22/10/2025
Must to know
Job Offer Letter Vs MOHRE Contract
Job Offer Letter Vs Job Contract ဘာကွာလဲ? Offer Letter ထိုးပြီးရင် Cancel လုပ်လို့ရလား? MOHRE Contract ဆိုတာ ဘာလဲ? Offer Letter ထိုးပြီးရင် Notice ပေးရလား?
အပေါ်က မေးခွန်းတွေကို အောက်မှာ ပြည့်ပြည့်စုံစုံဖြေထားပေးပါတယ်။ Follow my page for more information about the UAE labour and Immigration Knowledge.
Job Offer Letter က အခြေခံအားဖြင့် Company/အလုပ်ရှင်က ရာထူးနေရာအတွက် ရွေးချယ်ခံရသူဝန်ထမ်းကို Official Company Letter Head ဖြင့် ဝန်ထမ်းအတွက် ဒီခံစားခွင့်တွေကိုပေးပါတယ်၊ ဒါတွေ ပြန်လိုချင်ပါတယ်၊ ဒီအချက်အလက်တွေတော့ အခြေခံလိုက်နာရမယ်၊ စသဖြင့် ဖော်ပြပြီး၊ အလုပ်ကို လက်ခံသင့် မခံသင့် သိသင့်တဲ့ အခြေခံ အချက်အလက်တွေနဲ့ ခံစားခွင့်ကို အသိပေးတဲ့ သဘော၊ ဒီနေရာမှာ ဝန်ထမ်းက ဘာတွေကို ပြင်လို့ရလဲ၊ ဘာတွေက ပြင်လို့မရလဲ သိရမယ်။ ပြင်လို့ရမှာတွေက ခံစားခွင့်တွေကို ညှိနှိုင်းလို့ရမယ်၊ ပိုတောင်းချင်တောင်းလို့ရမယ်။ ပြင်လို့မရတာက Company ရဲ့ Standard Codes တွေနဲ့ သက်ဆိုင်ရာ နိုင်ငံရဲ့ Labour Law အတွင်းမှာ ဖော်ပြထားတဲ့အချက်တွေတော့ ပြင်မရဘူးပေါ့။
ဒါဆို MOHRE Contract ဆိုတာဘာလဲ? အကြမ်းဖျဥ်းကတော့ UAE ဥပဒေအောက် Employment Visa လျှောက်ထားဖို့အတွက် အလုပ်ရှင်အနေနဲ့ အစိုးရကို ငါတို့က အလုပ်သမား ဥပဒေအောက်ကနေ ဒီဝန်ထမ်းကို ဥပဒေနဲ့ အညီ ဒီခံစားခွင့်တွေပေးပြီး ခန့်ထားကြောင်းပြရတယ်၊ အဲ့တာမှ Visa ပြန်ချပေးတယ်၊ ဆိုတော့ UAE ရောက်လာတဲ့ ဝန်ထမ်းတိုင်း MOHRE Labour Contract သို့မဟုတ် Freezone အောက်က ဝန်ထမ်းတွေက Freezone Authority ခွင့်ပြုထားတဲ့ Contract ရှိတယ်၊ မရှိပဲနဲ့ EID လဲ မရသလို၊ Visa လဲမရနိုင်ဘူး။ ဒါကို ကျွန်တော်ကတော့ ကျွန်မကတော့ MOHRE contract မရှိပါဘူးဆို သေချာတယ် တစ်ခုခုတော့ လွဲနေပြီ၊ လူကြီးမင်းတို့မှာ MOHRE Contract ရှိတယ်၊ လက်မှတ်မထိုးလိုက်ရတာပဲဖြစ်ချင်ဖြစ်မယ်။ ဘာကြောင့်လဲ စာရှည်မှာမို့မပြောတော့ဘူး။ သို့သော်ပြောချင်တာက Labour Law အောက်မှာ အလုပ်ရှင်ကော ၊ အလုပ်သမားကော သွားနေရတယ်ဆိုတာ သိဖို့ပါ။ အလုပ်ရှင်ကလည်း ပိုသာပြီးပြောင်းလဲပြီးထည့်လို့မရဘူး၊ သို့သော် ဥပဒေဘောင်အတွင်းကနေ Adjust လုပ်လို့ရတဲ့ ဟာတွေကိုတော့ လုပ်နိုင်ဖို့ MOHRE Contract ထဲမှာ Open ပေးထားတယ်။ ဥပမာ- အစမ်းခန့်ကာလ အများဆုံး ၆လ အထိ၊ Notice ကာလကို ၃လ အထိ အများဆုံး၊ စသဖြင့်ပေါ့။ MOHRE Contract က ဘယ်လိုပုံလဲဆိုတော့ Image မှာကြည့်ပါ၊ လေ့လာပါ။
ဒီတော့ စာဖတ်သူက Offer Letter နဲ့ Contract ကို ကွဲသွားပြီ၊ ဒါဆို Offer Letter မရှိရင် ရတာပေါ့၊ အဖြေက No ပါ၊ Offer Letter က လိုကိုလိုတယ်၊ ကိုယ့်ဘက်က Safe ဖြစ်အောင် Offer Letter အရင် ရကိုရရမယ် ဘယ်အလုပ်မဆို၊ (Contract တန်းချပေးပြီး လက်မှတ်ထိုးခိုင်းရင်တော့ ချွင်းချက်ပေါ့)။ UAE မှာ တရားဝင် အလုပ်လုပ်ဖို့ Employment Visa အရင်ရရတယ်၊ သို့သော် Company 100 မှာ 99 ခုက Offer Letter ထိုးပြီး အရင်ဝင်ခိုင်းကြတယ်၊ ဒါကြောင့် Offer Letter လိုရခြင်းဖြစ်တယ်။ ဝန်ထမ်းဘက်က ပိုတောင်လိုတယ်။ Offer Letter ရှိထားရင် အကြောင်းတစ်စုံတစ်ရာဆို Offer Letter နဲ့ စကားပြောလို့ရတယ်။ (ဆိုပါစို့ Offer Letter မရပဲ အလုပ်ဝင်လိုက်တယ် Visit Visa က ၁လခွဲလောက်ကျန်တယ် ၊ ဝင်ပြီး ၁လ လောက်အထိ Employment Visa ကို အလုပ်ရှင်က မလုပ်သေးဘူး၊ Visit Visa ကုန်ခါနီးလဲကျရော အလုပ်ရှင်က သဘောမကျလို့ လစ်ပါဆို ဘာလုပ်မလဲ၊ လစာလဲ နေ့ရွေ့ညရွေ့ဆို ဘယ်လိုလုပ်ကြမလဲ၊ သက်သေလဲမရှိတော့ ဘယ်မှတိုင်မရဘူး။
ဆိုတော့ UAE မှာ အလုပ်ခန့်လို့ Offer Letter ထိုးပြီးပြီ၊ Cancel လုပ်လို့ရလား၊ ဘယ်အချိန်အထိ နောက်ဆုံး Cancel လုပ်လို့ရလဲ?
Offer Letter ထိုးရုံနဲ့တော့ Official အလုပ်ခန့်တာမျိုး မဖြစ်သေးပါဘူး။ သို့သော်လည်း ဒီအလုပ်သမားက ဒီအလုပ်ရှင်မှာ အလုပ်လုပ်ဖို့ ပနမ ကတိပြုလိုက်သလို၊ ဒီအလုပ်ရှင်က ဒီအလုပ်သမားကို ဒီ Offer တွေပေးပြီးခန့်ဖို့ သဘောတူလိုက်တာပေါ့။ ဒါဆို စိတ်ချရပြီး၊ အခုလက်ရှိအလုပ်ကို ထွက်ချင်ရင်ထွက်လို့ရပြီ၊ တစ်ခြားအလုပ်တွေ ညင်းချင်ရင် ညင်းလို့ရပါပြီ။ Offer Letter ထိုးပြီးတော့ နောက်အလုပ်က ပိုကောင်းနေပြန်ရော Offer အသစ်ထပ်ရတယ်။ ဒီဘက်အလုပ်သစ်ကလည်း ဝင်တာ ၂ပတ်လောက်ရှိနေပြီ။ ဘယ်လိုလုပ်ကြမလဲ? ဥပဒေအရ ကိုယ်က အစမ်းခန့်ကာလထဲရောက်နေပြီ၊ ဒီလိုအခြေအနေမျိုးမှာ အမျိုးမျိုး ကွဲထွက်သွားတယ်။ MOHRE Contract ထိုးပြီးတဲ့ အခြေအနေနဲ့ မထိုးရသေးတဲ့ အခြေအနေ။
MOHRE Contract မထိုးရသေးဘူးဆိုပါတော့၊ ဒါဆိုရင် HR ကို ပြောပြပါ။ ငါဒီထက်ပိုကောင်းတဲ့ အလုပ်ရလို့ Offer Letter ကို ညင်းချင်ပါတယ်လို့ပြော၊ ဒီနေရာကျွန်တော်က Offer Letter ကို ညင်းချင်ပါတယ်လို့ ဘာလို့ပြောရလဲ အကြောင်းအရင်းက ဝန််ထမ်းက Legally သူတို့ရဲ့ ဝန်ထမ်းမဖြစ်သေးဘူး၊ MOHRE Contract လဲ မထိုးရသေးသလို ၊ Employment Visa လဲ မစရသေးဘူးပေါ့။ ဒီနေရာ တစ်ချက် အသိပေးချင်တာက လစာ ကိစ္စ၊ အဲ့တာက လက်ပေါက်ကပ်တဲ့ကိစ္စပဲ အခြေအနေက နှစ်ဖက်စလုံးက illegal ဖြစ်နေတဲ့ အခြေအနေ ၊ လစာမပေးရင်လည်း ဘာမှ လုပ်မရတဲ့ အခြေအနေဖြစ်နေတယ်၊ ကိုယ်ကလည်း ထွက်ဖို့ လုပ်နေတာဆိုတော့ တိုင်ရင်လည်း ဇယားရှုတ်ယုံပဲ အဖတ်တင်မယ်။ လစာရမရကတော့ HR ပေါ်မူတည်တာပေါ့နော်။ Offer Letter ပဲထိုးရသေးလို့ ကျွန်တော်ပြောသလို ညင်းပါတယ်လို့ သွားလုပ်ဖို့ စဥ်းစားနေရင် တစ်ချက်ထပ်သတိထားရမှာရှိတယ်။ ကိုယ့်ရဲ့ Visa Status ကို တစ်ချက်ပြန်စစ်ပါ၊ Entry Permit အဆင့်ကို ရောက်နေလားလို့၊ အထက်မှာကျွန်တော်ပြောခဲ့သလို Offer ပဲထိုးရသေးပေမဲ့လည်း၊ ကိုယ်မသိလိုက်ပဲ MOHRE Contract ကို Employer က Activate လုပ်ပြီးသွားနိုင်တဲ့ အခြေအနေရှိနိုင်ပါတယ်။
ဒီလိုအခြေအနေမှာ ကိုယ့် Visa က Visit မဟုတ်တော့ပဲ Entry Permit (Employment e-Visa)အခြေအနေမှာ Used ဖြစ်နေပြီဆို၊ သတိထားပါ၊ အရင်အခြေအနေနဲ့ ကိုင်တွယ်မရတော့ပါဘူး။ ဒါက ဒုတိယအခြေအနေ ဖြစ်သွားပါပြီ၊ ပြီးတော့ ထွက်ချင်သလို ထွက်မရတော့ပါဘူး၊ မိမိမှာ ဘာ ID မှ မရသေး၊ ဆေးလည်း မစစ်ရသေး၊ လက်ပွေလည်း မနှိပ်ရသေးပေမဲ့ Entry Permit run လိုက်တဲ့ အခြေအနေမို့ Sponsor က Cancel ပြန်လုပ်ပေးရပါတယ်၊ ဒါကြောင့် ငါကို ဘာမှ မလုပ်ပေးရသေးဘူး၊ ဘာမပြော ညာမပြောပဲထွက်မယ်ဆို ကွိုင်တက်မယ်ဆိုတာလေး သိဖို့လိုပါမယ်။
အောက်မှာဆက်ဖတ်ပါ။
MOHRE Contract ထိုးပြီးမှ တစ်ခြား Offer တစ်ခုကို လက်ခံမယ်ဆိုရင်တော့၊ ဥပဒေအတိုင်း Notice အနည်းဆုံး ၁လ ပေးရတော့မယ်ဆိုတာ သိဖို့လိုပြီ၊ လျှော်ကြေးကတော့ အမြဲတန်း ပြောခဲ့သလိုပဲ ၀န်ထမ်းက မလျှော်ရပါဘူး၊ အစမ်းခန့်ကာလ ဖြစ်နေတဲ့အတွက် ထွက်ပြီး ၃လအတွင်း နောက်အလုပ်ဝင်ခဲ့ရင် နောက်အလုပ်က အလုပ်ရှင်က Visa ကုန်ကျစာရိတ်ကိုပေးရမယ်။ ဒီနေရာမှ တစ်ချို့က MOHRE Contract ထိုးထိုးပြီးခြင်း အလုပ်ပြန်ထွက်ချင်တယ်ဆိုရင် မိမိရဲ့ Visa Status ကို စစ်ပါ၊ Status ကပြောင်းသွားပြီဆို Cost က စတက်လာပါပြီ၊ Entry Permit လုပ်ခရှိမယ်၊ ပြန်ထွက်ရင် Cancel ခ ရှိမယ်။ အဲ့တာအပြင် တစ်ခြား အဆင့်တွေပြီးရင်ပြီးသလို Cost တွေက ရှိလာပြီ၊ အဲ့တာအပြင် ကိုယ်က အလုပ်ထွက်ရင် Cancel လုပ်ခတွေက Entry Permit Cancel, Visa Cancel, Labour Card Cancel. ဆိုတော့ နောက်အလုပ်ရှင်က ဒါတွေ လျှော်မှာလားဆိုတာ Offer မထိုးခင်ကတည်းက သေချာမေးဖို့လိုပါမယ်။ မဟုတ်ရင်တော့ အိတ်စိုက်မှပဲရပါလိမ့်မယ်။
🇦🇪