Wildflowers Community Support Centre

Wildflowers Community Support Centre Our mission to empower displaced Burmese individuals especially women who fled their homes, families, and jobs due to the repressive actions.

Wildflowers Early Learning Centre
03/06/2026

Wildflowers Early Learning Centre

The Art of Healing Workshop ​Batch 1 ​နောက်ဆုံးတပတ်ကို​တော့ သဘာဝမှရရှိတဲ့ အနံ့အထိအ​တွေ့ခံစားမှုကိုရရှိ​စေ​သော ပန်းချီ​လေ...
26/05/2026

The Art of Healing Workshop ​Batch 1 ​နောက်ဆုံးတပတ်ကို​တော့ သဘာဝမှရရှိတဲ့ အနံ့အထိအ​တွေ့ခံစားမှုကိုရရှိ​စေ​သော ပန်းချီ​လေး​တွေပုံ​ဖော်ဖြစ်ကြပါတယ်။ Coffee Powder ကိုအသုံးပြုပြီး မိမိစိတ်ခံစားချက်​လေး​တွေကို ဆရာမရှီနှင့်အတူတူ ပုံ​ဖော်ကြရတာဖြစ်ပြီး ပုံဆွဲ​နေရင်းရတဲ့ Coffee ရနံ့သင်းသင်း​လေးက မိမိစိတ်ကိုလန်းဆန်းတက်ကြွ​ပျော်ရွှင်လာ​စေပါတယ် ❤️

ဒုတိယပိုင်းအစီအစဥ်ကိုဆရာမ​ခေးလူမှ ဦး​ဆောင်ပြီး ​ကျောင်းဝင်းအတွင်းမှာရှိတဲ့ သစ်ကိုင်း​ခြောက်၊ သစ်ရွက်၊ ပန်းပွင့်​လေး​တွေလိုက်ရှာပြီး Clay ကိုအသုံးပြုကာ ကိုယ်ပိုင်စိတ်ကူးထဲက ပန်းချီကားတချပ်ကိုပုံ​ဖော်ကြရပါတယ်။ မထင်မှတ်ပဲ ကိုယ်စီစိတ်ကူးဖြင့် ဖန်တီးတဲ့ ပန်းချီကားတိုင်းမှာ အိမ်​လေး​တွေပါ​နေတာ​တွေ့ရ​တော့ အားလုံးကိုယ်စီ ကိုယ့်အိမ်​လေးကိုလွမ်း​နေကြတာပဲလို့ ​တိတ်တစိတ် တွေးမိပါတယ်။ အားလုံးအတူတူ ပြန်ရမည့်ရက်​​တွေ​ကို ခဏတာ တွေး​ပျော်ခဲ့ရပါတယ်။ 🥰

ဒီအစီစဥ်​လေးဖြစ်​မြောက်ရန် Volunteer အဖြစ်အချိန်​ပေးပါဝင်ပံ့ပိုး​ပေး​သော Inner Light - Art & Healing Group ​မှဆရာမ​ရှီ၊ ဆရာမ​ခေးလူ နှင့် ဆရာမ​ဒေး​ဒေးတို့ကို​ အထူးကျေးဇူးတင်ရှိပါတယ်။

The Art of Healing အစီအစဥ်ကို အားလုံးစိတ်အပမ်း​ပြေရန် ရည်ရွယ်၍ Wildflowers Community Support Centre နှင့် Inner Light - Art & Healing Group ​တို့အတူတူပူး​ပေါင်းတင်ဆက်ခြင်းဖြစ်ပါတယ်။

ဒီ​နေရာမှ အားလုံးစိတ်​အေးချမ်းခြင်းရရှိမည်လို့​​​ မျှော်လင့်မိပါတယ်။ Batch 2 အတွက်လည်း အချိန်ယူပြင်ဆင်မှာဖြစ်လို့ ​နောက်ထပ်စိတ်ဝင်စားသူများပါဝင်နိုင်ရန် Page မှာ​ကြေငြာ​ပေးသွားပါမည်။



23/05/2026
Last Saturday ကပြုလုပ်တဲ့ The Art of Healing Workshop ကို ဆရာမ​​ခေးလူ ဦး​ဆောင်၍ အိမ်မှာအလှဆင်လို့ရတဲ့ ကြိုးနှင့်ပြုလုပ်...
23/05/2026

Last Saturday ကပြုလုပ်တဲ့ The Art of Healing Workshop ကို ဆရာမ​​ခေးလူ ဦး​ဆောင်၍ အိမ်မှာအလှဆင်လို့ရတဲ့ ကြိုးနှင့်ပြုလုပ်ရ​သော Handmade DIY mini bicycle ​လေး​တွေကို သစ်သား​ချောင်း၊ စက္ကူ၊ ကြိုး​လေး​တွေအသုံးပြုပြီးအားလုံးအတူတူ ဖန်တီးရတာ စိတ်အပမ်း​ပြေရပါတယ်။ မိမိကိုယ်ကိုယ်လည်း ကိုယ်လုပ်နိုင်တာ​တွေအများကြီးရှိတာ သိရလို့ အရမ်းကို​ကျေနပ် ချီးကျူးမိပါတယ်။

Healing Art Class ​လေးစီစဥ်ဖြစ်တာ အားလုံးအတူတူ မိမိကိုယ်ကိုယ်ပြန်လည်ရှာ​ဖွေနိုင်​အောင်နှင့် ရှိ​နေတဲ့ Stress ​တွေ​ပြေ​ပျောက်ရန်ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ၂နာရီသာ အချိန်ရှိတဲ့ Class ​လေးမှာ မိမိသိထားတတ်ထားတာ​တွေကို ​ဝေမျှ​ပေးတဲ့ Inner Light - Art & Healing Group ​မှဆရာမများကို​ အထူးကျေးဇူးတင်ရှိပါတယ်။

အားလုံးကို စိတ်အပမ်း​ပြေ​စေရန် ရည်ရွယ်၍ Wildflowers Community Support Centre နှင့် Inner Light - Art & Healing Group ​တို့အတူတူပူး​ပေါင်းတင်ဆက်ခြင်းဖြစ်ပါတယ်။ ဒီ​နေရာမှ အားလုံးစိတ်​အေးချမ်းခြင်းရရှိမည်လို့​​​မျှော်လင့်မိပါတယ်။ နောက်တပတ်​တွေမှာလည်း မတူညီ​​သော စိတ်လှုပ်ရှားစရာ​ Art Work များနှင့်ပြန်ဆုံ​တွေ့ကြပါစို့​နော် 🥰



Wildflowers Early Learning Centre https://www.facebook.com/share/p/1CsGRLNsTe/
16/05/2026

Wildflowers Early Learning Centre
https://www.facebook.com/share/p/1CsGRLNsTe/

Volunteer Shadow Teacher Opportunity

Wildflowers Early Learning Centre သည် Inclusive Education ကိုအထူးအား​ပေး​သော Community School ဖြစ်သည့်အတွက် က​လေးများအားလုံးတန်းတူအခွင့်အ​ရေးဖြင့် သင်ယူနိုင်စေရန် ရည်ရွယ်ပြီး ယခုနှစ်အတွက် Special Needs ကလေးများနှင့်အတူ သင်ယူပံ့ပိုး​ပေးနိုင်ရန် ကလေးတစ်ယောက်လျှင် Volunteer Shadow Teacher တစ်ယောက်စီ စီစဉ်ပေးသွားမည် ဖြစ်ပါသည်။

လျှောက်ထားနိုင်သူများမှာ
🌸 GED ပြီးထားသူ
🏵 University Entry Scholarship အတွက် Volunteer Experience ရယူလိုသူ
🌼 Early Childhood Care & Education ကို စိတ်ဝင်စားသူ
🌻 ကလေးများနှင့်အတူ သင်ယူလိုစိတ်ရှိသူ

​Volunteer များအ​တွက် ​ကျောင်းမှ
🌱Basic Teacher Training
🌷 Inclusive Education Awareness
🪻 Special Needs Children Support Guidance များကို သင်ကြားပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။

ကလေးများ၏ သင်ယူမှုခရီးစဉ်တွင် အတူတကွ လက်တွဲပံ့ပိုးပေးလိုသူများကို နွေးထွေးစွာ ကြိုဆိုပါသည်။ စိတ်ပါဝင်စားသူများအ​နေဖြင့် Page Messenger မှတဆင့်ဆက်သွယ်နိုင်ပါသည်။

မ​နေ့ကပြုလုပ်တဲ့ The Art of Healing Workshop ကို ဆရာမ​ဒေး​ဒေး ဦး​ဆောင်၍ အရမ်းကို ချစ်စရာ​ကောင်းတဲ့ Handmade Charms ​လေး...
10/05/2026

မ​နေ့ကပြုလုပ်တဲ့ The Art of Healing Workshop ကို ဆရာမ​ဒေး​ဒေး ဦး​ဆောင်၍ အရမ်းကို ချစ်စရာ​ကောင်းတဲ့ Handmade Charms ​လေး​တွေကို သစ်သားလုံး၊ ချည်မျှင်ကြိုး​လေး​တွေအသုံးပြုပြီး မိမိစိတ်ကြိုက် Character ​လေး​တွေ Face Expression ​လေး​တွေ ကိုယ်ပိုင်ဖန်တီး ပုံ​ဖော်ကြရတာ အရမ်းကို စိတ်ဝင်စားစရာ​ကောင်းပြီး စိတ်လှုပ်ရှားမှုလည်းရရှိ​စေသလို စိတ်အ​မော​တွေလည်း​ပြေရပါတယ်။ ချစ်ရသူ​တွေကို လက်​ဆောင်ပဲ​ပေး​ပေး၊ ကိုယ်ပိုင်ဝင်​ငွေတခုဖန်တီးမယ်ဆိုလည်း အဆင်​ပြေလို့ အရမ်းကိုအားရ​ကျေနပ်ရတဲ့​ Workshop ဖြစ်ခဲ့ရပါတယ်။

အားလုံးကို စိတ်အပမ်း​ပြေ​စေရန် ရည်ရွယ်၍ Wildflowers Community Support Centre နှင့် Inner Light - Art & Healing Group ​တို့အတူတူပူး​ပေါင်းတင်ဆက်ခြင်းဖြစ်ပါတယ်။ ဒီ​နေရာမှ အားလုံးစိတ်​အေးချမ်းခြင်းရရှိမည်လို့​​​မျှော်လင့်မိပါတယ်။ နောက်တပတ်​တွေမှာလည်း မတူညီ​​သော စိတ်လှုပ်ရှားစရာ​ Art Work များနှင့်ပြန်ဆုံ​တွေ့ကြပါစို့​နော် 🥰



ที่อยู่

Mae Sot

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Wildflowers Community Support Centreผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์