10/10/2026
ထိုင်းနိုင်ငံ၊ချာချင်ဆောင်မြို့တွင်ရှိသော မြန်မာအလုပ်သမား (100)ကျော် ထံမှ ပွဲစား ရန်နောင်(ခေါ်)ချစ်မင်းဆိုသူသည် အီလက်ထရောနစ်ရုံတွင် အလုပ်ရမည်ဟုဆိုကာ တစ်ဦးလျှင် စမတ်ကြေး (5,000)ဘတ် နှုန်း အယောက် (100)ကျော်စာ ဘတ် (5)သိန်းကျော်ကောက်ခံပြီး အလုပ်သမားတို့အားအလုပ်မသွင်းပေးဘဲ ကျန်းမာရေးစစ်ပေးပြီး နေ့ရွှေ့ညရွှေ့လုပ်နေသဖြင့် အလုပ်သမားတို့က ကျန်သည့် (4,000)ဘတ် အယောက်(100)ကျော်စာ ဘတ်(4)ကျော်ပြန်တောင်းရာ ပွဲစားသည် အလုပ်သမားတို့ထံရောက်လာချိန် အလုပ်သမားတို့က WAGအဖွဲ့ထံဆက်သွယ်လာသဖြင့် ညတွင်းချင်းသွားရောက်ပြီိးပွဲစားအားညှိနှိုင်းပေးခဲ့ပြီးနောက် (09/10/2026)ရက်နေ့တွင် ပွဲစားရန်နောင်ကိုယ်တိုင် အလုပ်သမား တစ်ဦးလျှင် (4000)ဘတ်နှုန်းဖြင့် လူကိုယ်တိုင်သွားရောက်တိုင်ကြားထားသည့် (46)ဦးစာ (184,000)ဘတ်ကို လာရောက်ပေးဆောင်သွားပါသည်။