Australia Arakanese Association, Cairns - AAAC

Australia Arakanese Association, Cairns - AAAC This Australia Arakanese Association, Cairns Inc. (AAAC) has a main purpose of providing knowledge o

02/04/2026
  celebration that’s centuries in the making? Get ready for  Arakanese Thungran 2026! Australia Arakanese Association, C...
02/04/2026

celebration that’s centuries in the making?

Get ready for Arakanese Thungran 2026!

Australia Arakanese Association, Cairns - AAAC is thrilled to invite you to our annual Thungran (New Year) celebration in Cairns Australia 🇦🇺.

What makes Arakanese Thungran so special?

It’s a deep connection to our history.
The Purest Tradition:
Our festival has been celebrated for generations by the Arakanese (Rakhine) people. The core of Thungran is the symbolic water splashing—a timeless ritual using cool, clean water to purify the spirit, wash away misfortune, and invite good luck for the year ahead.
It’s an act of respect, renewal, and joy!

Don't miss this unique opportunity to experience:

• 💃 Traditional Arakanese Cultural Performances

• 🍚 Authentic Rakhine Cusine & Thungram Snacks

• 🌊 Symbolic Water Splashing

• Tug of War and more •••

This isn’t just an event; it’s an immersive cultural experience that will leave you with a new appreciation for Southeast Asia’s rich heritage.
Save the Date:

📅 April 11th, 2026 |
🕚 11:00 am - 5:00 pm
📍 73/79 Greenslopes St, Edge Hill QLD 4870
Tickets: FREE (for non-community members)
_______________________________________________

ရာစုနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့တဲ့ ရိုးရာနှစ်သစ်ကူးပွဲတော်ကြီးမှာ ပါဝင်ဆင်နွှဲဖို့ အသင့်ဖြစ်ပြီလား?

ရခိုင့်ကောဇာသက္ကဇရာ် ၁၃၈၈ ခုနှစ်၊ ရခိုင်ရိုးရာသင်္ကြန်ပွဲ (Arakanese Thungran 2026) လာပါပြီ!

ဩစတေးလျ၊ ခန်းစ်မြို့၊ ရခိုင်အဖွဲ့အစည်းမှ ကြီးမှူးကျင်းပသော၊ ရခိုင်ရိုးရာသင်္ကြန် (နှစ်သစ်ကူး) ပွဲတော်ကြီးကို ခန်းစ်မြို့ တွင် ကျင်းပမည်ဖြစ်ပါသဖြင့် လူကြီးမင်းတို့အား ဝမ်းမြောက်ဝမ်းသာ ဖိတ်ကြားအပ်ပါသည်။

ရခိုင်ရိုးရာသင်္ကြန်ဟာ ဘာကြောင့် ဒီလောက်အထိ ထူးခြားနေရတာလဲ?
#အဖြေကတော့ ကျွန်ုပ်တို့၏ နက်ရှိုင်းလှသော ရက္ခိုင်သမိုင်းကြောင်းနှင့် ချိတ်ဆက်နေခြင်းကြောင့်ပင် ဖြစ်ပါသည်။

စန္ဒာသူရိယမင်းကြီးလျှောက်၍၊ မြတ်ဗုဒ္ဓဘုရားရှင် ရက္ခိုင်ပြည်သို့ ကြွချီလာတော်မူခဲ့သောအချိန်မှစတင်ခဲ့ပြီး ယခုအချိန်ထိ ဤပွဲတော်ကို ရခိုင်လူမျိုးများက မျိုးဆက်ပေါင်းများစွာ တန်ဖိုးထား ထိန်းသိမ်းလာခဲ့ကြခြင်း ဖြစ်ပါသည်။

#သင်္ကြန်ပွဲတော်၏ အဓိကအနှစ်သာရမှာ အထိမ်းအမှတ်အဖြစ် ရေပက်ဖျန်းခြင်းပင် ဖြစ်သည်။

• အေးမြကြည်လင်သော ရေဖြင့် စိတ်ဝိညာဉ်ကို သန့်စင်စေခြင်း၊

•မကောင်းသော ကံကြမ္မာများကို ဆေးကြောသန့်စင်ခြင်းဖြစ်ပြီး

• လာမည့်နှစ်သစ်အတွက် ကောင်းကျိုးလိုအင်ဆန္ဒများကို ဖိတ်ခေါ်ခြင်းတို့အတွက် အစဉ်အလာမပျက် ပြုလုပ်ခဲ့ကြပါသည်။

• ၎င်းသည် ရိုသေလေးစားမှု၊ သစ်လွင်မှုနှင့် ပျော်ရွှင်မှုတို့၏ ပြယုဂ်တစ်ခုပင် ဖြစ်ပါသည်။

ဤပွဲတွင်//

• 💃 ရခိုင်ရိုးရာ ယဉ်ကျေးမှု အကအလှများ

• 🍚 အရသာရှိလှသော ရခိုင်ရိုးရာ အစားအစာနှင့် သင်္ကြန်မုန့်များ

• 🌊 အစဉ်အလာမပျက် အပြန်အလှန် ရေပက်ဖျန်းကြခြင်း

• 🤝 လွန်ဆွဲပွဲနှင့် အခြားပျော်ပွဲရွှင်ပွဲများစွာလည်း ပါဝင်ပါသည်။

📅 ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ ရက် |

🕚 မနက် ၁၁:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ

📍 လိပ်စာ: 73/79 Greenslopes St, Edge Hill QLD 4870

🎟 လက်မှတ်: ရခိုင်လူမျိုးမဟုတ်သော အခြားလူမျိုးစုဝင်များအားလုံးအတွက် အခမဲ့ဖြစ်ပါသည်။

Centacare Connect Centacare FNQ

03/ April/ 2026 (10:10 pm)

Australia Arakanese Association Cairns (AAAC) participated and contributed to the Harmony Day event organised by Centaca...
22/03/2026

Australia Arakanese Association Cairns (AAAC) participated and contributed to the Harmony Day event organised by Centacare FNQ.

We would like to express our sincere gratitude to Centacare for inviting us to participate.

The AAAC Executive would also like to deeply thank Ma Su Su Hlaing for her leadership in making this happen, as well as each and every member of the AAAC family who came along to support the event.
(or )

Centacare FNQ မှကြီးမူးကျင်းပသော Harmony Day ၌ ကျနော်ရို့ Australia Arakanese Association, Cairns - AAAC မှပူးပေါင်းဝင်အားဖြည့်ခပါသည်။

ပါဝင်ရန်ဖိတ်​ခေါ်​ပီးပါ​သော Centacare အားလည်း အထူးပင်​ကျေးဇူးတင်ပါသည်။

ဤကိစ္စဖြစ်မြောက်ရီးအတွက် ဦးစီးဦးဆောင်လုပ်ပီးပါသော် မစုစုလိူင် နှင့် အခြားလိုက်ပါ အားဖြည့်ပီးကတ်ပါသော AAAC မိသားစု တစ်ဦးတစ်ယောက်စီချင်းကိုလေ့ ကျေးဇူးအများကြီးတင်ဟိပါကြောင်း AAAC ဗဟိုကော်မတီမှ ပြောကြားလိုပါသည်။

#စည်းလုံးညီညာ_အောင်ကြောင်းဖြာ။

AAAC မှ 11th April 2026 တွင်ကျင်းပပြုလုပ်လားဖို့ဖြစ်ရေ သင်္ကြန်ဖြစ်မြောက်ရီးအတွက် အလုပ်အမူဆောင်များနှင့် လုပ်အား စေတနာရှ...
09/03/2026

AAAC မှ 11th April 2026 တွင်ကျင်းပပြုလုပ်လားဖို့ဖြစ်ရေ သင်္ကြန်ဖြစ်မြောက်ရီးအတွက် အလုပ်အမူဆောင်များနှင့် လုပ်အား စေတနာရှင်များအား ထုတ်ပြန်ကြော်ငြာချက်။

🙏 သာလီစွပါ  (Thar Li Swa Bar)Ga day’ True love knows no distance! ❤️✈️We are beyond thrilled to welcome Mr. A Larm and M...
04/03/2026

🙏 သာလီစွပါ (Thar Li Swa Bar)
Ga day’

True love knows no distance! ❤️✈️

We are beyond thrilled to welcome Mr. A Larm and Mrs. Thein Aye Zan to Cairns! After being married for two years and living oceans apart, this wonderful couple has finally been reunited.

Mr. A Larm traveled back to Myanmar to personally bring his wife home to Australia after her visa was granted.
Their 2-year wait is finally over, and their new chapter starts today!

Please join us in giving them a warm AAAC welcome. We wish you both a lifetime of love and a very "happy ever after" here in Australia! 🇦🇺🇲🇲

ကျ​နော်ရို့ AAAC မှ ဦးအလင်း (Mr. A Larm) နဲ့ ဒေါ်သိန်းအေးဇံ (Mrs. Thein Aye Zan) ရိုဇနီး​မောင်းနှံအား Cairns မြို့မှလိုက်လှဲစွာကြိုဆိုပါ​ရေ။

လက်ထပ်ပြီး (၂) နှစ်တိုင်တိုင် သမုဒ္ဒရာတိခြားပနာဝီးကွာနီခကတ်သော်လည်း နောက်ဆုံးတော့ခါ ၂ ဦးအတူ ဆုံဆည်းနိုင်ခကတ်ပြီးဖြစ်ပါသည်။

AAAC ၏စာရင်းစစ်တာဝန်ထမ်း​ဆောင်နီသူ ဗဟို​ကော်မတီဝင် ဦးအလင်းအား ဝမ်းသာအားကြိုဆိုဂုဏ်ပြုပါ​ကြောင်း ပြောကြားလိုပါသည်။

အားလုံး မင်္ဂလာဟိရေမိုးသောက်ဖက်ချိန်ပါကျနော်ရို့AAAC မှ April 11 ရက်နိန့်တွင် သကြင်္န်ပွဲကျင်းပနိုင်ရန်အတွက်ကို (26/01/2...
16/02/2026

အားလုံး မင်္ဂလာဟိရေမိုးသောက်ဖက်ချိန်ပါ

ကျနော်ရို့AAAC မှ April 11 ရက်နိန့်တွင် သကြင်္န်ပွဲကျင်းပနိုင်ရန်အတွက်ကို (26/01/2026) Family Dinner ညတွင် အားလုံးသသေဘာတူ၊ သတ်မှတ်ထားခလို့ဟိပါသည်။

ယင်းဇုနန့် သကြင်္န် ဖြစ်မြောက်ရီးအစီးအဝေးကို 15/Feb/ 2026 နိ့တွင် မြို့ထဲပနိးခြံ၌ ပြုလုပ်ခပါသည်။

တက်​ရောက်လာသူများနှင့် င်္သကြန်ကိစ္စ ကဏ္ဍများကို အကျယ်ချုပ်​ဆွေး​နွေး အတည်ပြုခပြီးဖြစ်သည်။

ဤသို့အကျယ်တဝင့်​ဆွေးနွေးသတ်မှတ်ခ​သော ကိစ္စရပ်များကို အတိအကျ အပြီးသတ်​ဆွေး​နွေးရန်အတွက်၊ အဂု​ဖေါ်ပြပါ အစီးအ​ဝေးသို့ လူကြီး၊ လူငယ်မကျန် တက်​ရောက် ဆွေး​နွေးပီးကြပြီးလျှင်၊ သကြင်္န်ဖြစ်​မြောက်ရီးကို အမတ္တာအကျိုး အမျာ်ကိုး၍ အတူတကွပူး​ပေါင်း​ဆောက်ရွက်ကတ်ပါလို့ နိုး​ဆော် အသိပီးအပ်သည်။

သာယာအီးချမ်း​ရေနိနိ့းက်​ချေဖြစ်ကတ်ပါစီ။

ချစ်ခင်လေးစားစွာဖြင့်
ို

အားလုံး မင်္ဂလာဟိရေမိုးသောက်ဖက်ချိန်ပါကျနော်ရို့ဗဟိုအနီနန့်၊ သကြင်္န်ပွဲကျင်းပနိုင်ရန်အတွက် ယာယီသတ်မှတ်ထားခလို့ဟိပါသည်။ဤ...
12/02/2026

အားလုံး မင်္ဂလာဟိရေမိုးသောက်ဖက်ချိန်ပါ

ကျနော်ရို့ဗဟိုအနီနန့်၊ သကြင်္န်ပွဲကျင်းပနိုင်ရန်အတွက် ယာယီသတ်မှတ်ထားခလို့ဟိပါသည်။

ဤသင်္ကြန်ဖြစ်မြောက်ရီးအတွက် သင်းလုံးကျွတ်အစီးအဝေးတစ်ခုကို ပြလုပ်လားရန်အတွက် နီရာ၊ ခန်းမများကို လိုက်လံစုံစမ်းပြီး Booking ရယူရန်ကြိုးစားခသော်လည်း အဆင်မပြေဖြစ်ခပါသည်။

သို့ဖြစ်ပါ၍ သင်င်္ကြန်ပွဲဖြစ်မြောက်ရီးအစီးအဝေးကို မြို့ထဲပန်းခြံ (Munro Martin Park) ၌ ရီးပေါ်ကျင်ပလားဖို့ဖြစ်ကြောင်းကိုအသိပီးအပ်ကြော်ငြာအပ်ပါရေ။

ခန်းမနီရာ ရှာမရခပါသဖြင့်၊ အသင်းဝင်အချို့လူတိအတွက် အဆင်မပြေမူတိရှိခကေ တောင်းပန်ပါရေ။

လေးစားစွာဖြင့်
AAAC ဗဟို

အားလုံးသာလီစွပါ2026/ January/ 25 ရက်နိနိ့မှာ ကျင်းပပြီးစီးလားခရေ AAAC Family Dinner အတွက် ကျေးဇးးတင်လွှာမင်္ဂလာရှိရေနိ့ရ...
26/01/2026

အားလုံးသာလီစွပါ

2026/ January/ 25 ရက်နိနိ့မှာ ကျင်းပပြီးစီးလားခရေ AAAC Family Dinner အတွက် ကျေးဇးးတင်လွှာ

မင်္ဂလာရှိရေနိ့ရက်ချေတိကို ပိုင်ဆိုင်ကတ်ပါစီ။

Invitation: Empowering Our Future Leaders______________________________________The AAAC Executive Committee warmly invit...
15/01/2026

Invitation: Empowering Our Future Leaders
______________________________________

The AAAC Executive Committee warmly invites our young generation—the future leaders
of our community—to a special short meeting.

We believe our youth have unique voices and stories to share. This gathering is a space for us to listen to your experiences and discuss how we can support you as you grow up here in Cairns.

To Our Parents and Guardians

We kindly ask for your support in encouraging your children to attend. This is an
important opportunity for them to connect with their peers and play an active role in the future
of the AAAC community. Your encouragement helps them build confidence and leadership

AAAC Executive Committee

Khaing Moe Oo - President
☎️ - (+61) 04 1234 6956

Secretary - Win Maung Chay
☎️ - (+61) 0458 648 325

📧 - [email protected]

Statement of Objection and condemnation Regarding the Deliberate and International Arerial Attach by the Junta Myanmar M...
12/12/2025

Statement of Objection and condemnation Regarding the Deliberate and International Arerial Attach by the Junta Myanmar Military, on Mrauk-U Township, Public Hospital on 10 of December (International Human Right Day).


#


Ref: Social media photos (current)

အားလုံးအားလုံး သာလီစွပါ 🙏Australia Arakanese Association, Cairns - AAACမှနှစ်စဉ်ကျင်းပလိ့ဟိရေ၊ Families Dinner ကို Novem...
26/10/2025

အားလုံးအားလုံး သာလီစွပါ 🙏
Australia Arakanese Association, Cairns - AAAC
မှနှစ်စဉ်ကျင်းပလိ့ဟိရေ၊ Families Dinner ကို November လ 1 ရက် (စနီနိ့) မှာပြုလုပ်လားဖို့ဖြစ်တေအတွက် လက်မှတ်တိကို စတင်ရောင်းချနီဗျာလ်ဖြစ်ပါကြောင်း အသိပီးကြော်ငြာအပ်ပါသည်။

#ပါဝင်လားဖို့ကကဏ္ဍများမှာ
၁။ အစားအ​သောက်။
၂။ ကိုယ်ပိုင်ဂီတ​တေးသခြင်းတိနှင့်၊ တခြားသီဆိုမူများပါဝင်မည်။
၃။ တန်ပူလာကစပ်ပွဲ ၄ ပွဲပါဝင်မည်ဖြစ်ပြီး၊ အဖိုးတန် ဆုပစ္စည်းများကိုလည်းစီစဉ်ထားပါသည်။
၄။ AAAC ၏အနာဂတ် တိုးတက်ဖွံ့ဖြိုးရီး နှင့် စည်းမျှျှးစည်းကမ်းသစ်အချို့ကိုလည်း​ဖေါ်ပြလားဖို့ဖြစ်ပါသည်။ စည်းမျဉ်းအသစ်ရို့ကို ပြည်သူ့ဆန္ဒမဲ​ကောက်ယူပြီးလျှင် အသင်း၏ဖွဲ့စည်းပုံထဲ တရားဝင်ထည်းသွင်း ကျင့်သုံးလားမည်ဖြစ်သည်။

#မှတ်ချက်
• အသက် 18 ပြည့်ပြီးသူတိုင်း ပွဲတက်ရောက်ရန် လက်မှတ်ဝယ်ယူရ မည်ဖြစ်သည်။
• လက်မှတ်တစ်စောင်ကို $25 ဖြစ်ပြီး၊ ထိုထဲတွင် အစား၊ အသောက်များနှင့် တန်ပူလာကံစမ်းမဲတစ်စောင်စီ ပါဝင်မည်ဖြစ်သည်။

လူကြီး၊ လူငယ် တစ်မေယာက်မကျန် အားလုံးလာရောက် အတူတကွပျော်ရွင်ကတ်ဖို့ လေးစားစွာဖြင့် ဖိတ်ခေါ်လိုက်ရပါရေ။

Dear AAAC Families

You are warmly invited to join the AAAC Families Dinnerspecial.
A evening for all of us to come together as one family.

This dinner is not just an event — it’s a time to strengthen our bonds, deepen our understanding of one another, support each other, and create lasting memories together. We will also share some important updates on the upcoming AAAC election and community regulations.

🎟️ Event Tickets: $25 per person
for ages 18 and above

Each ticket includes:
✅ Complimentary buffet dinner
🥤 Beverages
🎁 One lucky draw ticket

Let’s come together with open hearts, good food, and warm smiles — to celebrate our unity and continue building a strong, caring community.

👉 RSVP / Ticket Purchase: Ph: 04 1234 6956.
Or Messenger. Or at the Event entrance.

📅 Date: Saturday, 1st November 2025
📍 Location: 67 Greenslopes St, Edge Hill QLD 4870
🕕 Time: . 3:30 PM – 9:00 PM

With love and respect,
Australia Arakanese Association Cairns (AAAC)

Address

Cairns, QLD
4870

Website

Alerts

Be the first to know and let us send you an email when Australia Arakanese Association, Cairns - AAAC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Australia Arakanese Association, Cairns - AAAC:

Share