Curious Folks

Curious Folks Welcome to the learners hub!

19/10/2024

Night Market

GenAI က Super Power ရှိတဲ့လက်ထောက်လို အရာရာတိုင်းအတွက်လုပ်ပေးနိုင်တယ်ဆိုပေမဲ့ အဓိကအချက်အနေနဲ့ကတော့ လူတွေရဲ့ Guidance ကို...
01/06/2024

GenAI က Super Power ရှိတဲ့လက်ထောက်လို အရာရာတိုင်းအတွက်လုပ်ပေးနိုင်တယ်ဆိုပေမဲ့ အဓိကအချက်အနေနဲ့ကတော့ လူတွေရဲ့ Guidance ကို လိုအပ်နေတုန်းပါ။ ဆုံးဖြတ်ချက်ချရမယ့်ကိစ္စတွေ၊ ဒေတာတွေဆန်းသစ်ရမှာတွေ၊ လျို့ဝှက်ချက် ပေါက်ကြားတာတွေ၊ သူများရေးထားတာတွေကို ကူးချတာတွေ၊ ဘက်လိုက်မှုတွေကို ဆန်းစစ်ရမယ့်အခါမျိုးတွေမှာပေါ့။

Juanita Woods, Ph.D, PMP, PgMP, University of North Georgia - Mike Cottrell College of Business က PMI® Global Summit မှာ ပြောခဲ့တာကတော့ “Project Management ဆိုတာ ဒေတာနဲ့ ဆဌမအာရုံ လိုတယ်။ AI က ဒေတာတွေကို ထိန်းချုပ်တာမျိုး၊ အရမ်းဉာဏ်ကောင်းနေတာမျိုး နဲ့ အသိဉာဏ်ကို အစီအစဉ်ချတာမျိုးမှာ ထူးချွန်ပြီးတော့ သူက ဘာကို ဘယ်လိုလုပ်ရမယ် ဘာလုပ်ရမယ်ဆိုတာကို နားလည်တယ်။ ဒါပေမဲ့ လူတွေကပဲ ဘာ‌ကြောင့်လုပ်ရတယ် ဆိုတာကို နားလည်နိုင်တာပါ။ AI ကို IQ 200 ရှိတဲ့ တအားဉာဏ်ကောင်းတဲ့သူလို့ စဉ်းစားရင် EQ ကတော့ သူ့မှာ ၅ နှစ်သားအရွယ်လောက်ပဲ ရှိနေတာ။
ဒါကြောင့် လူတွေက သူ့လုပ်ငန်းဆောင်တာတွေကို စောင့်ကြည့်အကဲဖြတ်နေဖို့တော့ မဖြစ်မနေလိုအပ်တာပေါ့။ GenAI ကို သမာသမတ်ကျအောင်၊ တိကျအောင်၊ Organization ရဲ့ ရည်မှန်းချက်တွေနဲ့ကိုက်ညီအောင် လမ်းပြပေးဖို့ကလည်း လူတွေပေါ်မှာပဲ မူတည်နေပါတယ်။”

“Human-in-the-loop” လမ်းစဉ်ကတော့ လူ့ထိန်းချုပ်မှုကို GenAI ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပေါင်းစပ်ပေးထားတာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ လူတွေက ဖြစ်သင့်မဖြစ်သင့် ဆုံးဖြတ်ချက်ချရမယ့်နေရာမှာ အဓိကတာ၀န်ရှိတယ်ဆိုတာ သေချာနားလည်ဖို့ပါပဲ။ ဒီပေါင်းစပ်မှုနဲ့ GenAI ဟာ လူတွေရဲ့ အာရုံတွေ၊ ကျွမ်းကျင်မှုတွေ၊ ဖန်တီးမှုတွေနဲ့ သမာသမတ်ရှိမှုတွေ အဓိကဖြစ်နေတဲ့ လက်တွေ့ဘ၀မှာ ထိထိရောက်ရောက် အလုပ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
Wilson, Founder at OneReach.ai က ပြောတာကတော့ “လူတွေက ထပ်ခါတလဲလဲလုပ်ရတဲ့အလုပ်တွေကို အမှားအယွင်းမရှိ အမြဲမလုပ်နိုင်ပါဘူး။ အခြားတစ်ဖက်မှာတော့ စက်တွေဆိုတာက အဲ့လိုမျိုး တအားကျွမ်းကျင်တယ်လေ။ ဒါပေမဲ့ စက်တွေက လူနားလည်အောင်နဲ့ ပြဿနာတွေကို တီထွင်ဆန်းသစ်တဲ့ အဖြေထုတ်ပေးတာမျိုး မကျွမ်းကျင်ကြပါဘူး။ အဲ့နေရာမှာ လူတွေကို ပြန်လိုအပ်နေပြန်ရော။ အဲ့ဒါကြောင့်မို့လို့ စက်ရဲ့ လုပ်ဆောင်နိုင်စွမ်းကိုအသုံးပြုပြီး လူတွေရဲ့ အဆင့်အတန်းပိုမိုမြင့်မားအောင် လုပ်ဖို့မှာ Human-in-the-loop က အဓိကနေရာက ပါ၀င်နေပါတယ်။”

PMI research အရ GenAI က Project တွေ ဘယ်လိုလုပ်ဆောင်ရမယ်နဲ့ PM တွေရဲ့ တာ၀န်တွေကို ပြောင်းလဲတာမျိုး လုပ်နေပါပြီ။ အနာဂတ်မှာလည်း ပိုလွှမ်းမိုးလာဦးမှာပါ။ GenAI ကို အရည်အသွေးမြင့် Outcome တွေ ထုတ်နိုင်ဖို့ ဘယ်လိုချိတ်ဆက်ရမလဲဆိုတာ စဉ်းစားတဲ့အခါ PM တွေအနေနဲ့ အောက်ပါ ရှုထောင့် ၂ ခုကနေ စဉ်းစားဖို့လိုပါတယ်။

ပထမရှုထောင့်ကတော့ Level of Complexity ပါ။ Task တစ်ခုမှာ ဘယ်လောက် Variable တွေပါလဲ၊ ထည့်သွင်းစဉ်းစားရမယ့် Business အမြင်တွေရှိသလား၊ Project Managment နဲ့ပတ်သက်တဲ့ အသိပညာနဲ့ အတွေ့အကြုံတွေ လိုသလားဆိုတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

ဒုတိယရှုထောင့်ကတော့ လူပါ၀င်ဖို့ ဘယ်အတိုင်းအတာထိလိုအပ်သလဲဆိုတာပါ။ Level of Complexity မြင့်လေလေ လူပါ၀င်ဖို့ ပိုလိုအပ်လေလေဖြစ်ပါတယ်။

အဲ့ဒီ့ ရှုထောင့်အသေးစိတ်ကိုတော့ အရင်က တင်ခဲ့တဲ့ “GenAI ကိုအသုံးပြုပြီးတော့ Project Manager တွေအနေနဲ့ ရလဒ်တွေကို ဘယ်လိုပိုကောင်းအောင်လုပ်နိုင်မလဲ?” https://www.facebook.com/share/p/FLTYDCNRARatAkhc/ ဆိုတဲ့ ပို့စ်လေးမှာ ဖတ်ပေးပါနော်။

Ref: Human-in-the-loop: What Project Managers need to know (by PMI)

ဒီနေ့အတွက်ကတော့ရန်ကုန်မြို့မှာစားဖူးတဲ့ သင်္ဘောသီးထောင်းဆိုင်တွေထဲကမှ စားကောင်းတယ်လို့ ခံစားမိတဲ့ ဆိုင်လေးတွေကိုပြောပြပေ...
16/05/2024

ဒီနေ့အတွက်ကတော့ရန်ကုန်မြို့မှာစားဖူးတဲ့ သင်္ဘောသီးထောင်းဆိုင်တွေထဲကမှ စားကောင်းတယ်လို့ ခံစားမိတဲ့ ဆိုင်လေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်။ သင်္ဘောသီးထောင်းကြိုက်ရင်တော့ ကိုယ်နဲ့နီးတဲ့ ဆိုင်ပေါ်မူတည်ပြီး သွားစားကြည့်ကြပါနော်။


ဒီတစ်ခါမှာတော့ ဗီယမ်နမ်ရဲ့ ရိုးရာ အစားအစာလိုဖြစ်နေတဲ့ ခေါက်ဆွဲ အကြောင်း share လုပ်ပေးပါမယ်။ သူတို့ စားတဲ့ Pho လို့ခေါ်တဲ...
15/05/2024

ဒီတစ်ခါမှာတော့ ဗီယမ်နမ်ရဲ့ ရိုးရာ အစားအစာလိုဖြစ်နေတဲ့ ခေါက်ဆွဲ အကြောင်း share လုပ်ပေးပါမယ်။
သူတို့ စားတဲ့ Pho လို့ခေါ်တဲ့ခေါက်ဆွဲ အရသာက အရမ်း ရိုးရှင်းပါတယ်။
အသားတွေ အရိုးတွေကို အချိန်ကြာကြာပြုတ်ထားတဲ့ ဟင်းရည်နဲ့ ခေါက်ဆွဲ နဲ့ ရောစားရတာပဲ ဖြစ်ပါတယ်။
အဲ့ခေါက်ဆွဲထဲကိုမှ အရွက်မျိုးစုံထည့်ပြီး စားကြတာမျိုးပါ။ ခေါက်ဆွဲဆိုင်ကိုတော့ ဘယ်နေရာမှာဖြစ်ဖြစ် တွေ့နိုင်ပါတယ် စားကြတဲ့ ခေါက်ဆွဲတွေကတော့အမျိုးမျိုးပါပဲ။
မြန်မာပြည်မှာ နန်းကြီးသုတ်စားတဲ့ နန်းကြီးလိုမျိုး
ညှပ်ခေါက်ဆွဲလိုမျိုး ရှမ်းခေါက်ဆွဲ လုပ်တဲ့ ခေါက်ဆွဲလိုမျိုး အဲ့လိုခေါက်ဆွဲ တွေနဲ့ စားကြပါတယ်။
တစ်ခါတစ်လေ ရှူလိုက်တဲ့ လေထဲမှာတောင် အဲ့ အသားပြုတ်ဟင်းရည်နံ့က ရနေသလိုတောင် ဖြစ်ပါတယ် 😅
နေ့နေ့ညညခေါက်ဆွဲပဲ စားနေကြသလိုပါပဲ။ လူလည်းခေါက်ဆွဲရုပ်ပေါက်နေပါပြီ။ 🥴

ပုံတွေကတော့ Ho Chi Minh ရောက်ပြီး စားခဲ့သမျှ ခေါက်ဆွဲပုံတွေကို သွားရည်ကျဖို့ ထည့်ပေးလိုက်ပါတယ်။
😋


ကိုယ်ရဲ့ Project အောင်မြင်ဖို့ Project task တွေထဲက ဘာတွေကို AI အကူအညီနဲ့ ဘယ် Level ထိ လုပ်လို့ရနိုင်မလဲ ဆိုတာ သိရဖို့ Co...
15/05/2024

ကိုယ်ရဲ့ Project အောင်မြင်ဖို့ Project task တွေထဲက ဘာတွေကို AI အကူအညီနဲ့ ဘယ် Level ထိ လုပ်လို့ရနိုင်မလဲ ဆိုတာ သိရဖို့ Complexity အနည်းဆုံးကနေ အများဆုံးကိုကြည့်လိုက်ရအောင်။ အဲ့ဒီမှာ အောက်ပါအတိုင်း အပိုင်း ၃ ပိုင်းခွဲမြင်လို့ရပါမယ်။

၁။ Low Complexity, Automation ( ရှုပ်ထွေးမှုနည်းတယ်၊ လူမပါဘဲ အလိုအလျောက်လုပ်လို့ရမယ့် Task တွေ)

*Report Generation - ရီပို့တွေထုတ်လို့ရမယ်။
*Analyzing Documents - GenAI က ‌ဒေတာအမျိုးအစားအတော်များများကို Support လုပ်တဲ့အတွက် စာရွက်စာတမ်းဖတ်ချိန်မရ ပေ့ချ်တွေ ၃၀၀-၄၀၀ ဖြစ်လို့ စိတ်ညစ်နေစရာမလိုပါဘူး။ GenAI အကူအညီနဲ့ ဖတ်ပြီး အနှစ်ချုပ်ကို တန်းပြီးလေ့လာလို့ရမယ်။
*Summarizing Meeting Notes - ၂ နာရီ ၃ နာရီကြာ မီတင်တွေမှာ ပြောတဲ့သူတွေ အရမ်းများပြီး Information တွေ ဘယ်လို ထိထိမိမိစုစည်းရမှန်းမသိရင် အကျဉ်းချုပ် Meeting Notes လိုမျိုး လုပ်ပေးနိုင်မယ်။

၂။ Medium Complexity, Assistance ( အလည်အလတ်ရှုပ်ထွေးမှုရှိတယ်၊ ကိုယ်ကလည်း မှန်သည်မှားသည် လိုက်ဆန်းစစ်ပြီးတူတူလိုက်လုပ်ဖို့တော့ လိုမယ့် Tasks တွေ)

*Data Analysis - Project ဒေတာတွေကို လေ့လာမှုလုပ်တာမျိုးတွေ လုပ်လို့ရမယ်။
*Scheduling - Task breakdown plan တွေ ဆွဲတာမျိုး လုပ်လို့ရမယ်။
*Risk Analysis - Project Risk နဲ့ပတ်သက်တာတွေ ဆန်းစစ်မယ်။ အချိန်မှီ Project ပြီးနိုင်မှာလား နောက်ကျနေပြီလားဆိုတာမျိုး ခန့်မှန်းလို့ရမယ်။
*Cost Benefit Analysis - Budget လုပ်ထားတာနဲ့ ကုန်တာနဲ့ ပြန်ရတာနဲ့ကို ကိုက်မကိုက် တွက်ချက်တာမျိုးတွေ လုပ်လို့ရမယ်။ ကိုယ့် project က Over/Under Budget ဖြစ်နေလား ဆိုတာမျိုး ဆန်းစစ်ပေးနိုင်မယ်။

၃။ High Complexity, Argumentation ( ရှုပ်ထွေးမှုကလည်း အမြင့်ဆုံးဖြစ်တယ်၊ Dependencies တွေများပြီး အချက်အလက်လည်း များတယ်၊ ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ဆန်းစစ်ဖို့ လိုမယ့် Tasks တွေမျိုး)

*Project Business Case Creation - Project စဖို့ Business Case တင်တာမျိုးမှာ အထောက်အကူရနိုင်မယ်။
*Project Decision Making - Project ရဲ့ လားရာပေါ်မူတည်ပြီး ဘာဆက်လုပ်သင့်တယ်ဆိုတာမျိုးကို အကူအညီပေးနိုင်မယ်။

အထက်ပါအကြောင်းအရာတွေမှာ GenAI အကူအညီရနိုင်ပါတယ်။ သို့ပေမယ့် တစ်ခုသတိထားရမှာက Computer Science လောကမှာ Garbage in, Garbage out (အမှိုက်ထည့်ရင် အမှိုက်ထွက်မယ်) ဆိုတဲ့ အယူအဆ တစ်ခုရှိပါတယ်။ GenAI ဟာ Data တွေကို Pre-trained လုပ်ထားတဲ့ Model ဖြစ်တာကြောင့် ကိုယ်ပေးတဲ့ ဒေတာရဲ့ တိကျမှုပေါ်မူတည်ပြီး သူက ပြန်ထုတ်ပေးတဲ့ ဒေတာရဲ့ ယုံကြည်စိတ်ချလို့ရမှု အတိုင်းအတာက ကွာသွားမှာဖြစ်တယ်ဆိုတာ သတိမူဖို့ လိုအပ်ပါတယ်။ ကိုယ်က မသန့်တဲ့ဒေတာ သို့မဟုတ် မသက်ဆိုင်တဲ့ဒေတာကို AI Model အတွက် Input သွားပေးရင် သူ့ဆီကထွက်လာတာကလည်း အရည်အသွေး
မကောင်းတဲ့ဒေတာမျိုး ဖြစ်နေပါလိမ့်မယ်။ ။

Ref: Data Landscape for GenAI (PMI)


ဒီတစ်ခါတော့ Vietnam မှာ Visa extend လုပ်တဲ့ အကြောင်း sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။***ပုံမှန်အားဖြင့်ဆိုရင် မြန်မာတွေအ...
14/05/2024

ဒီတစ်ခါတော့ Vietnam မှာ Visa extend လုပ်တဲ့ အကြောင်း sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။

***ပုံမှန်အားဖြင့်ဆိုရင် မြန်မာတွေအတွက် ဗီယမ်နမ်ကိုလာမယ်ဆို visit ရက် 30 free ရပါတယ်။
တကယ်လို့ ကိုယ်က ရက်သုံးဆယ်ထက်ပိုပြီးနေချင်တယ်ဆို သုံးလ EVisa ရှိပါတယ်။အဲ့တော့ မလာခင်တည်းကလျှောက်လာရင်ပိုအဆင်ပြေပါတယ်။
E-Visa က ဗီယမ်နမ်နိုင်ငံရဲ့ ပြင်ပမှာရှိနေတုန်း လျှောက်ရတာပါ။ ပုံမှန်အတိုင်းဆို working day လေးရက်ကနေငါးရက်ထိ ကြာတတ်ပါတယ်။ Online ကနေ သူတို့ရဲ့ website ကနေ ဝင်ပြီး တင်ရမှာမျိုးပါ။
တကယ်လို့ ကြားထဲမှာ ရုံးပိတ်ရက်ခံသွားတာဖြစ်ဖြစ် လျှောက်တဲ့လူအရမ်းများတာ ဖြစ်ဖြစ်ဆိုရင်တော့ လေးငါးရက်ထက်ပိုပြီး ကြာနိုင်ပါတယ်။

E- Visa က အမျိုးအစားနှစ်မျိုးရှိပါတယ်။
ပထမတစ်မျိုးက single entry ပါ သူက $25 ကျသင့်မှာဖြစ်ပြီးတော့ ဗီယမ်နမ်နိုင်ငံ အပြင်ထွက်ရင် E- Visa status ပျက်မှာဖြစ်ပါတယ်။
ဒုတိယတစ်မျိုးက multiple entry ပါ သူက $50 ကုန်ကျမှာဖြစ်ပြီးတော့ ဗီယမ်နမ် အဝင်အထွက် ကြိုက်သလိုလုပ်လို့ရပါတယ်။

ဒါဆို တစ်လ Visa ကိုဘယ်လိုထပ်တိုးကြမလဲ???
လွယ်ပါတယ် ကိုယ်ရောက်နေတဲ့ မြို့နဲ့ အနီးဆုံး နိုင်ငံနယ်စပ်မှာ အထွက်ပြပြီး ပြန်ဝင်လာရင် ရက် 30 ရပါမယ် Hanoi ဆိုရင် လာအိုဘက်ကို ထွက်ရမှာပါ။
အခု share ပေးမှာက ဟိုချီမင်းမှာ နေရင်းနဲ့ ထပ်တိုးဖို့ လိုလာတာမို့ တစ်လ ထပ်တိုးခဲ့ပါတယ်။
ပထမဆုံး bus နဲ့ Cambodia ကိုအထွက်ပြပြီး Visa တိုးခဲ့ပါတယ်။
အသွားအပြန် ကားခ က VND 950000 ကုန်ခဲ့ ပါတယ်။
ဗီယမ်နမ်ပိုက်ဆံကို 6.5 နဲ့စားလိုက်ရင်မြန်မာငွေရပါတယ်။
နေ့တစ်ပိုင်းလောက် အချိန်ကုန်ခဲ့ပါတယ်။
မနက် ၇ နာရီက စထွက်တာ ဟိုချီမင်းကို နေ့လည်နှစ်နာရီ သုံးနာရီလောက်ပြန်ရောက်ပါတယ်။
ရာသီဥတုပူတာရောကားစီးရတာရောကြောင့် နေတဲ့နေရာပြန်ရောက်တော့ ပင်ပန်းသွားပါတယ်။

နောက်တစ်ခါ သုံးလဗီဇာရတဲ့ E-Visa တိုးခဲ့ပါတယ်။
လေးငါးရက် Cambodia မှာ မစောင့်ချင်တာမို့ Agent နဲ့တိုးခဲ့ပါတယ်။
အပြီး အစီးကို $100 လောက် ကျပါတယ်။
နယ်စပ် Cambodia ဘက်အခြမ်းမှာ သုံးနာရီလောက်စောင့်လိုက်ရပါတယ်။
မနက်ကို ငါးနာရီလောက် အိမ်ကိုလာကြိုပါတယ်။
နေ့လည် သုံးနာရီလောက်အိမ်ကိုပြန်ရောက်ပါတယ်။
ခမာမှာ နှစ်သစ်ကူးဖြစ်နေလို့ E-Visa စာရွက်ကို print ထုတ်ဖို့ ဆိုင်တွေ အကုန် ပိတ်ထားလို့ တော်တော်လေး အခက်တွေ့ခဲ့ပါတယ်။ နောက်ဆုံးတော့ အဆင်ပြေပြေနဲ့ သုံးလVisa တိုးခဲ့နိုင်ပါတယ်။

စာကြွင်း။
နယ်စပ်ဖြတ်တဲ့အခါ immigration officer တွေက ပိုက်ဆံ တောင်းပါတယ်။
ဘာမှ ပေးစရာ မလိုဘူးလို့ ရေးထားပြီးတော့ ဗီယမ်နမ် ဘက်ကရော ကမ္ဘောဒီယားဘက်ကရော တောင်းပါတယ် အဝင်ရော အထွက်ရော တောင်းပါတယ်။ VND 100000 စီပေးခဲ့ရပါတယ်။
ငါတို့နိုင်ငံတောင် ဘယ်နေရာသွားသွားရေလောင်းမှရတာ သူတို့လည်းတူတူပဲဆိုတဲ့ စိတ်နဲ့ ပေးခဲ့လိုက်ပါတယ်။🙄


GenAI ဆိုတာဘာလဲ?Generative artificial intelligence (generative AI, GenAI, or G*I) ဆိုတာ AI ရဲ့အခွဲတစ်ခုဖြစ်ပြီးတော့ သူက ...
13/05/2024

GenAI ဆိုတာဘာလဲ?

Generative artificial intelligence (generative AI, GenAI, or G*I) ဆိုတာ AI ရဲ့အခွဲတစ်ခုဖြစ်ပြီးတော့ သူက အင်တာနက်မှာရနေတဲ့ data resources တွေနဲ့ ကြိုလေ့ကျင့်ပေးထားခြင်းခံရတဲ့ model တစ်ခုဖြစ်ပါတယ်။
သူ့မှာအားသာချက်တွေက Text တွေ Images တွေ Video တွေ အပြင် Generative Model တွေအသုံးပြုထားတဲ့ အခြား Data အမျိုးအစားတွေကိုပါ ထုတ်ပေးနိုင်ပါတယ်။
ဥပမာ ပြောရရင်
ဆယ်တန်းစာမေးပွဲဖြေမဲ့ ကျောင်းသားတစ်ယောက်ကို အရင်နှစ်တွေက မေးခဲ့တဲ့ မေးခွန်းဟောင်းတွေကို ပြောပြရှင်းပြပေးနေသလိုမျိုး အပြင် အတွေ့ အကြုံရှိတဲ့ လူလိုမျိုး မေးလာနိုင်တဲ့ မေးခွန်းနဲ့ အဖြေကိုပါကြိုတင်ခန့်မှန်းပေးနိုင်တာမျိုးပါ။
ဆိုလိုတာက တစ်ခုခုကိုသိချင်လို့ ရှာလိုက်မယ် ဆိုရင် သူက အင်တာနက်မှာ ရှိသမျှ သက်ဆိုင်ရာ data တွေကိုပြပေးနိုင်သလို သူရဲ့ အားသာချက်က google မှာ ရှာလို့ရသမျှ data တွေကို ခွဲခြမ်းစိတ်ဖြာပြီး သင့်လျော်ပြီး တိကျတဲ့ result တွေအပြင် ဖြစ်နိုင်ချေတွေကိုပါခန့်မှန်းပြပေးနိုင်တာမျိုးပေါ့။
GenAI က project manager တွေအတွက် လက်ရှိလုပ်နေတဲ့အလုပ်တွေအတွက် သိသာတဲ့အလှည့်အပြောင်း တစ်ခု ဖြစ်ပါတယ်။ ကိုယ့်ရဲ့ projectအောင်မြင်ဖို့အတွက် အမြဲတမ်း တစ်ကွက်ကြိုမြင်နေတဲ့ တက်ကြွတဲ့ လက်ထောက်တစ်ယောက်လိုမျိုးပါပဲ။ သူက report ထုတ်တာလိုမျိုး၊ Timeline ကို update လုပ်တာလိုမျိုး စတဲ့ အဖန်တလဲလဲလုပ်နေရတဲ့အလုပ်တွေကို လူအကူအညီမလိုဘဲနဲ့ လုပ်ပေးနိုင်ပါတယ်။ GenAI ကို အကျိုးရှိရှိအသုံးချတတ်သွားမယ်ဆိုရင် Project Manager တွေအနေနဲ့ တကယ့်တန်ဖိုးပိုရှိတဲ့အလုပ်တွေ လုပ်ဖို့အတွက် ကိုယ်ရဲ့အချိန်တွေ ပိုထွက်လာပါလိမ့်မယ်။

နောက်တစ်နေ့မှာတော့ ဘယ်နေရာတွေနဲ့ ဘယ်လိုမျိုးအသုံးချလို့ရမလဲဆိုတာ ပြောပြပေးပါ့မယ်။
🤖🤖🤖


Address

Ho Chi Minh City

Alerts

Be the first to know and let us send you an email when Curious Folks posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share