Support for Myanmar from Australia and Singapore

Support for Myanmar from Australia and Singapore Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Support for Myanmar from Australia and Singapore, Charitable organisation, Melbourne.
(2)

Official OFP Fundraiser, Verified SDB RM, NUGPay , EOD & Bond ကိုယ်စားလှယ်
Friends from Aussie & Singapore can contact us for IDPs and all other types of Humanitarian Supports for Myanmar.

အောင်ပွဲနွှဲဖို့ ကျည်ဖြည့်စို့ ကျည် (၃၀,၀၀၀) ရရှိရေးကမ်ပိန်း ကမ်ပိန်းစတင်ခဲ့သည့် ဇွန် (၅)ရက်နေ့မှ ယနေ့ ဇွန်လကုန်အထိ၃,၁၅၀...
14/07/2026

အောင်ပွဲနွှဲဖို့ ကျည်ဖြည့်စို့ ကျည် (၃၀,၀၀၀) ရရှိရေးကမ်ပိန်း

ကမ်ပိန်းစတင်ခဲ့သည့် ဇွန် (၅)ရက်နေ့မှ ယနေ့ ဇွန်လကုန်အထိ
၃,၁၅၀ တောင့် (၁၀.၅% ) ရရှိခဲ့ပါပြီ ။
မျှော်လင့်ချက်တွေ စတင်ပုံပေါ်လာခဲ့ပြီလို့ပြောရမှာပေါ့...
ဖြည့်ဖို့ကျန်နေသေးတာက ၂၆,၈၅၀ တောင့် (၈၉.၅%)
ဂဏန်းတစ်ခုတိုးလာတိုင်း ရှေ့တန်းက ရဲဘော်တစ်ယောက်အတွက် ယုံကြည်ချက်တစ်ခု ပိုမိုခိုင်မာလာပါတယ်။

ရရှိပြီးသား ၃,၁၅၀ တောင့် အတွက် ပါဝင်အားဖြည့်ပေးကြတဲ့ တော်လှန်ပြည်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါတယ်။
ကျန်ရှိနေသေးတဲ့ ၂၆,၈၅၀ တောင့် ကိုလည်း အတူဖြည့်ဆည်းရဦးမယ့် တာဝန်တစ်ခုလို့ မှတ်ယူပြီး မပါဝင်ရသေးတဲ့သူများကို ပါဝင်လာအောင် ထပ်မံနှိုးဆော်ရင်းနဲ့ ကမ်ပိန်းTargetပြည့်မီရန် အတူဖြည့်ကြရအောင်... 🤝

ပန်းတိုင်ဆိုတာ လက်လှမ်းမမီတဲ့နေရာ မဟုတ်ပါဘူး
တစ်ယောက်ချင်းစီရဲ့ ပါဝင်မှုတွေ စုစည်းလာတဲ့အခါ တဖြည်းဖြည်း နီးကပ်လာတဲ့ နေရာတစ်ခုပါ။

၁၀.၅% ကနေ ၁၀၀% ပြည့်လာသည်အထိ... အဆုံးထိ အတူလျှောက်လှမ်းပေးကြပါဦး။ ❤

#အောင်ပွဲနွှဲဖို့ကျည်ဖြည့်စို့
#ကျည်၃၀၀၀၀ရရှိရေးကမ်ပိန်း
#ထားဝယ်ခရိုင်အမှတ်၁တပ်ရင်း
#ဝိုင်းတွန်းဇို့

14/07/2026

ပဲခူးဟာ ပြန်လာမယ်
____________________

ပဲခူးဟာ ပြန်လာမယ်
ငါတို့ ရဲဘော်တွေ ပြန်လာမယ်

ဗမာ့နွေဦးတော်လှန်ရေးကို
အစောဆုံး ကိုင်စွဲခဲ့တဲ့ ပဲခူး
အလံနက်လွှင့်ပြီး
ဧပြီ ၉ ကို ရဲရဲရင်ဆိုင်ခဲ့တဲ့ ပဲခူး
မောင်းပြန်ကို ဒေါင်းအလံနဲ့ တိုက်ခဲ့တဲ့ ပဲခူး
တောင်းယူလို့မရရင် တိုက်ယူခဲ့ကြတဲ့ ပဲခူး
ရရင် ရ မရရင် ချ ခဲ့ကြတဲ့ ပဲခူး
အလောင်းအထပ်ထပ်
သွေးအစက်စက် ကျခဲ့ရတဲ့ ပဲခူး

ငါတို့ရဲဘော်တွေကို
ထောင်သွင်း အကျဉ်းချ သ-တ်ဖြတ်ပစ်ရုံနဲ့
ပဲခူးဟာ တပ်ဦးကျိုးမသွားဘူး
လွယ်လွယ်သေရင်
အောင်မြေဘယ်နင်းမလဲ

ရွှေမောဓောခြေရင်းမှာ နားထွင်းဖို့
စစ်ဘီလူးတွေရဲ့ သွေး
လိပ်ပြာကန်ရေနဲ့ ဆေးဖို့
ပဲခူးက ငါတို့ရဲဘော်တွေ
ပြ န် လာ မ ယ် ။

ကဗျာ▫️မိုးသွေးညို
ရွတ်ဆို ▫️ကိန်း

ဟင်္သာဌာနေမှ ရဲဘော်တွေအတွက် ဆေးဝါး၊ ရိက္ခာ၊ စစ်ဝတ်တန်ဆာ ဖြည့်ဖို့ တိုက်ရိုက် ပါဝင်ထောက်ပံ့နိုင်ပါတယ်။ 📥♥️

#ဟင်္သာဌာနေ_အောင်ပွဲဝေ
#ကျပ်သိန်း_၃၀၀၀
#ပဲခူးတိုင်းပကဖ

#အောင်ပွဲအတွက်_အတူတကွ

14/07/2026

နွေလင်းဟန် - ကိုနွေကြီး ပြောပြထားတဲ့ ရာဇတောဝါကမ်ပိန်းအကြောင်းပဲ ဖြစ်ပါတယ်။

❝ ရာဇတောဝါ ❞ ကမ်ပိန်းဟာဆိုရင် ပဲခူးတိုင်းစစ်ဒေသရှိ တပ်ရင်း (၁၉) ရင်းအတွက် ရည်ရွယ်ပြုလုပ်တာပဲ ဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိအချိန်ထိ သိန်း ၅၀၀ ကျော်သာ ရရှိသေးပါတယ်။ ကမ်ပိန်းတားဂတ် (ပထမအဆင့်) က ကျပ်သိန်း ၂,၀၀၀ ဖြစ်ပါတယ်။

အင်မတန်ကျယ်ပြောလှတဲ့ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်နဲ့ ပဲခူးရိုးမပေါ်မှာရှိတဲ့ ဒီတပ်ရင်း ၁၉ ရင်း၊ ရွာပေါင်းထောင်ဂဏန်းကျော်ကို စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ ဒီတပ်ရင်း ၁၉ ရင်းအတွက် စစ်ရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့က သိန်း ၅၀၀ ပမာဏဆိုတာ အင်မတန်ကို နည်းနေသေးတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ရေးလိုအပ်ချက်တွေ အကောင်းဆုံး ပြုလုပ်နိုင်အောင် ကျနော်တို့ တော်လှန်မိဘပြည်သူတွေက ထောက်ကူအားဖြည့်ကြရအောင်ပါ ခင်ဗျာ။

ကမ်ပိန်းမှာ မိမိတို့ နိုင်သလောက် ပမာဏနဲ့ ဝင်ရောက်အားဖြည့်နိုင်ပြီး ကျနော်တို့ဘက်မှ ❝ ရာဇတောဝါ ❞ ကဗျာရုပ်ရှင်ခံစားမှု ကြည့်ရှုနိုင်ရန်အတွက် မေတ္တာလက်ဆောင် လက်မှတ်တစ်စောင်ကို ပြန်လည်ပေးအပ်မှာပဲ ဖြစ်ပါတယ်။

ရဲဘော်တွေကို အားဖြည့်ထောက်ကူရင်း လက်မှတ်များရယူနိုင်ပါပြီ ခင်ဗျာ။

#ရာဇတောဝါ
#ကဗျာရုပ်ရှင်ပေါင်းစပ်ခံစားမှု



12/07/2026

ပြည်သူ့မေတ္တာတွေနဲ့
အညာရဲ့မိုးရာသီကို
ကျနော်တို့ကျော်ဖြတ်ပြီး
ပြည်သူ့အတွက် ဆက်လက်ချီတက်ပါမည် ။

ဆီတဗူး ၊ ဆန်တအိတ် ၊ ဆေးတကဒ်ဖြစ်စေ
တတ်နိုင်သမျှ ပါဝင်ကူညီပေးကြပါသော
မိဘပြည်သူများအားကျေးဇူးတင်ရှိပါသည် ။

ကမ်ပိန်းနောက်ဆုံးရက်လေးမှာ
ရည်မှန်းချက်လေးပြည့်မှီအောင်
ပါဝင်ကူညီပေးကြဖို့ နှိုးဆော်အပ်ပါသည် ။

#မိုးရာသီရိက္ခာ
#ရွှေဘိုရင်း၁၇


#တော်လှန်ကောမစ်

12/07/2026

မိုးအေးအေး
ကမ်ပိန်းအေးအေးမှာ
ရဲဘော်တွေကတော့ ပြည်သူ့ရဲ့ နွေးထွေးတဲ့
မေတ္တာကို မျှော်လင့်တောင်းတနေကြပါတယ်♥️💪

ပဲခူးတိုင်းရှိ PDO အထူးတိုက်ခိုက်ရေး ရဲဘော်တွေအတွက် ရိက္ခာ၊ဆေးဝါးနဲ့အသုံးအဆောင်များဖြည့်တင်းတပ်ဆင်ပေးမယ့် #ဟင်္သာဌာနေအောင်ပွဲဝေ ကျပ်သိန်း ၃၀၀၀ ကမ်ပိန်းလေး ပြီးဆုံးဖို့ရာ
ရက်အတော်နီးကပ်လာပေမယ့် 🚨၁၀%ခန့်သာ🚨 ရရှိသေးတာမို့ အလွန်ကိုအခက်တွေ့နေချိန်မှာ တက်စွမ်းသမျှ ပါဝင်အားဖြည့် ကူညီပေးကြပါဦးခင်ဗျာ

ဆက်သွယ်နိုင်သည့် နိုင်ငံတကာရှိ တာဝန်ခံလင့်များအား ကွန့်မန့်တွင်ဖော်ပြထားပေးပါတယ်ခင်ဗျာ
#ဟင်္သာဌာနေအောင်ပွဲဝေ
#ကျပ်သိန်း၃၀၀၀
#ပဲခူးတိုင်းပကဖ

ဟင်္သာဌာနေ အောင်ပွဲဝေ ကမ်ပိန်းကို စတင်ခဲ့တာ (၃)ပတ်ကျော်သွားခဲ့ပြီဆိုပေမဲ့ ကမ်ပိန်းပမာဏက (၈%) ပဲ ရရှိပါသေးတယ်ဗျ။(၈%)ဆိုတာ...
12/07/2026

ဟင်္သာဌာနေ အောင်ပွဲဝေ ကမ်ပိန်းကို စတင်ခဲ့တာ (၃)ပတ်ကျော်သွားခဲ့ပြီဆိုပေမဲ့ ကမ်ပိန်းပမာဏက (၈%) ပဲ ရရှိပါသေးတယ်ဗျ။

(၈%)ဆိုတာ အလွန်နည်းသေးတဲ့ ပမာဏဆိုပေမယ့် ပြည်သူတွေလည်း ဒီကာလမှာ အဘက်ဘက်က ပင်ပန်းနေပြီဆိုတာ ကျနော်တို့ရဲဘော်တွေ နားလည်သိရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲဘော်တွေမှာ အားကိုးစရာ၊အားထားစရာ ကလည်း ပြည်သူမှတပါး မရှိကြပါဘူး။

ပြည်သူ့အားနဲ့ ရှေ့ဆက်တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေအတွက် ဒီနေ့မှာ Challange လေး ခေါ်ချင်ပါတယ်။ 🪧📢

🎯 (၈%) မှ (၁၀%) သို့ ချီတက်ကြစို့ 🎯

တနေ့တလံ ပုဂံဘယ်ရွေ့ဆိုသလို စုပေါင်းအားနဲ့ယူရင် ကျပ်သိန်း (၃၀၀၀)ဟာ သတ်မှတ်ကာလမှာ သေချာပေါက် ပြည့်မီမှာပါ။ ပဏာမအနေနဲ့ (၁၀%) ဆီ အတူတူချီတက်ကြရအောင်လားခင်ဗျာ။

ပြည်သူ့စုပေါင်းအားနဲ့ ပြည့်မယ်ဆိုတာ ဟင်္သာဌာနေမှ ရဲဘော်တွေက အပြည့်အဝ ယုံကြည်ပါတယ်။ 💪♥️

"ဟင်္သာဌာနေ အောင်ပွဲဝေ" သို့ အားဖြည့်ကူညီပေးနိုင်ဖို့ နိုင်ငံတကာရှိ OFP FR များထံမှာ ပါဝင်အားဖြည့်နိုင်သလို SCF Platform မှာလည်း လုံခြုံစိတ်ချစွာ ပါဝင်အားဖြည့်ထောက်ပံ့နိုင်ပါတယ်ခင်ဗျာ။

(ဆက်သွယ်ရမည့် တာဝန်ခံလင့်များကို ကွန်မန့်တွင်ကြည့်ပါ)

🔶ကမ်ပိန်းကာလ
၁၅.၆.၂၀၂၆ မှ ၃၁.၇.၂၀၂၆ အထိ
🔶ကမ်ပိန်းတားဂါတ်
ကျပ်သိန်း - ၃၀၀၀

#အောင်ပွဲအတွက်_အတူတကွ
#ဟင်္သာဌာနေ_အောင်ပွဲဝေ
#ကျပ်သိန်း_၃၀၀၀
#ပဲခူးတိုင်းပကဖ

"ကြိုးနဲ့စွန်" ကမ်ပိန်းဆိုတာ💫 လူကြီးတွေရဲ့ အတွေ့အကြုံနဲ့လူငယ်များရဲ့ နည်းပညာကိုပေါင်းစပ်ဖော်ဆောင်မယ့် ထောက်ပံ့ရေး ကမ်ပိန...
12/07/2026

"ကြိုးနဲ့စွန်" ကမ်ပိန်းဆိုတာ

💫 လူကြီးတွေရဲ့ အတွေ့အကြုံနဲ့
လူငယ်များရဲ့ နည်းပညာကို

ပေါင်းစပ်ဖော်ဆောင်မယ့်
ထောက်ပံ့ရေး ကမ်ပိန်း ဖြစ်ပါတယ်။

ဒါ့ကြောင့် ထိရောက်၊ ပြင်းထန်၊ အကျိုးရှိစေမယ့်
"ကြိုးနဲ့စွန်" ကမ်ပိန်း ...

💫 ပြည်သူများ ရေဘေးဒုက္ခ
ကြုံတွေ့ရတဲ့ အခါမှာလည်း

"ကြိုးနဲ့စွန်" ကို အသုံးပြုပြီး
ကူညီကယ်ဆယ်နိုင်သလို

ပြည်သူ့ အသက်အိုးအိမ်များကို
မီးရှို့ဖျက်ဆီးမယ့် ရန်သူတွေကိုလည်း

"ကြိုးနဲ့စွန်" ကို အသုံးပြုပြီး
ခုခံကာကွယ်လို့ ရပါတယ်။

ဒါ့ကြောင့် အဘက်ဘက်မှာ အသုံးတည့်မယ့်
"ကြိုးနဲ့စွန်" ကမ်ပိန်း ...

#ကြိုးနဲ့စွန်

11/07/2026

❝ ဓမ္မနိုင်ငံထူထောင်ဖို့ ရဲဘော်တွေဟာ လက်တဖက်ကျန်ရင် လက်တဖက်၊ ခြေတဖက်ကျန်ရင် ခြေတဖက်နဲ့ ဆက်လက် တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ် ❞

▫️ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်)

ဟင်္သာဌာနေ အောင်ပွဲဝေ ကျပ်သိန်း (၃၀၀၀)ကမ်ပိန်း၌ ပါဝင်ရန်
https://tinyurl.com/AUSG4MM-OFP
🙏♥️

#ဟင်္သာဌာနေ_အောင်ပွဲဝေ
#ကျပ်သိန်း_၃၀၀၀
#ပဲခူးတိုင်းပကဖ




#အောင်ပွဲအတွက်_အတူတကွ

08/07/2026

မုန့်ဟင်းခါး ခြေမြန်တပ်မဌာနချုပ် ကြိုးစင်တပ်ရင်းက ဗိုလ်ကြီးကဲတို့ကတော့ဗျာ ကိုယ့်ကိုယ်ရိုက်မယ့်တုတ်ကို ကိုယ်တိုင်ရှာပေးနေသလို ဖြစ်နေပါပြီ 😂

ဒီတစ်ခါတော့ ဗိုလ်ကြီးကဲ၊ အရပ်ထဲက စပ်ဖြဲ နဲ့ အောင်ပန်းညိုက ရာဇတောဝါကမ်ပိန်းအတွက် ထူးထူးခြားခြားပုံစံလေးဟာသပုံစံလေးနဲ့ တင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။

❝ ရာဇတောဝါ ❞ ကမ်ပိန်းဟာဆိုရင် ပဲခူးတိုင်းစစ်ဒေသရှိ တပ်ရင်း (၁၉) ရင်းအတွက် ရည်ရွယ်ပြုလုပ်တာပဲ ဖြစ်ပါတယ်။

အင်မတန်ကျယ်ပြောလှတဲ့ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်နဲ့ ပဲခူးရိုးမပေါ်မှာရှိတဲ့ ဒီတပ်ရင်း ၁၉ ရင်း၊ ရွာပေါင်းထောင်ဂဏန်းကျော်ကို စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ ဒီတပ်ရင်း ၁၉ ရင်းအတွက် စစ်ရေးလိုအပ်ချက်တွေကို ထောက်ကူအားဖြည့်ကြရအောင်ပါ ခင်ဗျာ။

ကမ်ပိန်းမှာ မိမိတို့ နိုင်သလောက် ပမာဏနဲ့ ဝင်ရောက်အားဖြည့်နိုင်ပြီး ကျနော်တို့ဘက်မှ ❝ ရာဇတောဝါ ❞ ကဗျာရုပ်ရှင်ခံစားမှု ကြည့်ရှုနိုင်ရန်အတွက် မေတ္တာလက်ဆောင် လက်မှတ်တစ်စောင်ပြန်လည်ပေးအပ်မှာပဲ ဖြစ်ပါတယ်။

#ရာဇတောဝါ
#ကဗျာရုပ်ရှင်ပေါင်းစပ်ခံစားမှု





Address

Melbourne, VIC

Alerts

Be the first to know and let us send you an email when Support for Myanmar from Australia and Singapore posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share