ချင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်း

ချင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်း ZFU/PDF Zoland

✨🥀ကျွန်တော်တို့ရဲ့ ကြယ်လေးတွေဟာ အင်အားမမျှတဲ့ အခြေအနေအောက်မှာတောင် ကိုယ့်ယုံကြည်ချက်၊ ကိုယ့်ပြည်သူနဲ့ ကိုယ့်နိုင်ငံအတွက်...
27/08/2026

✨🥀ကျွန်တော်တို့ရဲ့ ကြယ်လေးတွေဟာ အင်အားမမျှတဲ့ အခြေအနေအောက်မှာတောင် ကိုယ့်ယုံကြည်ချက်၊ ကိုယ့်ပြည်သူနဲ့ ကိုယ့်နိုင်ငံအတွက် အသက်ပေးပြီး ရပ်တည်နေကြတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် လူငယ်အသက်တွေ တစ်ပွင့်ပြီးတစ်ပွင့် ကြွေလွင့်နေကြရတယ်။🥀။

✨🥀ဒါကြောင့် အဝေးကနေ ဘာမှမဖြစ်သလို နေထိုင်နေကြသူတွေလည်း ဒီအခြေအနေကို မျက်ကွယ်မပြုသင့်တော့ဘူး။

✨🥀ကိုယ့်အိမ်၊ ကိုယ့်မိသားစု၊ ကိုယ့်ဘဝအတွက်ပဲ စဉ်းစားနေလို့မရတော့တဲ့ အချိန်ရောက်နေပြီ။ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အမှန်တရားကို သိရှိနားလည်ပြီး ကိုယ်တတ်နိုင်တဲ့ နေရာကနေ ကိုယ်တတ်နိုင်သလောက် ပါဝင်ပေးဖို့ လိုနေပြီ။

✨🥀တော်လှန်ရေးဆိုတာ လူတိုင်းက လက်နက်ကိုင်ပြီး ရှေ့တန်းထွက်ရမယ်လို့ မဆိုလိုပါဘူး။ ကိုယ်တတ်နိုင်တဲ့ နည်းလမ်းနဲ့ ပြည်သူ့ဘက်က ရပ်တည်ပေးခြင်း၊ အမှန်တရားကို မျှဝေပေးခြင်း၊ အချင်းချင်း ကူညီပေးခြင်းနဲ့ ငြိမ်းချမ်းပြီး လွတ်လပ်တဲ့ အနာဂတ်အတွက် ပါဝင်ပေးခြင်းလည်း အရေးကြီးပါတယ်။

✨🥀ကြွေလွင့်သွားတဲ့ ကြယ်လေးတွေကို အားနာလို့မဟုတ်ဘဲ၊ သူတို့အိပ်မက်ခဲ့တဲ့ အနာဂတ်အတွက် ကျွန်တော်တို့အားလုံး အသိတရားနဲ့ နိုးထကြဖို့ အချိန်ရောက်နေပြီ။

✨🥀ဖြစ်ပျက်သမျှအရာအားလုံးကို ပြည်သူတွေအပေါ်ပဲ အပြစ်ပုံချနေတာဟာ အမှန်တရားကို ဖုံးကွယ်ပြီး ပြည်သူတွေကို လှည့်စားဖို့ ကြိုးစားနေတာသာ ဖြစ်တယ်။

✨🥀မြန်မာပြည်သူတွေအတွက် “ရှင်သန်နေတယ်” ဆိုတာ အသက်ရှူနေရုံနဲ့ မပြီးပါဘူး။ လွတ်လပ်ခွင့်မရှိ၊ လုံခြုံမှုမရှိ၊ မိသားစုတွေနဲ့ အေးချမ်းစွာ နေထိုင်ခွင့်မရှိတဲ့ဘဝဟာ ရှင်နေရင်းနဲ့ ဘဝသေနေကြရသလိုပါပဲ။

✨🥀ဒီလိုအခြေအနေတွေကနေ တိုင်းပြည်ကို လွတ်မြောက်စေဖို့ PDF လူငယ်တွေဟာ သူတို့ရဲ့ ငယ်ရွယ်တဲ့ဘဝတွေကို စွန့်လွှတ်ပြီး ရှေ့တန်းမှာ တိုက်ပွဲဝင်နေကြတယ်။ သူတို့ဘာကြောင့် ကိုယ့်အသက်ကို စွန့်လွှတ်ခဲ့ကြရလဲဆိုတာ နားလည်ကြည့်ပါ။

✨🥀သူတို့အတွက် ကိုယ့်ဘဝကို အဓိပ္ပါယ်မဲ့စွာ ဖြတ်သန်းသွားတာထက် ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်ပြည်သူတွေအတွက် တစ်စုံတစ်ရာ လုပ်ဆောင်ရင်း အသက်ပေးသွားခြင်းက ပိုတန်ဖိုးရှိတယ်လို့ ယုံကြည်ခဲ့ကြတာပါ။

✨🥀တိုက်ပွဲတွေထဲမှာ ကျဆုံးသွားခဲ့တဲ့ ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေ၊ အာဇာနည်တွေ၊ ကြယ်ပွင့်လေးတွေအတွက် ဝမ်းနည်းကြေကွဲရပါတယ်။ သူတို့ကို မေ့ပစ်လို့မရပါဘူး။ သူတို့ရဲ့ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေနဲ့ ပေးဆပ်ခဲ့ရတဲ့ဘဝတွေကို ကျန်ရစ်သူတွေက ဆက်ပြီး သတိရနေမှာပါ။

🥀သူတို့က သူတို့ယုံကြည်တဲ့ လွတ်မြောက်ရေးလမ်းပေါ်မှာ အဓိပ္ပါယ်ရှိရှိ လျှောက်လှမ်းပြီး ထွက်ခွာသွားကြပြီ။
ကျန်ရစ်ခဲ့တဲ့ ကျွန်တော်တို့ကတော့ ဒီမင်းဆိုးစနစ်အောက်မှာ ရှင်နေရင်းနဲ့ ဘဝတွေ ဆက်ပြီးသေနေကြရတယ်။🥀

🦾ဒါကြောင့် ကျွန်တော်တို့ လိုချင်တာက အာဏာမဟုတ်ဘူး။ကျွန်တော်တို့လိုချင်တာ စစ်မှန်သော ဒီမိုကရေစီပါ ။ 🦾

လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ တရားမျှတမှုနဲ့ ကိုယ့်ဘဝကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတဲ့ အနာဂတ်တစ်ခုပါ။

Becoming Soldiers.၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ကို တော်လှန်တိုက်ခိုက်ပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်...
22/05/2026

Becoming Soldiers.

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ကို တော်လှန်တိုက်ခိုက်ပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရန် ဖွဲ့စည်းခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF Zoland ၏ အကြောင်းကို ရိုက်ကူးထားသော မှတ်တမ်းရှည်ရုပ်ရှင်။

ရုပ်ရှင်အကြောင်း
ဤမှတ်တမ်းရုပ်ရှင်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံကို ချုပ်ကိုင်ထားသော ရက်စက်ကြမ်းကြုတ်သည့် စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေသည့် မြန်မာနိုင်ငံ၊ ချင်းတောင်တန်းရှိ ခေတ်သစ်တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သော ဇိုလန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Zoland) ၏ အကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါသည်။

ဤမှတ်တမ်းရုပ်ရှင်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံကို ချုပ်ကိုင်ထားသော ရက်စက်ကြမ်းကြုတ်သည့် စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေသည့် မြန်မာနိုင်ငံ၊ ချင်းတောင်တန်းရှိ ခေတ်သစ်တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သော ဇိုလန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Zoland) ၏ အကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါသည်။

ဤ Kickstarter ရန်ပုံငွေရှာဖွေရေး လှုပ်ရှားမှုကို မြေပြင်အကြောင်းပိုမိုပီပြင်ရန်စေရန်နှင့် ဘေးကင်းလုံခြုံမှုရှိစေရန် ချင်းပြည်နယ်ရှိ ရိုက်ကူးရေးအဖွဲ့ဝင်များ ထပ်မံခေါ်ယူခြင်းအပါအဝင် နောက်တစ်ဆင့်ပြုလုပ်မည့် ထုတ်လုပ်ရေးကို အထာက်အကူပြုရန်ရည်ရွယ်သည်။

ဒါရိုက်တာ အိုင်ဗန် (Ivan) သည် ချင်းပြည်နယ်သို့ နှစ်ကြိမ်တိုင်တိုင် သွားရောက်ခဲ့ပြီး ဖြစ်ကာ PDF Zoland ၏ အစောပိုင်း ရုန်းကန်လှုပ်ရှားမှုများကို မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ယခုအခါ တော်လှန်ရေး၏ အရေးပါသော အခိုက်အတန့်ဖြစ်သည့် မိမိတို့၏ နေရပ်ဖြစ်သော တီးတိန်မြို့ ကို ပြန်လည်သိမ်းပိုက်ရန် ပြင်ဆင်နေသည့် PDF Zoland တပ်ဖွဲ့၏ မှတ်တမ်းများကို ဆက်လက်ရိုက်ကူးရန်အတွက် ရန်ပုံငွေ ရှာဖွေနေခြင်း ဖြစ်ပါသည်။

နောက်ခံသမိုင်း
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ အရပ်သားများ ဦးဆောင်သော လက်နက်ကိုင်တပ်ဖွဲ့ ရာပေါင်းများစွာသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးတွင် ပါဝင်ဆင်နွှဲလျက်ရှိသည်။ သာမန်အရပ်သားများ ဖြစ်ကြသည့် ကျောင်းသားများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများသည် ပိုမိုလွတ်လပ်သော အနာဂတ်မျှော်လင့်ချက်အတွက် မိမိတို့ ပိုင်ဆိုင်သမျှ အရာအားလုံးကို စွန့်လွှတ်ခဲ့ကြသည်။

တော်လှန်ရေးတွင် ပါဝင်သူအများအပြားသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြပြီးနောက် တောတွင်းသို့ ထွက်ခွာခဲ့ကြကာ၊ ပြင်းပြသော စိတ်ဓာတ်နှင့် ကိုယ်တိုင်လုပ် လက်နက်များမှလွဲ၍ အခြားဘာမျှ မရှိသော်လည်း စစ်ရေးနည်းစနစ်များကို လေ့ကျင့်သင်ကြားခဲ့သည်။

PDF Zoland သည် ထိုသို့သော တော်လှန်ရေးအဖွဲ့အစည်းများအနက် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ၎င်းတို့သည် နိုင်ငံတကာမီဒီယာများ၏ အာရုံစိုက်မှုနှင့် ကင်းဝေးလျက်ရှိသော၊ လေပြင်းတိုက်ခတ်ရာ တောင်ကြောတစ်ခုပေါ်၌ ကိုယ်တိုင်လုပ်လက်နက်များဖြင့် လက်နက်အင်အားသာလွန်ပြီး တိုက်ပွဲအတွေ့အကြုံရင့်ကျက်သည့် စစ်တပ်ကို စတင်အံတုရင်ဆိုင်ခဲ့ကြသည်။

တစ်ချိန်က စားဖိုမှူးတစ်ဦးဖြစ်ခဲ့သူ Gideon သည် သူငယ်ချင်းငါးဦးနှင့်အတူ PDF Zoland ကို စတင်တည်ထောင်ခဲ့ပါသည်။ ယနေ့အချိန်တွင် ၎င်းသည် ချင်းပြည်နယ်၏ ကြမ်းတမ်းခက်ခဲသော တောတောင်များအတွင်း အခြေစိုက်စခန်းများ၌ တပ်မဟာငါးခုကို ကွပ်ကဲနေပြီး မဟာဗျူဟာကျသော အာဏာသိမ်းစစ်တပ်၏ အခြေစိုက်စခန်းအများအပြားကိုလည်း သိမ်းပိုက်ရရှိထားပြီး ဖြစ်ပါသည်။

ကျောင်းဆရာဟောင်း Zike သည် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများအား စည်းရုံးလှုံ့ဆော်ခဲ့ခြင်းကြောင့် ပစ်မှတ်ထားခြင်း ခံခဲ့ရသူ ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံသို့ ဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော်လည်း၊ PDF Zoland အဖွဲ့သည် စစ်တပ်ကို တန်ပြန်တိုက်ခိုက်နိုင်လောက်သည့် အင်အားအထိ တိုးတက်လာချိန်တွင် မိမိနေရပ်ကို ကာကွယ်ရန် ပြတ်သားသော သန္နိဋ္ဌာန်ဖြင့် PDF Zoland သို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။

ဤရုပ်ရှင်သည် ဆယ်စုနှစ်များစွာ ကြာရှည်နေပြီဖြစ်သော မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်နှင့် လူမျိုးစုပဋိပက္ခ သံသရာအတွင်း ပိတ်မိနေသည့် သာမန်ပြည်သူများ၏ လူသားဆန်သော ဖြစ်ရပ်မှန်ဇာတ်လမ်း တစ်ခုဖြစ်ပါသည်။ ယခုတစ်ကြိမ်တွင် အပြောင်းအလဲဖြစ်လာလိမ့်မည်ဟု စစ်မှန်သော မျှော်လင့်ချက်ကို သယ်ဆောင်ထားကြသည့် တော်လှန်သူများအကြောင်းကို ထင်ဟပ်ပြထားသည်။

ဤရုပ်ရှင်ကို အဘယ်ကြောင့် မဖြစ်မနေ ရိုက်ကူးသင့်သနည်း
ယူကရိန်း၊ ဂါဇာနှင့် ဆူဒန်နိုင်ငံတို့ရှိ ပဋိပက္ခများသည် ကမ္ဘာ့အာရုံစိုက်မှုကို လွှမ်းမိုးထားချိန်တွင် မြန်မာ့တော်လှန်ရေးသည် မျက်ကွယ်ပြုခြင်း ခံနေရပါသည်။ သို့သော်လည်း မြန်မာ့တော်လှန်ရေးမှ လူငယ်တိုက်ပွဲဝင်များသည် ကမ္ဘာတစ်ဝှမ်းရှိ Gen Z များ ဦးဆောင်သော တော်လှန်ရေးလှိုင်းတံပိုးများကဲ့သို့ပင် တူညီသော စိတ်ဓာတ်များဖြင့် ကြံ့ကြံ့ခံနေကြခြင်း ဖြစ်ပါသည်။ ၎င်းတို့၏ ဇာတ်လမ်းသည် ကမ္ဘာက သိမြင်ရန် ထိုက်တန်ပါသည်။

ဤမှတ်တမ်းရုပ်ရှင်သည် အရေးကြီးသော အချိုးအကွေ့တစ်ခုသို့ ရောက်ရှိနေသည့် ခေတ်သစ်အရပ်သား ဦးဆောင်သော တော်လှန်ရေးတစ်ခုကို ရှားရှားပါးပါး ကိုယ်တိုင်ကိုယ်ကျ လက်လှမ်းမီ မှတ်တမ်းတင်နိုင်မည့် အခွင့်အရေး ကို ပေးစွမ်းမည် ဖြစ်ပါသည်။ PDF Zoland သည် ထိုဒေသရှိ စစ်တပ်၏ နောက်ဆုံးသော အမာခံစခန်းကြီးများထဲမှ တစ်ခုဖြစ်သည့် တီးတိန်မြို့ကို ပြန်လည်သိမ်းပိုက်ရန် အဆုံးအဖြတ်ပေးမည့် ထိုးစစ်တစ်ခုအတွက် ပြင်ဆင်နေပါသည်။ ၎င်းမြို့ကို သိမ်းပိုက်နိုင်ခြင်းက ၎င်းတို့၏ နေရပ်ဒေသကို ပထမဆုံးအကြိမ်အဖြစ် မိမိတို့ကိုယ်တိုင် ထိန်းချုပ်ခွင့် ရရှိစေမည် ဖြစ်ပါသည်။

ဤမှတ်တမ်းတင်ရုပ်ရှင်ကို သမိုင်းဖြစ်ရပ်များ ပြောင်းလဲဖြစ်ပေါ်လာမှုကို ကိုယ်တိုင်ကိုယ်ကျ မှတ်တမ်းတင်နိုင်ရန် ရည်ရွယ်ပါသည်။

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဒီမိုကရေစီလိုလားသော အင်အားစုများသည် နယ်မြေများကို ပြန်လည်သိမ်းပိုက်နေကြပြီး အသစ်လွတ်မြောက်လာသော လူ့အဖွဲ့အစည်းများကို အုပ်ချုပ်ရန် နိုင်ငံရေးပုံစံများ တည်ဆောက်နေကြပါသည်။ ဤရုပ်ရှင်သည် ကမ္ဘာက အလေးမထားမိဘဲ ရှိနေသည့် နိုင်ငံရေးအသွင်ကူးပြောင်းမှုနှင့် ထိုကဲ့သို့သော အဖွဲ့အစည်းသစ်များ ပေါ်ထွက်လာပုံကို ရိုက်ကူးတင်ဆက်သွားမည် ဖြစ်ပါသည်။

တစ်ဖက်တွင်လည်း ပဋိပက္ခများကြောင့် အိန္ဒိယနှင့် ထိုင်းနိုင်ငံများအတွင်းသို့ ဒုက္ခသည်အမြောက်အမြား ထွက်ပြေးတိမ်းရှောင်နေကြရပါသည်။ ရွှေ့ပြောင်းနေထိုင်မှုသည် ကမ္ဘာလုံးဆိုင်ရာ အဓိကပြဿနာတစ်ခု ဖြစ်လာသည်နှင့်အမျှ၊ ဤရုပ်ရှင်သည် ပြည်သူများ အဘယ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသနည်းဟူသော အကြောင်းရင်းကို လူသားဆန်သည့် ရှုထောင့်မှ အချိန်ကိုက် တင်ပြထားခြင်း ဖြစ်ပါသည်။ ဇိုက် (Zike) ကဲ့သို့သော ပုဂ္ဂိုလ်များ၏ ဖြစ်ရပ်မှတစ်ဆင့် အကြမ်းဖက်မှုနှင့် အိုးအိမ်စွန့်ခွာရမှုတို့၏ ရင်းနှီးပေးဆပ်ရသော တန်ဖိုးအစစ်အမှန်ကို မီးမောင်းထိုးပြသသွားမည် ဖြစ်ပါသည်။

ဤမှတ်တမ်းရုပ်ရှင်ကို ကမ္ဘာ့လူထု၏ ဆွေးနွေးမှုများကြား၌ လက်ရှိတွင် တိတ်ဆိတ်ငြိမ်သက်နေသည့် ပိုမိုနက်ရှိုင်းပြီး စာနာနားလည်မှုရှိသော အမြင်သစ်များကို ဖြည့်ဆည်းပေးရန်နှင့် အပြန်အလှန် နားလည်မှုကို မြှင့်တင်ပေးရန် ကြိုးပမ်းထားခြင်း ဖြစ်ပါသည်။

သင်၏ ပံ့ပိုးကူညီမှုက အရေးကြီးပါသည်
ကမ္ဘာတစ်ဝှမ်းရှိ ချင်းလူမျိုးနွယ်စုများသည် ချင်းပြည်နယ်အတွင်းရှိ ဒီမိုကရေစီအရေး လှုပ်ရှားမှုများ ရေရှည်တည်တံ့စေရန်အတွက် အရေးပါသော ကဏ္ဍမှ ပါဝင်ခဲ့ကြပါသည်။ ဤရုပ်ရှင်တွင် ချင်းလူမျိုးနွယ်စုများ၏ အနာဂတ်ကို ပုံဖော်ပေးနေသည့် ထူးခြားပြောင်မြောက်သော ဖြစ်ရပ်များကို မှတ်တမ်းတင် တင်ဆက်သွားမည်ဖြစ်ပြီ၊ ရှင်းလင်းပြတ်သားမှု၊ သိသာမြင်သာရှိမှု၊ အပြန်အလှန် ဆက်နွှယ်မှုများကို ပေးစွမ်းမည် ဖြစ်ပါသည်။

မြန်မာစစ်အာဏာရှင်စနစ်အောက်တွင် ဒုက္ခခံစားနေရသော ပြည်သူများသည် ကမ္ဘာ့စင်မြင့်ထက်တွင် အသံမဲ့နေခဲ့ကြသည်မှာ ကြာပြီဖြစ်ပါသည်။ သင်၏ ပံ့ပိုးကူညီမှုဖြင့် ထိုအခြေအနေများကို ပြောင်းလဲပစ်ရန် ကျွန်တော်တို့ ကူညီနိုင်ပါသည်။ ဤရုပ်ရှင်ကို ရုပ်ရှင်ရုံများတွင် ပြသနိုင်ရန် ထုတ်လုပ်လျက်ရှိပြီး ချင်းလူမျိုးတို့၏ ဇာတ်လမ်းကို ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်များထံသို့ အရောက်ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။
_______________________________________________

English Version

Becoming Soldiers.

Feature length documentary following PDF Zoland, a pro-democracy militia, formed to fight the Burmese military following the 2021 coup.

This documentary follows the People's Defence Force Zoland — a modern-day revolutionary militia in the Chin Hills of Myanmar — as they fight a brutal military regime that has gripped the nation since the 2021 coup.

The story unfolds through two central figures: Zike, a former schoolteacher, and Gideon, a former chef turned Chief Commander. Together, their journeys reveal the human heart of a revolution that has received far too little global attention.

This Kickstarter campaign supports the next phase of production, including hiring local crew in Chin State to ensure both authenticity and safety on the ground.

Director Ivan has already made two trips to Chin State, documenting the early struggles of PDF Zoland. He now seeks funding to return and continue filming as the militia prepares for a pivotal operation to retake their home city of Tedim — a crucial moment in the revolution.

We warmly welcome your generous donations to support Ivan Ogilvie and his dedicated work documenting PDF Zoland and their fight for democracy in Myanmar.

Your support helps bring these stories to light and ensures the voices of those striving for freedom are heard.

For full story and short documentary video follow the link below:
https://www.kickstarter.com/projects/ivanogilvie/becoming-soldiers-0

Director | Photographer - Ivan Ogilvie

https://www.facebook.com/share/p/1CLxjQHCrp/
30/04/2026

https://www.facebook.com/share/p/1CLxjQHCrp/

🔺 အားလုံးဘဲဒီတစ်ပတ်ကိုတော့အထူးအစီအစဉ်
တစ်ရပ်အနေနဲ့လေးစားရတဲ့ ICNCC/CB တော်လှန်ရေးခေါင်းဆောင်တချို့နဲ့တင်ဆက်သွားမှာဖြစ်ပါတယ်။

===================================

🔺ဒီတစ်ပတ်အစီအစဉ်မှာတော့ CB Spokesperson Saya Salai Yaw Mang(General Secretary of CPU/CPA), Dr. Kenton - ICNCC/VP1 of ZFU/PDF Zoland, Saya Steven Pabia - General Secretary of ICNCC/CNO-CNDF, Saya Peter Lakher - ICNCC-CB/MTC-MDF, Saya Timmy Htut - Spokesperson of CNO-CNDF(CB) တို့နဲ့အတူ ICNCC/CB စစ်ချုပ်လဲဖြစ် ZFU/PDF Zoland ရဲ့စစ်ချုပ်လဲဖြစ်တဲ့ စစ်ချုပ် Gideon တို့ကပါဝင်အားဖြည့်သွားမှာဖြစ်ပါတယ်။

Host အဖြစ်ဆရာမ Rain ကတာဝန်ယူသွားမှာဖြစ်ပြီးတေးသီချင်းအားဖြင့် CB Singer ko Michael Than Htun တို့ကပါဝင်အားဖြည့်သွားမှာဖြစ်ပါတယ်။

🔺တော်လှန်မိဘပြည်သူများ CB ညီနောင်ညီအမများနဲ့အတူဆက်လက်ရပ်တည်ကြပါစို့။

Chin Liberation Fund

"X" Manတော်လှန်ရေးမှာ ပေးထားချက်တွေနည်းပြီး မသိကိန်းတွေ ပိုများတယ်။X ကိုရှာဖို့ တစ်နှစ်ကိုးလကြာတဲ့အခါရှိသလိုကိုးနှစ်နှင့...
28/03/2026

"X" Man

တော်လှန်ရေးမှာ ပေးထားချက်တွေနည်းပြီး မသိကိန်းတွေ ပိုများတယ်။

X ကိုရှာဖို့ တစ်နှစ်ကိုးလကြာတဲ့အခါရှိသလို

ကိုးနှစ်နှင့် တစ်လလည်း

ကြာသွားတတ်တဲ့အပြင်

X ကိုရှာဖွေရင်း

မသိကိန်းတွေဟာ

A to Z အထိ

ရှာပွားတွေ တိုးလာတတ်တယ်။

သူပုန်ဖြူ

11/03/2026
09/03/2026

ကျေးဇူးတင်လွှာ

(2026.03.7)Saturday night
Dancing with Hornbill Fundraising
Music Concert & Lucy Draw

1st Prize Ticket No. - 0182
2nd Prize Ticket No. - 0121
3rd Prize Ticket No. - 0088
4th Prize Ticket No. - 0070

ပေါက်မဲ ကံထူးရှင်များထံ မကြာမှီပေးပို့သွားမည်ဖြစ်ပါကြောင်း...🙏

အရေးတော်ပုံအောင်ရမည်

27/02/2026

‼️အနေဝေးလို့ သွေးအေးသွားတယ်ဆိုတာ အချစ်စစ်မဟုတ်ဘူးလို့ပြောကြတယ် မဟုတ်လား

‼️အနေဝေးသွားပေမယ့် တစ်ရက် တစ်နေ့တောင်
မေ့မရနိုင်တဲ့ ဒီရေ ဒီမြေ တို့ အမိမြေ အတွက်..
ရင်ထဲက အချစ်တွေသာ စစ်နေသေးရင်..
လာပါ အုပ်တစ်ချက် သဲတစ်ပွင့်ပါဝင်ကြမယ်လေ..

‼️အော်..ဒီတော်လှန်ရေးသာ နှစ်တွေကြာပေမယ့် သွေးမအေးပဲ အဝေးကနေ ငေးကြည့်ရင်း ဆက်ပြီးတော်လှန် လှူဒါန်းပါဝင်နေကြမယ် မဟုတ်လား..

🇲🇲ZFU/PDF Zoland Supporters in South Korea ညီကိုများနှင့်အတူ 🇰🇷

🇲🇲ချင်းပြည်မြောက်ပိုင်း တီးတိန်မြို့သိမ်းတိုက်ပွဲတွက် လိုအပ်နေသေးသော အရာများ ဖြည့်တင်းနိုင်ဖို့ ကံစမ်းမဲဖောက် အစီစဉ်နှင့် ရန်ပုံငွေရှာဖွေရေးပွဲမှာ ပါဝင်ပေးကြဖို့ ထောက်ပို့တော်လှန်ရဲဘော် ညီကိုများသို့....ဖိတ်ကြားခြင်း ...

🎶Rainbow music Band မှ တေးသံရှင်များနှင့်အတူ

😱Special Guest Singer
တေးရေး/ဆို သွန်းပူ(Tungpu)

နေရာ-Rainbow Myanmar Restaurant (Bupyeong)
⏰ ည(၈နာရီ)

부평구 경원대로 1358-1

အရေးတော်ပုံအောင်ရမည်🇲🇲

https://www.facebook.com/share/1JBGfi4PeX/
02/02/2026

https://www.facebook.com/share/1JBGfi4PeX/

🇲🇲ချင်းပြည်မြောက်ပိုင်း တီးတိန်မြို့သိမ်းတိုက်ပွဲတွက် လိုအပ်နေသေးသော အရာများ ဖြည့်တင်းနိုင်ဖို့ တောင်ကိုးရီးယားနိုင်ငံရောက်🇰🇷
❗ZFU/PDF Zoland Supporters in South Korea နှင့်အတူ ကံစမ်းမဲလက်မှတ်များအား ဝယ်ယူကံစမ်းတော်လှန်ထောက်ပို့ ပေးကြဖို့ မေတ္တာရပ်ခံရင်း

❗နိုင်ငံရပ်ခြားမှလည်း မှာယူ တော်လှန်ထောက်ပို့လှူဒါန်းနိုင်ပါကြောင်း

အရေးတော်ပုံအောင်ရမည်

12/01/2026
Myanmar Spring Revolution sungah Nuntakna naak ahi nasep te suplawh a hong ki piakhia, Tuni ciang d**g mipi tawh hong di...
05/01/2026

Myanmar Spring Revolution sungah

Nuntakna naak ahi nasep te suplawh a hong ki piakhia,

Tuni ciang d**g mipi tawh hong ding khawm

I Galhang masa pen CDM mipi nasem te Zahtakpiakna hun khat a nuai a bang in nei ding i hih manin Live pan nong kihel kim ciat ding uh kong zawn uh hi.

မြန်မာ့နွေဦးတော်လှန်ရေးရဲ့ ပထမဆုံး ရှေ့တန်းထွက် သူရဲကောင်းများဖြစ်တဲ့ CDM ပြည်သူ့ဝန်ထမ်းများအား ဂုဏ်ပြုခြင်း Talkshow အစီအစဉ်အား အောက်ပါအတိုင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါ၍ Live မှ တစ်ဆင့် ပါဝင်ကြဖို့ အားလုံးကို ဖိတ်ခေါ်အပ်ပါတယ်ဗျ။

Date: January 10, 2026 (Saturday)
Time: 7PM (Myanmar Time)

Live on: ZFU, Zoland Voice TV, PDF Zoland pages

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ ချင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်း โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง ချင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်း:

ทางลัด

แชร์