ရောင်နီ Live in NYC

ရောင်နီ Live in NYC LYNN LYNN + CHIT THU WAI CONCERT LIVE IN NEW YORK CITY

စက်တင်ဘာ (၁၃) ရက်၊ ၂၀၂၅ နေ့ New York City မှာကျင်းပပြုလုပ်ခဲ့တဲ့ ရောင်နီ Live in New York ပွဲရဲ့စာရင်းရှင်းတမ်းလေးကို မိ...
10/06/2025

စက်တင်ဘာ (၁၃) ရက်၊ ၂၀၂၅ နေ့ New York City မှာကျင်းပပြုလုပ်ခဲ့တဲ့ ရောင်နီ Live in New York ပွဲရဲ့စာရင်းရှင်းတမ်းလေးကို မိဘပြည်သူတွေကို တင်ပြပါရစေ။

Gross income အနေနဲ့ $188,773 ရရှိခဲ့ပြီး Expense စုစုပေါင်း$38,266.97 ကုန်ကျပါတယ်။ ဒီပွဲမှာ အသားတင်ရရှိငွေ $$150,506.03 ရရှိပါတယ်။

ပွဲမှရရှိတဲ့အလှူငွေများကို မြေပြင်ကိုစတင်စီးဆင်းနေပြီဆိုတဲ့အကြောင်းလဲ သတင်းပါးချင်ပါတယ်။

ပွဲဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှဝိုင်းဝန်းကူညီကြတဲ့ညီအစ်ကိုမောင်နှမများကိုလဲ ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ထို့အတူ လာရောက်အားပေးကြတဲ့ပရိတ်သတ်များကိုလဲ တလေးတစားကျေးဇူးစကားပြောပါရစေ။ ကျွန်တော်တို့အားလုံးရဲ့ပါဝင်မှုဟာ မြန်မာပြည်ကြီးစစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးမှာ အားဖြစ်ပါစေသား။

#ရောင်နီLiveInNYC

ခမ်းခမ်းနားနား အောင်အောင်မြင်မြင် ဖြစ်ခဲ့သောရောင်နီ Live in NYC ပွဲကြီး​၏ အမှတ်တရ ပုံရိပ်များ📸 Ye Hein
09/18/2025

ခမ်းခမ်းနားနား အောင်အောင်မြင်မြင် ဖြစ်ခဲ့သော
ရောင်နီ Live in NYC ပွဲကြီး​၏ အမှတ်တရ ပုံရိပ်များ

📸 Ye Hein

09/14/2025

#ရုံပြည့်ရုံလျှံ
In a joint effort, The Whole တလရ Community In NYC have successfully accomplished together... We did it... Well done and Congratulations everyone!
👏 🎉 🎊🥳🎉🎊

We have Done our duty once again. 🫡✊💪😒🔥🔥🔥🔥


#ရောင်နီLiveInNYC

09/14/2025

#ရုံပြည့်ရုံလျှံ
In a joint effort, The Whole တလရ Community In NYC have successfully accomplished together... We did it... Well done and Congratulations everyone!
👏 🎉 🎊🥳🎉🎊

We have Done our duty once again. 🫡✊💪😒🔥🔥🔥🔥


#ရောင်နီLiveInNYC

09/13/2025

Rehearsal

#ရောင်နီLiveInNYC

မနက်ဖြန်ရောင်နီပွဲအတွက်အဆင်သင့်ဖြစ်နေကြပါပြီလား။  Theater လမ်းညွှန်လေးကို ဖတ်ကြည့်ပေးပါ။Theater ကိုဝင်ရမဲ့နေရာက Vandam S...
09/13/2025

မနက်ဖြန်ရောင်နီပွဲအတွက်အဆင်သင့်ဖြစ်နေကြပါပြီလား။

Theater လမ်းညွှန်လေးကို ဖတ်ကြည့်ပေးပါ။

Theater ကိုဝင်ရမဲ့နေရာက Vandam Street ဝင်ပေါက်ကနေဝင်ရမှာပါ။ အနီးဆုံး cross street က 47th Avenue ဖြစ်ပါတယ်။

Google map မှာ ရိုက်ထဲ့ဖို့က Vandam Street and 47 Avenue လို့ရိုက်လိုက်ပါ။

အနီးဆုံး ရထားဘူတာက No 7 train 33rd street - Rawson Street station ဖြစ်ပါတယ်။ ဘတ်စကား အနေနဲ့ Q60 နဲ့ Q39 ရောက်ပါတယ်။

Parking အနေနဲ့ meter street parking များရှိပါတယ်။ နေရာတော်တော်များများမှာ ည၇နာရီအထိ meter ထည့်ရပါမယ်။

အားလုံးစောင့်စားနေကြတဲ့နယူးယောက်ရဲ့ရောင်နီဂီတညကိုမကြာမှီရောက်ကြတော့မှာပါ။

Google map link

https://maps.apple.com/place?address=New%20York,%20NY,%20United%20States&coordinate=40.743002,-73.934037&name=Van%20Dam%20St%20%26%2047%20Av%20Stop&place-id=I6303BD9D8CF7478A&map=explore

#ရောင်နီLiveInNYC

🎼🎸🎼 ပွဲချိန်သတိပြုရန် 🎼🎸🎼 🍱 Food Sale - 1:30 pm to 4:00 pm👥 Meet and Greet - 2:30  pm to 3:30 pm➡️➡️➡️ Check in time- 4:...
09/13/2025

🎼🎸🎼 ပွဲချိန်သတိပြုရန် 🎼🎸🎼

🍱 Food Sale - 1:30 pm to 4:00 pm
👥 Meet and Greet - 2:30 pm to 3:30 pm

➡️➡️➡️ Check in time- 4:00 pm
🎼🎸🎼 Show time- 5:00 pm to 9:30 pm

👉👉👉Location - ✍️
LaGuardia College
31-10 Thomson Ave
Long Island City, NY 11101
Van Dam St & 47 Ave အပေါက်မှဝင်ရန်

#ရောင်နီLiveInNYC

09/12/2025

💕“အမြည်း”💕

မနက်ဖြန် ၁၃ စက်တင်ဘာမှာ ဝှဲချီးဆင်နွှဲမယ့် နယူးယောက်ရဲ့ရောင်နီဂီတညလေးအတွက် ပြင်ဆင်နေကြတဲ့ ... သံစဉ်တွေညှိနေကြတဲ့ ... သီချင်းတွေမမောနိုင်မပန်းနိုင်တိုက်ရင်း အကောင်းဆုံးပြင်ဆင်နေကြတဲ့ ရောင်နီဝိုင်းတော်သားတို့ရဲ့ ပုံရိပ်လေးတွေကို အမြည်းလေးတင်ပေးပါရစေ။

မနက်ဖြန်ကျရင် တဝကြီး နားထောင်ရင်း သံစဉ်တွေကြားစီးမြောရင်း တလရ ခွန်အားတွေပြန်ဖြည့်ဖို့အတွက် လှမ်းလာခဲ့ကြနော် နယူးယောက်မြို့နှင့် ရပ်နီးရပ်ဝေးက ဆွေမျိုးတို့ရေ 🧡🫰🧡

#ရောင်နီLiveInNYC
#ရောင်နီ_ustour
#ရောင်နီ

ရောင်နီရဲ့ Live in NYC ဂီတဖျော်ဖြေပွဲကို ခမ်းနားထည်ဝါအောင်မြင်စွာကျင်းပနိုင်စေဖို့ ရွှေပွဲလာ ရင်ဘတ်တူ ဂီတချစ်သူ တစ်ဦးတစ်...
09/12/2025

ရောင်နီရဲ့ Live in NYC ဂီတဖျော်ဖြေပွဲကို ခမ်းနားထည်ဝါအောင်မြင်စွာကျင်းပနိုင်စေဖို့ ရွှေပွဲလာ ရင်ဘတ်တူ ဂီတချစ်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ဒီဆောင်ရန်၊ရှောင်ရန် သတ်မှတ်ထားတာလေးတွေကို အတူပူးပေါင်းပါဝင်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။

🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩

📍Do's 📍
------------

📍အစားအသောက်များကို စားသောက်ခန်းမအတွင်းမှာ လွတ်လပ်စွာသုံးဆောင်နိုင်သလို To Go ယူဆောင်သွားနိုင်ရန်အတွက်လည်း To Go Box များ စနစ်တကျထားရှိနိုင်ရန် စီစဉ်ထားပါမယ်။

📍အစားအသောက် နှင့် အမှတ်တရပစ္စည်းများ ဝယ်ယူနိုင်ရန် Cash ဖြင့်သာလက်ခံမှာ ဖြစ်ပါတယ်။

📍ပွဲသို့လာရောက်အားပေးသော ပရိတ်သတ်မိသားစုများအတွက် ပွဲနှင့်ပတ်သက်သော လိုအပ်သည့်ဝန်ဆောင်မှုများအတွက် Volunteer များ အသင့်ရှိပါမယ်။

📍ဝယ်ထားသော လက်မှတ်များကို Email မှ ကြိုတင် download လုပ်ထားပြီး Gallery ထဲတွင် save ထားပေးပါနော်။

📍 လက်မှတ်မဝယ်ယူထားသူများအနေဖြင့် ပွဲခန်းမအတွင်း မဝင်ရောက်မီ လက်မှတ်များ ဝယ်ယူနိုင်ရန် စီစဉ်ထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

🚫 Don'ts 🚫
--------------

🚫 Stage ပေါ်သို့ မည်သူမျှ တက်ရောက်ခွင့်မပြုပါ။

🚫 ပွဲခန်းမအတွင်း (Auditorium) သို့ Professional/Commercial Camera များ (လုံးဝ)ယူဆောင်ခွင့်မပြုပါ။

🚫 ပွဲကျင်းပနေစဥ်အတွင်း မည်သူမျှ Social Media Live Streaming (i.e. Instagram/Facebook Live လွှင့်ခြင်း ) နှင့် Video ရိုက်ကူးခြင်းများ ခွင့်မပြုပါ။

🚫 ပွဲကျင်းပနေချိန်ခန်းမအတွင်း သတင်းMediaများအနေဖြင့် သတင်းမှတ်တမ်းရယူရိုက်ကူးခြင်း ခွင့်မပြုပါ။ ပွဲနှင့်ပတ်သက်သော လိုအပ်သည့်သတင်းအချက်အလက်များအတွက် Media Spokesperson မှလွဲ၍ အခြားသူများဖြေကြားသော သတင်းအချက်အလက်များသည် ပွဲကျင်းပသည့် Organizer Team မှ တာဝန်ခံမည် မဟုတ်ပါ။

🚫 ပွဲခန်းမ (Auditorium) အတွင်းသို့ အစားအသောက်များ စားသောက်၊ယူဆောင်ခွင့်ကို တားမြစ်ထားပါတယ်။

🚫 ဖျော်ဖြေပွဲကျင်းပနေချိန်တွင် လက်ဆောင်ပန်းစီး၊ ပန်းခြင်းများ ရောင်းချမည်မဟုတ်ပါ။ ( သီဆိုဖျော်ဖြေမှုအနှောက်အယှက်မဖြစ်နိုင်စေရန်အတွက် မိမိကိုယ်ပိုင်ယူဆောင်လာသော ပန်းစီး၊ ပန်းခြင်းများ နှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းကိုလည်း မပြုလုပ်ပေးပါရန် မေတ္တာရပ်ခံပါတယ်။)

🚫 ပွဲကျင်းပရာနေရာသို့ အန္တရာယ်ဖြစ်စေနိုင်သောပစ္စည်းများ ယူဆောင်လာခြင်း၊ အရက်သေစာ နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းများ (လုံးဝ) ခွင့်မပြုပါ။

🚫 ပွဲခန်းမအတွင်း ဝင်ရောက်ချိန်တိုင်း လုံခြုံရေးအရ
ရှာဖွေစစ်ဆေးခြင်းကို ကြည်ဖြူစွာ စစ်ဆေးခံပေးပါရန် မေတ္တာရပ်ခံပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပွဲနှင့်ပတ်သတ်သော သတင်းအချက်အလက်များအတွက် စုံစမ်းမေးမြန်းလိုပါက ရောင်နီ NY page သို့ မေးနိုင်ပါသည်။

#ရောင်နီLiveInNYC
#ရောင်နီ_ustour
#ရောင်နီ

09/12/2025

နယူးယောက်မှာ ရောင်နီထွန်းလင်းဖို့ ရီဟာဇယ်သီချင်းလေးတိုက်နေတာလေး အမြည်း 🥰

Are you ready .... to come and enjoy the fantastic YaungNi @ Live in NYC ????? 🤩🤩

#ရောင်နီLiveInNYC
#ရောင်နီ_ustour
#ရောင်နီ

Address

31-10 Thomson Avenue
Long Island City, NY
11101

Alerts

Be the first to know and let us send you an email when ရောင်နီ Live in NYC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ရောင်နီ Live in NYC:

Share