Burmese Migrant Workers' Education Committee

โทร เว็บไซต์ ติดต่อ องค์กรนั้น

Burmese Migrant Workers' Education Committee We are more than just a school network but it is a lifeline for Burmese migrant children. Serves 6,000+ Burmese migrant children and youth annually.

Employs 300+ teachers, many from migrant community themself.

30 Burmese Migrant learning centres. Thailand shares a 2,401 km border with Burma and has been host to a steady flow of migrants, refugees and other displaced people from Burma. Burma has suffered decades of rule by a military dictatorship that persecuted many ethnic minorities and caused immense deprivation for the entire population of Burma through its oppression, corruption and mismanagement. . Human rights violations, military conflict and a lack of economic or other opportunities have led hundreds of thousands of people to flee Burma and settle in Thailand. An estimated 160,000 people been granted temporary asylum and live in refugee camps along the border. However, for the vast majority of those wanting to escape extreme poverty and repression, their only option has been to join the ranks of the estimated 1.8 to 2 million migrant workers in Thailand. Many of these migrant workers come specifically to try and find a safer life and educational opportunities for their children.

2026 ကမ္ဘာ့ဆရာများနေ့ကအခမ်းအနား ဂိမ်းတွေအပြင်ဆရာဆရာမများကနေပြီးအမှတ်တရ ရင်တွင်းဖြစ်တွေကိုပိတ်သားဖြူဖြူပေါ်မှာရေးသား မှတ်...
07/10/2026

2026 ကမ္ဘာ့ဆရာများနေ့က
အခမ်းအနား ဂိမ်းတွေအပြင်
ဆရာဆရာမများကနေပြီး
အမှတ်တရ ရင်တွင်းဖြစ်တွေကို
ပိတ်သားဖြူဖြူပေါ်မှာရေးသား
မှတ်တမ်းတင်ခဲ့ပါသေးတယ်။

ဒါတွေကို BMWEC ကနေပြီး ပိုစ့်ကဒ်အနေနဲ့ပြန်လုပ်ဖိူ့
စီစဥ်ထားပါသေးတယ်။

အမှတ်တစ်ရပုံတွေရိုက်လို့ရအောင်လည်း
ဆာသူးလေကျောင်းက ဆရာဆရာမတွေကလည်း
ပြင်ဆင်ထားပေးပါတယ်။

ဒီနှစ် ကမ္ဘာ့ဆရာများနေ့က
ဆရာဆရာမများကိုယ်တိုင်ပြင်ဆင်
ကိုယ်တိုင်ပျော်ရွှင်စွာ ရယ်မောခြင်းများစွာနဲ့
ပြီးဆုံးခဲ့သည့်အတွက်ကြောင့်

ဆရာဆရာမများအားလုံးကို
အထူးကျေးဇူးတင်ပါတယ်ရှင်

ဒီနှစ် ၂၀၂၆ ကမ္ဘာ့ဆရာများနေ့ရဲ့လှုပ်ရှားမှု့ကလွန်ခဲ့တဲ့နှစ်ကလို ဥာဏ်စမ်း ပြိုင်ပွဲမဟုတ်ဘဲ လှုပ်ရှားမှု့ဂိမ်းအနေနဲ့  ကျင်...
06/10/2026

ဒီနှစ် ၂၀၂၆ ကမ္ဘာ့ဆရာများနေ့ရဲ့လှုပ်ရှားမှု့က
လွန်ခဲ့တဲ့နှစ်ကလို ဥာဏ်စမ်း ပြိုင်ပွဲမဟုတ်ဘဲ
လှုပ်ရှားမှု့ဂိမ်းအနေနဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဆရာဆရာမများကို ဂုဏ်ပြုကျင်းတဲ့အတွက်
ဆရာဆရာမများရဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို
စိတ်ဖိစီးမှု့များ ခနတာပျောက်ကွယ်သွားအောင်
အနည်းဆုံး ဒီရက်လေးမှာ ဆရာဆရာမများ
လွတ်လပ်စွာနဲ့ ပြုံးပျော်ရယ်မောနိုင်ရမယ်လို့
BMWEC ကမျော်လင့်ထားပါတယ်။

ဒီနေ့လှုပ်ရှားမှု့တွေကလည်း ကောင်းမွန်သောအမှတ်တရ ဖြစ်စေမယ်လို့ မျော်လင့်ပါတယ်

၂၀၂၆ ကမ္ဘာ့ဆရာများနေ့ကိုအခမ်းအနားထက် ကျောင်းဆရာဆရာမများကြားစည်းလုံးညီညွှတ်မှု့အပြင် အချင်းချင်း ဝိုင်းဝန်းကူညီဖေးမပြီး ပ...
06/10/2026

၂၀၂၆ ကမ္ဘာ့ဆရာများနေ့ကို
အခမ်းအနားထက်

ကျောင်းဆရာဆရာမများကြား
စည်းလုံးညီညွှတ်မှု့အပြင် အချင်းချင်း
ဝိုင်းဝန်းကူညီဖေးမပြီး ပိုမိုရင်းနှီးမှူရစေရန်
နှီးနှောဖလှယ်ပွဲ အစီအစဥ်ဖြင့်ကျင်းပခဲ့ပါတယ်

အစီအစဥ်တွေမှာ
ကျောင်းဆရာဆရာမများအား
၅ နှစ်ပြည့်နှင့် ၁၀ နှစ်ပြည့် ဂုဏ်ပြုလက်မှတ်များပေးအပ်ခဲ့ပါတယ်။

ကျောင်းဆရာဆရာမများကိုယ်တိုင်
အကများဖြင့် ဖျော်ဖြေပြသခဲ့ပါတယ်။

လှုပ်ရှားမှု့များ၊ အားကစားဂိမ်းများလည်း
အပြုံးအရီများဖြင့်ကစားခဲ့ကြပါတယ်။

မနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ အစီအစဥ်ကို
ပျော်ပျော်ရွှင်ရွှင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါတယ်

ဒီနှစ်မှာ ၂၀၂၆ ကမ္ဘာ့ဆရာများနေ့မှာတော့ အထူးဧည့်သည်တွေမဖိတ်ဘဲBMWEC ဘုတ်အဖွဲ့ဝင်များမှ အားပေးစကားပြောကြားပေးပြီးကျောင်းဆရာ...
06/10/2026

ဒီနှစ်မှာ ၂၀၂၆ ကမ္ဘာ့ဆရာများနေ့မှာတော့
အထူးဧည့်သည်တွေမဖိတ်ဘဲ
BMWEC ဘုတ်အဖွဲ့ဝင်များမှ
အားပေးစကားပြောကြားပေးပြီး
ကျောင်းဆရာဆရာမများအချို့မှလည်း
ရင်တွင်းဖြစ်စကားများလည်း ဖလှယ်ခဲ့ကြပါတယ်

ရာသက်ပန်နာယကဆရာမကြီးနော်ဖောရေကတော့
နော်ဝနိုင်ငံရောက်ရှိနေတဲ့အတွက် အွန်လိုင်းကနေပြီး
အားပေးအမှာစကားပြောကြားခဲ့ပါတယ်

5 Oct 2026World Teacher's Dayကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုပြီးအဖွဲ့ဝင်ရွှေ့ပြောင်းဆရာ၊ဆရာမများအား  BMWEC ကနေပြီး နှစ်တိုင်...
06/10/2026

5 Oct 2026
World Teacher's Day

ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုပြီး
အဖွဲ့ဝင်ရွှေ့ပြောင်းဆရာ၊ဆရာမများအား
BMWEC ကနေပြီး နှစ်တိုင်းဂုဏ်ပြုကျင်းပပေးသလို

ဒီနှစ်လည်း တွေ့ဆုံနှီးနှောဖလှယ်ပွဲအသွင်ဖြင့်
ကမ္ဘာ့ဆရာများနေ့အား ပျော်ပျော်ရွှင်ရွှင် အောင်မြင်စွာ
ဆာသူးလေကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး
ကျောင်းဆရာ၊ဆရာမ ၃၅၀ ဦးတက်ရောက်ခဲ့ပါတယ်။

congratulation to every teachers. Celebrating 25 years of learning
11/06/2026

congratulation to every teachers.
Celebrating 25 years of learning

11/06/2026

💐 มหาวิทยาลัยราชภัฏเชียงใหม่ 💐
ขอแสดงความยินดีกับ

รองศาสตราจารย์ ดร.ชาตรี มณีโกศล
อธิการบดีมหาวิทยาลัยราชภัฏเชียงใหม่

ในโอกาสเข้ารับรางวัลเชิดชูเกียรติ
ด้านการส่งเสริมการศึกษาสำหรับผู้ย้ายถิ่นและเด็กข้ามชาติ “BMWEC 25th Anniversary Silver Jubilee Award”

จากคณะกรรมการการศึกษาแรงงานข้ามชาติพม่า
(Burmese Migrant Workers’ Education Committee: BMWEC)

သြစတေးလျအစိုးရ၏ နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးရာ လက်ထောက်ဝန်ကြီးလည်းဖြစ် အထက်လွတ်တော်အမတ်လည်းဖြစ်တဲ့ Senator Dean Smith ...
28/01/2026

သြစတေးလျအစိုးရ၏
နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးရာ လက်ထောက်ဝန်ကြီးလည်းဖြစ် အထက်လွတ်တော်အမတ်လည်းဖြစ်တဲ့
Senator Dean Smith ရဲ့မလေးရှားနှင့်ထိုင်းခရီးစဥ်အတွင်း ၁၅, ၁၆ ရက် ဇန်နဝါရီလ ၂၀၂၆ ရက်တွင်

မဲဆောက်ရှိ လူမှု့အဖွဲ့အစည်းများအပြင်
BMWEC, HsaThooLei Foundation နှင့်
ရွှေ့ပြောင်းကျောင်း ၂ ကျောင်းဆီ ရောက်ရှိခဲ့ပါသည်။

၁၅ ရက် ဇန်နဝါရီ ၂၀၂၆ တွင်
အထက်လွတ်တော်အမတ် Dean Smith နှင့်အဖွဲ့သည်
BMWEC ၏ Program Director Naw Lah Shee နှင့်
Hsathoolei Foundation ၏ Executive Director
Sayarmagyi Naw Paw Ray တို့နှင့် ညစာအတူသုံးဆောင်ပြီး တွေ့ဆုံဆွေးနွေးအားပေးစကားများ​
ပြောကြားခဲ့ပါသည်။

၁၆ ရက် ရက်နေ့တွင်၊ ၂၆ နှစ်ကျော်ကြာကြာ
ပညာရေးဝေမျှနေသည့် ရွှေ့ပြောင်းကျောင်းဖြစ်တဲ့
HTL School ဆာသူးလေကျောင်းဆီကို ရောက်ရှိပြီး အထက်တန်းကျောင်းသား ကျောင်းသူများနှင့်အတူ
ဆရာ၊ဆရာမများအားလည်း အားပေးစကား ပြောကြားခဲ့ပါသည်။

တစ်ရက်တည်းအတွင်း ရွှေ့ပြောင်းကျောင်းလည်းဖြစ်
မဲဆောက်ရောက် မြန်မာရွှေ့ပြောင်းများအတွက်
တစ်ကျောင်းထဲရှိသော မသန်စွမ်းကျောင်းဖြစ်တဲ့
Star Flower Centre စတားဖလားဝါးကျောင်း၏ ကျောင်းဆောင်သစ်ဖွင့်ပွဲကိုလည်း ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။

ရွှေ့ပြောင်းကလေးများ၏ လူမှု့ရေး အခြေအနေပညာရေး ကျန်းမာရေးတို့အား စိတ်ဝင်တစ်စား လာရောက်လေ့လာကြည့်ရှု့ခဲ့သော သြစတြေးလျ ဝန်ကြီး
အထက်လွတ်တော်အမတ် Dean Smith အား ရွှေ့ပြောင်းကျောင်းများကိုယ်စား BMWEC မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။

07/01/2026

သို့
ဦးမြတ်ထွန်း
(ခ)မြတ်သီဟထွန်း (ခ)ဟန်မိုး
သိသာစေရန်လေးစားစွာပြန်ကြားအပ်ပါသည်၊၊

ဦးစွာ ဦးမြတ်ထွန်း၏ဇနီးနှင့် အခြားဖြစ်စဉ်တစ်ခုကို Page မှလွဲမှားစွာ ဖြေကြားခဲ့သည့် အတွက် အနူးအညွတ်တောင်းပန်အပ်ပါသည်။

ဦးမြတ်ထွန်းအား မှာယွင်းစွာဖြေကြားခဲ့သောအမှု့မှာ
အခြားသူတစ်ယောက်ဖြစ်ပြီး ဦးမြတ်ထွန်း၏ဇနီး ဆရာမ သင်းသင်းခိုင် လုံးဝမဟုတ်ပါကြောင်း တစ်ဖန်ထပ်ပြီး အသိပေးပါရစေ။

မှားယွင်းစွာ ဖြေကြားခဲ့သည့်အကြောင်းလည်း
ဦးမြတ်ထွန်းအား ဇနီးသည်မှ ပြန်လည်ဖြေရှင်းခဲ့ပြီး
ဖြစ်သည်ကိုလည်း သိရှိထားပြီးဖြစ်ပါသည်။ ဇနီးနှင့်အဆက်အသွယ်ရရှိနေသောကြောင့် ဇနီးသည်၏
နေထိုင်သည့်နေရာ အလုပ်လုပ်သည့်နေရာလည်းကိုလည်း သိရှိထားမည်ဖြစ်ပါသည်။

သို့ပေမဲ့ ဦးမြတ်ထွန်းမှ ထပ်မံမေးမြန်းသည့်အတွက်
ဦးမြတ်ထွန်း၏ ဇနီးသည် ယခုလက်ရှိတွင်
Burmese Migrant Teachers' Association (BMTA) အဖွဲ့အစည်းအောက်ရှိ Children Development Centre (CDC MLC) တွင် တာဝန်ထမ်းဆောင်နေကြောင်းစုံစမ်းသိရှိရပါကြောင်းအသိပေးပြန်ကြားအပ်ပါသည်။

မှားယွင်းစွာ ပြောကြားခဲ့သော ဖြစ်စဥ်အမှု့တစ်ခုသည်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ယူလုပ်ဆောင်ပေးခဲ့ကြပါပြီးပါပြီး၊ အရပ်သားအမှု့ကျူးလွန်သူကို ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်ခဲ့သလို နှစ်နာသူကိုလည်း စောင့်ရှောက်မှု့တွေပေးခဲ့ပါတယ်။

ဦးမြတ်ထွန်း၏ဇနီးသည်
တရားဝင် သူမ၏သဘောတရားအတိုင်း မုဒိတာကျောင်းမှ နှုတ်ထွက်ခဲ့သည့်အတွက် ယခုလက်ရှိ BMWEC ၏ ကျောင်းဆရာမ မဟုတ်သလို ဝန်ထမ်းလည်းမဟုတ်သည့်အတွက် BMWEC နှင့်ပတ်သတ်ခြင်းမရှိပါ၊

ဦးမြတ်ထွန်း၏ဇနီးသည်လည်း အဓ္ဓပြုကျင့်ခံရခြင်းမရှိသလို safe house တွေမှာလည်းနေထိုင်ခဲ့ခြင်းမရှိခဲ့ပါ၊

ဇနီးသည်နှင့်လည်း အဆက်အသွယ်ရရှိပြီး မိသားစုအတွင်းပြသနာရှိခြင်းသည် ဦးမြတ်ထွန်း တို့၏ မိသားစုအရေးသာဖြစ်သည့်အတွက်

အခြားမသက်ဆိုင်သည့်ရွှေ့ပြောင်းကလေးငယ်များ၏ ပညာရေးကိုပံ့ပိုးနေကြသော MLC များ၊ အဖွဲ့အစည်းများကို မဟုတ်မမှန် ထိခိုက်နစ်နာအောင်ရေးသားခြင်းမပြုပါရန်

Myanmar Teachers' Federation မှ
CDM ဆရာဦးမြတ်ထွန်းအား
လေးစားစွာမေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

BMWEC
Myat Thiha Tun Myat Tun Kyaw Kyaw

ที่อยู่

Mae Sot

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00

เบอร์โทรศัพท์

+66613494871

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Burmese Migrant Workers' Education Committee โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง Burmese Migrant Workers' Education Committee:

ทางลัด

แชร์