Hopin Basic Education Students' Union

  • Home
  • Hopin Basic Education Students' Union

Hopin Basic Education Students' Union Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hopin Basic Education Students' Union, .

ဟိုပင်မြို့ အခြေခံပညာကျောင်းသားများသမဂ္ဂ ဖွဲ့စည်းတည်ထောင်ခြင်း(2)နှစ်ပြည့် သဘောထားထုတ်ပြန်ကြေညာချက်  #သတင်းနှင့်ပြန်ကြား...
07/06/2023

ဟိုပင်မြို့ အခြေခံပညာကျောင်းသားများသမဂ္ဂ ဖွဲ့စည်းတည်ထောင်ခြင်း(2)နှစ်ပြည့် သဘောထားထုတ်ပြန်ကြေညာချက်

#သတင်းနှင့်ပြန်ကြားရေးဌာန

"စစ်တပ်စီးပွားဒို့ငြင်းဆန်၊ တော်လှန်သင်္ကြန်ပြည်သူ့အသံ"  =====================မကြာခင်ကျရောက်လာမယ့် အတာသင်္ကြန် ကာလကို ဘယ...
08/04/2023

"စစ်တပ်စီးပွားဒို့ငြင်းဆန်၊ တော်လှန်သင်္ကြန်ပြည်သူ့အသံ"
=====================

မကြာခင်ကျရောက်လာမယ့် အတာသင်္ကြန် ကာလကို ဘယ်လိုဖြတ်သန်းကြမလဲ?

တနိုင်ငံလုံးအနှံ့ စစ်အုပ်စုက မီးရှို့လူသတ် အကြမ်းဖက်တာကို ခံနေကြရချိန်မှာ ကိုယ်နဲ့ဘာမှမဆိုင်သလိုမေ့ပြီး စိတ်လွတ်လက်လွတ် ပျော်ကြကဲကြဖို့တော့ နှလုံးသားရှိတဲ့ ပြည်သူတွေအနေနဲ့လိပ်ပြာလုံကြမယ်မထင်ပါဘူး…

ဒါပေမယ့်လည်း ခြွင်းချက်ဆိုတာရှိတတ်ပြန်တော့ တချို့က စောဒကတက်စရာရှိမယ်… တို့တွေက တနှစ်လုံးစာ ငွေကိုရသလောက် ကုန်းရုန်းရှာ လစဉ်ရော ကြုံရင်ကြုံသလိုရော တော်လှန်ရေးကို နိုင်သလောက်ထောက်ပံ့နေခဲ့ကြတာပါ…

သင်္ကြန်ရက်ကလေးမှာတော့ မိဘဆွေမျိုးတွေဆီသွားရင်း လမ်းမှာ ဘုရားဝင်ဖူးဖို့၊ တချို့က အပြန်မှာ ကမ်းခြေဝင်ဖို့၊ တချို့ကလည်း မိသားစုလိုက်အားတုန်းလေး အပူရှောင်ဖို့ တောင်ပေါ်တက် စသည် စသည်ပေါ့…

အပျော်ကြူးဖို့မဟုတ်ပေမယ့် ရင်နဲ့မမျှအောင် ထမ်းထားရတဲ့ စိတ်ဝန်ထုပ်ကို ရသလောက်လျှော့ဖို့ ခရီးလေးဘာလေး သွားကြတာရော မဖြစ်ဘူးလားပေါ့… ဖြစ်ပါတယ်… ။

တော်လှန်ရေးကိုလည်း နိုင်သလောက်ကူနေတယ် ခဏတဖြုတ်လေး စိတ်လက်အပန်းပြေချင်တယ်ဆိုရင် ခရီးထွက်တာက ကြီးကြီးမားမား ပြဿနာမဟုတ်ပါဘူး… ။

ဒါပေမယ့် တခုသတိထားဖို့လိုတာက အပန်းဖြေရင်းကြုံတုန်းကြိုက်တုန်းမှာ တနည်းတဖုံနဲ့ တော်လှန်သင်္ကြန်ပွဲကို ဆင်နွှဲကြဖို့တော့ တိုက်တွန်းချင်ပါတယ်။ ဘယ်လိုဆင်နွှဲရမလဲဆိုတော့ ခရီးပဲထွက်ထွက် မိဘဆွေးမျိုးရပ်ရွာပဲပြန်ပြန် ကျွန်တော်တို့တော်လှန်ပြည်သူအနေနဲ့ရှောင်ရန် ဆောင်ရန် တော်လှန်ရန်လေးတွေတော့ရှိပါတယ်။

ခရီးသွားပြီဆို အိမ်ကကားကို ဆီထည့်ရမှာပေါ့…
လာပါပြီ ရှောင်ရန်…

- ကြုံရာဆိုင်မှာ မထည့်ဘူးဒီဆိုင်တွေဆို ရှောင်ကြမယ်။

- အပန်းဖြေကမ်းခြေသွား အနားယူမယ်ဆိုလည်း ကြုံရာဟိုတယ် မတည်းဘူး။ ဒီဟိုတယ်တွေ ရှောင်ကြမယ်…

- လမ်းခရီးမှာ အရမ်းငြီးငွေ့လို့ ဘီယာလေးအရက်လေး တခွက် တဖလားသောက်မယ်ဆိုလည်း ဒီတံဆိပ်တွေတော့ ဝေရာမဏိ မသောက်ဘူးဟေ့ ရှောင်ကြမယ်။

- ဆေးလိပ်လေးဖွာမယ်ဆိုလည်း ဒီတံဆိပ်တွေ ဝေးဝေးနေထား စျေးကြီးပလေ့စေ တခြားတံဆိပ်သောက်မယ်။

- နေပူပူခရီးမို့ ရေသန့်ဗူးလေး ဝယ်သောက်တာကအစ ဒီတံဆိပ်ဆိုရင်တော့ ရှောင်ကြမယ်ဟ တခြားဟာရှာဝယ်ဆိုတာမျိုး…

ဟ မင်းတို့ဟာက တော်လှန်သင်္ကြန်ဆိုတာလည်းပါသေး ခရီးသွားတာလည်း ဟိုမှာ မတည်းနဲ့ ဒီဟာမသောက်နဲ့ ဒီဆီမထည့်နဲ့ ဘာတွေတုန်းကွလို့ မေးစရာရှိပါတယ်၊ ဟုတ်ပါတယ် ချစ်သော ပြည်သူတို့ အပန်းဖြေ အနားယူတာကို ကျနော်ကျမတို့ တော်လှန်ရေး ရဲဘော်တွေက တိုက်ပွဲတွေကြားကနေပဲ မုဒိတာပွါးပါတယ်။

ကိုယ့်ပြည်သူတွေ ပျော်ရွှင်နိုင်တဲ့ အနာဂတ်ရဖို့ ကိုယ့်အသက်ကိုယ်တောင် စတေးပြီး တိုက်နေကြတာပဲ… ပြည်သူတွေ စိတ်အပန်းဖြေကြတာ ဘာမနာလိုစရာ ရှိမှာလဲဗျာ..။

ဒါပေမယ့်လို့ ခုနက လုပ်ငန်းတွေ အမှတ်တံဆိပ်တွေက အကြမ်းဖက်လူသတ် စစ်အုပ်စုနဲ့ သူတို့ဆွေမျိုးအပေါင်းအပါတွေရဲ့ စီးပွါးရေးမို့လို့ ဒီလုပ်ငန်းတွေဆီကို ပြည်သူတွေပေးမိသမျှငွေက ပြည်သူတွေကို နှိပ်စက် သတ်ဖြတ်ဖို့ ကျည်ဆန်တွေ အမြောက်ဆံတွေ လေယာဉ်ဆီတွေ ဖြစ်ကုန်မှာပါခင်ဗျ…။

ဒါကြောင့်မို့လို့ တနှစ်တခါကျတဲ့ အတာသင်္ကြန်ကာလနေရထိုင်ရခက်ကြရင် အပန်းဖြေတာ အနားယူတာ ခရီးသွားတာဟာ ပြဿနာမဟုတ်ပါ။
စစ်တပ်ထုတ်ကုန် စီးပွါးရေးကိုတော့ ရှောင်ကြရှားကြ ငြင်းဆန်ကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါခင်ဗျာ...။

မိဘပြည်သူအပေါင်းလည်း၊ နှစ်သစ်သင်္ကြန်ကာလမှာ တော်လှန်ရေးအဖွဲ့အသီးသီးရဲ့လုံခြုံရေးထုတ်ပြန်ချက်များကိုမပျက်မကွက်လိုက်နာပြီး ဂရုတစိုက်သွားလာကြဖို့နဲ့၊ သွားလာတဲ့ခရီးတစ်လျှောက် ခလုတ်မထိဆူးမငြိ၊ ဘေးအန္တရာယ်ကင်းစေဖို့၊ နှစ်သစ်ကူးဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာ... ။

"ဘူးသပိတ်နဲ့တူဆင်နွှဲ၊ တော်လှန်သင်္ကြန်ပုန်ကန်ပွဲ"

#အရေးတော်ပုံ_မုချအောင်ရမည်

"တိုးတိုးလေးငိုနေသူတွေရှိလို့ တိတ်တိတ်လေးပျော်ပေးပါ"မိဘပြည်သူများခင်ဗျာ...မကြာခင်မှာ ကျွန်တော်တို့ ပြည်သူလူထုတစ်ရပ်လုံး ...
05/04/2023

"တိုးတိုးလေးငိုနေသူတွေရှိလို့ တိတ်တိတ်လေးပျော်ပေးပါ"

မိဘပြည်သူများခင်ဗျာ...

မကြာခင်မှာ ကျွန်တော်တို့ ပြည်သူလူထုတစ်ရပ်လုံး တန်ဖိုးထားတဲ့ သကြင်္နကာလ ကျရောက်တော့မှာဖြစ်ပါတယ်။ ယခင် အာဏာသိမ်းမှုဖြစ်စဉ်မတိုင်ခင်က ဒီလို အခါသမယမျိုးရောက်ပြီဆိုရင် ကိုယ်ချစ်ခင်တန်ဖိုးထားတဲ့ မိသားစုတွေနဲ့ မုန့်လုပ်စားတာ၊ခရီးသွားတာတွေ နဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပရင်း ဖြတ်သန်းလေ့ရှိကြပါတယ်။ ဒါ့ကြောင့် လာမယ့် သကြင်္န်ကာလမှာဆိုရင်လည်း ပျော်ပွဲရွှင်ပွဲ ဆင်နွှဲလိုတဲ့ စိတ်တွေ ကျွန်တော်တို့ပြည်သူတွေမှာ အနည်းနဲ့အများ ရှိနေကြဦးမှာပါ။

ဒါပေမယ့်လည်း ဒီနှစ်မှာတော့ နိုင်ငံတဝှမ်းမှာ ဖြစ်ပျက်နေတဲ့ ဖက်ဆစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြား တိုးတိုးလေးငိုနေတဲ့သူတွေရှိတာကြောင့် ပျော်ကြပါးကြမယ်ဆိုရင်တောင် တိတ်တိတ်လေးသာ ပျော်ပေးကြဖို့၊ ပျော်ရွှင်နေတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက် စာမျက်နှာတွေမှာ ကိုယ်ချင်းစာစိတ်အပြည့်နဲ့ မတင်ကြဖို့၊ မမျှဝေကြဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။

အကြမ်းဖက်စစ်ကောင်စီက နေ့ရော၊ ညပါမကျန် ပြည်သူလူထုကို မတရားဖမ်းဆီးခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်း၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခြင်း ၊ အဓမ္မပြုကျင့်ခြင်းတို့ အပါအဝင် အစရှိတဲ့ စစ်ရာဇဝတ်မှုတွေကို အဆက်မပြတ် ကျူးလွန်လျက်ရှိနေပါတယ်။

တဆက်တည်းမှာပဲ စစ်ကောင်စီအနေနဲ့ ၎င်းတို့ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ၊ စစ်ရာဇဝတ်မှုတွေကို ပြည်သူတွေမေ့လျော့သွားအောင် ၊ ၎င်းတို့ရဲ့ အုပ်ချုပ်ရေးယန္တရား အသက်ဝင်လည်ပတ်နေနိုင်အောင် သင်္ကြန်ပွဲတော်တွေ၊ ပျော်ပွဲရွှင်ပွဲတွေကို စည်ကားသိုက်မြိုက်အောင် ကျင်းပနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။

ဒါတင်မကသေးပါဘူး။ လာမယ့်မကြာခင်ကာလအတွင်းမှာပဲ စစ်ကောင်စီဟာ သူတို့အနေနဲ့ အကယ်ဒမီပေးပွဲကို ကျင်းပနိုင်အောင် စီစဉ်လျက်ရှိနေပြန်ပါတယ်။ အဆိုပါ အကယ်ဒမီပေးပွဲမှာဆိုရင်လည်း ပြည်သူလူထုဘက်မှာ မရပ်တည်တဲ့ အနုပညာရှင်တွေနဲ့ ပူးပေါင်းကာ ကျင်းပဖို့ပြင်ဆင် နေတာတွေရှိသလို မပါဝင်လိုတဲ့ အနုပညာရှင်တွေကိုလည်း အတင်းဖိအားပေးကာ ဖြစ်မြောက်အောင် ဆောင်ရွက်နေတာတွေရှိတာကို ကြားသိထားရပါတယ်။

ဒါ့ကြောင့် နိုင်ငံတဝှမ်း အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုအောက် စစ်ဘေးဒဏ်ကို ခံစားနေရတဲ့၊ စစ်ဘေး တိမ်းရှောင်နေကြရတဲ့ ပြည်သူတွေ၊ ဆီမီးခွက်လေးနဲ့ ထမင်းဝိုင်းထဲပြန်မဆုံနိုင်တော့တဲ့ မိသားစုဝင်တွေ၊ မလျှော့သောဇွဲနဲ့ တော်လှန်တိုက်ပွဲဝင်နေကြတဲ့သူတွေကို ငဲ့ညှာတဲ့အနေနဲ့ ဒီနှစ် သင်္ကြန်ကိုတော့ (ပျော်ပါးမယ်ဆိုရင်တောင်) တိုးတိုးလေးပျော်ပေးကြဖို့အတွက် လှိုက်လှိုက်လှဲလှဲ တောင်းဆိုလိုက်ရပါတယ်။

ကဲ… နောက်ဆုံးအနေနဲ့ ဒီနှစ် တော်လှန် သင်္ကြန်ကို ငါတို့ပြည်သူတွေ ဘယ်လိုဆင်နွှဲကြမလဲ ဟေ့….။

စစ်ကောင်စီကျင်းပမယ့် သင်္ကြန်ပွဲမှာမပါဝင်ဘူး။

မပါဝင်ဘူး…ဟေ့…မပါဝင်ဘူး…ဟေ့…။

စစ်ကောင်စီနဲ့ဆက်စပ်နေတဲ့ ကုန်ပစ္စည်းတွေ၊ တည်းခိုမယ့်နေရာတွေကို Boycott ကြမယ်။

Boycott ကြမယ်… Boycott ကြမယ်…။

စစ်ကောင်စီကကျင်းပမယ့် အကယ်ဒမီပေးပွဲကို မကြည့်ဘူး။

မကြည့်ဘူးဟေ့ ၊ မကြည့်ဘူး…ဟေ့။

အကယ်ဒမီပေးပွဲအကြောင်း မပြောဘူး။ မမျှဝေဘူး။

မပြောဘူး… ဟေ့၊ မမျှဝေဘူး ဟေ့ …။

ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်။

အရေးတော်ပုံ အောင်ရမည်။

ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်း (၃၅) နှစ်မြောက်အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာ
13/03/2023

ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်း (၃၅) နှစ်မြောက်အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာ


"တသံတည်းညီ တချီတည်းရုန်း"လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့ဆိုရင် ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့် တနည်းပြောရရင် စစ်အ...
29/01/2023

"တသံတည်းညီ တချီတည်းရုန်း"

လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့ဆိုရင် ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့် တနည်းပြောရရင် စစ်အာဏာသိမ်းမှု (၂) နှစ်ပြည့်ချေပြီ။

ဒီလို တော်လှန်ရေး (၂) နှစ်ပြည့်တဲ့အချိန်မှာ ကျနော်တို့ ပြည်သူတွေ သွေးအေးမနေဘူး၊ သွေးကြောင်မသွားဘူး၊ စစ်အုပ်ချုပ်ရေးယန္တရားအောက်မှာ အသားကျမသွားဘူးဆိုတာကို ကမ္ဘာသိ၊ မြန်မာသိ ဆက်လက် ဖော်ထုတ်ပြသနေကြဖို့ လိုပါတယ်။ အထူးသဖြင့် အကြမ်းဖက်စစ်အုပ်စုရဲ့ အရေးပေါ်အခြေအနေ သက်တမ်းကုန်ဆုံးမယ့်နေ့လည်းဖြစ်တာမို့ ကမ္ဘာကြီးက အဲ့နေ့မှာ ကျနော်တို့ မြန်မာ့အရေးကို ပိုလို့ စိတ်ဝင်စားစွာ စောင့်ကြည့်နေကြပါလိမ့်မယ်။

ဒါ့ကြောင့် ကျနော်တို့ ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့်တဲ့ (ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၃) မှာ တနိုင်ငံလုံး၊ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်တဲ့ အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) ကြီး ဖော်ဆောင်၊ ဆင်နွှဲကြဖို့ ဖြစ်ပါတယ်။

ကျနော်တို့ လူထုရဲ့ Silent Strike လှုပ်ရှားမှုဟာ အကြမ်းဖက် စစ်အုပ်စု တုန်နေအောင်၊ ပြာနေအောင် ကြောက်တဲ့ လူထုတိုက်ပွဲနည်းနာလည်း ဖြစ်တယ်။ ကမ္ဘာမှာ တနိုင်ငံလုံးအဆင့် ဒီလိုသပိတ်မျိုးလုပ်နိုင်ဖို့ဆိုတာ ရှားမှ ရှားပြီး ကျနော်တို့ ပြည်သူတွေ သွေးစည်းညီညွတ်မှုကြောင့်သာ တနိုင်ငံလုံးအဆင့် အောင်အောင်မြင်မြင် ဆင်နွှဲနိုင်ကြတဲ့ အသံတိတ်သပိတ်ကြီး ဖြစ်ပါတယ်။

ကျနော်တို့ ဒီတစ်ခေါက်မှာ Silent Strike လူထုလှုပ်ရှားမှုကြီးရဲ့ နောက်ထပ်လေးနက်တဲ့ အဓိပ္ပာယ်တရပ်လည်း ရှိပါသေးတယ်။ အခုဆို အကြမ်းဖက်စစ်အုပ်စုဟာ ဒင်းတို့ရဲ့ ထွက်ပေါက်၊ နိုင်ငံရေးလှည့်ကွက်အနေနဲ့ တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲ၊ တနည်းပြောရရင် လုပ်ပွဲ တခုကို အဓမ္မကျင်းပဖို့ ပြင်ဆင်နေတာကို အားလုံး သိရှိကြမှာပါ။ အခု ကျနော်တို့ လူထုရဲ့ အပြင်မထွက်၊ အသံတိတ်သပိတ်လှုပ်ရှားမှုကြီးက ဒီတရားမဝင် ရွေးကောက်ပွဲကို လူထုက လုံးဝ လက်မခံကြောင်း၊ ဆန့်ကျင်ကြောင်းကိုလည်း ဖော်ထုတ်၊ သက်သေပြခြင်းလည်း ဖြစ်ပါတယ်။

ကျနော်တို့ အပြင်မထွက်ဘူး၊ တိတ်ဆိတ်ငြိမ်သက်တယ်ဆိုတာက ကြောက်တာ၊ သွေးအေးတာ လုံးဝ မဟုတ်ဘူး။ ငါတို့ မြို့၊ ငါတို့ရွာကို ငါတို့သာ ပိုင်တယ်၊ တော်လှန်ရေးအတွက် ငါတို့ ငြိမ်ရင် ငြိမ်မယ်၊ ငါတို့ လှုပ်ရင် လှုပ်မယ်ဆိုတာကို အကြမ်းဖက် စစ်မိစ္ဆာတွေ သိစေဖို့ဖြစ်တယ်။ နောက်၊ ပြည်သူတွေက သိကြပြီးဖြစ်မှာပါ။ ဒီဖေဖော်ဝါရီ (၁) ရက်နေ့မှာပဲ အကြမ်းဖက်စစ်အုပ်စုဘက်ကလည်း လူစုလူဝေးနဲ့ အင်အားပြပွဲတွေ၊ စစ်တပ်ထောက်ခံပွဲဆိုတာတွေကို အကြီးအကျယ်လုပ်ကြဖို့ ပြင်ဆင်နေပါတယ်။ ကျနော်တို့ ပြည်သူတွေအနေနဲ့တော့ အဲ့ဒီ အကြမ်းဖက် လူအုပ်စုနဲ့ ဝေးဝေးရှောင်၊ မပတ်သက်ကြဖို့ပါပဲ။ ကိုယ့်နေရာမှာသာ ကိုယ်နေကြဖို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် လာမယ့် ဖေဖော်ဝါရီလ (၁) ရက်နေ့၊ မနက် (၁၀) နာရီကနေ ညနေ (၃) နာရီတွင်းမှာ ကျနော်တို့တွေအားလုံး အပြင်ကို (လုံးဝ) မထွက်ကြဘူးဗျာ။ ကိုယ့်အိမ်၊ ကိုယ့်အလုပ်ခွင်၊ ကိုယ့်ဆိုင်၊ ကိုယ့်ရုံးစတဲ့ ကိုယ်ရှိနေတဲ့ နေရာမှာပဲ နေကြမယ်။ အဲ့ဒီနေ့၊ အဲ့ဒီအချိန်တွင်းမှာ လမ်းတွေထက်မှာ၊ အများပြည်သူနေရာတွေမှာ လူသူကင်းမဲ့ ခြောက်သွေ့နေရမယ်၊ တိတ်ဆိတ်နေရမယ်ဗျာ။ အဲ့လို ကိုယ့်နေရာမှာ ကိုယ်နေ နေတဲ့ အချိန်မှာလည်း ပြည်သူ့တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်ရာဖြစ်ကြောင်း တစ်ခုခုကို ထပ်ပြီးလုပ်ကြဦးမယ်ဗျာ။ ဥပမာ၊ PDF တွေအတွက် ခါတိုင်းထက်ပိုပြီး Click ကြမယ်ဗျာ၊ လှူကြမယ်ဗျာ။ အကြမ်းဖက် စစ်အုပ်စု လက်ချက်ကြောင့် ကျဆုံးခဲ့ရ၊ ပေးဆပ်ခဲ့ရ၊ အကျဉ်းထောင်တွေထဲ ရောက်နေကြရတဲ့ ရဲဘော်တွေအတွက် ထောက်ပံ့၊ လှူဒါန်း၊ ကုသိုလ်ပြုကြမယ်။ အခုလို (၂) နှစ်ပြည့်ချိန်မှာ နွေဦးတော်လှန်ရေးကို ရည်ညွှန်းတဲ့ သရုပ်ဖော်မှု Performance တွေကိုလည်း ဉာဏ်ရှိရင် ရှိသလို ကွန့်မြူး ဖော်ဆောင်ကြမယ်ဗျာ။

အခု (၂၀၂၃) ခုနှစ်ကို အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ် သတ်မှတ်ထားကြတဲ့အတိုင်း အားကုန်ထုတ်၊ ရုန်းကန်တိုက်ပွဲဝင်သွားကြဖို့ ဖြစ်တယ်။ ဒါ့ကြောင့် လူထုတရပ်လုံးအနေနဲ့ တသံတည်းညီ တချီတည်းရုန်း ကြပြီး အဆုံးသတ်တိုက်ပွဲကို အတူလှမ်းချီကြပါစို့လို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျား/ရှင်။

#တသံတည်းညီ_တချီတည်းရုန်း

#တရားမဝင်ရွေးကောက်ပွဲကို_တိုက်ဖျက်ကြ_တိတ်ဆိတ်မှုနဲ့_သက်သေပြ





#လုံးဝအုပ်ချုပ်ခွင့်မရစေရ

#အရေးတော်ပုံ_အောင်ရမည်

လွတ်လပ်ရေးမှသည် လွတ်မြောက်ရေးဆီသို့၁၉၄၈ ခုနစ်မှာ ရရှိခဲ့တဲ့လွတ်လပ်ရေးဟာ ဒီကနေ့မှာ ၇၅ နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ...
04/01/2023

လွတ်လပ်ရေးမှသည် လွတ်မြောက်ရေးဆီသို့

၁၉၄၈ ခုနစ်မှာ ရရှိခဲ့တဲ့လွတ်လပ်ရေးဟာ ဒီကနေ့မှာ ၇၅ နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးနဲ့အတူပေါက်ဖွားလာခဲ့တဲ့ ပြည်တွင်းစစ်တွေ စစ်အာဏာသိမ်းမှုတွေကြောင့် နိုင်ငံဟာလွတ်လပ်ရေးရဲ့ အသီးအပွင့်တွေကို မခံစားခဲ့ရဘဲ ဖိနှိပ်ချုပ်ချယ်မှုတွေအကြား ဆယ်စုနှစ်ပေါင်းများစွာ နစ်မွန်းခဲ့ကြရပါတယ်။ လွတ်လပ်ရေးနောက်ပိုင်း နိုင်ငံရေးဒီရေအတက်အကျများစွာ ကြုံတွေ့ခဲ့ရပြီး ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုဟာ စစ်အာဏာရှင်အပြီးသတ်ကျဆုံးရေးနဲ့ လူထုလွတ်မြောက်ရေးကို အန္တိမထားရည်မှန်းပြီး တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုနောက်ပိုင်း ကြီးမားတဲ့ လူထုလွတ်မြောက်ရေးတိုက်ပွဲတွေဟာ အစဉ်တစိုက်ဖြစ်ပေါ်လာခဲ့ပြီး ယခုတော်လှန်ရေးဟာ အဆုံးသတ်တိုက်ပွဲဖြစ်စေဖို့၊ လွတ်လပ်ရေးရဲ့အရသာကို ပြည့်ပြည့်ဝဝခံစားရစေဖို့ ပြည်သူလူထုအားနှင့် ဆက်လက်တိုက်ပွဲဝင်ကြရန် လိုအပ်ပါတယ်။ လွတ်လပ်ရေးဟာ နယ်ချဲ့များအား ရန်သူအဖြစ်စွဲစွဲမြဲမြဲ တော်လှန်ခဲ့ခြင်းရဲ့ အနှစ်သာရအသီးအပွင့်ဖြစ်ပြီး လက်ရှိအာဏာသိမ်းစစ်ကောင်စီကိုလည်း အဆုံးအထိ ရန်သူအဖြစ်သဘောထားကာ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ကြရန် တိုက်တွန်းအပ်ပါတယ်။

အရေးတော်ပုံအောင်ရမည်


#ဒေါင်းတမန်စာစဉ်

27/11/2022

"၁/ဆောင်းခိုငှက်များဆီသို့"
ပေါက်မဲများကို ဖွင့်လှစ်လိုက်ပြီဘဲဖြစ်ပါတယ်။
ပါဝင်တော်လှန်ပေးကြတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးအထူးတင်အပ်ပါတယ်။

#သတင်းနှင့်ပြန်ကြားရေးဌာန

"၁/ဆောင်းခိုငှက်များဆီသို့"projectအတွက်မဲပေါက်ပေးမည့်ရက်အား 12.11.2022ဟုသတ်မှတ်ထားသော်လည်း ကျွန်တော်/မ တို့သတ်မှတ်ထားသော...
11/11/2022

"၁/ဆောင်းခိုငှက်များဆီသို့"projectအတွက်
မဲပေါက်ပေးမည့်ရက်အား 12.11.2022ဟုသတ်မှတ်ထားသော်လည်း ကျွန်တော်/မ တို့သတ်မှတ်ထားသော Target မပြည့်သေးသည့်အတွက် လက်ကျန်မဲများကို ဆက်လည်ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်။သတ်မှတ်ထားသည့် Target ပြည့်သည်နှင့်မဲများကို အစီအစဥ်တကျဖောက်ပေးသွားမှာပဲဖြစ်ပါတယ်။ မိဘပြည်သူများအနေနှင့်လည်း အရေးတော်ပုံအမြန်ဆုံးပြီးမြောက်စေရန် တက်နိုင်သည့် အဘက်ဘက်မှ ပါဝင်ပေးကြဖို့‌မျှော်လင့်ပါတယ်။ အဆုံးသောတိုက်ပွဲဖြစ်တာကြောင့် တစ်ယောက်ချင်းစီတိုင်း၏ တော်လှန်စိတ်များနှင့်ပါဝင်ပေးမှုများလိုအပ်တာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်/မတို့ရဲ့project မှာပါဝင်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။
#ပြည်သူသည်သာအားကိုးရာ

#သတင်းနှင့်ပြန်ကြားရေးဌာန

"၁/ဆောင်းခိုငှက်များဆီသို့" ကျွန်တော်တို့ဟိုပင်မြို့အခြေခံပညာကျောင်းသာများသမဂ္ဂနှင့် မိုးညှင်းမြို့နယ် အခြေခံပညာကျောင်းသ...
04/11/2022

"၁/ဆောင်းခိုငှက်များဆီသို့"
ကျွန်တော်တို့ဟိုပင်မြို့အခြေခံပညာကျောင်းသာများသမဂ္ဂနှင့် မိုးညှင်းမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ(ဗကသ) မှပူပေါင်းလုပ်ဆောင်သော ပထမဆုံးအကြိမ်ဖြစ်တဲ့"၁/ဆောင်းခိုငှက်များဆီသို့" ဆိုတဲ့အစီအစဥ်လေးဘဲဖြစ်ပါတယ်ခင်ဗျာ..
-မဲတွေကိုတော့SetA SetB SetC SetDဆိုပြီး 4ခုခွဲထားပါတယ်ဗျ။
-မဲတစ်မဲကို 5000နှုန်းသတ်မှတ်ထားပြီးမိဘပြည်သူများအနေနဲ့မိမိနှစ်သက်ရာ Setမှမဲများကိုလာရောက်ဝယ်ယူနိုင်ပါပြီခင်ဗျာ။မဲအရေအတွက်200ထိရှိတာမို့ စိတ်ကြိုက်လာဝယ်နိုင်ပါတယ်နော်..
-ပေါက်မဲများကိုတော့နိုဝင်ဘာလ12ရက်နေ့မှာHopin Basic Education students Union pageမှဖွင့်လှစ်ပေးသွားမှာဘဲဖြစ်ပါတယ်ခင်ဗျာ.
-ရရှိလာသောအလှူငွေများကိုလဲ "၁/ဆောင်းခိုငှက်များဆီသို့"လှူဒါန်းသွားမှာဘဲဖြစ်ပါတယ်ခင်ဗျာ..
-တော်လှန်ရေးဘယ်တော့မှပြီးမှာလဲလို့မေးနေမဲ့အစား ရရာနေရာက ထောက်ပံ့တော်လှန်ကြရအောင်...
ဒါကြောင့်ကျွန်တော်တို့"၁/ဆောင်းခိုငှက်များဆီသို့"ဆိုတဲ့ projectsလေးမှာပါဝင်ပေးကြဖို့ တော်လှန်ရေးညီအစ်ကိုမောင်နှမများကိုဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ..

#သတင်းနှင့်ပြန်ကြားရေးဌာန

ယနေ့ အောက်တိုဘာလ ၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာဆရာများနေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာ     #သတင်းနှင့်ပြန်ကြားရေး
05/10/2022

ယနေ့ အောက်တိုဘာလ ၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာဆရာများနေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာ

#သတင်းနှင့်ပြန်ကြားရေး

01/10/2022

BREAKING: ဗကသများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးကို ဒီကနေ့မှာ ထောင်တွင်းတရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကိုဝေယံဖြိုးမိုးဟာ ကိုဝေယံဖြိုးမိုးဟာ ပုဒ်မ ၅၀၅ - က အမှု ၂ ခုနဲ့ ငြိမ်းစုစီ ပုဒ်မ အမှု ၂ ခုတို့အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ် ၃ လ ချမှတ်ခံထားရပြီး ယခုအခါ စုစုပေါင်း ထောင်ဒဏ် ၇ နှစ် ၃ လ ချမှတ်ခံလိုက်ရတာပါ။

ဗကသများအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးဟာ ၂၀၂၁ ခုနှစ် မတ်လက တာမွေမြို့နယ်အတွင်းမှာ GSC ပူးပေါင်းသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရချိန်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ ရိုက်နှက်ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။

ဖမ်းဆီးခံရပြီးနောက် အင်းစိန်ထောင်သို့ ပို့ဆောင်ခံခဲ့ရပြီး ထောင်တွင်းမှာ ရှိနေစဉ်ကာလတလျောက်လုံး အကြိမ်ကြိမ် ညှင်းပန်းနှိပ်စက်ခံခဲ့ရတယ်လို့ ဗကသများအဖွဲ့ချုပ်က ပြောပါတယ်။

#အိုးဝေ #ဝေယံဖြိုးမိုး

Address


Website

Alerts

Be the first to know and let us send you an email when Hopin Basic Education Students' Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your organization to be the top-listed Non Profit Organization?

Share