးလုပ်ငန်းများနှင့် တာဝန်ရှိသူများကို ပိတ်ဆို့အရေးယူမှု အသစ်များ ချမှတ်မည့်အပြင် ရုရှားအား ကူညီပံ့ပိုးရန်အတွက် ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲရန် ကြိုးပမ်းသည့် ပြည်ပကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် တစ်ဦးချင်းစီကိုလည်း အရေးယူပိတ်ဆို့သွားမည် ဖြစ်သည်။

အဆိုပါဥပဒေကြမ်းသည် အထက်လွှတ်တော်သို့ ဆက်လက်ရောက်ရှိမည်ဖြစ်ပြီး လွှတ်တော်နှစ်ရပ်စလုံးတွင် အတည်ပြုချက် ရရှိခဲ့လျှင်ပင် ထရမ့်က သမ္မတဗီတိုအာဏာဖြင့် ပယ်ချနိုင်သေးသည်။ ယခု မဲခွဲမှုသည် ကွန်ဂရက်လွှတ်တော်အတွင်း ယူကရိန်းအတွက် ကြီးမားသောထောက်ခံမှုများ ရှိနေဆဲဖြစ်ကြောင်း ထရမ့်ထံသို့ နှစ်ပါတီစလုံးက ပေးပို့သော ပြတ်သားသည့် သတင်းစကားဖြစ်သည်။

အီရန်စစ်ပွဲကို ဆက်တိုက်ရန် သမ္မတအနေဖြင့် ကွန်ဂရက်လွှတ်တော်၏ အတည်ပြုချက်ရယူရန် လိုအပ်မည့် စစ်အာဏာဆိုင်ရာ ဆုံးဖြတ်ချက်(War Powers Resolution) ကို အတည်ပြုနိုင်ရန် ရီပတ်ဘလစ်ကန်အမတ် အနည်းငယ်က ဒီမိုကရက်များနှင့် ပူးပေါင်း၍ ဇွန်လ ၃ ရက်တွင် အတည်ပြုခဲ့ကြသည်။

ယခုအတည်ပြုလိုက်သည့် ဥပဒေကြမ်းတွင် ရုရှားခေါင်းဆောင်များနှင့် ထိပ်တန်းဘဏ်များ၊ ရေနံနှင့် သတ္တုတွင်းကုမ္ပဏီများအပါအဝင်အဖွဲ့အစည်းများအပေါ်ကို ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ပါဝင်သည်။
ထို့အပြင် အမေရိကန်သို့ တင်သွင်းသည့် ရုရှားကုန်ပစ္စည်းအားလုံးအပေါ်ကို ၅၀၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ခြင်းနှင့် ရုရှားမှ ရေနံစိမ်း တင်သွင်းမှုကို ပိတ်ပင်ခြင်းတို့လည်း ပါဝင်သည်။

ထရမ့်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် သမ္မတရာထူးကို စတင်လက်ခံစဉ်က ရုရှား-ယူကရိန်း စစ်ပွဲကို အချိန်တိုအတွင်း အဆုံးသတ်ပေးမည်ဟု ကတိပြုခဲ့သော်လည်း လက်တွေ့ကျကျ တိုးတက်မှုတစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသေးပေ။

ထို့အပြင် ထရမ့်သည် အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းအပေါ် ရိုက်ခတ်မှု သက်သာစေရန်အတွက် ရုရှားရေနံအပေါ် ကန့်သတ်ချက်အချို့ကို ဖြေလျှော့ပေးခဲ့ရာ ရီပတ်ဘလစ်ကန်ပါတီဝင်အချို့ကိုပင် စိတ်ပျက်ဒေါသထွက်စေခဲ့သည်။

ထရမ့်အစိုးရသည် အခြားသော ကမ္ဘာ့ပဋိပက္ခတစ်ခုတွင် ပါဝင်ပတ်သက်နေမည့်အစား ပြည်တွင်းရှိ ကုန်စျေးနှုန်း ပြဿနာများကိုသာအဓိက ကိုင်တွယ်ဖြေရှင်းရန် ရီပတ်ဘလစ်ကန်အမတ် အများအပြားက လိုလားနေကြသည်။

(ယူကရိန်းနိုင်ငံ ကိဗ် (Kyiv) ဒေသတစ်နေရာအား ရုရှားတို့ လေကြောင်းတိုက်ခိုက်မှုအပြီး ယူကရိန်း ကယ်ဆယ်ရေးသမားများ တာဝန်ထမ်းဆောင်နေသည်ကို ဇွန်လ ၅ ရက်တွင် တွေ့ရစဉ်။ ဓာတ်ပုံ- ယူကရိန်း အရေးပေါ် ကယ်ဆယ်ရေးဌာန)

Address

Ringwood East, VIC
3135

Telephone

+61452299601

Website

Alerts

Be the first to know and let us send you an email when Zo Defence Force posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Zo Defence Force:

Share