Kachin Women's Association Thailand - KWAT

  • Home
  • Kachin Women's Association Thailand - KWAT

Kachin Women's Association Thailand - KWAT KWAT is a non-profit organization working on behalf of Kachin women

Dear Colleagues,On June 9, 2011, the 17-year ceasefire between the Kachin Independence Army and the Myanmar military was...
05/06/2026

Dear Colleagues,

On June 9, 2011, the 17-year ceasefire between the Kachin Independence Army and the Myanmar military was broken. This event marked the beginning of renewed conflict, leading to immense suffering in the Kachin region. This year, 2026, marks the 15th anniversary of this resumed and ongoing war. To commemorate this significant and difficult anniversary, we are hosting two special events, and we cordially invite you to join us.

Event 1: The June 9 Cup of Hope 2026
Date/Time: Sunday, June 7, 2026, 1:00 PM – 10:00 PM
Location: Dream Star Academy Football Club (https://maps.app.goo.gl/dMHxQpfLiPtZWqQc7)
Activities: Football matches and food fairs focused on fellowship, fun, fundraising, and awareness raising.

Event 2: 15th Anniversary of the Resumed War in the Kachin Region Commemoration
Date/Time: Tuesday, June 9, 2026, 1:00 PM – 6:00 PM
Location: Boothong Poocharoen Auditorium, Payap University
https://maps.app.goo.gl/GjyTj25Tj4uFpa399?g_st=ic

Activities: special prayer service in Kachin Jinghpaw language (2:00 PM – 3:00 PM), panel discussion, art exhibition, food fair, and much more.

For complete details, please refer to the invitation cards.

We sincerely look forward to your presence and support at both events.

Best regards,
The June 9 Working Group,
Chiang Mai, Thailand

ASEAN အနေဖြင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်ပြီး ချဥ်းကပ် ဆောင်ရွက်နေမှု များကို အရေးပေါ် ပြောင်းလဲရန် ...
14/05/2026

ASEAN အနေဖြင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်ပြီး ချဥ်းကပ် ဆောင်ရွက်နေမှု များကို အရေးပေါ် ပြောင်းလဲရန် လိုအပ်နေသည်။ ND-Burma ၏ နောက်ဆုံးထုတ် အစီရင်ခံစာ အကျဥ်းချုပ်တွင် အရေးပေါ် တာဝန်ယူ တာဝန်ခံမှုများ ဆောင်ရွက်ရန်နှင့် အရပ်သားပြည်သူများအား အကာအကွယ်ပေးရန် တောင်းဆိုထားသည်။
English https://shorturl.at/3aOjV
မြန်မာဘာသာဖြင့် https://shorturl.at/pfC7p
#အာဆီယံ See less

Joint Statement of Opposition to efforts to resume the Myitsone Dam Project by 49 CivilSociety Organizations and Kachin ...
05/05/2026

Joint Statement of Opposition to efforts to resume the Myitsone Dam Project by 49 Civil
Society Organizations and Kachin residents
5th May 2026
The attempts to forcibly resume the stalled Myitsone Dam project, which has been
suspended since 2011 under former President Thein Sein's administration, are in direct
opposition to the will of local Kachin people and the citizens of Myanmar.
According to the junta's order 214/2025 (December 16, 2025), individuals or organizations
expressing opposition and rejection of the project without firm evidence will face legal
actions under the existing law. Conducting fake public referendum according to the junta's
order is the antithesis of freedom of speech and expression.
The Myitsone Dam project agreement is made between the Chinese government and a series
of authoritarian ruling groups, forcibly proceeding with implementation in the name of
development while prioritizing their own business interests, without consent from the
people.
The Myitsone Dam project is 139.5 metres inheight and 1,310 metres in width, and the project
uses techniques that could potentially flood the area which is the size of Singapore. According to
the "Independent Expert Review of the Myitsone Dam EIA (2013)", the project would not only
destroy water sources but also the bio-diversity of the area. Additionally, the project has forcibly
displaced 12,000 people. As a consequence, ancestral homes, beliefs and lands that have been
inhabited and cultivated for generations have been forcibly seized, resulting in the total loss of
traditional livelihoods including agriculture and livestock.
Therefore, we issue this opposition statement demanding the total cessation of the Myitsone
Dam project, as it offers no benefits to the public and will only result in the severe destruction
and loss of people's lives, homes, and properties.
1. The Chinese state-owned company (SPIC-YN) must immediately cease its lobbying efforts
to resume the project, which disregard the clear opposition of the Myanmar people to the
construction of the Myitsone Dam project.
2. To immediately stop threatening civilians who oppose the Myitsone Dam project and stop
conducting fake public referendum by using force and intimidation against the public.
3. To permanently cancel the Myitsone Dam project that can adversely impact the well-being of
local Kachin people and the whole of Myanmar.
4. To completely cancel construction of the project, as building the massive Myitsone Dam project
while Myamar is embroiled in nationwide war will only intensify the conflict.
5. We hereby declare that no government shall forcibly implement any project or investment
under the guise of development without genuine consent of local communities in Kachin
State.
For contact information;
Seng Mai, Kachin Human Rights Watch; [email protected]
Cindy Aung, Myanmar Women Environmental Human Rights Defenders Networking Group;
[email protected]

download PDF file --> https://kachinwomen.org/2026/05/05/joint-statement-of-opposition-to-efforts-to-resume-the-myitsone-dam-project-by-49-civilsociety-organizations-and-kachin-residents/

⁨⁨📷⁩ ⁨Reshare Campaign post 7 / ပြန်လည်မျှဝေတဲ့လှုပ်ရှားမှု ပို့စ် ၇လူထုစုဝေးရာနေရာတွေ၊ ပွဲလမ်းသဘင်တွေ၊ ကျေးရွာတွေဆိုတာ ...
11/04/2026


⁨📷⁩ ⁨Reshare Campaign post 7 / ပြန်လည်မျှဝေတဲ့လှုပ်ရှားမှု ပို့စ် ၇

လူထုစုဝေးရာနေရာတွေ၊ ပွဲလမ်းသဘင်တွေ၊ ကျေးရွာတွေဆိုတာ လူတွေ အတူတကွ နေထိုင်၊ ပျော်ရွှင်၊ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေတဲ့ နေရာတွေပါ။ မိသားစုတွေ၊ ကလေးတွေ၊ လူမှုအသိုင်းအဝိုင်းတွေ ဆက်စပ်နေတဲ့ နေရာတွေပါ။

ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ အာဏာလုယူထားတဲ့ စစ်အုပ်စုက ဒီလို လူထုရှိနေတဲ့နေရာတွေကို တိုက်ခိုက်ဖျက်ဆီးပြီး အစုလိုက်အပြုံလိုက် သ_တ်ဖြတ်မှုတွေ ကျူးလွန်နေပါတယ်။ အရပ်သားတွေ ရှိနေတယ်ဆိုတာ သိလျက်၊ လက်နက်မဲ့ ပြည်သူတွေဆိုတာ သိလျက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

ဒီနိုင်ငံမှာ ပြည်သူလုထုဟာ လုံခြုံမှုမရှိတော့ပါဘူး။
လူတွေ အတူတကွ စုဝေးနေခြင်းတောင် အသက်အန္တရာယ် ဖြစ်လာပါတယ်။
ပျော်ရွှင်ရမယ့်နေရာတွေက ဝမ်းနည်းဖွယ် အစုလိုက်အပြုံလိုက် သေဆုံးရတဲ့နေရာတွေ ဖြစ်လာနေပါတယ်။

၂၀၂၃ ဧပြီ ၁၁ ရက်နေ့မှာ စစ်ကိုင်းတိုင်း ကန်ဘလူမြို့နယ် ပဇီကြီးရွာမှာ လေကြောင်းတိုက်ခိုက်မှုကို နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး ကလေးများအပါဝင် အနည်းဆုံး အရပ်သား ၁၆၈ ယောက် သေဆုံးခဲ့ကာ ၁၀၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။။ မနက်ပိုင်း တိုက်ခိုက်မှုအပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေချိန် ညနေ (၅:၃၈) ဝန်းကျင်မှာလည်း ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။

ဒုတိယအများဆုံးဖြစ်စဉ်ကတော့ ၂၀၂၆ မတ် ၂၀ ရက်နေ့မှာ စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ ဖြစ်ပြီး ကျေးရွာနဲ့ ဘုန်းတော်ကြီးကျောင်းကို တိုက်ခိုက်ခဲ့ပါတယ်။ အနည်းဆုံး လူ ၈၀ ယောက် သေဆုံးခဲ့ပြီး ဆွမ်းစားနေတဲ့ ဘုန်းကြီးတွေပါ ပါဝင်ခဲ့ပါတယ်။ အယောက် ၂၀ ကျော်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။

တတိယအများဆုံးဖြစ်စဉ်က ၂၀၂၂ အောက်တိုဘာ ၂၃ ရက်နေ့မှာ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာအနီးမှာ ဖြစ်ပြီး ဂီတပွဲတစ်ခုကို တိုက်ခိုက်ခဲ့ပါတယ်။ အနည်းဆုံး လူ ၆၂ ယောက် သေဆုံးခဲ့ပြီး ၁၀၀ ကျော် ထိခိုက်ခဲ့ကာ ပွဲတက်လာသူတွေကို ရည်ရွယ်တိတိ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်တွေဟာ လူထုကို ရည်ရွယ်ပြီး စနစ်တကျ ဆက်တိုက် ကျူးလွန်နေတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ပါတယ်။

အခုထိ စစ်အုပ်စုဟာ အရပ်သုံး လောင်စာဆီတွေကို အတင်းအဓမ္မ သိမ်းယူပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရတွေအနေနဲ့ ချက်ချင်း အရေးယူရပါမယ်။
မင်းအောင်လှိုင်ရဲ့ အတုအယောင်လွှတ်တော်ကို လုံးဝ အသိအမှတ်မပြုဘဲ ထိရောက်တဲ့ အရေးယူမှုတွေ ချမှတ်ရပါမယ်။
စစ်အုပ်စုကို အားပေးထောက်ပံ့နေတဲ့ အရာအားလုံးကို ချက်ချင်း ဖြတ်တောက်ရပါမယ်။

⁨📷⁩ ⁨Reshare Campaign post 7
Places where people gather—festivals, villages, and community spaces—are where people live together, find joy, and sustain their livelihoods. They are where families, children, and communities are connected.

But in Myanmar, the military junta that seized power by force is destroying these places and committing mass killings. Knowing that civilians are present, knowing that they are unarmed, they carry out aerial bombings.

In this country, civilians are no longer safe.
Even gathering together has become life-threatening.
Places meant for joy are turning into sites of mass death and tragedy.

On 11 April 2023, the military junta carried out two airstrikes in Pa Zi Gyi village, Kanbalu Township, Sagaing Region. At least 168 civilians, including children, were killed, and 102 others were injured. Following the initial morning attack, the military launched another airstrike around 5:38 pm while rescue operations were ongoing at the same location.

The second deadliest incident took place on 20 March 2026, when the military junta carried out an airstrike in Katha Township, Sagaing Region, targeting a village and a monastery. At least 80 people were killed, including monks who were having their meal, and more than 20 others were injured.

The third deadliest incident occurred on October 23, 2022, near Anantpa village in Hpakant Township, Kachin State, where a music event was targeted. At least 62 people were killed in a deliberate attack on attendees and more than 100 people were injured.

These incidents are systematic, targeted mass killings against civilians.

Even now, the military junta continues these aerial attacks by forcibly seizing civilian fuel supplies.

Therefore, ASEAN and the international community must take immediate action.
They must not recognize Min Aung Hlaing’s sham parliament under any circumstances and must impose effective measures.
All forms of support enabling the junta, including finances, weapons, fuel, and technology, must be cut off immediately.





တရုတ်သတို့သမီးဈေးကွက်ထဲ မြန်မာ အမျိုးသမီးငယ်တွေ ရောက်နေ
04/04/2026

တရုတ်သတို့သမီးဈေးကွက်ထဲ မြန်မာ အမျိုးသမီးငယ်တွေ ရောက်နေ

တရုတ်သတို့သမီးဈေးကွက်ထဲ မြန်မာအမျိုးသမီးငယ်တွေ ရောက်နေ

ဧရာဝတီ၊ ဧပြီ ၄၊ ၂၀၂၆

တရုတ်နိုင်ငံကို သတို့သမီးတွေအဖြစ် ရောင်းစားခံနေရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအကြောင်း စိတ်မချမ်းမြေ့စရာ သတင်းတွေကို စစ်အုပ်စုရဲ့ သတင်းစာ တွေက ပြီးခဲ့တဲ့ သီတင်းပတ် နှစ်ပတ်အတွင်း ဆက်တိုက် ဖော်ပြခဲ့ပါတယ်။ မန္တလေး၊ ပြင်ဦးလွင်ကနေ ရန်ကုန်နဲ့ ကျိုင်းတုံအထိ ဖော်ထုတ်ဖမ်းဆီးမှုတွေအတွင်း လူကုန်ကူးခံရတဲ့ ဆယ်ကျော်သက် မိန်းကလေးငယ် အများအပြားကို တွေ့ရပါတယ်။

တရုတ်နိုင်ငံရဲ့ "ကလေးတဦးမူဝါဒ" ကို ဆယ်စုနှစ်ပေါင်းများစွာ ကျင့်သုံးခဲ့တာနဲ့ သားယောက်ျားလေးကိုပဲ အလေးထားတဲ့ ယဉ်ကျေးမှုကြောင့် နယ်စပ်ပြည်နယ်တွေက တရုတ်အမျိုးသားဦးရေဟာ ဒေသခံအမျိုးသမီးတွေထက် အများကြီး ပိုများနေပါတယ်။ ဒါကြောင့် ဇနီးမယား ရှာရခက်နေတဲ့ အထီးကျန်အမျိုးသားတွေကြားမှာ ဝယ်လိုအားတွေ မြင့်တက်နေတာပါ။ ကိုယ့်နိုင်ငံထဲမှာ သတို့သမီး ရှာမရတော့တာကြောင့် ပြည်ပကို မျက်စိကျလာကြပြီး နယ်စပ်ဖြတ်ကျော် လူကုန်ကူးဂိုဏ်းတွေက မြောက်ကိုရီးယားကနေ ဗီယက်နမ်အထိ အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ စီးပွားရေး အကျပ်အတည်းတွေကို အခွင့်ကောင်းယူနေကြတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်က မြန်မာနိုင်ငံက လူကုန်ကူးခံရသူ အများစုဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ပဋိပက္ခဒေသတွေက ဖြစ်ပြီး စားသောက်ဆိုင် ဒါမှမဟုတ် စက်ရုံအလုပ်တွေ ရမယ်ဆိုတဲ့ မက်လုံးတွေနဲ့ လှည့်ဖြားခံခဲ့ကြရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စီးပွားရေးတွေ အကြီးအကျယ် ကျဆင်းလာတာ၊ လူပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာနဲ့ တရားဥပဒေစိုးမိုးရေး ပျက်စီးသွားတာတွေကြောင့် လူကုန်ကူးမှု ကွန်ရက်ဟာ ပိုပြီး ကျယ်ပြန့်လာခဲ့ပါတယ်။ ဒါ့အပြင် လူမှုကွန်ရက်စာမျက်နှာတွေကြောင့်လည်း လူကုန်ကူးသူတွေအတွက် ကြော်ငြာရတာ ပိုလွယ်သွားစေခဲ့ပါတယ်။

လူကုန်ကူးသူတွေဟာ များသောအားဖြင့် တရုတ်အမျိုးသားတွေနဲ့ သူတို့ရဲ့ မြန်မာဇနီးသည်တွေ ဖြစ်ကြတယ်လို့ စစ်အုပ်စုမီဒီယာတွေရဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဖြစ်စဉ်တခုမှာ ရန်ကုန်မြို့က ဆယ်ကျော်သက်မိန်းကလေးတယောက်ဟာ Telegram ကနေတဆင့် "တရုတ်ဇနီးမယား" လုပ်ဖို့အတွက် ကျပ်သိန်း ၁၀ (အမေရိကန်ဒေါ်လာ ၂၅၀ ခန့်) နဲ့ ကမ်းလှမ်းခံခဲ့ရပါတယ်။ နောက်ထပ် ဖြစ်စဉ်တခုမှာတော့ တလကို လစာ ကျပ် ၁၅၀,၀၀၀ တောင် မပြည့်တဲ့ ရန်ကုန်က အထည်ချုပ်အလုပ်သမား နှစ်ယောက်ဟာ အရင်လစာထက် ငါးဆပိုရမယ်ဆိုတဲ့ မက်လုံးနဲ့ လှည့်ဖြားခံခဲ့ရပါတယ်။

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်မှာ မြန်မာနဲ့ တရုတ် ပွဲစားတွေ ဦးဆောင်နေတဲ့ ဂိုဏ်းတခုကိုလည်း ဖော်ထုတ်နိုင်ခဲ့ပြီး သူတို့ဟာ အမျိုးသမီး အနည်းဆုံး လေးယောက်ကို တယောက်ကို တရုတ်ယွမ်ငွေ ၄၀,၀၀၀ အထိနဲ့ ရောင်းစားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ တခြားဖြစ်စဉ်တခုမှာတော့ မန္တလေးမြို့က အမျိုးသမီးတယောက်ဟာ တရုတ်အမျိုးသားတယောက်နဲ့ လက်ထပ်ရင် ယွမ် ၁၅,၀၀၀ ရမယ်လို့ သဘောတူပြီးနောက် (ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားတဲ့) မိုင်းပေါက်ဒေသကနေတဆင့် နယ်စပ်ကို ခေါ်ဆောင်ခံခဲ့ရပါတယ်။ သူဟာ အဲဒီငွေကို လုံးဝမရခဲ့တဲ့အပြင် လိင်ဆက်ဆံဖို့ ငြင်းဆန်တဲ့အခါ ပိတ်လှောင်ပြီး ရိုက်နှက်တာ ခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ထွက်ပြေးလွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

လူကုန်ကူးသူတွေကို ထောင်ဒဏ် ၁၀ နှစ်ကနေ ၁၅ နှစ်အထိ ချမှတ်ထားတယ်လို့ စစ်ကောင်စီဘက်က ပြောပေမဲ့ သံသယရှိသူ အများအပြားကတော့ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး (KWAT) ရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာမှာ ဒီအကျပ်အတည်းရဲ့ အတိုင်းအတာကို မီးမောင်းထိုးပြထားပါတယ်။ အသက် ၁၃ နှစ်အရွယ်အထိ ငယ်ရွယ်သူတွေကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အမျိုးသမီး အများအပြားဟာ "ကုန်စည်" တွေလိုမျိုး ထပ်ခါတလဲလဲ ပြန်ရောင်းစားခံနေရကြောင်း၊ တခါတရံ ပထမခင်ပွန်းနဲ့ ကလေးရပြီးမှတောင် ပြန်ရောင်းစားခံရတာတွေ ရှိကြောင်း ဖော်ပြထားပါတယ်။

ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးဟာ သူတို့နိုင်ငံသားတွေကို နယ်စပ်ဖြတ်ကျော် အောင်သွယ်ပေးတာတွေ မလုပ်ဖို့ သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ဒီလုပ်ငန်းမှာ ပါဝင်ပတ်သက်တဲ့ တရုတ်နိုင်ငံသားတွေကို အရေးယူတာတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ပြောခဲ့ပါတယ်။ ရာထူးက ဖြုတ်ချခံရတဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် စက်တင်ဘာလအတွင်းမှာ ပြောခဲ့တာကတော့ ငွေကြေးကျပ်တည်းမှုဟာ အဓိက အကြောင်းရင်းဖြစ်ပြီး ငွေပေးပြီး မှာယူရတဲ့ သတို့သမီးအမှုတွေ သိသိသာသာ များလာနေတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

Website တွင် ဖတ်ရန် https://bit.ly/47JR5vj

---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

မြစ်စုံရေကာတာ စီမံကိန်း၊ ပြန်လည်ဆောက်လုပ်ရန် လုပ်ဆောင်လာခြင်း အပေါ် ကချင်ပြည်နယ် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ...
01/04/2026

မြစ်စုံရေကာတာ စီမံကိန်း၊ ပြန်လည်ဆောက်လုပ်ရန် လုပ်ဆောင်လာခြင်း အပေါ် ကချင်ပြည်နယ် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ကွန်ရက်မှ သဘောထား ထုတ်ပြန်ချက်။

Download PDF in https://kachinwomen.org/2026/04/01/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%85%e1%80%af%e1%80%b6%e1%80%9b%e1%80%b1%e1%80%80%e1%80%ac%e1%80%90%e1%80%ac-%e1%80%85%e1%80%ae%e1%80%99%e1%80%b6%e1%80%80%e1%80%ad%e1%80%94%e1%80%ba%e1%80%b8/

"Give To Gain"International Women's DayChiang Mai
08/03/2026

"Give To Gain"
International Women's Day
Chiang Mai

https://www.facebook.com/share/p/18G8cC3F2J/
05/03/2026

https://www.facebook.com/share/p/18G8cC3F2J/

IMEI နဲ့ ဖုန်းအခွန်ကိစ္စတွေအကြောင်း အခြေခံ သိထားသင့်သမျှ မေးခွန်းနှင့် အဖြေများ

Q: "IMEI" ဆိုတာ တကယ်တော့ ဘာကြီးလဲ? 🤔📱

A: လွယ်လွယ်ပြောရရင် IMEI (International Mobile Equipment Identity) ဆိုတာ သင့်ဖုန်းရဲ့ "မှတ်ပုံတင်ကတ်ပြား" ပုံစံပါပဲ။

ဖုန်းစက်ရုံကနေ ထွက်လာကတည်းက ဖုန်းတစ်လုံးချင်းစီအတွက် မတူညီတဲ့ ဂဏန်း (၁၅) လုံးနဲ့ သတ်မှတ်ပေးလိုက်တဲ့ သီးသန့် ID ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ သင့်ဖုန်းရဲ့ IMEI နံပါတ်နဲ့ တူတဲ့ဖုန်း နောက်ထပ် လုံးဝမရှိပါဘူး။

Dual SIM (ဆင်းမ်ကတ် ၂ ကတ်စိုက်လို့ရတဲ့) ဖုန်းတွေမှာတော့ "မှတ်ပုံတင် ၂ ခု" ရှိတဲ့သဘောမို့ IMEI ဂဏန်းအရှည်ကြီး (၂) စုံ ပါဝင်ပါတယ်။

Q: ဖုန်းအခွန်ဆောင်ရမယ်ဆိုတာ ဘာလဲ? အချိန်ဘယ်လောက်ရသေးလဲ?
A: လက်ရှိသုံးနေတဲ့ဖုန်းတွေအတွက် မတ်လ ၃၁ ရက်နေ့အထိ IMEI မှတ်ပုံတင်ဖို့ အချိန်ပေးထားပါတယ်။ အဲ့ဒီမတိုင်ခင် လက်ရှိ ဆင်းမ်ကတ်ထည့်သုံးနေတဲ့ ဖုန်းတွေက အခွန်ဆောင်စရာမလိုဘဲ Whitelist ထဲ အလိုလိုရောက်သွားမှာပါ။

Q: ကိုယ့်ဖုန်းမှာ ဆင်းမ်ကတ် ၂ ကတ်စိုက်လို့ရတယ်။ ဘယ်လိုလုပ်ရမလဲ?
A: ဖုန်းတစ်လုံးမှာ ဆင်းမ်ကတ် ၂ နေရာပါရင် IMEI လည်း ၂ ခု ပါပါတယ်။ ceir.gov.mm မှာ ၂ ခုလုံးကို စစ်ကြည့်ပါ။ တစ်ခုက Paid ဖြစ်ပြီး နောက်တစ်ခုက Unpaid ဖြစ်နေရင်၊ Unpaid ဖြစ်နေတဲ့ နေရာအတွက် ဆင်းမ်ကတ်အသစ်တစ်ခု ဝယ်ထည့်လိုက်ပါ။ မတ်လ ၃၁ ရက်မတိုင်ခင် ဆင်းမ်ကတ်ထည့်လိုက်ရင် Paid (အခွန်လွတ်) ဖြစ်သွားပါမယ်။

Q: မတ်လ ၃၁ ကျော်သွားရင်ကော ဘာဖြစ်မလဲ?
A: သတ်မှတ်ရက်ကျော်သွားလို့ Unpaid ဖြစ်နေရင် ဖုန်းတန်ဖိုးရဲ့ ရာခိုင်နှုန်းတစ်ခုနဲ့ အခွန်ဆောင်ရပါမယ်။ မဆောင်ရင် အော်ပရေတာ (MPT, ATOM, Ooredoo, Mytel) တွေက သင့်ဖုန်းကို Mobile Network ပိတ်ချလိုက်ပါမယ်။ ဖုန်းခေါ်လို့၊ Data ဖွင့်လို့ မရတော့ပါဘူး။ ဒါပေမဲ့ WiFi နဲ့တော့ ဆက်သုံးလို့ ရပါသေးတယ်။

Q: ကိုယ့်ရဲ့ IMEI ကို တခြားသူသိသွားရင် ဖုန်းထဲက ဓာတ်ပုံတွေ၊ စာတွေ အခိုးခံရနိုင်လား?
A: မရနိုင်ပါဘူး။ IMEI ဆိုတာ ဖုန်းရဲ့ မှတ်ပုံတင်နံပါတ် သက်သက်သာဖြစ်လို့ သင့်ဖုန်းထဲက ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဝင်ကြည့်လို့ မရပါဘူး။

Q: ဒါဆို IMEI ပေးရတာ လုံခြုံမှုရှိလား?
A: သာမန်လူတွေက သင့်အချက်အလက်ကို မယူနိုင်ပေမဲ့၊ အော်ပရေတာတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကတော့ သင့်ရဲ့ SIM Card နဲ့ IMEI ကို တွဲဖက်ပြီး သင်ဘယ်နေရာမှာ ရှိနေတယ် (Location) နဲ့ ဘယ် တာဝါတိုင်ကို ချိတ်ဆက်ထားတယ် ဆိုတာကို ခြေရာခံ ထောက်လှမ်းလို့ ရသွားနိုင်ပါတယ်။

Q: ဖုန်းအသစ်ဝယ်ရင် ဘာသတိထားရမလဲ?
A: ဖုန်းအသစ် ဒါမှမဟုတ် တစ်ပတ်ရစ်ဖုန်း ဝယ်တော့မယ်ဆိုရင် ပိုက်ဆံမချေခင် ceir.gov.mm မှာ အရင်စစ်ပါ။ Unpaid ဖြစ်နေရင် သင်က အခွန်ထပ်ဆောင်ရမယ့် သဘောဖြစ်နေလို့ သတိထားဝယ်ယူပါ။ နိုင်ငံခြားက ပါလာတဲ့ဖုန်းဆိုရင်တော့ ဆင်းမ်ကတ်ထည့်ပြီး ရက်ပေါင်း ၃၀ အတွင်း အခွန်ဆောင်ရပါမယ်။

⚠️ အထူးသတိပြုရန် - ကိုယ့်ဖုန်းရဲ့ IMEI တွေကို Comment မှာရေးတာ၊ Screenshot ရိုက်ပြီး Public တင်တာမျိုး လုံးဝ (လုံးဝ) မလုပ်ပါနဲ့။ တခြားသူက သင့် IMEI ကိုခိုးပြီး Clone လုပ်သွားနိုင်ပါတယ်။
သူငယ်ချင်းတွေ ဖုန်းလိုင်းမပိတ်ခံရအောင် ဒီ Post လေးကို Share ပေးသွားပါဦးနော်!

Address

Mae Choe Rd

50210

Alerts

Be the first to know and let us send you an email when Kachin Women's Association Thailand - KWAT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Kachin Women's Association Thailand - KWAT:

  • Want your organization to be the top-listed Non Profit Organization?

Share