အမ်ဇီ - MZ

Call

အမ်ဇီ - MZ ✅ Verified CRPH-OFP Official Fundraiser

လကုန်ရက်မှာ ဘယ်ကိုကူရမှန်း မသိသေးဘူးဆိုရင် အားနည်းနေသေးတဲ့ ရာဇတောဝါ ကမ်ပိန်းကို ကူပါခင်ဗျာ။ရာဇတောဝါ ကမ်ပိန်းဟာဆိုရင် ပဲခ...
06/30/2026

လကုန်ရက်မှာ ဘယ်ကိုကူရမှန်း မသိသေးဘူးဆိုရင် အားနည်းနေသေးတဲ့ ရာဇတောဝါ ကမ်ပိန်းကို ကူပါခင်ဗျာ။
ရာဇတောဝါ ကမ်ပိန်းဟာဆိုရင် ပဲခူးတိုင်းစစ်ဒေသလက်အောက်မှာရှိတဲ့ တပ်ရင်း ၁၉ ရင်းအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။
ဒီလိုများစွာသော တပ်ရင်းတွေရဲ့ စစ်ရေးလိုအပ်ချက်တွေ ဖြည့်ဆည်းဖို့အတွက် ရရှိထားတဲ့ပမာဏဟာ အလွန်ကိုနည်းနေပါတယ်။
ဒါ့ကြောင့် ရဲဘော်တွေကို ခွန်အားဖြစ်စေဖို့ တတ်နိုင်သလောက် အားဖြည့်ထောက်ကူကြရအောင်ပါ။
ရာဇတောဝါ ကမ်ပိန်းမှာ မိမိတို့ နိုင်သလောက် ပမာဏနဲ့ ဝင်ရောက်အားဖြည့်နိုင်ပြီး ကျနော်တို့ဘက်မှ ❝ ရာဇတောဝါ ❞ ကဗျာရုပ်ရှင်ခံစားမှု ကြည့်ရှုနိုင်ရန်အတွက် မေတ္တာလက်ဆောင် လက်မှတ်တစ်စောင်ပြန်လည်ပေးအပ်မှာပဲ ဖြစ်ပါတယ်။
ကောမန့်မှာရှိတဲ့ နိုင်ငံတကာ Fundraisers များထံကနေ စိတ်အားထက်သန်စွာ ပါဝင်အားဖြည့်နိုင်ပါပြီ ခင်ဗျာ။
#ရာဇ‌တောဝါ
#ကဗျာရုပ်ရှင်‌‌ပေါင်းစပ်ခံစားမှု




🌸 အမေစုမွေးနေ့မှာ မှတ်မှတ်ရရ ဖြစ်အောင်🌸 အမေစု ကျန်းမာအောင်🌸 အမေချစ်တဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကို တတ်နိုင်တဲ့ နေရာက ပါဝင...
06/29/2026

🌸 အမေစုမွေးနေ့မှာ မှတ်မှတ်ရရ ဖြစ်အောင်
🌸 အမေစု ကျန်းမာအောင်
🌸 အမေချစ်တဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကို တတ်နိုင်တဲ့ နေရာက ပါဝင်ကူညီနိုင်အောင်
စတဲ့ ရည်ရွယ်ချက်တွေနဲ့
အမေစုရဲ့ ၈၁ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ချစ်ခြင်းမေတ္တာများနဲ့ ဖန်တီးထားတဲ့ Table Tops လေးတွေ က ရရှိတဲ့ အမြတ်ငွေ အားလုံးကို Safe Health Care အတွက် အသုံးပြုနိုင်ဖို့ လှူဒါန်းပြီးပါပြီ။

သို့ပေမယ့် စလုံးမှာ လက်ကျန်လေးတွေ ရှိနေသေးတာမို့
အမေစုကို ချစ်ခြင်းမေတ္တာများကိုပြသရင်း
ဖန်တီးသူရဲ့ ချစ်ခြင်းမေတ္တာများ ကိုအားပေးရင်း
ချစ်ခြင်းမေတ္တာနဲ့ အားဖြည့် ပါ၀င်ချင်သေးတယ် ဆိုရင်လဲ
ရပါသေးတယ် ရှင့်။

Table Tops ေလး တခုကို SGD30 ပါ
( စာတိုက်ပို့ ခ သက်သပ်ပေးရပါ့မယ် နော် )

အသေးစိတ်ဖတ်ချင်ရင် အောက်က Link မှာ ၀င်ဖတ် လို့ရပါတယ်။
https://www.facebook.com/share/p/17baNcbQSR/

ဒါကတော့ လှူထားပြီးတဲ့ Post Link ပါရှင့်။
https://www.facebook.com/share/p/1F2Dn6t5yB/

မပျောက်ပျက်သွားသော ရနံ့အမေစု၏ ရနံ့ခြေရာ...�ခြေလှမ်းများကို ပြည်သူတွေမမြင်ရပေမဲ့လဲ�ယုံကြည်မှုများက သင်းပျံ့နေဆဲ... .........
06/27/2026

မပျောက်ပျက်သွားသော ရနံ့
အမေစု၏ ရနံ့ခြေရာ...�ခြေလှမ်းများကို ပြည်သူတွေ
မမြင်ရပေမဲ့လဲ�ယုံကြည်မှုများက သင်းပျံ့နေဆဲ... ...... ...... 🌸

အမေစုရဲ့ ၈၁နှစ် အထိမ်းအမှတ်အနေနဲ့
Table Top diffuser လေးကနေတဆင့်
Safe Health Care အတွက် သိန်း ၅၅၀ ကျပ်
ထောက်ပို့ပြီးစီးလို့ ကျနော်တို့ရဲ့ စနစ်အတိုင်း
စာရင်းလေးကို ပြည်သူကို တင်ပြအစီရင်ခံပါတယ်နော် 😍

ဘယ်လောက်ပဲပိုရရ မြေပြင်အတွက်မို့ လုပ်အား အချိန်တွေ အပြင် အိတ်စိုက်ပါ ဝိုင်းကူပေးကြတဲ့
ရဲဘော်ရဲဘက်တွေကို ကျေးဇူးအထူးတင်ပါတယ်။
သူတို့ရဲ့အိတ်စိုက်မှု ပန်းချီဆရာမတွေရဲ့ မေတ္တာနဲ့ ရေးခြယ်မှုတွေကြောင့်သာ ဒီလောက်ပဲ ကုန်ကျပြီး ဒီလောက်ပေးပို့နိုင်ခဲ့တာပါ။

ဒီ Table top လေးတွေကို ရေးချယ်ပေးတဲ့ ပန်းချီဆရာမတွေရဲ့ ပန်းချီလက်ရာတစ်ကားဟာ ဒေါ်လာ ရာဂဏာန်း ထောင်ဂဏာန်း အထိပေးမှ ဝယ်လို့ရတဲ့ သူတွေဖြစ်တာမို့ သူတို့ကိုသာ အနုပညာအဖိုးအခပေးရရင် ကျနော်တို့ ဒီဈေးနဲ့လဲ ရောင်းနိုင်မှာ မဟုတ်ပါဘူး။
သူတို့ရဲ့ ငွေကြေးနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ရေးဆွဲပေးတာမို့သာ အခုလို စီစဉ်နိုင်ပြီး ပြည်သူတွေ ရဲဘော်တွေရဲ့ ကျန်းမာရေးအတွက် ပေးပို့နိုင်တာဖြစ်တာပါတယ်။

ဝယ်ယူပေးကြတဲ့သူတွေ၊ ကိုယ်တိုင်ဝယ်ယူတဲ့အပြင် ချစ်ခြင်းမေတ္တာတွေ ယုံကြည်မှုတွေနဲ့ပါ ပေါင်းပြီး ဝိုင်းကူဖေးမ ကြေငြာပေးကြတဲ့သူတွေ၊ ချစ်ခြင်းမေတ္တာနဲ့ ဖန်တီးပေးကြသူတွေ အားလုံး အားလုံးကို ကျေးဇူးတင်ပါတယ်။

အခုလို အမှတ်တရ ပစ္စည်းလေးကနေ သိန်း ၅၅၀ ကျပ် လှူဒါန်းနိုင်တဲ့အတွက်လဲ ကျနော်တို့နဲ့အတူ တော်လှန်ရေးဘက်တော်သားအားလုံး ဝမ်းမြောက်ဂုဏ်ယူကြမယ်ဆိုတာ ယုံကြည်ပါတယ်။

ကျနော်တို့ရဲ့ အပြစ်ကင်းတဲ့ ချစ်ခြင်းမေတ္တာတွေကြောင့်

ကျနော်တို့ရဲ့ ပန်းကလေး
ကျန်းမာပါစေ
အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေ 🙏🙏🙏

🌸 အမေစုမွေးနေ့မှာ မှတ်မှတ်ရရ ဖြစ်အောင်🌸 အမေစု ကျန်းမာအောင်🌸 အမေချစ်တဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကို တတ်နိုင်တဲ့ နေရာက ပါဝင...
06/19/2026

🌸 အမေစုမွေးနေ့မှာ မှတ်မှတ်ရရ ဖြစ်အောင်
🌸 အမေစု ကျန်းမာအောင်
🌸 အမေချစ်တဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကို တတ်နိုင်တဲ့ နေရာက ပါဝင်ကူညီနိုင်အောင်
စတဲ့ ရည်ရွယ်ချက်တွေနဲ့

အမေစုရဲ့ ၈၁ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ချစ်ခြင်းမေတ္တာများနဲ့ ဖန်တီးထားတဲ့ Table Tops လေးတွေ က ရရှိတဲ့ အမြတ်ငွေ အားလုံးကို Safe Health Care အတွက် အသုံးပြုနိုင်ဖို့ လှူဒါန်းပြီးပါပြီ။

တချို့နိုင်ငံတွေမှာ Table tops လေးတွေ အနည်းငယ်ကျန်ရှိနေသေးပေးမဲ့ ကူညီရောင်းပေးကြတဲ့ မောင်နှမများက ရောင်းရမှာဆိုပြီး သူတို့ဆီ ပို့ထားတဲ့ အရေအတွက်အတိုင်း ငွေကို စိုက်ပြီး ပေးပို့ထားတာမို့ အခုလို အမေစုမွေးနေ့မှာ လှူဒါန်းနိုင်တာ ဖြစ်တာမို့
ဆံထုံးလဲစိုက် ဆီလဲစိုက်ပြီး ဝိုင်းရောင်းပေးကြတဲ့ ရဲဘော်ရဲဘက်တွေ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။
လိုချင်သူများလဲ နောက်ဆုံးလက်ကျန် အနည်းငယ်ကို အားပေးကြပါအုံးလို့ မေတ္တာရပ်ခံပါရစေ 🙏

အမေစုကို ချစ်ခြင်းမေတ္တာများနဲ့ ပန်းကလေးတွေကို ပန်းချီရေးဆွဲ ပုံဖော်ပေးကြတဲ့ ပန်းချီဆရာမများရဲ့ ကြိုးစားပေးမှုကြောင့်သာ အခုလို ထုတ်လုပ်ခွင့်ရတာမို့ သူတို့ရဲ့ ချစ်ခြင်းမေတ္တာကိုလဲ လေးစားစွာ ဦးညွှတ်ရပါတယ်။

အမေစုကိုချစ်တဲ့ စိတ်နဲ့ ဝယ်ယူကြတဲ့ ပြည်တွင်းပြည်ပက တော်လှန်ပြည်သူများကြောင့်သာ အခုလို သိန်း ၅၅၀ ကို လှူဒါန်းနိုင်တာမို့ ဝယ်ယူသူ တစ်ဦးခြင်းစီကိုလဲ ကျနော်တို့က ရင်ထဲကနေ ကျေးဇူးတင်ရှိပါကြောင်း လေးလေးနက်နက် မှတ်တမ်းတင်ပါတယ်နော်။

------

၈၁…
လေရူးမှာ
မွှေးရနံ့ခြေရာ
ကွယ်ပျောက် နေတဲ့ ပန်းကလေး
အမေ…
ကျန်းမာပါစေ...... 🙏🙏🙏

အမေစုရဲ့ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် ချစ်ခြင်းမေတ္တာတွေနဲ့ ဖန်တီးထားကြတဲ့ အမှတ်တရ ပစ္စည်းလေး ဒီနှစ်လဲ ကျနော်တိ...
06/15/2026

အမေစုရဲ့ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် ချစ်ခြင်းမေတ္တာတွေနဲ့ ဖန်တီးထားကြတဲ့ အမှတ်တရ ပစ္စည်းလေး ဒီနှစ်လဲ ကျနော်တို့ အမေစုရဲ့ သား Kim လက်ထဲ အရောက် ပို့ဆောင်ပေးနိုင်ခဲ့ပါပြီ။

ဒီလိုလက်ထဲအရောက် ပေးပို့နိုင်ဖို့ ကူညီပေးကြတဲ့ တော်လှန်မောင်နှမ အားလုံးကို ကျေးဇူးတင်ပါတယ် 🙏🙏🙏

နိုင်ငံတချို့မှာ လက်ကျန်အနည်းငယ်သာ ကျန်ရှိတော့တာမို့ အမှတ်တရအနေနဲ့ တန်ဖိုးထားချင်ရင် CB မှာ အမြန်ဆုံးမှာယူပေးကြပါနော်။

Table Top ရဲ့ အကြောင်းလေး 🌸
----- ----------

အလှဆင် ပစ္စည်းဆိုတာထက် ပိုတဲ့ မြတ်နိုးမှုတွေနဲ့ ပိုပြည့်စုံနေသလိုပါပဲ ..

အမေစုရဲ့ (၈၁) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အနေနဲ့
တကမ္ဘာလုံးအတွက် ကန့်သတ်အရေအတွက် အခုရေ (၈၁၀) ပဲ ထုတ်ထားတဲ့ ပစ္စည်းလေး 🌼

ဖန်တီးသူတွေက အမေ့အကြောင်းတွေးပြီး အမေစုပန်နေကျ ပန်းပွင့်အချို့ကို စိတ်ကူးနဲ့ ရေးဆွဲခဲ့ ကြတယ်။

တစ်ချပ်စီကို လက်နဲ့ သေချာရေးဆွဲထားတာမို့ တစ်ချပ်နဲ့ တစ်ချပ် ဖန်တီးထားတာ မတူပါဘူး။

ရေးဆွဲတဲ့အချိန်မှာ ဖြစ်လာတဲ့ ခံစားချက် နဲ့ ကြည့်ရှုသူရဲ့ ခံစားမှုပေါ်မူတည်ပြီး ကျမတို့ချစ်တဲ့ ပန်းလေးက စကားတွေ အများကြီး ပြောပြနေမယ် ထင်ပါတယ်။

ဒီပစ္စည်းလေးဝယ်ယူတာကနေ ရမယ့် ငွေကြေးတွေက ဘယ်အတွက်လဲဆိုရင်တော့ ပြည်သူများကို ကျန်းမာရေး ဝန်ဆောင်မှု ပေးနိုင်ဖို့ ဆောင်ရွက်နေတဲ့ Safe Health Care အတွက် ပေးပို့ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

💰ဘယ်လောက်နဲ့ ရောင်းမှာလဲ ဆိုရင် -
တစ်ခုကို SGD 30, THB 700, USD 25, GBP 15, AUD 35, JPY 3500
နဲ့ ပြည်တွင်းပို့ခလေးထပ်ပေးရမယ်နော်။

အခုက Pre-order အနေနဲ့ ကြိုကောက်ပြီး အမေ့မွေးနေ့မတိုင်ခင် အရောက်ပို့ပေးမှာပါ။

#နွေဦး #ကံ့ကော်

❝ ရာဇတောဝါ ❞မင်းဘေးမင်းရန်မှ လည်းကောင်း (ဝါ) မင်းဆိုးမင်းညစ် ဘေးရန်မှလည်းကောင်း (ဝါ) အုပ်ချုပ်သူဘေးရန်မှ လည်းကောင်း...အင...
06/13/2026

❝ ရာဇတောဝါ ❞

မင်းဘေးမင်းရန်မှ လည်းကောင်း (ဝါ) မင်းဆိုးမင်းညစ် ဘေးရန်မှလည်းကောင်း (ဝါ) အုပ်ချုပ်သူဘေးရန်မှ လည်းကောင်း...
အင်မတန်ဆိုးဝါးလှတဲ့ အနက်ဓိပ္ပါယ်ရနံ့တွေ ရောပြွန်းနေတဲ့ စကားလုံးတခုလို့ ခံစားနားလည်နိုင်ပါတယ်။

၁၉၆၂ခုနှစ် ၊မတ်လ(၂)ရက်နေ့က အာဏာရူး နေဝင်းရဲ့ အာဏာသိမ်း လုပ်ရပ်ဟာ တိုင်းသူပြည်သားတွေရဲ့
ကြမ္မာ၊ တိုင်းပြည်ရဲ့ ကြမ္မာကို အသူရာချောက်နက်ထဲ ဆွဲချလိုက်ခြင်းပါပဲ။

ထို့အတူ ၁၉၈၈ခုနှစ်၊(နဝတ ခေတ်)၊၁၉၉၇ခုနှစ် (နအဖ ခေတ်)တွေမှာလည်း အာဏာရူး စောမောင်၊ သန်းရွှေ၊ ခင်ညွှန့်၊မောင်အေး စတဲ့ အာဏာငမ်းဖမ်းနေကြတဲ့ စစ်ဘီလူးတွေကပဲ တိုင်းပြည်ကို အမှောင်ဖုံးစေခဲ့တာပဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ (၁) ရက်နေ့၊ ၂၀၂၁ခုနှစ်မှာလည်း ဘုရင်ရူး မင်းအောင်လှိုင် ဦးဆောင်တဲ့ ဖက်ဆစ် စစ်-တပ်ဟာ တိုင်းပြည်ကို ထပ်မံ အမှောင်ထဲတွန်းချခဲ့ပါတယ်။

ဒါတင်မကသေးပဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြတဲ့ လက်နက်မဲ့ ပြည်သူလူထုကို အကြမ်းဖက် ပစ်-ခတ်သတ်-ဖြတ်ခြင်းအားဖြင့် ကျနော်တို့ လူငယ်တွေ ယနေ့ထိတိုင် တိုက်ပွဲဝင်နေတဲ့လက်နက်ကိုင်ခုခံတော်လှန်ရေး ကို ဖြစ်ပေါ်စေခဲ့ပါတယ်။

လက်-နက်ကိုင်ခုခံမှုတွေကို မနိုင်တော့တဲ့ အာဏာရူးစစ်တပ်ဟာ လက်-နက်မဲ့ ပြည်သူလူထုအပေါ် တရားမဲ့ ညှင်းပမ်း သတ်ဖြတ်ခြင်းဖြင့်လည်းကောင်း၊ ပဇီကြီးရွာ ဖြစ်ရပ်၊ လက်ယက်ကုန်းရွာ ဖြစ်ရပ်၊ မြောက်ဦးမြို့ ဆေးရုံဖြစ်ရပ် စတဲ့ အဆုံးဝါးဆုံးသောအရပ်သားပြည်သူများအပေါ် ဗုံး-ကြဲ သတ်-ဖြတ်ခြင်းဖြင့် လည်းကောင်း သွေးဆာနေတဲ့ စစ်မိစ္ဆာ သဏ္ဍာန်ကိုပြသခဲ့၊ ပြသဆဲ ဖြစ်ပါတယ်။

အထက်ပါ ဝေါဟာရတွေရဲ့ အနှစ်ချုပ်ကတော့ ဘုရင်ရူး၊ အာဏာရူးတွေရဲ့ဘေး တနည်းအားဖြင့် မင်းဆိုး မင်းညစ်တွေရဲ့ ဘေးဆိုးကို ပြည်သူလူထုတရပ်လုံး ခံစားနေရတာပဲ ဖြစ်ပါတယ်။ အဆိုပါ ဘေးဆိုးကနေလွတ်မြောက်ဖို့ ကျနော်တို့အားလုံးအတူတကွဆက်လက် တော်-လှန်ကြဖို့ လိုအပ်ပါတယ်။

လွတ်မြောက်ခြင်းကို ရည်ရွယ်ပြီး နွေဦးတော်လှန်ရေး (၅) နှစ်ပြည့် အနေနဲ့ ❝ ရာဇတောဝါ ❞ ဆိုတဲ့ ကဗျာ၊ရုပ်ရှင်ပေါင်းစပ်မှုကို တင်ဆက်လိုက်ပါတယ်။ မင်းဆိုးမင်းညစ်ဘေးကို အတူတကွ ဆက်လက်တွန်းလှန်ရင်း ရာဇတောဝါကို ပါဝင်ခံစားကြည့်ရှူဖို့ တိုက်တွန်းပါရစေ။

🌸 အမေစု မွေးနေ့ အထိမ်းအမှတ် Table Top လေး အဲဒီအပေါ်မှာ အမွှေးဆီ (Essential Oil) ဆွတ်ထားပြီးရင်အခန်းထဲမှာ ကြာရှည်စွာ သင်း...
05/29/2026

🌸 အမေစု မွေးနေ့ အထိမ်းအမှတ်
Table Top လေး
အဲဒီအပေါ်မှာ အမွှေးဆီ (Essential Oil) ဆွတ်ထားပြီးရင်
အခန်းထဲမှာ ကြာရှည်စွာ သင်းပျံ့သော ရနံ့လေးနဲ့ မွှေးနေစေမယ့်...
အဲဒီအပေါ်မှာ အမွှေးဆီ (Essential Oil) ဆွတ်ထားပြီးရင်
အခန်းထဲမှာ ကြာရှည်စွာ သင်းပျံ့သော ရနံ့လေးနဲ့ မွှေးနေစေမယ့်...
Aroma Wooden Diffuser လေး …….
ထင်းရူးပြားလေးပေါ်မှာ ချစ်ခြင်းမေတ္တာတွေနဲ့ ရေးဆွဲထားကြတာမို့
ကိုယ့်ရဲ့ အခန်းမှာ တင့်တယ်စွာနဲ့ လှပနေမှာပါ။

8️⃣1️⃣0️⃣ - အမေစုရဲ့ (၈၁) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အနေနဲ့
စုစုပေါင်းမှ (၈၁၀) ပဲ ထုတ်ထားတဲ့ ပစ္စည်းလေး

💰 တစ်ခုကို SGD 30, THB 700, USD 25, GBP 15, AUD 35, JPY 3500
နဲ့ ပြည်တွင်းပို့ခလေးထပ်ပေးရရင် ကိုယ့်အိမ်ရှေ့ကို အမေစုမွေးနေ့ မတိုင်ခင် ရောက်စေရပါမယ်။

🎁 Table Top လေး ထည့်ထားတဲ့ ဘူးလေးကလဲ နိုင်ငံရေးအကျဉ်းသားတွေကို စိတ်ထဲထည့်ထားကြောင်း အသေအချာလေး message ပေးပြီး Proof of Life ရဲ့ တစိတ်တပိုင်းအဖြစ် ပါဝင်ချင်လို့ အပြာရောင်လေးနဲ့ သေချာလေးထုတ်ပိုးထားပါတယ်။

🌸 ကျနော်တို့အားလုံး ချစ်ခင်လေးစား တန်ဖိုးထားရတဲ့ အမေစု ကျန်းမာစေရေး ရည်တွေးဆုတောင်းပြီး ကျနော်တို့ လုပ်နေကျ အတိုင်း ဒီပစ္စည်းလေးကနေရတဲ့ အကျိုးအမြတ်အားလုံး တပြားမကျန် ပြည်သူများကို ကျန်းမာရေး ဝန်ဆောင်မှု ပေးနိုင်ဖို့ ဆောင်ရွက်နေတဲ့ Safe Health Care အတွက် ပေးပို့ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

🫶🫶🫶 ဘာကိုမှ ပြီးပြီးရော မလုပ်ဘဲ တစ်ခုခြင်း တစ်စခြင်း တစ်ပုံခြင်းတိုင်းဟာ ချစ်ခြင်းမေတ္တာများနဲ့ ဖန်တီးထားတာမို့ ကျနော်တို့ တန်ဖိုးထားသလို - အမေစုချစ်သူများလဲ နှစ်သက် တန်ဖိုးမယ်ဆိုတာ ယုံကြည်လျှက် ………. ………

အမေစုရဲ့ ဆံကေသာမှာအမြဲလိုလို ပန်းလေးတွေဝေနေလေ့ရှိတယ်။အဲ့ပန်းလေးတွေထဲကမှ နှင်းဆီလေးတွေ ပန်လေ့ ပိုများတယ် .........လွမ်းတယ...
05/27/2026

အမေစုရဲ့ ဆံကေသာမှာ
အမြဲလိုလို ပန်းလေးတွေဝေနေလေ့ရှိတယ်။

အဲ့ပန်းလေးတွေထဲကမှ နှင်းဆီလေးတွေ ပန်လေ့ ပိုများတယ် .........

လွမ်းတယ် အမေရယ် ....
အမေ့ဆံကေသာမှာ ပန်လေးတွေ ပန်ဖို့
ပေးခွင့်ရချင်ပါပြီ အမေရေ ...

အမေကျန်းမာပါစေ 🙏🙏🙏

အမေရိကား 🇺🇸 ဂျပန် 🇯🇵ထိုင်း 🇹🇭ဗြိတိန် 🇬🇧စင်ကာပူ 🇸🇬 ဩဇီ  🇦🇺 နိုင်ငံတွေက မှာယူကြတာ ကျနော်တို့ ရောင်းဖို့ သတ်မှတ်ထားတဲ့ ၈၁၀ ...
05/21/2026

အမေရိကား 🇺🇸
ဂျပန် 🇯🇵
ထိုင်း 🇹🇭
ဗြိတိန် 🇬🇧
စင်ကာပူ 🇸🇬
ဩဇီ 🇦🇺
နိုင်ငံတွေက မှာယူကြတာ ကျနော်တို့ ရောင်းဖို့ သတ်မှတ်ထားတဲ့ ၈၁၀ မှာ ၄၀၀ ကျော်သွားပြီမို့
ဆက်လက်ရောင်းချဖို့ တဝက်တောင် မကျန်တော့ပါဘူးနော်။
ချစ်ခြင်းများစွာ
ကိုယ်စားပြုမှုများစွာ
အဓိပ္ပာယ်များစွာနဲ့ ဖန်တီး ထုတ်လုပ်ထားတာအပြင်
နောက်ထပ်မရနိုင်တဲ့ Table Top လေးမို့
အရောင်းမကုန်ခင် အမြန်ဆုံး မှာထားပေးပါနော် 🙏🙏🙏
တစ်ခုကို SGD 30, THB 700, USD 25, GBP 15, AUD 35, JPY 3500 နဲ့ ပို့ခလေးထပ်ပေးရမယ်နော်။
အနံ့လေးကတော့ ကိုယ်နှစ်သက်ရာ အနံ့လေးတွေ စွတ်ဖြန်းနိုင်ဖို့အတွက် ဒီ ပစ္စည်းလေးနဲ့ တွဲ မရောင်းပေးထားဘူးနော်။ စုချစ်သူတွေလဲ ဒီဖန်တီးမှုလေးမှာ ကိုယ်တိုင်လဲ ပါဝင်ဖန်တီးထားတာလို့ ခံယူလို့ရအောင် ကိုယ်ကြိုက်နှစ်သက်တဲ့ essential oil လေး ကိုယ်တိုင်ဝယ်ပြီး စွတ်ဖြန်းပေးပါနော်။
🟦 ပျောက်ဆုံးနေတဲ့ ပန်းကလေး🌹🌸
အမေ…
ကျန်းမာပါစေ

Address

Atlanta, GA

Telephone

+14706074463

Website

Alerts

Be the first to know and let us send you an email when အမ်ဇီ - MZ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Sponsored

Share