21/09/2026
International Day of Peace (2026) | အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့
"Invest in Peace – For Everyone, Everywhere, Every Day."
စက်တင်ဘာ (၂၁) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ကို ၁၉၈၁ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးက ချမှတ်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာတော့ စက်တင်ဘာလ (၂၁ ) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အဖြစ် တရားဝင်သတ်မှတ်ခဲ့ပါတယ်။
ငြိမ်းချမ်းရေးဟာ လူသားတိုင်းအတွက် အခွင့်အရေးဖြစ်သလို လူသားတိုင်းရဲ့ တာဝန်လည်း ဖြစ်ပါတယ်။ လူသားတိုင်း ဂုဏ်သိက္ခာရှိစွာ၊ လုံခြုံစွာ၊ တန်းတူညီမျှစွာနှင့် မျှော်လင့်ချက်ဖြင့် ရှင်သန်နိုင်မယ့် လူ့အဖွဲ့အစည်းကို အတူတကွ တည်ဆောက်ကြဖို့လိုအပ်ပါတယ်။
လူသားချင်းအပြန်အလှန်လေးစားမှု၊ တန်ဖိုးထားမှု၊ အသိအမှတ်ပြုမှုတို့ဖြင့် ငြိမ်းချမ်းသော လူမှုဝန်းကျင်ကို တစ်ယောက်ချင်းစီမှစ၍ ပြုပြင်တည်ဆောက်ရမှာပဲဖြစ်ပါတယ်။ မိမိတို့၏ ရွေးချယ်မှုတိုင်း၊ လုပ်ဆောင်မှုတိုင်းဟာ ငြိမ်းချမ်းရေးအားရှေးရှုခြင်းဖြင့် စုံလင်ကွဲပြား၍ ငြိမ်းချမ်းသောလူ့အဖွဲ့အစည်းနှင့် အေးချမ်းသာယာသော အနာဂတ်ကမ္ဘာမြေကြီးအားဖန်တီးနိုင်ပါစေကြောင်း ဧရာဝတီကရင်လူငယ်များမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
#အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့
#ငြိမ်းချမ်းရေး