21/09/2026
https://www.facebook.com/share/1Rn4uG6YRN/?mibextid=wwXIfr
📣 ဈေးဆိုင်ခန်းများ ပါဝင်ရောင်းချရန် ဖိတ်ခေါ်ခြင်း 📣
"(၅)ကြိမ်မြောက် ဖက်ဒရယ်ပွဲတော်"အား လာမည့် နိုဝင်ဘာလ၊ ၁၅ရက် (တနင်္ဂနွေနေ့)တွင် Adachi မြို့နယ်ရှိ Toneri ပန်းခြံတွင် ဈေးဆိုင်ခန်းများ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်းများနှင့် ရိုးရာအကဖျော်ဖြေရေးအစီအစဉ်များထည့်သွင်းကာ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
ရွှေပွဲလာမိဘပြည်သူများ မြန်မာပြည်အလွမ်းပြေ အစားအသောက်များအား အရသာရှိစွာဖြင့် စုံစုံလင်လင် စားသုံးနိုင်ရန် မိမိတို့၏ စားသောက်ဆိုင်များ၊ လုပ်ငန်းကြော်ငြာများနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များကို လာရောက်ပြသရောင်းချချင်သူ လုပ်ငန်းရှင်များအတွက် ဈေးဆိုင်ခန်းများ ပါဝင်ဖွင့်လှစ်ရောင်းချပေးနိုင်ရန် ဖိတ်ခေါ်လိုက်ရပါသည် ။
⛺ Tent ဆိုင်ခန်းများ (စားသောက်ဆိုင်များနှင့် လုပ်ငန်းကြော်ငြာများအတွက်)
- အကျယ်အဝန်း: 3.6m × 2.7m
- ဆိုင်ခန်းငှားရမ်းခ: ¥65,000 (Tent တစ်ခုစာ)
- Gas: ¥15,000
- Electric (လျှပ်စစ်): ¥20,000
(မှတ်ချက် - မိမိတို့ အမှန်တကယ် အသုံးပြုသည့် အရေအတွက်ပေါ် မူတည်၍ Gas နှင့် လျှပ်စစ်ဖိုး ထပ်မံကျသင့်ပါမည်။)
☂️ ထီးဆိုင်ခန်းများ (အမှတ်တရပစ္စည်း အရောင်းဆိုင်များအတွက်)
- အကျယ်အဝန်း: 2m × 2m ထီးတစ်ခု
- ဆိုင်ခန်းငှားရမ်းခ: ¥15,000
🎁 ဆိုင်ခန်းတိုင်းအတွက် အထူးပါဝင်မည့် ပစ္စည်းများ
- စားပွဲအရှည် (၂) လုံး
- ထိုင်ခုံ (၂) လုံး
(အပိုထပ်ဆောင်း ယူလိုပါကလည်း စာရင်းသွင်းမှာယူနိုင်ပါသည်။)
"ဖက်ဒရယ်ပွဲတော်"ကျင်းပရေး ကော်မတီထံမှတဆင့် အရင်း/အမြတ်အားလုံးပြန်လည်လှူဒါန်းမည့်ဆိုင်များအတွက်မူ ကုန်ကျစရိတ် 0 ယန်းဖြင့် ဆိုင်ခန်းနေရာ ပြန်လည်ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။
မြို့နယ်ကျန်းမာရေးဌာန၏ စည်းကမ်းချက်များနှင့်အညီ ဆိုင်ခန်းအရေအတွက် အနည်းငယ်သာ ကန့်သတ်ထားသည့်အတွက် အောက်ဖော်ပြပါ ဖောင်မှတဆင့် အမြန်ဆုံးစာရင်းဖြည့်သွင်းလျှောက်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဖောင်ဖြည့်ရန်
https://docs.google.com/forms/d/e/1FAIpQLSeBK3iDSkgJD7ObnKlrkiOYS_pHC2VYTaYS5SU-chSqlcrq7A/viewform?usp=header
📞 ဆက်သွယ်ရန်
1. Ma Mary
https://www.facebook.com/share/1M86cvJnuR/?mibextid=wwXIfr
2. Ma Khin Moe San
https://www.facebook.com/share/1BoYaSFTCf/?mibextid=wwXIfr
3. Yee Mon Lwin
https://www.facebook.com/share/1F5dUPJD4k/?mibextid=wwXIfr