Myanmar Ecological Society

  • Home
  • Myanmar Ecological Society

Myanmar Ecological Society For the sake of better world!

⛅️ နိုင်ငံရေးအပေါ် တည်မှီနေသော ရာသီဥတုပြောင်းလဲခြင်း ⛅️ 📌 လူ့ပယောဂကြောင့်ဖြစ်ပျက်နေသည့် ရာသီဥတုပြောင်းလဲမှုသည် ယနေ့ကမ္ဘာ...
21/02/2022

⛅️ နိုင်ငံရေးအပေါ် တည်မှီနေသော ရာသီဥတုပြောင်းလဲခြင်း ⛅️

📌 လူ့ပယောဂကြောင့်ဖြစ်ပျက်နေသည့် ရာသီဥတုပြောင်းလဲမှုသည် ယနေ့ကမ္ဘာတစ်ဝှမ်းကြုံတွေ့နေရသည့် အရေးကြီး ဖြေရှင်းရမည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာထဲမှ အထင်ရှားဆုံးတစ်ခုပင် ဖြစ်သည်။

📌 ရာသီဥတုပြောင်းလဲမှုသည် လူမှုစီးပွားရေးပါသည့် ရေ၊ သစ်တော၊ ငါးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းမှအစ ဂေဟစနစ်များနှင့် ကျန်းမာရေးကဏ္ဍ များကိုပင် သက်ရောက်လျက်ရှိကြောင်း တွေ့မြင်နေရပါသည်။ ၎င်းအနက် ဖွံ့ဖြိုးဆဲနိုင်ငံများသည် ပို၍ အကျိုးဆက်များ ကြုံတွေ့ရမည်ဖြစ်သည်။

📌 ၁၉၉၇ ခုနှစ်တွင် အထမြောက်ခဲ့သည့် Kyoto Protocol သည် မှန်လုံအိမ်အာနိသင်ဓါတ်ငွေ့များ လျော့ချရေး နိုင်ငံပေါင်း ၁၆၀ ကျော် ပူးပေါင်းပါဝင်ပြီး (အမေရိကန်၊ ရုရှားနှင့် ဩစတေးလျမှလွဲ၍) ဖွံ့ဖြိုးပြီးနိုင်ငံအများစုအနေဖြင့် မှန်လုံအိမ်အာနိသင်ဓါတ်ငွေ့များအား ၁၉၉၀ ခုနှစ်က ထုတ်လွှတ်မှုထက် ၅% မှ ၁၀% အထိ လျော့ချရေး သဘောတူခဲ့ကြပါသည်။

📌 ကမ္ဘာ့ရာသီဥတု တည်ငြိမ်မှုရှိရန်အတွက် မှန်လုံအိမ်အာနိသင်ဓါတ်ငွေ့ထုတ်လွှတ်မှုများ လျော့ချရန်လိုအပ်ပြီး Kyoto Protocol is သည် ထိရောက်သည့် လမ်းစဉ်တစ်ခုဖြစ်ပါသည်။ သို့သော် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံကြီးများ ပူးပေါင်းပူဝင်ပြီး ကတိကဝတ်များအား အကောင်အထည်ဖော်မှသာလျှင် ကျန်နိုင်ငံများမှလည်း ပို၍ အားတက်သရော ပါဝင်ကြမည် ဖြစ်သည်။ အဆိုးထဲမှ အကောင်းအနေဖြင့် နိုင်ငံအများစုတွင် ရာသီဥတု ပြောင်းလဲမှု ကာကွယ်ရေး နည်းဥပဒေသများ ထုတ်ပြန်လာကြပြီး ကုမ္ပဏီများအနေဖြင့်လည်း မှန်လုံအိမ်အာနိသင်ဓါတ်ငွေ့ထုတ်လွှတ်မှုများ လျော့ချရန် ပါဝင်လာကြခြင်းဖြစ်ပါသည်။

📌 သုတေသနလုပ်ငန်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်မှုသည် လေထုရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏလျော့ချစေရန် များစွာ အကောက်အကူပြုနိုင်လာပါသည်။ သို့သော် ထိုလုပ်ငန်းများ သည်လည်း နိုင်ငံရေး(အကန့်အသတ်များ)အပေါ်ပင် တည်မှီနေပါသည်။

📌 အစိုးရများအနေဖြင့် ရာသီဥတုပြောင်းလဲမှုအား ဟန့်တားတိုက်ဖျက်ရေးအတွက် မှန်လုံအိမ်အာနိသင်ဓါတ်ငွေ့ ထုတ်လွှတ်မှုများ လျော့ချရာတွင် ဝိုင်းဝန်းပါဝင်ကြရန် လိုအပ်ပါသည်။ တာဝန်ခံမှုနှင့် တာဝန်ယူမှုအပြည့်ရှိပြီး ပူးပေါင်းပါဝင်တတ်သည့် အစိုးရများ ကမ္ဘာတစ်ဝှမ်း လိုအပ်လျက်ရှိနေပါသည်။ အထူးသဖြင့် မှန်လုံအိမ်အာနိသင် ဓါတ်ငွေ့များ ၄၅၀ ppm မှ ၅၅၀ ppm အတွင်း တည်မြဲနေစေရေးနှင့် ကမ္ဘာ့အပူချိန်အား ၂ - ၃°C ပြန်လည်လျော့ကျစေရေး လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။ မှန်လုံအိမ်အာနိသင်ဓါတ်ငွေ့ထုတ်လွှတ်မှုများ လျော့ချရေး ကြိုးပမ်းမှုသည် ခေတ်မီ စွမ်းအင်စနစ်နှင့် တက်လှမ်းနေသည့် နည်းပညာခေတ်အား ဖော်ဆောင်နိုင်သကဲ့သို့ ပတ်ဝန်းကျင်ကောင်းမွန်ရေး အထောက်အကူပြုနိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ဖန်တီးကူညီရာရောက်ပါသည်။

📌 ထို့ကြောင့် နိုင်ငံခေါင်းဆောင်များအနေဖြင့် ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှုအား ဟန့်တားတိုက်ဖျက်ရေး ကတိကဝတ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အတွက် ဝိုင်းဝန်းပါဝင်ကြရန် လိုအပ်လှပါသည်။


Reference
Watson, R.T. 2003. Climate Change: The Political Situation. Science. 302, 5652, pp. 1925-1926.

Photos: Credits

08/02/2022

GIVEAWAY ALERT!

IF YOU ARE
✔️ residing in one of the Member States
✔️ at least 15 years of age

AND YOU WANT TO
✔️ inspire action for
✔️ get the chance to win up to USD 50!

Simply go to https://bit.ly/ACB_BiodiversityCEPASurvey and answer our 15-minute survey about how we can communicate biodiversity issues better.

Don’t forget to share this post with your friends!



Address


Website

Alerts

Be the first to know and let us send you an email when Myanmar Ecological Society posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Ecological Society:

  • Want your organization to be the top-listed Non Profit Organization?

Share