31/05/2025
S*xual Pleasure(လိင်ပိုင်းဆိုင်ရာပျော်ရွှင်မှု)နှင့်LGBT အသိုင်းအဝိုင်း 🏳️🌈
လိင်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုဆိုတာ လူသားတိုင်းရဲ့ အခြေခံအခွင့်အရေးဖြစ်ပြီး LGBT (Le***an, Gay, Bis*xual, Transgender) : အတွက်လည်း အရေးပါပါတယ်။
လိင်စိတ်ပျော်ရွှင်မှုကို ကျန်းမာရေးနဲ့ညီညွတ်စွာ ခံစားနိုင်ဖို့၊ ကိုယ့်ကိုယ်ကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ဖို့နဲ့ လိင်စိတ်နှင့်ပတ်သက်ပြီး မရှက်မကြောက်ဘဲ ဆွေးနွေးနိုင်ဖို့ လိုအပ်ပါတယ်။
LGBT အသိုင်းအဝိုင်းအတွက် လိင်ပိုင်းဆိုင်ရာကိစ္စတွေမှာ ပိုမိုပွင့်လင်းပြီးကျန်းမာပျော်ရွှင်နိုင်ဖို့လိုအပ်သောအခြေခံ အချက်များ။
1. မိမိကိုယ်ကို လက်ခံခြင်းနှင့် မိမိကိုယ်ကိုယုံကြည်ခြင်း (Self-Acceptance & Confidence)
LGBT လူငယ်တွေဟာ မိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့လူမှုရေးကိစ္စတွေ၊ မိသားစုနဲ့ ဘာသာရေးအသိုင်းအဝိုင်းကဖိအားတွေကြောင့် မိမိကိုယ့်ကိုယ်မိမိ ယုံကြည်မှုတွေပျောက်ဆုံးပြီး လမ်းပျောက်ေနတတ်ပါတယ်။
LGBTတစ်ယောက်ဖြစ်ခြင်းဟာ အပြစ်တစ်ခုကိုကျူးလွန်နေတာမဟုတ်ဘဲ မွေးကတည်းကဖြစ်ပေါ်လာတဲ့အရာတစ်ခုမို့ မိမိကိုမိမိလက်ခံတတ်အောင်ကြိုးစားရပါမယ်။
မိမိရဲ့ လိင်စိတ်ခံယူမှုနဲ့ မိမိကိုယ်ကို ချစ်မြတ်နိုးတတ်ဖို့ အရေးကြီးပါတယ်။
2.(Protection) – ကာကွယ်ခြင်း
လိင်ဆက်ဆံခြင်းဆိုတဲ့ စကားတစ်ခွန်းက ပြောလိုက်ရင် လွယ်ကူတယ်လို့ထင်ရပေမဲ့ နက်နက်နဲနဲအလေးထားဂရုစိုက်ရမယ့် ကျန်းမာရေးနှင့်သက်ဆိုင်သောအရာတွေအများကြီးရှိပါတယ်။
Condom, Dental Dam စတဲ့ ကာကွယ်ရေးနည်းလမ်း တွေကိုလည်း မဖြစ်မနေအသုံးပြုရပါမယ်။
လိင်ဆက်ဆံမှု ပြီးမြောက်သွားရင်တောင်မှ ကျန်းမာရေးစစ်ဆေးမှု (Regular Check- ups) – STIs (လိင်မှတစ်ဆင့် ကူးစက် နိုင်သော ရောဂါများ) အတွက် ပုံမှန်စစ်ဆေးရပါမယ်။
3. LGBT Community နှင့် လိင်ပိုင်းဆိုင်ရာ ပျော်ရွှင်မှု
-A**l s*x (စအိုဖြင့်လိင်ဆက်ဆံခြင်း)
အထူးသဖြင့် လိင်တူ(စအိုကိုအသုံးပြုပြီး)လိင်ဆက်ဆံရာတွင် safety s*x ဖြစ်စေဖို့ Lubricant (ချောဆီ) အသုံးပြုပြီးခြင်းနှင့် Condom ကိုအသုံးပြုခြင်းက ထိရောက်သော ကာကွယ်မှုတွေထဲက တစ်ခုအပါအဝင်ပါ။
ထိုနည်းတူ PrEP (HIV ကာကွယ်ဆေး) အစရှိသော ဆေးပညာဆိုင်ရာ ဗဟုသုတများကိုလည်း လေ့လာ သိထားသင့်ပါတယ်။
4. လိင်ဆိုင်ရာ ကိရိယာများ (S*x Toys)
တစ်ချို့သော LGBT Communityကလူတွေက သူတို့ရဲ့ S*xual Pleasure(လိင်စိတ်ပျော်ရွှင်မှု)ကို ပိုမိုပြီး ပြင်းပြလာစေဖို့ S*x toys (Vi*****rs, Di**os, Straps) အစရှိတဲ့ ပစ္စည်းကိရိယာများကို အသုံးပြုပြီး လိင်ဆက်ဆံတတ်ကြပါတယ်။
ထိုကဲ့သို့သော ပစ္စည်းကိယာများကိုအသုံးပြုပြီးဆက်ဆံရာတွင်အန္တရာယ်ကင်းကင်း အသုံးပြုနိုင်ဖို့သန့်ရှင်းစွာ အသုံးပြုတတ်မှုဟာလည်း မမေ့ထားသင့်တဲ့အရာတစ်ခုပါ။
5. စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး (Mental Well-being)
LGBT အသိုင်းအဝိုင်းကလူတွေကစိတ်ဖိစီးမှုနဲ့ အထီးကျန်မှုကို ပိုမိုခံစားကြရတဲ့လူတွေမို့ မိမိရဲ့လက်တွဲဖော်နှင့် လိင်ဆက်ဆံမှုကို စိတ်ကြိုက်ဖန်တီးနိုင်ဖို့ ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်ဖို့လိုအပ်ပါတယ်။
မိမိရဲ့ လိင်စိတ်ခံယူမှုနှင့် လိင်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို မရှက်ဘဲ ဆွေးနွေးနိုင်ဖို့ ယုံကြည်ရတဲ့သူတွေကို ရင်ဖွင့်ပြောဆိုဖို့လည်းလိုအပ်ပါတယ်။
လိင်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုဆိုတာ လူသားတိုင်းရဲ့ အခြေခံအခွင့်အရေးဖြစ်ပြီး လိင်စိတ်ခံယူမှု (S*xual Orientation) နဲ့ လိင်ဝိသေသ ကွဲပြားမှုတွေ အပေါ် အခြေမခံသင့်ပါဘူး။
LGBT အသိုင် အဝိုင်းအနေနဲ့ (safety s*x)လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုအပြင် မိမိကိုယ်ကိုလက်ခံတတ်ဖို့လည်းလိုအပ်ပါတယ်။
ကျတော့်ရဲ့အဆောင်းပါးသည် အထွေထွေကျန်းမာရေးအသိပေးရန်သာဖြစ်ပြီးကျန်းမာရေးအပြင်းဆေးပညာနှင့်သက်ဆိုင်သောအရာများကို ကျွမ်းကျင်သောဆရာဝန်များနှင့်တိုင်ပင်ဆွေးနွေးသင်ပါသည်။
#လိင်ပိုင်းဆိုင်ရာကျန်းမာရေး
RaksThai Foundation Surat *xualhealthformen