10/04/2026
အခုချိန် မြန်မာကနေ ထိုင်းမှာအလုပ်လာလုပ်ဖို့ပဲဖြစ်ဖြစ် အခြေနေမကောင်းလို့ဒီဘက်ရွေ့လာချင်တာပဲဖြစ်ဖြစ် လူခံရှိနေရင်တောင်
အနိမ့်ဆုံး ဘတ် ၅၀၀၀၀ လောက်ဆောင်လာပါ
လမ်းစရိတ်က လေယာဉ်နဲ့လာလာ အောက်လမ်းကလာလာ အနိမ့်ဆုံး ၁၃၀၀၀ဘတ်ကနေ ၁၅၀၀၀ ဘတ်လောက်ကုန်မှာပါ ဒီရောက်ရင်နေထိုင်ခွင့်
Name List တင်တာ ဘတ်ရိုက်တာကလဲ
၁၀၀၀၀ဘတ်ကနေ ၁၅၀၀၀ ဘတ်လောက်ကုန်ပါမယ်
ဘတ်ရိုက်တာကလဲ အနိမ့်ဆုံး အချိန် ၃ လကနေ ၆ လလောက်အချိန်ကုန်ပါမယ် ကိုယ့်အရည်အချင်းနဲ့ကိုယ်အလုပ်မရှာပဲ ပွဲစားအားကိုးပြီးအလုပ်ရှာရင် အလုပ်စမတ်ခလဲ ၃၀၀၀ ကနေ ၅၀၀၀ ဘတ်လောက်ဒါတွေကိုကြိုတွက်ပြီးမှလာကြပါ
အခုကဘန်ကောက်ရောက်ရင်ပြီးရောလာကြပြီး ဒီရောက်မှ ဒုက္ခတွေပြန်ရောက် ဒီကြားထဲ ကိုငြိမ်းမောင်တို့ မတင်ရွှေတို့ကလဲ ဘတ်ရိုက်တာကိုလဲ အခုတင်အခုရချင်ကြသေးတယ် ပြီးရင်ပွဲစားတွေကိုအပူကပ် ဘတ်ကမရသေးဘူးလား ဒါရမှအလုပ်ဝင်ရမှာ ကြာနေပြီဘာညာပေါ့ ဒါကလဲ ထိုင်းအစိုးရနဲ့လုပ်နေရတဲ့အလုပ်တွေဖြစ်လို့ လုံးဝ ကွက်တိ ပုံသေကတွက်လို့မရပြန်ဘူး ဘယ်နေ့ဘယ်ရက်ရမယ်ဆိုတာ ကို
ဥပမာအနေနဲ့ ကိုရီးယားတို့ဂျပန်တို့သွားရင်တောင် သင်တန်းတက် ၊ စာမေးပွဲဖြေ ၊ အလုပ်ခေါ်စာစောင့် ဘာညာနဲ့ ၃ နှစ်လောက်ထိုင်စောင့်ပြီးမှသွားကြရတာမလား လမ်းစရိတ်ကလဲ မကုန်ဘူးဆို သိန်း ၁၀၀ ကနေ ၃၀၀ လောက်ကုန်နေကြတာ
ထိုင်းကိုတရားမဝင် ဝင်လာရင်တော့ အပေါ်ကပြောသလို ဘတ် ၅၀၀၀၀ လောက်ပဲယူလာ ဒါတောင် အလုပ်ရဖို့က ကိုယ့်အရည်အချင်းပေါ်မူတည်သေးတယ် အရည်အချင်းရှိရင် ဘာဘတ်မှတောင်မလိုပဲ လက်တလောအလုပ်ဝင်လုပ်လို့ရတယ် အလုပ်ကိုဂျီးမများဖို့လဲလိုသေးတယ်
လမ်းစရိတ် ဘတ် ၃၀၀၀၀ လောက်ပဲအကုန်ခံနိုင်တယ် ဒီရောက်ရင်လဲ အလုပ်တန်းရချင်တယ်ဆိုရင်တော့ စိတ်ချရတဲ့ အေဂျင်းနဲ့ချိတ်ဆက်ပြီး MOU နဲ့လာ ဒါတောင် Passport လက်ထဲရှိထားမှ မရှိဘူးဆိုရင် Passport အမြန်လုပ် ၁၀ သိန်းကနေ ၁၅ သိန်း ထိုင်းထက်တောင်စျေးကြီးနေသေးတယ် တစ်ချို့ကျတော့လဲ MOU နဲ့တော့တက်လာပါတယ် အလုပ်မကောင်းဘူးဘာညာနဲ့ ကနာမငြိမ်ဖာစိန်တွေဖြစ်ပြီး အလုပ်ထွက် MOU စာချုပ်ကြီးကခံနေတော့ တစ်ခြားအလုပ်လွယ်လွယ်ဝင်မရတော့ ဘတ်ပြန်ရိုက် ငွေထပ်ကုန် ဘတ်ရိုက်တာက ၃ ကနေ ၆ လလောက်ထပ်စောင့်ရ အလုပ်မရှိဘူး ဒုက္ခရောက်ပါတယ်လာငြီး ဟူးး။ …. ဘာပဲလုပ်လုပ် အရှေ့ကို ကြိုတွေးပြီးမှလုပ်ကြပါဗျ စေတနာဖြင့်
Credit Ko Aung Pyae Sone
#ဝိုင်းဝန်းကူညီBangkokCommunity