Pyit Taing Htaung Inc.

Pyit Taing Htaung Inc. welcome to everyone to Support Myanmar

မနက်က မြူတွေထူတယ်19 June မို့ ရင်တွေပူတယ်မွေးနေ့မှာ ပျော်ပါစေ လို့တော့ ဆုတောင်းဖို့ခက်နေတယ်ကိုယ် မပျော်သလို သူမ လည်းပျော...
19/06/2025

မနက်က မြူတွေထူတယ်
19 June မို့ ရင်တွေပူတယ်
မွေးနေ့မှာ ပျော်ပါစေ လို့တော့
ဆုတောင်းဖို့ခက်နေတယ်
ကိုယ် မပျော်သလို သူမ လည်းပျော်နိုင်မယ်လို့
လှည့်စားပြီးတောင် တွေးလို့မရ...

သံတိုင်တွေကြားက အသက် ၈၀ အဘွားအိုအတွက်
ဆုတောင်းပေးပါရစေ....

ပျံနေတဲ့ ငှက်ကလေးတွေ ညွတ်ကွင်းဘေးကဝေးသလို
ရေအလျင်မှာ လူးလာကူးခတ်ကြတဲ့ ငါးလေးတွေလဲ ပိုက်ကွင်းမှဝေးပါစေ...
သတ္တလောကကြီးတစ်ခုလုံး ဘေးရန်ကင်းပြီး
အချုပ်အနှောင်ခံရခြင်းမှ ကင်းဝေးကြပါစေ....
ထိုသို့သော ဘေးကင်းမှုသည် သူမ ထံ၌လည်း အမြန်ဆုံး သက်ရောက်နိုင်ပါစေ....

Credit Khin Kyaw Tun

တစ်စောင်လျှင် AUD 10 နှုန်းဖြင့် ၀င်ရောက်ကူညီပေးကြပါအုံးဗျ target amount လေး အမြန်ပြည့်သွားအောင် ပ်ိုလွှဲချင်လည်း လက်ခံပ...
17/08/2024

တစ်စောင်လျှင် AUD 10 နှုန်းဖြင့်
၀င်ရောက်ကူညီပေးကြပါအုံးဗျ
target amount လေး အမြန်ပြည့်သွားအောင် ပ်ိုလွှဲချင်လည်း လက်ခံပါတယ်နော် 💪

[English Version Below] ၂၀၂၄ ခုနှစ် ဇူလိုင်လ ၆ရက်နေ့ ပတ်သ်မြို့မှာ ပြုလုပ်ခဲ့တဲ့ NUG ရဲ့ နိုင်ငံခြားရေးရာဝန်ကြီး ဒေါ်ဇင်...
10/07/2024

[English Version Below]

၂၀၂၄ ခုနှစ် ဇူလိုင်လ ၆ရက်နေ့ ပတ်သ်မြို့မှာ ပြုလုပ်ခဲ့တဲ့ NUG ရဲ့ နိုင်ငံခြားရေးရာဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တွေ့ဆုံပွဲမှာ ပစ်တိုင်းထောင် အနေနဲ့ ရန်ပုံငွေရရှိဖို့ အတွက် ဝက်သားတုတ်ထိုးနဲ့ ကြာဇံကြော်ရောင်းချခြင်းအားဖြင့် ပါဝင်ခဲ့ပါတယ်။

ရရှိခဲ့သော အမြတ်ငွေများကို တော်လှန်ရေးအတွက် သက်ဆိုင်ရာ နေရာများသို့ ပေးပို့လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကူညီပေးသူ၊ ဝယ်ယူအားပေးကြသူ တစ်ယောက်ချင်းဆီတိုင်းကို ပစ်တိုင်းထောင်အဖွဲ့မှ ကျေးဇူးတင်ရှိပါတယ်။

On 6 July 2024, Pyit Taung Htaung participated in a fundraising event at the public meeting with NUG’s Foreign Minister, H.E. Daw Zin Mar Aung, in Perth by selling pork sticks and fried vermicelli.

PTH will donate all the proceeds from this fundraising event to support the revolution. We would like to thank everyone for your generous support.

အမျိုးသားညီညွတ်ရေးအစိုးရ နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် Perth မြို့ လူထုတွေ့ဆုံပွဲတွင် အောက်ပါအစားအသောက်နှင်...
05/07/2024

အမျိုးသားညီညွတ်ရေးအစိုးရ နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် Perth မြို့ လူထုတွေ့ဆုံပွဲတွင် အောက်ပါအစားအသောက်နှင့်ပစ္စည်းများကို အမျိုးသားညီညွတ်ရေးအစိုးရရံပုံငွေအတွက်လှူဒါန်းရောင်းချပေးမည်ဖြစ်ပါသည်။

အစားအသောက်များကို နေ့လည် ၁၂ နာရီ မှ ၂ နာရီအတွင်းလူထုအစည်းအဝေးမတိုင်ခင်ရောင်းချပေးမည်ဖြစ်ပါသည်။

1. Queens group - အုန်းနို့ခေါက်ဆွဲ၊ ရခိုင်မုန့်တီ

2. မမူမူအောင် - သာကူ

3. Ma Mee Mee Chan - မျှစ်နှင့်ပုဇွန်ဟင်း

4. မမိမိရှိန် - ကြက်သားနန်းကြီးသုတ် (ဘာသာမရွေးစားသုံးနိူင်ပါသည်၊)

5. Ma Margaret- ရှမ်းမြီးရှည်၊အသုတ်စုံ၊တို့ဟူးသုတ်

6. ငါတို့နိူင်မှာ အဖွဲ့ - လ္ဘက်ရည်၊စမူဆာ၊ငှက်ပျောသီးဆနွင်းမကင်း၊စမူဆာပဲရည်သုတ်၊မုန့်လင်မယား၊မုန့်သိုင်းခြုံ၊

7. မမူယာတိုး - သာခွေယိုင်၊ရေသန့်ဗူး၊ အအေးဗူး၊

8. ဦးသောင်းရွှေ - ငါးသလောက်ပေါင်း၊ငါးမြင်းဆီပြန်၊အုန်းထမင်းနှင့်ကြက်သား၊ အုန်းပြန်ပေါင်း၊ ငါးဆုတ်ချဉ်ပေါင်၊

9. မယဉ်မိုး - ကောက်ညှင်းငါးချိတ်ပေါင်း၊ ပဲပြုတ်၊

10. ရွှေစစ် - ဆီထမင်းနှင့်ငါးရံခြောက်၊ရှမ်းခေါက်ဆွဲ၊တို့ဟူးနွေး၊

11. Ma Wendy - ဝက်သားလိပ်

12. ပစ်တိုင်းထောင်အဖွဲ့ - ဝက်သားတုတ်ထိုး နှင့် ကြာဆံကြော်

14- ရာရာ -Thai salad

13. Ma Yin Moe - CDM support merchandise

14. Ma Kristal Dimple - Jewellery

မြန်မာ့ ဒီမိုကရေစီ ပြယုဒ်၊ နိုင်ငံ့ ဥသျောင်၊ မြန်မာနိုင်ငံ၏ မိခင်ကြီး အမေဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်မြောက်မွေးနေ့တွင်...
19/06/2024

မြန်မာ့ ဒီမိုကရေစီ ပြယုဒ်၊ နိုင်ငံ့ ဥသျောင်၊ မြန်မာနိုင်ငံ၏ မိခင်ကြီး အမေဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်မြောက်မွေးနေ့တွင် အမေ အမြန်ဆုံး အချုပ်အနှောင်မှ လွတ်မြောက်ပါစေ။ မြန်မာပြည်ကြီး ဖက်ဒရယ်ဒီမိုကရေစီ စံနစ်အောက်တွင် သာယာဝပြောသည်ကို ကိုယ်တိုင် မျက်မြင် ကြုံတွေ့ စံစားရသည်ထိ ကျန်းမာ သက်ရှည် နေထိုင်သွားနိုင်ပါစေ ဟု ပစ်တိုင်းထောင်လူမှုရေးအဖွဲ့မှ လေးမြတ်စွာ စုမွန်ကောင်းတောင်းအပ်ပါသည်။

**အပြာရောင်ည BLUE NIGHT Dinner အစီစဉ် လုပ်ဖြစ်ရခြင်းအကြောင်း**နိုင်ငံ‌တော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဥပဒေမဲ့...
03/06/2024

**အပြာရောင်ည BLUE NIGHT Dinner အစီစဉ် လုပ်ဖြစ်ရခြင်းအကြောင်း**

နိုင်ငံ‌တော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဥပဒေမဲ့ဖမ်းဆီးခံနေရတဲ့ မြန်မာနိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုချင်လို့ Perth, Australia မှာရှိတဲ့ Fremantle အကျဉ်းထောင်ဟောင်းကြီးထဲမှာ အပြာရောင်ည BLUE NIGHT Dinner စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဒီညစာစားပွဲကိုလာသူတိုင်း ရင်ဘက်မှာ အပြာရောင်ဖဲကြိုးလေးတွေ တတ်ဆင်စေခဲ့တာက မြန်မာနိုင်ငံရေးအကျဉ်းသားတွေရဲ့ထောင်ဝတ်စုံအပြာရောင်ကို ဂုဏ်ပြုအမှတ်ရစေဖို့ပါ။ ည ၆ နာရီမှ ၉ နာရီအထိ ကျင်းပခဲ့တဲ့ပွဲရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး စစ်အာဏာရှင်လက်ထဲမှာ အကျဉ်းကျနေခဲ့တာ ၃ နှစ်ရှိပြီဆိုတဲ့အမှတ်တရပဲဖြစ်ပါတယ်။

အပြင်မှာနေတယ်ဆိုပေမယ့် ပြည်တွင်းကရဲဘော်တွေ ဘယ်လိုနေကြမလဲဆိုတဲ့ခံစားချက်ကို ကိုယ်တိုင်ခံစားရစေဖို့ စီစဉ်ခဲ့တာပါ။ အကျဉ်းထောင်ဆိုတဲ့အတိုင်း ရေပိုက်ခေါင်းတစ်ခုနဲ့ မီးဖိုခွင့်မပြု၊ လျှပ်စစ်မီးသွယ်ဖို့ မီးပေါက်သာပေးတဲ့နေရာမှာ ပူပူနွေးနွေး အစားအသောက်တွေကို အစာပြေ၊ အဓိကညစာနဲ့ အချိုပွဲ ၃ ထပ် စားနိုင်အောင် စီစဉ်ထားခဲ့ပါတယ်။

မြန်မာ့တော်လှန်ရေးဖြစ်စဉ်ကို နိုင်ငံခြားသားများ သိရှိနိုင်ဖို့ Documentary Video လေးပြပြီး၊ မြန်မာသမီးငယ်လေးတို့ရဲ့ တယောထိုးဖျော်ဖြေမှုလေးတွေနဲ့အတူ စီစဉ်ခဲ့ပါတယ်။ အခက်အခဲများစွာရှိခဲ့ပေမယ့် ရည်ရွယ်ချက်တွေ အထမြောက်အောင်မြင်ခဲ့ပြီး ပျော်ရွှင်ကျေနပ်ခဲ့တဲ့ညတစ်ညဖြစ်ခဲ့ပါတယ်။

ပွဲကို တက်ရောက်အားပေးကြသူများနဲ့ ဝိုင်းဝန်းကူညီခဲ့ကြသူငယ်ချင်းများအား အထူးကျေးဇူးတင်ရှိပါတယ်။

You like it or not, it has been for three years Myanmar is in prison.
02/06/2024

You like it or not, it has been for three years Myanmar is in prison.

မြန်မာနိုင်ငံရဲ့ အကျဉ်းသားများအား ဂုဏ်ပြုတဲ့ ရည်ရွယ်ချက်နဲ့ ပစ်တိုင်းထောင် လူမှုရေးအဖွဲ့က လူငယ်တက္ကသိုလ်ကျောင်းသားများနဲ...
02/06/2024

မြန်မာနိုင်ငံရဲ့ အကျဉ်းသားများအား ဂုဏ်ပြုတဲ့ ရည်ရွယ်ချက်နဲ့ ပစ်တိုင်းထောင် လူမှုရေးအဖွဲ့က လူငယ်တက္ကသိုလ်ကျောင်းသားများနဲ့ ပူးပေါင်းပြီး အကျဉ်းထောင်အတွင်းမှာ "အပြာရောင်ည" ညစာစားပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။

With the aim of honoring Myanmar's political prisoners, Pyit Taing Htaung Social Club organized a "Blue Night" dinner in cooperation with young university students at Fremantle Prison.

We are truly appreciated to the guests, sponsors, our friends who couldn't attend the event but bought the tickets just to support and friends who just donated money for our good intentions.

Without you, we can't be here.

Address

Fremantle, WA

Alerts

Be the first to know and let us send you an email when Pyit Taing Htaung Inc. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Pyit Taing Htaung Inc.:

Shortcuts

Share