21/02/2026
စင်္ကာပူမှာ မပြသသေးဘူးလားလို့
မေးနေကြတဲ့ တော်လှန်ပြည်သူများအတွက်—
အခုတော့ အချိန်ရောက်လာပါပြီ။
လာမယ့် မတ်လ ၈ ရက်နေ့
စင်္ကာပူမြို့ရှိ Carnival Cinemas Golden Mile ရုပ်ရှင်ရုံကြီးမှာ
🎬 Tomorrow Isn’t For Everyone (မနက်ဖြန်…) ကို
တရားဝင် ရုံတင်ပြသသွားတော့မှာ ဖြစ်ပါတယ်။
ဒီ Version က
အခြားနိုင်ငံတွေမှာပြသထားတဲ့ Version မဟုတ်ပဲ
စင်္ကာပူရဲ့ Censorship System စည်းမျဉ်းများနဲ့အညီ
စင်္ကာပူတစ်နိုင်ငံတည်းအတွက်သာ သီးသန့်ပြင်ဆင်ထားတဲ့ Special Version အဖြစ်
မူရင်းရသာမပျက် ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
🎬 Rating — M18
—
သစ္စာဖောက်တွေ မလိုဘူး။
“နိုင်ငံရေးက ငါတို့နဲ့မဆိုင်ဘူး” ဆိုတဲ့
လူတွေမလိုဘူး။
မနက်ဖြန်ဆိုတာလည်း သင်တို့နဲ့ လုံးဝမဆိုင်စေရပါဘူး။
ဒါပေမယ့်—
ရဲရင့်တဲ့ဖက်မှာ ရပ်တည်နေတဲ့သူတွေ
ပြတ်သားတဲ့ဆုံးဖြတ်ချက်ရှိတဲ့သူတွေ
ကိုယ့်ယုံကြည်ချက်ကို မရောင်းစားတဲ့သူတွေအတွက်တော့—
ဒီရုပ်ရှင်က
မဖြစ်မနေ ကြည့်ရမယ့် အမှတ်တရတစ်ခု ဖြစ်လာပါလိမ့်မယ်။
စင်္ကာပူပရိသတ်များ…
အများအပြားလာရောက်အားပေးကြမယ်လို့ မျှော်လင့်ပါတယ်။
လက်မှတ်များကို
https://carnivalcinemas.sg မှ တိုက်ရိုက်ဝယ်ယူနိုင်သလို
ကျွန်တော်တို့ Moon King Page https://www.facebook.com/moonkingofpofficialfundraiser မှာလည်း ဝယ်ယူနိုင်ပါတယ်။
ဒါ့အပြင် ပင်နီဆူးလာပလာဇာ ၅ လွှာရှိ
"ထိုက်သူရ" Htike Thu Ya ဆိုင်တွင်လည်း လူကိုယ်တိုင် လာရောက်ဝယ်ယူရရှိနိုင်ပါသည်ခင်ဗျာ။
Presented by : Light And Shadow Media