Myanmar Resource Watch

Myanmar Resource Watch "Advancing transparency in Myanmar's extractive industries. ."

နမ့်ခမ်းမြို့က တောင်တန်းတွေ တစ်ခန်းရပ်တော့မှာလား တောင်ကုန်တောင်တန်း၊ စိုက်ပျိုးမြေတွေနဲ့ ဝန်းရံကာ ရွှေလီမြစ်ဝှမ်းလွင်ပြင...
04/09/2026

နမ့်ခမ်းမြို့က တောင်တန်းတွေ တစ်ခန်းရပ်တော့မှာလား

တောင်ကုန်တောင်တန်း၊ စိုက်ပျိုးမြေတွေနဲ့ ဝန်းရံကာ ရွှေလီမြစ်ဝှမ်းလွင်ပြင်ဒေသတစ်ခုဖြစ်တဲ့ နမ့်ခမ်း မြို့ဟာ အခုအချိန်မှာတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးရတော့မယ့်အန္တရာယ်နဲ့ ရင်ဆိုင်လာရပါ တယ်။

ဖြစ်စဉ်ကတော့ နမ့်ခမ်းမြို့၊ တအာင်းကျေးရွာမှာ မြေရှားသတ္တုတူးဖော်ဖို့အတွက် စမ်းသပ်တာတွေ လုပ် ဆောင်လာတာကြောင့် ဒေသခံတွေမှာ မိရိုးဖလာအသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပျောက်ကွယ် သွားမှာနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြပါတယ်။

အသေးစိတ်ဖတ်ရန် 👇👇👇
https://myanmarresourcewatch.org/နမ့်ခမ်းမြို့က-တောင်တန်/






#

ကျားသေကို အသက်သွင်းခြင်း (သို့) တစ်ကျော့ပြန်လည် ဦးမော့လာတဲ့ တစ်သျှူးငှက်ပျော သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ မြေယာသိမ်းဆည်းမှ...
21/08/2026

ကျားသေကို အသက်သွင်းခြင်း (သို့) တစ်ကျော့ပြန်လည် ဦးမော့လာတဲ့ တစ်သျှူးငှက်ပျော

သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ မြေယာသိမ်းဆည်းမှုနဲ့ ရေအရင်းအမြစ်ညစ်ညမ်းမှုတွေကြောင့် ဝေဖန် ခံခဲ့ရပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြန်မာနိုင်ငံရဲ့ တရုတ်တစ်သျှူးငှက်ပျောစီမံကိန်းတွေဟာ ပြန်လည် အသက်ဝင်လာနိုင်တဲ့ အခြေအနေတွေ ပေါ်ပေါက်လို့လာပါတယ်။

မကြာခင်က ထုတ်ပြန်ခဲ့တဲ့ အစိုးရရဲ့ ညွှန်ကြားချက်တွေအရ ကိုဗစ် ၁၉ ကပ်ရောဂါနောက်ပိုင်း ရပ်နား ထားခဲ့တဲ့ တရုတ်လုပ်ငန်းရှင်တွေရဲ့ တစ်သျှူးငှက်ပျောစိုက်ခင်း စီမံကိန်းတချို့ ပြန်လည် လည်ပတ် လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းသုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။

အသေးစိတ်ဖတ်ရန်👇👇👇

Link - https://myanmarresourcewatch.org/ကျားသေကို-အသက်သွင်းခြင်/





"ရွှေမိုင်းကပေးတဲ့ သဘာဝဘေး"ကလောမြို့ရဲ့ အေးမြလတ်ဆတ်တဲ့ ဆောင်းရာသီမနက်ခင်းလေညှင်းက မြို့ပေါ်ကို လွှမ်းခြုံထားနိုင်ပေ မဲ့ ...
03/08/2026

"ရွှေမိုင်းကပေးတဲ့ သဘာဝဘေး"
ကလောမြို့ရဲ့ အေးမြလတ်ဆတ်တဲ့ ဆောင်းရာသီမနက်ခင်းလေညှင်းက မြို့ပေါ်ကို လွှမ်းခြုံထားနိုင်ပေ မဲ့ သတ္တုလုပ်ကွက်တွေရှိတဲ့ တောင်ပေါ်ဒေသမှာတော့ ပူပြင်းခြောက်သွေ့လို့နေပါတယ်။ တကယ်ဆိုရင် တောတောင်ဒေသဟာ ပိုပြီးအေးမြနေရမှာမှန်ပေမဲ့ သတ္တုတူးဖော်ရေးလုပ်ကွက်တွေကြောင့် သဘာဝ မဆန်တဲ့ ဇီဝစနစ်တစ်ခုအဖြစ်ကို ရောက်ရှိလာပါတယ်။

အသေးစိတ်ဖတ်ရန်👇👇👇
https://myanmarresourcewatch.org/ရွှေမိုင်းကပေးတဲ့-သဘာဝဘ/





“ တောင်ကိုဖြို…မြေလွှာကိုဖွင့်....ပြည်ကိုရောင်း"“တောင်ကျရေ သုံးရတာ အဆင်မပြေတော့ဘူး။ ရေဦးရေဖျားမှာ မြေစာတွေကျ။ တောင်ကတုံး...
23/07/2026

“ တောင်ကိုဖြို…မြေလွှာကိုဖွင့်....ပြည်ကိုရောင်း"

“တောင်ကျရေ သုံးရတာ အဆင်မပြေတော့ဘူး။ ရေဦးရေဖျားမှာ မြေစာတွေကျ။ တောင်ကတုံးတွေဖြစ်။ မိုးရွာတော့ ရေစီးနဲ့ သဲတွေ၊ နှုံးတွေပါလာတယ်။ ဆည်မြောင်းတွေအကုန် ပိတ်ကုန်တယ်”

အသေးစိတ် ဖတ်ရန်

https://myanmarresourcewatch.org/%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%96%e1%80%bc%e1%80%ad%e1%80%af%e1%80%99%e1%80%bc%e1%80%b1%e1%80%9c%e1%80%bd%e1%80%be%e1%80%ac%e1%80%80/





သယံဇာတဝန်ကြီးဖြစ်လာတဲ့ စစ်တပ်ရဲ့ စီးပွားရေး ပဲ့ကိုင်ရှင် ယခုနှစ် ဧပြီလ (၁၀) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အ...
28/04/2026

သယံဇာတဝန်ကြီးဖြစ်လာတဲ့ စစ်တပ်ရဲ့ စီးပွားရေး ပဲ့ကိုင်ရှင်

ယခုနှစ် ဧပြီလ (၁၀) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သယံဇာတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ဦးဆန်းဦးကို ခန့်အပ်ခဲ့ပါတယ်။
ဦးဆန်းဦးကို ဝန်ကြီးအဖြစ်ခန့်အပ်ဖို့ အမည်စာရင်းတင်သွင်းခဲ့သူကတော့ စစ်တပ်ရွေးကောက်ပွဲက တစ်ဆင့် ပေါ်ပေါက်လာတဲ့လွှတ်တော်က သမ္မတအဖြစ်ရွေးချယ်ထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပဲ ဖြစ်ပါတယ်။
ဧပြီလ (၇) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုဝန်ကြီးခန့်အပ်ရန် အဆိုပြုသူ (၃၀) ဦးစာရင်းကို တင်ပြခဲ့တဲ့အထဲမှာ ဦးဆန်းဦး နာမည်လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

ပိုမိုဖတ်ရှုရန် 👇👇👇

https://myanmarresourcewatch.org/%e1%80%9e%e1%80%9a%e1%80%b6%e1%80%87%e1%80%ac%e1%80%90%e1%80%9d%e1%80%94%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%9c%e1%80%ac%e1%80%90%e1%80%b2%e1%80%b7/



အရင်က ကြည်လင်တဲ့စမ်းချောင်းတွေ၊ လတ်ဆတ်တဲ့ ပျားလိမ္မော်နံ့တွေနဲ့ သင်းပျံ့နေခဲ့တဲ့ မိုင်းဆတ်မြို့လေးရဲ့ တောင်တန်းတွေမှာ အခ...
23/04/2026

အရင်က ကြည်လင်တဲ့စမ်းချောင်းတွေ၊ လတ်ဆတ်တဲ့ ပျားလိမ္မော်နံ့တွေနဲ့ သင်းပျံ့နေခဲ့တဲ့ မိုင်းဆတ်မြို့လေးရဲ့ တောင်တန်းတွေမှာ အခုတော့ ရာဘာချက်စက်ရုံကထွက်တဲ့ အနံ့ဆိုးတွေနဲ့ ဖုန်မှုန့်တွေပဲ ကြီးစိုးနေပါတော့တယ်။

“ဝ” ဒေသရဲ့ တောင်တက်လမ်းတစ်လျှောက်မှာ ရွှေ၊ ခဲမဖြူနဲ့ မြေရှားသတ္တုတွေကို အဆက်မပြတ် တူးဖော်နေကြတာဟာ ဒေသခံတွေအတွက်တော့ ရေရှည်မှာ ဘေးဒုက္ခတွေပဲ ကြွင်းကျန်ခဲ့စေပါတယ်။

ပိုမိုဖတ်ရှုရန်👇👇👇

https://myanmarresourcewatch.org/မြန်မာ့သယံဇာတများ

ဆူးခင်းလမ်းပေါ်က ရွှေအိမ်စံဘဝတာချီလိတ်ခရိုင်၊ တာလေမြို့နယ်အတွင်းမှာရှိတဲ့ နားအွန်ကျေးရွာမှာတော့ တရုတ်-လားဟူ သွေးနှော ကပြ...
17/12/2025

ဆူးခင်းလမ်းပေါ်က ရွှေအိမ်စံဘဝ
တာချီလိတ်ခရိုင်၊ တာလေမြို့နယ်အတွင်းမှာရှိတဲ့ နားအွန်ကျေးရွာမှာတော့ တရုတ်-လားဟူ သွေးနှော ကပြားကလေးငယ်တွေကို တစ်ယောက်စနှစ်ယောက်စကနေအများအပြားတွေ့မြင်လာရပါတယ်။
အဲဒီကလေးငယ်တွေဟာ ဒေသခံကလေးငယ်တွေနဲ့ ယှဉ်ပြီးကြည့်မယ်ဆိုရင်တော့ပုံပန်းသွင်ပြင်ကွဲပြား နေတာကိုလည်း တွေ့မြင်နိုင်ပါတယ်။ ဒီလို ကပြားကလေးငယ်တွေရောနှောရောက်ရှိလာရတဲ့ ဖြစ်စဉ်က တော့ တခြားတော့မဟုတ်ပါဘူး။လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က တရုတ်လူမျိုးပိုင် သတ္တုတူးဖော်ရေးကုမ္ပဏီတွေဟာနားအွန်ကျေးရွာဆီကို ရောက်ရှိလာပြီး ရွှေနဲ့ မဂ္ဂနီ(စ်)ဒိုင်အောက်ဆိုဒ်တွေကိုစတင်တူးဖော်လုပ်ကိုင်လာရာကနေ ဇာတ်လမ်းကို အစပြုလာခဲ့ပါတယ်။ နားအွန်ကျေးရွာအနီးပတ်ဝန်းကျင်မှာတော့ တရုတ်လူမျိုးလုပ်ငန်းရှင်တွေဟာရွှေတူးဖော်ရေးလုပ်ငန်း ကို လုပ်ကိုင်လာကြတာ ဆယ်စုနှစ်တစ်စုနီးပါးကြာမြင့်လာပြီပဲဖြစ်ပါတယ်။

အပြည့်အစုံကို - Link- https://shorturl.at/uwPWu

"မင်းကင်းမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်က ရွှေတူးဖော်ရေးလုပ်ကွက်များ၏ အခြေအနေ"ထပ်ဆင့်ကန်ထရိုက်ယူရသည့် ရွှေလုပ်ငန်းရှင်...
21/11/2025

"မင်းကင်းမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်က ရွှေတူးဖော်ရေးလုပ်ကွက်များ၏ အခြေအနေ"

ထပ်ဆင့်ကန်ထရိုက်ယူရသည့် ရွှေလုပ်ငန်းရှင်များရဲ့ ဘဝ

မြစ်ကြမ်းပြင်အောက်က မြစ်ကြီးကို စုတ်ယူပြီး မျှောစင်များဖြင့် အဆင့်ဆင့်
ရွှေကျင်ယူရသည့်လုပ် ငန်းဟာ သဘာဝတရားကြီးကိုမှီခိုတာမို့ အမြတ်ကျန်ဖို့ဆိုတာ
မသေချာသည့် အလုပ်ဟု ဦးမောင်အေး( အမည်လွှဲ) ကဆိုသည်။
သို့သော်လည်း ပေးဆောင်ရသည့် ငွေကြေးနှင့် ကုန်ကျရသည့် စရိတ်အကြားက
တွတ်ချေကိုက်အောင် ကံတရားကို ဆူးပုံနင်းပြီး အလုပ်လုပ်ရသည်ဟု ဦးမောင်အေးကဆိုသည်။
ဦးမောင်အေးဟာ မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးက ရွှေမှော်တစ်ခုတွင်
ရွှေကျင်ခြင်းကိုလုပ် ကိုင်နေသူထဲက တစ်ဦးဖြစ်ပါသည်။ တစ်နည်းအားဖြင့် လေလံ
အောင်သူထံကနေ အခကြေးငွေ ပေး ဆောင်ပြီး ရွှေကျင်ခြင်း လုပ်ကိုင်နေသူလည်း ဖြစ်သည်။

အပြည့်အစုံကို - Link- https://shorturl.at/Qd72Y ဖတ်ရှုနိုင်ပါတယ်။

ที่อยู่

16-3, Phaholyothin Road, Rahaeng, Muang District
Mae Sot

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Myanmar Resource Watch โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์