14/05/2026
✨ 𝐖𝐨𝐫𝐝𝐬 𝐨𝐟 𝐖𝐢𝐬𝐝𝐨𝐦 [Facebook Live] ❝ ဗုဒ္ဓနည်းလာ ခေါင်းဆောင်မှုပညာ❞ ✨
(A Buddhist Approach to Compassionate Leadership for the Modern Era)
ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ခေါင်းဆောင်မှု (Leadership) နဲ့ ပတ်သက်တဲ့ ဉာဏ်ပညာတွေ၊ အတွေ့အကြုံတွေ အများကြီး ရှိပါတယ်။
Words of Wisdom Program လေးကတော့ သင်ယူလေ့လာမှုနဲ့ ကိုယ်ပိုင်အတွေ့အကြုံ/အတွေးအခေါ်ပေါ် အခြေခံပြီး အများအတွက် အကျိုးရှိစေမယ့် အယူအဆသဘောတရားတွေကို နားထောင်နိုင်စေဖို့၊ စူးစမ်းချင်မှုနဲ့ လေးလေးနက်နက် ဆင်ခြင်သုံးသပ်နိုင်စေဖို့ ရည်ရွယ်ထားတာပါ။
◾ဒီတစ်ခေါက် Words of Wisdom Facebook Live မှာ ဆွေးနွေးမယ့် ခေါင်းစဉ်ကတော့—
“ဗုဒ္ဓနည်းလာ ခေါင်းဆောင်မှုပညာ”
A Buddhist Approach to Compassionate Leadership for the Modern Era ဖြစ်ပါတယ်။
ခေါင်းဆောင်ဆိုတာ ထက်မြတ်တက်ကြွမှု၊ ပြတ်သားရဲရင့်မှု တွေလိုအပ်သလို တစ်ဖက်မှာလည်း သိမ်မွေ့တဲ့ မေတ္တာတရား၊ ကရုဏာတရား ကို အခြေခံထားဖို့လည်း လိုအပ်ပါတယ်။
ဒီနေ့ခေတ်မှာ Leadership ဆိုတာ “စွမ်းရည်” တင်မကတော့ပဲ ethics (ကျင့်ဝတ်) ကလည်း ပိုပြီး အရေးကြီးလာပါတယ်။
နိုင်ငံတကာက leadership theory တွေကို လက်တွေ့အသုံးချတဲ့အခါ ဒေသအလိုက် ယဉ်ကျေးမှုအလိုက် ပြောင်းလဲညှိနှိုင်းရမယ့် အချက်တွေ ရှိနေတတ်လို့ ဗုဒ္ဓဘာသာယဉ်ကျေးမှု ထွန်းကားတဲ့ မြန်မာပြည်အတွက် “ဗုဒ္ဓနည်းလာ ခေါင်းဆောင်မှုပညာ” က အင်မတန်အသုံးဝင်မယ့် လမ်းညွှန်တစ်ခုဖြစ်ပါလိမ့်မယ်။
ဒီအကြောင်းအရာကို ဆရာတော်ဦးဇဝန နဲ့ မအေမီတို့က Live မှာ ဆွေးနွေးမျှဝေပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
✨ ဆရာတော်ဦးဇဝန ကတော့ MA Buddhist Studies (University of Kelaniya-Sri Lanka) ကို ရရှိထားပြီး၊ လက်ရှိမှာ Buddhist Leadership Skills and Ethics ဆိုင်ရာတွေကိုလေ့လာနေတဲ့ M.Phil သုတေသနကျောင်းသားရဟန်းတော် တစ်ပါးဖြစ်ပါတယ်။
✨ မအေမီ ကတော့ Thismoment Zone ရဲ့ Founding Member တစ်ဦးဖြစ်ပြီး Lay Counsellor တစ်ဦးအနေနဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ကြုံတွေ့နေရသူများကို အကူအညီပေးနေသူလည်း ဖြစ်ပါတယ်။ ထို့အပြင် MSc. Occupational & Business Psychology ကို Kington University-UK မှာ လေ့လာပြီးမြောက်ထားသူလည်းဖြစ်ပါတယ်ခင်ဗျာ။
အစီအစဉ်လေးကို အောက်ပါ အတိုင်း စောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ...
𝘿𝙖𝙩𝙚: May 16, 2026 (Saturday)
𝙏𝙞𝙢𝙚: 7:00 PM (Myanmar Time)
𝙋𝙡𝙖𝙩𝙛𝙤𝙧𝙢: Facebook Live only
အတွေးအခေါ်အသစ်၊ အမြင်အသစ်တွေကို ရရှိဖလှယ်နိုင်စေဖို့ Thismoment Zone ရဲ့ Words of Wisdom Facebook Live အစီအစဉ်လေးကို စောင့်မျှော်ကြည့်ရှုဖို့ မမေ့ပါနဲ့ခင်ဗျာ။