11/05/2026
Mahatma Gandhi’s quote
“Live as if you were to die tomorrow. Learn as if you were to live forever”
“မနက်ဖြန် သေတော့မယ့်လူလို သဘောထားပြီး အသက်ရှင်ပါ” ဆိုတဲ့အဓိပ္ပာယ်ကတော့
ဘဝက မသေချာတဲ့အရာဖြစ်လို့၊ အချိန်ကလည်း အရမ်းတန်ဖိုးရှိတာကြောင့် ကိုယ့်ဘဝကို အဓိပ္ပာယ်ရှိရှိ၊ ကျေးဇူးတရားနဲ့၊ သတ္တိရှိရှိ နေထိုင်သင့်တယ်ဆိုတာပါ။
တခါတလေ ကျွန်တော်တို့က ဘဝမှာ အချိန်အများကြီးရှိသေးတယ်လို့ ထင်တတ်ကြပေမယ့် တကယ်ကြတော့ မုန်းတီးမှု၊ စိတ်နာမှု၊ မနာလိုမှုတွေနဲ့ အချိန်ဖြုန်းဖို့ ဘဝက အရမ်းတိုလွန်းပါတယ်။ ၀မနက်ဖြန်မှာ ဘာဖြစ်မလဲ၊ နောက်နာရီပိုင်းမှာတောင် ဘာကြုံရမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။
အချိန်ရှိနေတုန်းမှာ ကိုယ့်ပတ်ဝန်းကျင်က လူတွေ၊ အရာတွေကို တန်ဖိုးထားဖို့၊ ချစ်ခင်ဖို့၊ ဂရုစိုက်ဖို့ မေ့နေတတ်ကြတယ်။ အသက်ကြီးသူတွေကို မေးမြန်း@တဲ့ interview တွေမှာတော့ သူတို့အနေနဲ့ “ကိုယ်တကယ်လုပ်ချင်ခဲ့တာတွေ မလုပ်ဖြစ်ခဲ့တာ၊ စွန့်စားချင်တာတွေ မစွန့်စားခဲ့တာ၊ အိပ်မက်တွေကို မလိုက်ခဲ့တာ၊ ချစ်ရတဲ့သူတွေကို အချိန်ရှိတုန်း မဂရုစိုက်ခဲ့တာ” ကို အများဆုံး နောင်တရကြတယ်လို့ ပြောကြပါတယ်။
အဲဒီလို မလုပ်ဖြစ်တာတွေက အသစ်သော အရာတွေကို လုပ်ဖို့ကြောက်တာ၊ အချိန်ကို ပေါ့ပေါ့ဆဆ ထင်တာ၊ ကျရှုံးမှာကို ကြောက်တာတွေကြောင့်ပါ။ ဒါပေမယ့် တကယ်တမ်း ဘဝမှာ ကျရှုံးမှုတွေ၊ ငြင်းပယ်ခံရမှုတွေကို အချိန်တိုအတွင်း အများကြီးကြုံရနိုင်ပါတယ်။
ဒါကြောင့် အချိန်ရှိနေတုန်း လုပ်သင့်တာကို လုပ်ဖို့၊ ကိုယ့်ပတ်ဝန်းကျင်က အရာအားလုံးကို တန်ဖိုးထားဖို့က အရမ်းအရေးကြီးပါတယ်။ ကိုယ့်ဘဝမှာ နောင်တမရဘဲ လိုချင်တဲ့အရာတွေကို ရချင်တယ်ဆိုရင် “မနက်ဖြန် သေရမယ်ဆိုရင် ဘာကို အရင်လုပ်မလဲ” လို့ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ အဲ့ဒီအချိန်မှာ ဘာတွေက အရေးကြီးလဲဆိုတာ ရှင်းရှင်းလင်းလင်း သိလာပါလိမ့်မယ်။
ဒီနေ့ကစပြီး ကိုယ့်မိသားစုနဲ့ ချစ်ရသူတွေကို ဘယ်လောက်ချစ်ကြောင်း ပြောပါ။ ရည်မှန်းချက်တွေကို မနက်ဖြန်ထိ မရွှေ့ဘဲ စတင်လုပ်ပါ။ အခွင့်အရေးတွေကို မစောင့်ပါနဲ့၊ နောက်ကျသွားနိုင်ပါတယ်။
Meaning (Live as if you were to die tomorrow)
We should dwell in life with purpose, gratitude, and boldness because life is uncertain and time is precious. We sometimes think our life is too long to spend, but, in fact, it is too short to live with hatred, resentment, and jealousy. We don’t know exactly what will happen next to us tomorrow and the next hours. We often don’t cherish, appreciate, and adore people and things around us when we have time. You know what, from interviews with elderly people, they said “ they regret the most for not doing something they loved to, taking adventures they want, chasing the dream they want to be, and taking care of loved ones when they have time”. The reasons they hesitate to do those are afraid of something new, underestimate time, and fear of failures. However, the fact is that we might face a lot of failures and rejections in a short time. Therefore, it is very important to take action and cherish all of the things around you when you have time. So, if you want to achieve all things in your life without regret, the only key is to think about if you were to die tomorrow. Then, you will find exactly what things you should prioritize and do it in a precious time. You can start doing these things, telling your family and loved ones how much you love them, starting your goals instead of procrastinating, and don’t wait until tomorrow before others take our opportunities and it is too late.
ဥပမာပေးရမယ်ဆိုရင် လူတစ်ယောက်က ဆရာဝန်ဖြစ်ဖို့ အိပ်မက်ရှိတဲ့အခါ ဆေးဘက်ဆိုင်ရာ အခေါ်အဝေါ်တွေနဲ့ ဆေးပညာရပ်တွေကို ဝီရိယရှိရှိ လေ့လာတယ်၊ ပြီးတော့ ဆေးခန်းတွေ ဒါမှမဟုတ် ဒေသဆိုင်ရာ ကျန်းမာရေး အစီအစဉ်တွေမှာ စေတနာ့ဝန်ထမ်း လုပ်တယ်။ လူနာတွေကို ကုသပေးဖို့အတွက် အရာရာပြည့်စုံမယ့် အချိန်ကို ထိုင်စောင့်မနေဘဲ ဆေးခန်းတွေမှာ စေတနာ့ဝန်ထမ်း လုပ်ရင်း ကြင်နာမှု၊ ဂရုဏာထားမှုတွေနဲ့ လက်တွေ့လေ့ကျင့်တယ်။ အသေးအဖွဲကစပြီး လက်တွေ့လုပ်ဆောင်မှုတွေ မရှိဘူးဆိုရင် သူဟာ ကျွမ်းကျင်မှုအသစ်တွေနဲ့ သက်မွေးဝမ်းကျောင်း ပညာရပ်တွေကို ရရှိလာမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ အရေးပေါ်ဌာနက ဆရာဝန်တွေဟာ စက္ကန့်တိုင်းက အရေးကြီးတာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူနာတွေကို အချိန်နဲ့တပြေးညီ ချက်ချင်းကုသမှု ပေးကြတာ ဖြစ်ပါတယ်။
Examples
A person who dreams of becoming a doctor begins studying medical terms, medicine diligently, and volunteers at clinics or community health programs. Instead of waiting for the perfect time to cure patiences, doctor volunteers at clinics, practice with kindness, and compassion. Unless taking small actions, he will not gain any new skills and profession. Therefore, doctors in an emergency room give immediate care to critically ill patients, acting quickly because every second matters.
“ထာဝရအသက်ရှင်မည့်သူကဲ့သို့ လေ့လာသင်ယူပါ”ဆိုတဲ့ အဓိပ္ပာယ်က
ကျွန်ုပ်တို့ဟာ အသိပညာ ဗဟုသုတ၊ ပညာရေးနဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်မှုကို မသေမချင်း အမြဲမပြတ် ရှာဖွေနေသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ယူမှုမှာ အဆုံးမရှိသလို၊ ဘဝကလည်း သင့်ကို သင်ခန်းစာအသစ်တွေ ပေးနေဖို့ ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်လို့ပါပဲ။ အသက်အရွယ်၊ ကျား/မ နဲ့ လူမျိုးမရွေး လူတိုင်း သင်ယူနိုင်ပါတယ်။ စူးစမ်းလိုစိတ်ရှိနေဖို့နဲ့ မိမိကိုယ်ကို အမြဲမပြတ် တိုးတက်အောင် လုပ်နေဖို့က အလွန်အရေးကြီးပါတယ်၊ ဘာကြောင့်လဲဆိုတော့ အသိပညာဆိုတာ တစ်သက်တာ ဘဝခရီးရှည်တခုလိုပါပဲ။
ဥပမာအားဖြင့် သင်ဟာ အသက် ၂၀ ပဲ ရှိသေးပေမယ့် ဗဟုသုတအသစ်တွေကို မလေ့လာတော့ဘူးဆိုရင်၊ တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးအပေါ် အမြင်သစ်နဲ့ အတွေးအခေါ်သစ်တွေ မရှိတော့တဲ့အတွက် သင်ဟာ လူသေတစ်ယောက်နဲ့ တူနေပါလိမ့်မယ်။ အကယ်၍ သင်ဟာ အသက် ၈၀ ရှိနေပေမယ့် ဆက်လက်လေ့လာနေမယ်ဆိုရင်တော့ ထိုးထွင်းသိမြင်မှုတွေ၊ ကျွမ်းကျင်မှုတွေနဲ့ ပညာဗဟုသုတတွေကို ရရှိနေမှာဖြစ်လို့ မျိုးဆက်သစ်လူငယ်တစ်ယောက်လို အမြဲတမ်း လန်းဆန်းနေပါလိမ့်မယ်။ ဒါကြောင့် အမြဲနိုးကြားနေဖို့၊ ကျွမ်းကျင်မှုအသစ်တွေကို လေ့လာဖို့နဲ့ မိမိကိုယ်ကို မြှင့်တင်နေဖို့က မရှိမဖြစ် လိုအပ်ပါတယ်။
Meaning (Learn as if you were to live forever)
We should always seek wisdom, education, and self-growth until you die because learning has no end, and life will never stop to teach you new lessons. Everyone can learn no matter age, gender, and race. It is very important to stay curious and continuously improve yourself because knowledge is a lifelong journey. For instance, although you are just 20 and stop learning new wisdom, you are like a dead person because you have no new perspectives and thoughts to the growing world. Although you are 80 and still learning, you always look like a new generation because you gain new insights, skills, and wisdom. Therefore, it is essential to stay alert, learn new skills, and improve yourself.
ဥပမာပေးရမယ်ဆိုရင် လူတစ်ယောက်က ဆရာဝန်ဖြစ်ဖို့ အိပ်မက်ရှိတဲ့အခါ ဆေးဘက်ဆိုင်ရာ အခေါ်အဝေါ်တွေနဲ့ ဆေးပညာရပ်တွေကို ဝီရိယရှိရှိ လေ့လာတယ်၊ ပြီးတော့ ဆေးခန်းတွေ ဒါမှမဟုတ် ဒေသဆိုင်ရာ ကျန်းမာရေး အစီအစဉ်တွေမှာ စေတနာ့ဝန်ထမ်း လုပ်တယ်။ လူနာတွေကို ကုသပေးဖို့အတွက် အရာရာပြည့်စုံမယ့် အချိန်ကို ထိုင်စောင့်မနေဘဲ ဆေးခန်းတွေမှာ စေတနာ့ဝန်ထမ်း လုပ်ရင်း ကြင်နာမှု၊ ဂရုဏာထားမှုတွေနဲ့ လက်တွေ့လေ့ကျင့်တယ်။ အသေးအဖွဲကစပြီး လက်တွေ့လုပ်ဆောင်မှုတွေ မရှိဘူးဆိုရင် သူဟာ ကျွမ်းကျင်မှုအသစ်တွေနဲ့ သက်မွေးဝမ်းကျောင်း ပညာရပ်တွေကို ရရှိလာမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ အရေးပေါ်ဌာနက ဆရာဝန်တွေဟာ စက္ကန့်တိုင်းက အရေးကြီးတာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူနာတွေကို အချိန်နဲ့တပြေးညီ ချက်ချင်းကုသမှု ပေးကြတာ ဖြစ်ပါတယ်။
Examples
A person who dreams of becoming a doctor begins studying medical terms, medicine diligently, and volunteers at clinics or community health programs. Instead of waiting for the perfect time to cure patiences, doctor volunteers at clinics, practice with kindness, and compassion. Unless taking small actions, he will not gain any new skills and profession. Therefore, doctors in an emergency room give immediate care to critically ill patients, acting quickly because every second matters.
Meaning (Learn as if you were to live forever)
We should always seek wisdom, education, and self-growth until you die because learning has no end, and life will never stop to teach you new lessons. Everyone can learn no matter age, gender, and race. It is very important to stay curious and continuously improve yourself because knowledge is a lifelong journey. For instance, although you are just 20 and stop learning new wisdom, you are like a dead person because you have no new perspectives and thoughts to the growing world. Although you are 80 and still learning, you always look like a new generation because you gain new insights, skills, and wisdom. Therefore, it is essential to stay alert, learn new skills, and improve yourself.
ဥပမာပေးရမည်ဆိုလျှင်
Millennials မျိုးဆက်များ: လျင်မြန်စွာ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးနဲ့ အံဝင်ခွင်ကျဖြစ်စေဖို့ နည်းပညာအသစ်တွေနဲ့အတူ မိမိကိုယ်ကို အမြဲတမ်း သင်ယူမြှင့်တင်နေဖို့ လိုအပ်ပါတယ်။ သူတို့မှာရှိပြီးသား အရာတွေနဲ့တင် ရပ်တန့်နေမယ်ဆိုရင် သူတို့ရဲ့ အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကျောင်းမှုဟာ တည်မြဲမှာမဟုတ်ဘဲ အဆိုးဆုံးအနေနဲ့ တခြားသူတွေရဲ့ ကျော်တက်ခြင်းကို ခံရနိုင်ပါတယ်။
Gen Z မျိုးဆက်မျာလည်း အလားတူပါပဲ၊ ယနေ့ခေတ် AI (Artificial Intelligence) ခေတ်ကြီးထဲမှာ အသုံးဝင်ပြီး ပျော့ပျောင်း လိုက်လျောညီထွေရှိသူဖြစ်ဖို့ အရည်အချင်းသစ်တွေကို အမြဲတမ်း လေ့ကျင့်ပျိုးထောင်နေရပါမယ်။ သူတို့ဟာ အသက်မွေးဝမ်းကျောင်း ပညာရပ်အသစ်တွေကို အမြဲလေ့လာနေရမှာဖြစ်ပြီး AI ထက် ပိုမိုသာလွန်အောင် ကြိုးစားရပါမယ်။ မဟုတ်ရင်တော့ AI ရဲ့ အစားထိုးခြင်းကို ခံရပါလိမ့်မယ်။
ဒါကြောင့်မို့ ကျွန်ုပ်တို့သည် ကလေးငယ်တစ်ယောက်ကဲ့သို့ အမြဲတမ်း သင်ယူမှုခရီးစဉ်ကို လျှောက်လှမ်းနေရမည်ဖြစ်ပြီး သင်ယူခြင်းကို ဘယ်တော့မှ မရပ်တန့်သင့်ပါ။ သင်ဟာ ထာဝရ အသက်ရှင်နေထိုင်ရမယ့်သူ တစ်ယောက်လိုမျိုး စဉ်းစားပြီး စာအုပ်များကို ပုံမှန်ဖတ်ခြင်း၊ ၂၁ ရာစု ကျွမ်းကျင်မှုအသစ်များကို လေ့ကျင့်ခြင်း၊ မိမိလုပ်ချင်သည့် အရာသစ်များကို ရှာဖွေစူးစမ်းခြင်းဖြင့် လက်တွေ့စတင်နိုင်ပါသည်။
Examples
Old millennials always need to learn and improve themselves with new world technology in order to adapt well with the rapidly changing world. If they just stop with what they have, their jobs and occupation will not be stable and at worst can be invaded by others. Like old millennials, new gen Z always need to improve and hone themselves with new skills to be useful and flexible in today's Artificial Intelligence era. They always have to learn new professions and expect to be better than AI. Otherwise, they will be replaced by AI.
Thus, we always have to keep our learning journey as an infant and should never stop learning. We can take actions by reading books regularly, developing new skills in 21th century, and exploring new things you want to do as you will be living forever.