YDF Fundraising Team

YDF Fundraising Team Official Fundraising Page of Yaw Defense Force (YDF)

ယောကာကွယ်ရေးတပ် - YDF မှ မိဘပြည်သူများထံ အသိပေးတိုက်တွန်းချက်မေလ (၂၅)ရက် ၊ ၂၀၂၆ခုနှစ်     လွန်ခဲ့သော ရက်ပိုင်းမှစ၍ စစ်ကေ...
05/25/2026

ယောကာကွယ်ရေးတပ် - YDF မှ မိဘပြည်သူများထံ အသိပေးတိုက်တွန်းချက်

မေလ (၂၅)ရက် ၊ ၂၀၂၆ခုနှစ်

လွန်ခဲ့သော ရက်ပိုင်းမှစ၍ စစ်ကော်မရှင်သည် ယောဒေသ တောင်ပိုင်းနှင့် ချင်းပြည် တောင်ပိုင်းသို့ စစ်အင်အား ထောင်ချီဖြင့် အလုံးအရင်း ထိုးစစ်ဆင်ဝင်ရောက်နေပြီး လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး တိုက်ခိုက်မှုများလည်း တောက်လျှောက် ပြုလုပ်နေပါသည်။ ရှေ့တန်းစစ်မျက်နှာပြင်များတွင် ယောကာကွယ်ရေးတပ်-YDF အပါအဝင် မဟာမိတ် ပူးပေါင်းတပ်များသည် စစ်ကော်မရှင် စစ်ကြောင်းများနှင့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေပြီး မိမိတို့ဘက်မှ အင်အားအလုံးအရင်းနှင့် ဆက်လက်ခုခံတိုက်ပွဲဆင်နွှဲလျက်ရှိကြောင်း ဦးစွာအသိ‌ပေးအပ်ပါသည်။ သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံရေးအတွက် အောက်ပါ ဆောင်ရန်/ရှောင်ရန် အချက်များကို အထူးဂရုပြု၍ ပူးပေါင်းပါဝင်ပေးကြပါရန် လေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

၁။ လက်ရှိ ယောဒေသအတွင်းတွင် စစ်ကော်မရှင်၏ ဖက်ဆစ်အကြမ်းဖက်စစ်ကြောင်းများသည် မြို့ရွာများအတွင်း ဝင်ရောက်ပြီး ပြည်သူများအား ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် မတရားအသုံးပြုခြင်း၊ လူငယ်အမျိုးသားများအား အတင်းအကြပ် ဖမ်းဆီးစစ်မှုထမ်းခိုင်းခြင်းနှင့် အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်း စသည့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ကို စိတ်မကောင်းစွာ တွေ့မြင်၊ ကြားသိနေရပါသည်။ သို့ဖြစ်ပါ၍ မိဘ ပြည်သူများအနေဖြင့် လုံခြုံဘေးကင်းရာနေရာများသို့ အမြန်ဆုံး ပြောင်းရွှေ့နေထိုင်ကြရန် အလေးအနက် အသိပေးတိုက်တွန်းလိုပါသည်။

၂။ လက်ရှိကာလတိုက်ပွဲများတွင် စစ်ကော်မရှင်၏ အကြမ်းဖက် ဖက်ဆစ်တပ်သည် လေကြောင်းများ နှင့် လက်နက်ကြီးများဖြင့် စစ်ရေးပစ်မှတ် ၊ အရပ်သားပစ်မှတ် မခွဲခြားဘဲ လူမဆန်စွာ ရမ်းကားပစ်ခက်မှုများကို နေ့စဉ်ရက်ဆက် ကျူးလွန်နေသည်များကို တွေ့ရှိရသောကြောင့် မိဘပြည်သူများအနေဖြင့် လုံခြုံရာအရပ်‌တွင် ဗုံးခိုကျင်း၊ ကတုတ်ကျင်းများ၊ သဲအိတ်များကို ကြိုတင်ပြင်ဆင်ထားကြရန်နှင့် အန္တရာယ်ရှိသော အခြေအနေများကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး သတိပြုနေထိုင်ကြရန် အသိ‌ပေးတိုက်တွန်းလိုပါသည်။

၃။ မိဘပြည်သူများ၏ အသက်အန္တရာယ်လုံခြုံရေးအတွက် ယောကာကွယ်ရေးတပ် - YDF မှ လိုအပ်၍ထုတ်ပြန်သော စစ်ရေးသတိပေးချက်များ ၊ လမ်းကြောင်းပိတ်ဆို့မူများကို ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် စစ်မြေပြင် သတင်းအချက်အလက်များကိုလည်း အချိန်နှင့် တပြေးညီ နားစွင့်ထားကြပါရန် လေးနက်စွာတိုက်တွန်းလိုပါသည်။ မိဘပြည်သူများအနေဖြင့် ကျန်းမာရေး ကဲ့သို့သော အရေးပေါ် ကိစ္စရပ်များကြောင့် ခရီးသွားလာရန် မဖြစ်မနေ လိုအပ်လာပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူများ၏ အကြံပြုမှုကို ရယူပြီးမှသာ သွားလာကြပါရန် အကြံပြုတိုက်တွန်းလိုပါသည်။

၄။ ယောကာကွယ်ရေးတပ် - YDF အနေဖြင့် တော်လှန်ရေးစတင်ချိန်မှစ၍ ဒေသအသီးသီးတွင် ကျရာတာဝန်ထမ်းဆောင်ခဲ့သလို ယခု အရေးကြီးလာချိန်တွင်လည်း မဟာမိတ်ပူး‌ပေါင်းတပ်များနှင့် အတူ ရွပ်ရွပ်ချွန်ချွန်ဖြင့် စုပေါင်းတော်လှန်လျက်ရှိပြီး မိမိဒေသအတွက် ရဲဝံ့စွာ အသက်ပေးကာကွယ်လျက်ရှိပါသည်။ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တော်လှန်ရေးစတင်ချိန်မှ ယနေ့ထိတိုင် တိုက်ပွဲဝင်နေကြ‌သော စစ်သည်အပေါင်းနှင့် ပေးဆပ်‌‌ကူညီနေကြသော မိဘပြည်သူများကို အစဉ်လေးစားဂုဏ်ပြုလျက်ရှိပြီး အာဏာရှင်စနစ် ဆုံးခန်းတိုင်သည်အထိ တော်လှန်ရေးတွင် နိုင်ရာတာဝန်ထမ်းဆောင်ပြီး အတူတကွ ရပ်တည်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ယောကာကွယ်ရေးတပ်-YDF မှလည်း မတရားသော အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ ဆန္ဒရှိ‌သော စစ်သည်၊ ပြည်သူ အပေါင်းတို့ကို ထပ်လောင်းဂုဏ်ပြုအပ်ပြီး စိတ်တူကိုယ်တူ ရပ်တည် သွားမည်ဖြစ်ကြောင်း ‌လေးနက်စွာ ကတိပြုအပ်ပါသည်။

“ ယောမြေ ယောလူထု အမြန်ဆုံး လွတ်လပ်ငြိမ်းချမ်းနိုင်ပါစေ ”

#ဗဟိုစစ်ရုံးချုပ်
#ယောကာကွယ်ရေးတပ်_YDF

04/07/2026

ထောင်ဖောက်မူ ၊ လူသတ်မူ ကျူးလွန်းထားသော အပြစ်သားများနှင့် ပစ်ခတ်မှုဖြစ်ခဲ့ရသည့်အပေါ် YDF ၏ မှတ်ချက်နှင့် ဆက်လက်အရေးယူဖို့ကျန်ရှိနေသေးတဲ့တပ်ဖွဲ့ဝင်တွေကို ဘယ်လိုကိုင်တွယ်ဖို့စဉ်းစားထားချက်ရှိသလဲ ။

ယောကာကွယ်ရေးတပ် - YDF ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ တပ်မှူးသမိုင်း၏ ဖြေကြားချက်။

#ယောကာကွယ်ရေးတပ်_ydf ဲဘော်
#ထောင်ဖောက် #အပြစ်သား #ဗဟိုကော်မတီ

04/07/2026
ကြိုးစားထားညီအစ်ကိုတို့ရေ... မင့်တို့ငါ့တို့ရွေးချယ်ထားတဲ့လမ်းကပန်းခင်းလမ်းလောက်နူးညံ့နေမှာတော့မဟုတ်ဘူး။ပျက်နေတဲ့အရာတွေရ...
04/04/2026

ကြိုးစားထားညီအစ်ကိုတို့ရေ...
မင့်တို့ငါ့တို့ရွေးချယ်ထားတဲ့လမ်းကပန်းခင်းလမ်းလောက်နူးညံ့နေမှာတော့မဟုတ်ဘူး။

ပျက်နေတဲ့အရာတွေရှိရင်လဲကိုယ်တိုင်ကြိုးစားပြီး ပြင်ဆင်မှရမယ်

ငါမလုပ်လဲကျန်တဲ့သူတွေလုပ်လိမ့်မယ်ဆိုတဲ့အတွေးလည်း မဝင်စေချင်ဘူး။
မင်းတို့ငါတို့လုပ်နေတဲ့အရာတွေ
ကကိုယ်ကျိုးအတွက်မဟုတ်ပဲပြည်သူအတွက်ဆိုပီးမင်းတို့ငါတို့ရဲ့ အသက်တွေဘဝတွေပေးဆပ်အနစ်နာခံလုပ်လာခဲ့ကြတာ၅နှစ်ကျော်သွားပြီကွ.....

ပြည်သူတွေအတွက်ယောနယ်မှာ YDFရှိတာ ပြည်သူတွေ သိသလို

ငါတို့ရဲ့နောက်မှာ ပြည်သူရှိတယ်ဆိုတဲ့ အသိနဲ့

ယောဒေသ ယောအမျိုးသားရေးအတွက် လက်မထောင်နိုင်အောင်ဆက်ပြီး ကြိုးစားကြရမယ် ညီအစ်ကိုတို့ရေ......///

စစ်ကော်မရှင်မှ (၂၄.၀၃.၂၀၂၆) ရက်နေ့တွင် လေကြောင်းတိုက်ခိုက်ခဲ့သည့် ယောဒေသ ၊ ရေမျက်နီ-ထီးလင်း လမ်းပိုင်းတနေရာအား ပြန်လည်ပြုပြင်ခြင်း

ဲဘော် #ယောကာကွယ်ရေးတပ်_ydf

04/04/2026

ယောဒေသလွတ်မြောက်ရေးအတွက် YDF ရဲ့ လုပ်ဆောင်ခဲ့မှုများ နှင့် ဆက်လက် လုပ်ဆောင်ဖို့ မျှော်လင့်ထားချက်များအား ယောကာကွယ်ရေးတပ်-YDF မှ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ တပ်မှူးသမိုင်း၏ ဖြေကြားချက်

April 4 , 2026

#ယောဒေသလွတ်မြောက်ရေး
#ယောကာကွယ်ရေးတပ် #ဗဟိုကော်မတီဝင်

01/31/2026
01/03/2026

ယောတပ်တော် ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနားသို့ ယောကာကွယ်ရေးတပ် (YDF) မှပေးပို့သော သဝဏ်လွှာ

ဇန်နဝါရီ (၃)ရက် ၊ ၂၀၂၆ခုနှစ်

ယောဒေသလွတ်မြောက်ရေးအတွက် ယောတပ်တော် (YA) အား ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ၂၀၂၆ - ခုနှစ် ၊ ဇန်နဝါရီလ ၊ ၂ ရက်နေ့တွင် (၂)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
ယောတပ်တော် (YA) သည် ယောဒေသအပါဝင် တနိုင်ငံလုံး စစ်အာဏာရှင် စနစ်အောက်မှ လွတ်မြောက်ရေးအတွက် စတင်ဖွဲ့စည်းချိန်မှစ၍ ယနေ့ချိန်ထိ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြသော ၊ အသက်စွန့် တိုက်ပွဲဝင်ခဲ့ကြသော ရဲဘော်အပေါင်းတို့နှင့်တကွ ဆက်လက် တိုက်ပွဲဝင်နေကြသော ရဲဘော်ရဲဘက် အာဇာနည်သူရဲကောင်း အပေါင်းတို့အား ယောတပ်တော် (YA) ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့် အခမ်းအနား နှင့်အတူ ဂုဏ်ယူလေးစားစွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ကျွန်ုပ်တို့ ယောကာကွယ်ရေးတပ် - YDF အနေဖြင့် ယောဒေသလွတ်မြောက်ရေးနှင့် ဆုံးရှုံးခဲ့ရသော ပြည်သူလူထု၏ အခွင့်အရေးများ ၊ တန်းတူညီမျှခွင့်ရရှိရေး နှင့် ယောအမျိုးသားရေး တို့အတွက် ယောတပ်တော်(YA) နှင့်အတူ ပြည်သူလူထုအပေါ်ထားရှိသော တော်လှန်ရေးသစ္စာဖြင့် အတူတကွတိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်းနှင့် တနိုင်ငံလုံး အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးတို့အတွက် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြု၍ ဤသဝဏ်လွှာအား ဂုဏ်ယူဝမ်းမြောက်စွာ ပေးပို့အပ်ပါသည်။

#သတင်းနှင့်ပြန်ကြားရေး
#ယောကာကွယ်ရေးတပ်_YDF

လက်တဆုပ်စာ အာ_ဏာ_ရှင်‌လူတစ်စုလက်အောက်ကနေ ကျနော်တို့ပြည်သူတွေ လွတ်မြောက်ရမယ်ဆိုတဲ့   ယုံကြည်ချက်နဲ့ တိုက်ပွဲဝင်ရင်း ကိုယ့...
12/30/2025

လက်တဆုပ်စာ အာ_ဏာ_ရှင်‌လူတစ်စုလက်အောက်ကနေ ကျနော်တို့ပြည်သူတွေ လွတ်မြောက်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ တိုက်ပွဲဝင်ရင်း ကိုယ့်လက်ထဲမှာတင်ကျဆုံးသွားရတယ့် အာဇာနည်သူရဲကောင်းတွေရဲ့ကတိစကားတွေအတွက် ဒီခရီးမှာ စကားအပိုတွေမပြောဘဲ ဆက်လျှောက်နေပါတယ် ။။

#တစ်ယောက်ကျရင်ဆယ်ယောက်ထပ်တက်မယ်
ဲဘော် #ယောကာကွယ်ရေးတပ်_ydf

ချင်းညီနောင်(Chin Brotherhood) စုဖွဲ့တည်ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ။ဒီဇင်ဘာလ (၃၀)ရက် ၊၂၀၂၅ခ...
12/30/2025

ချင်းညီနောင်(Chin Brotherhood) စုဖွဲ့တည်ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ။

ဒီဇင်ဘာလ (၃၀)ရက် ၊၂၀၂၅ခုနှစ်

၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၊ ၃၀ ရက်နေ့တွင် ချင်းညီနောင် (CB) စုဖွဲ့တည်‌ထောင်ခြင်း ၂ နှစ်ပြည့်မြောက်လာခဲ့ပြီ ဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

ချင်းညီနောင် (Chin Brotherhood) စတင်စုဖွဲ့ချိန်မှစ၍ ယနေ့ချိန်ထိ တိုက်ပွဲဝင်နေကြသော တိုက်ပွဲဝင်ခဲ့ကြသော ရဲဘော်အပေါင်းတို့နှင့်တကွ စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့ချိန်ထိ ပေးဆပ်မှူပေါင်းများစွာဖြင့် တိုက်ပွဲဝင်ခဲ့ကြသော အာဇာနည် သူရဲကောင်းအပေါင်းတို့အား ချင်းညီနောင် (Chin Brotherhood) ဖွဲ့စည်းခြင်း ၂ နှစ်ပြည့် အခမ်းအနားနှင့်အတူ လေးမြတ်စွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ကျွန်ုပ်တို့ ယောကာကွယ်ရေးတပ် - YDF အနေဖြင့် ချင်းညီနောင်နှင့်အတူ တော်လှန်မြို့သိမ်း တိုက်ပွဲများ ၊ ဂုဏ်ယူဖွယ် ဖေးမကူညီမှုများနှင့် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ခဲ့သလို ရှေ့ဆက်၍လည်း ချင်းနှင့်ယော ညီအစ်ကိုတို့၏ ခိုင်မာတည်ကြည်သော အပြန်အလှန် သစ္စာရှိမှူ ၊ ယုံကြည်လေးစားမှုများဖြင့် ချင်းပြည်နှင့် ယောဒေသ လွတ်မြောက်ရေးတို့မှ အစပြုကာ တတိုင်းပြည်လုံး အာဏာရှင် စနစ်အောက်မှ အလုံးစုံ လွတ်မြောက်နိုင်ရေးတို့အတွက် အတူလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သန္ဓိဌာန်ပြု၍ ဤသဝဏ်လွှာအား ဂုဏ်ယူဝမ်းမြောက်စွာ ပေးပို့အပ်ပါသည်။

#သတင်းနှင့်ပြန်ကြားရေး
#ဗဟိုစစ်ရုံးချုပ်
#ယောကာကွယ်ရေးတပ်_YDF

Address

New York, NY

Website

Alerts

Be the first to know and let us send you an email when YDF Fundraising Team posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to YDF Fundraising Team:

Shortcuts

Share