12/08/2026
ကရင်အာဇာနည်နေ့နဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား ကျင်းပ
သည်နေ့ သြဂုတ်လ(၁၂) ရက်နေ့ဟာ ကရင်အာဇာနည်နေ့ ဖြစ်သလို အပြည်ပြည်ဆိုင်ရာလူငယ်များနေ့လဲ ဖြစ်ပါတယ်။
ကရင့်တော်လှန်ရေး သမိုင်းစဉ်တစ်လျှောက်မှာ စွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်တွေကို ဂုဏ်ပြုအလေးပြုတဲ့ "ကရင်အမျိုးသား အာဇာနည်နေ့" အခမ်းအနားနဲ့ "အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့" အခမ်းအနားကို Khaung Sue Lient Youth Center မှာ ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားမှာတော့ ကရင့်တော်လှန်ရေး ခရီးကြမ်းအတွင်း ပါဝင်ပေးဆပ်ခဲ့ကြသူတွေရဲ့ စွန့်လွှတ်လှူဒါန်းခဲ့မှုများကို မြတ်နိုးတန်ဖိုးထားခြင်းနဲ့အတူ အနာဂတ် လူငယ်အသိုက်အဝန်း တည်ဆောက်ရေးဆိုင်ရာ မျှော်မှန်းချက်များကိုပါ ဆွေးနွေးဖော်ထုတ်ခဲ့ကြပါတယ်။
ကရင်အမျိုးသား အာဇာနည်နေ့ အောက်မေ့ဖွယ် အစီအစဉ်မှာဆိုရင်တော့ ကရင်အမျိုးသား အလံတော်ကို စုပေါင်းအလေးပြုခဲ့ကြပြီး၊ တော်လှန်ရေးခရီးစဉ်အတွင်း ပေးဆပ်စွန့်လွှတ်ခဲ့ကြတဲ့ မာတုရာ (အာဇာနည်) တွေအတွက် ငြိမ်သက်အလေးပြုခဲ့ကြပါတယ်။ အဲဒီနောက် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား/သူတွေက အာဇာနည်ဂုဏ်ပြုသီချင်းများကို စုပေါင်းသီဆိုခဲ့ကြပါတယ်။
ဒါ့အပြင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို) နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့က ပေးပို့တဲ့ မာတုရာ (ကရင်အမျိုးသား အာဇာနည်နေ့) သဝဏ်လွှာများကို ဖတ်ကြားခဲ့ပြီး၊ ကရင်အာဇာနည်နေ့၏ နောက်ခံသမိုင်းကြောင်းကိုလည်း ဟောပြောခဲ့ကြပါတယ်။ ကျောင်းသား/သူ ကိုယ်စားလှယ်ကလည်း အာဇာနည်နေ့အပေါ် လူငယ်တွေ ထားရှိရမယ့် တန်ဖိုးနဲ့ ရှုမြင်သုံးသပ်ချက်များကို တင်ပြခဲ့ပါတယ်။
ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို ကျင်းပခဲ့ရာမှာတော့ လူငယ်များနေ့ရဲ့ အဓိပ္ပာယ်နဲ့ အရေးပါပုံများကို မိတ်ဆက်ဟောပြောခဲ့ကြပါတယ်။ အဲဒီနောက် တက်ရောက်လာကြတဲ့ လူငယ်များကို အုပ်စု (၅) စု ခွဲလိုက်ပြီး သတ်မှတ်ထားတဲ့ ခေါင်းစဉ်များအတိုင်း အပြန်အလှန် ဆွေးနွေးခြင်းနဲ့ ဆွေးနွေးတွေ့ရှိချက်များကို ပြန်လည်တင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါတယ်။
ဆွေးနွေးခဲ့ကြတဲ့ ခေါင်းစဉ်တွေကတော့ -
• လူမှုပတ်ဝန်းကျင် စိန်ခေါ်မှုများနှင့် ဖိအားများကို ရင်ဆိုင်ကျော်လွှားခြင်း၊
• ရပ်ရွာဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့သော ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊
• အရည်အသွေးမီ ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း တန်းတူညီမျှရေး၊
• ရပ်ရွာအခြေပြု ဗဟုသုတမျှဝေခြင်းနှင့် အရင်းအမြစ်ရှာဖွေရေး၊
• စိတ်ကျန်းမာရေး၊ ခံနိုင်ရည်စွမ်းအားနှင့် လူငယ်များ၏ ခေါင်းဆောင်မှု အခန်းကဏ္ဍတို့ပဲ ဖြစ်ပါတယ်။
"Today, August 12, is both Karen Martyrs' Day and International Youth Day."
Karen Martyrs' Day and International Youth Day Celebrations
The "Karen Martyrs' Day," which pays tribute to the martyrs who sacrificed throughout the history of the Karen revolution, and the "International Youth Day" were jointly held at the Khaung Sue Lient Youth Center.
At this event, alongside cherishing and valuing the sacrifices made by those who took part in the rugged journey of the Karen revolution, visions for building a future youth community were also discussed and explored.
During the Karen Martyrs' Day commemorative program, participants jointly saluted the Karen national flag and observed a moment of silence for the martyrs (Matura) who sacrificed their lives during the revolutionary journey. Afterward, teachers and students jointly sang tribute songs to the martyrs.
In addition, messages sent by the Karen National Union (KNU) Central and the Karen National Liberation Army (KNLA) for Martyrs' Day (Matura) were read out, and the background history of Karen Martyrs' Day was given as a speech. A student representative also presented the values and perspectives that youth should hold regarding Martyrs' Day.
Following that, the International Youth Day celebration was held, where the meaning and importance of Youth Day were introduced and discussed. Then, the attending youths were divided into 5 groups, and they engaged in mutual discussions based on assigned topics, followed by presenting their findings.
The topics discussed were:
• Facing and overcoming environmental challenges and pressures,
• Community development and sustainable environmental conservation,
• Equal access to quality education, healthcare, and employment opportunities,
• Community-based knowledge sharing and resource mobilization,
• Mental health, resilience, and the leadership role of youth.
#ကရင်အာဇာနည်နေ့