ဟန်ချက် - The Balance

ဟန်ချက် - The Balance ဟန်ချက် - The Balance

"သာယာဝပြောပြီး ရေရှည်တည်တံ့တဲ့ မြို့ပြနဲ့ အသိုက်အဝန်းများကို အတူတည်ဆောက်ကြမယ်" 🏙️🌿 [English Below 👇]ငါတို့ နေထိုင်နေတဲ့ ...
04/08/2026

"သာယာဝပြောပြီး ရေရှည်တည်တံ့တဲ့ မြို့ပြနဲ့ အသိုက်အဝန်းများကို အတူတည်ဆောက်ကြမယ်" 🏙️🌿 [English Below 👇]

ငါတို့ နေထိုင်နေတဲ့ မြို့ပြတွေ၊ ရပ်ကွက်တွေမှာ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်၊ လုံခြုံတဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ အများပြည်သူဆိုင်ရာ နေရာကောင်းလေးတွေ ရှိဖို့ ဘက်ပေါင်းစုံက လိုအပ်နေတာကို သတိထားမိကြလား? စနစ်ကျပြီး အားလုံးပါဝင်နိုင်တဲ့ မြို့ပြအသိုက်အဝန်းတစ်ခု ဖြစ်လာဖို့ဆိုတာ SDG 11 ရဲ့ ပန်းတိုင်ပဲ ဖြစ်ပါတယ်။

❓ SDG 11 ဆိုတာ ဘာလဲ?

မြို့များနှင့် လူနေရပ်ကွက်များကို အားလုံးပါဝင်နိုင်ပြီး ဘေးအန္တရာယ်ကင်းရှင်း ကာ ကြံ့ကြံ့ခံနိုင်စွမ်းရှိသော၊ ရေရှည်တည်တံ့သော နေရာများဖြစ်စေရန် ရည်မှန်းထားတာပါ။ လူတိုင်းအတွက် လုံခြုံပြီး စေတနာမျှတတဲ့ လူနေမှုအဆင့်အတန်းကို ဖန်တီးပေးဖို့ ဖြစ်ပါတယ်။

💡 SDG 11 မှာ ဘာတွေ ပါဝင်လဲ?

• Affordable Housing: လူတိုင်း အန္တရာယ်ကင်းပြီး သင့်တော်တဲ့ ကုန်ကျစရိတ်နဲ့ နေထိုင်နိုင်မယ့် အိမ်ရာများ ရရှိရေး။
• Sustainable Transport Systems: လူတိုင်း အလွယ်တကူ အသုံးပြုနိုင်ပြီး ဘေးကင်းသည့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး စနစ်များ တိုးမြှင့်ခြင်း။
• Inclusive Green Spaces: ကလေး၊ လူကြီး၊ မသန်စွမ်းသူများအပါအဝင် အားလုံး လွတ်လပ်စွာ အနားယူ အသုံးပြုနိုင်သည့် ပန်းခြံနှင့် သဘာဝနေရာများ ဖန်တီးခြင်း။
• Environmental Impact & Cultural Heritage: မြို့ပြစွန့်ပစ်ပစ္စည်းနဲ့ လေထုညစ်ညမ်းမှုကို လျှော့ချပြီး ဒေသတွင်း ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များကို ထိန်းသိမ်းခြင်း။

🙋‍♂️ လူငယ်တွေနဲ့ ဘာဆိုင်လဲ?

ရေရှည်တည်တံ့တဲ့ မြို့ပြဆိုတာ အစိုးရ သို့မဟုတ် မြို့ပြစီမံကိန်း ရေးဆွဲသူတွေတင် မဟုတ်ဘဲ အသိုက်အဝန်းမှာ နေထိုင်သူ လူငယ်တွေရဲ့ အလေ့အကျင့်ပေါ်မှာလည်း များစွာ မူတည်နေပါတယ်။

1. Practice Civic Responsibility: အမှိုက်ကို စနစ်တကျ စွန့်ပစ်ပါ၊ အများပြည်သူသုံး ပစ္စည်းများကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းပါ။
2. Promote Green Living: သစ်ပင်စိုက်ပျိုးတာ၊ ပြန်လည်အသုံးပြုနိုင်သည့် ပစ္စည်းများ ပြောင်းလဲသုံးစွဲတာနဲ့ ကာဘွန်ထုတ်လွှတ်မှု လျှော့ချဖို့ လမ်းလျှောက်တာ/စက်ဘီးစီးတာမျိုး ပြုလုပ်ပါ။
3. Disaster Preparedness: သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှု မူဝါဒများနှင့် ကူညီစောင့်ရှောက်ရေး အသိပညာများကို ကိုယ့်ပတ်ဝန်းကျင်မှာ ပြန်လည်မျှဝေပါ။
4. Active Community Engagement: ကိုယ့် ရပ်ကွက်/မြို့ပြ တိုးတက်ရေး သန့်ရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုများမှာ တက်ကြွစွာ ပါဝင်ပါ။

"ဟန်ချက်ညီတဲ့ အနာဂတ်ဆိုတာ လုံခြုံ စိမ်းလန်းပြီး လူတိုင်း စိတ်အေးချမ်းသာစွာ နေထိုင်နိုင်တဲ့ မြို့ပြအသိုက်အဝန်းပေါ်မှာ အခြေခံတာပါ"

သူငယ်ချင်းတို့ရော... ကိုယ်နေထိုင်တဲ့ မြို့/ရပ်ကွက်ကို ပိုမိုသာယာစိမ်းလန်းလာစေဖို့ လူငယ်တစ်ယောက်အနေနဲ့ ဘာသေးငယ်တဲ့ အပြောင်းအလဲလေးတွေ စလုပ်ကြည့်ချင်လဲ? Comment မှာ ပြောပြခဲ့ဦးနော်! 👇

“Creating Inclusive, Safe, and Sustainable Cities and Communities Together.” 🏙️🌿

Have you ever noticed how much our cities and neighborhoods need cleaner environments, safer transportation, and better public spaces? Building a well-organized and inclusive urban community is the core goal of SDG 11.

❓ What is SDG 11?
It focuses on making cities and human settlements inclusive, safe, resilient, and sustainable. In simple terms, it’s about creating living environments where everyone can thrive safely and peacefully.

💡 What does SDG 11 include?
• Affordable Housing – Ensuring access for all to adequate, safe, and affordable housing and basic services.
• Sustainable Transport Systems – Providing access to safe, affordable, accessible, and sustainable transport systems for everyone.
• Inclusive Green Spaces – Providing universal access to safe, inclusive, and accessible green and public spaces.
• Environmental Impact & Cultural Heritage – Reducing the environmental impact of cities (like waste and air pollution) and protecting cultural and natural heritage.

🙋‍♂️ Why does it matter to youth?
Sustainable cities aren’t just built by urban planners — they are shaped by the daily habits and actions of the youth who live in them.
1. Practice Civic Responsibility – Dispose of waste properly and take care of public property and community infrastructure.
2. Promote Green Living – Plant trees, reduce plastic use, and opt for walking, cycling, or public transport to reduce your carbon footprint.
3. Disaster Preparedness – Stay informed about disaster risk reduction and help spread awareness in your local community.
4. Active Community Engagement – Participate actively in local cleanup drives, green initiatives, and neighborhood improvement programs.

✨ “A balanced future is built on safe, green, and resilient communities where everyone can thrive.”

What about you? What is one small step you can take to make your neighborhood cleaner and more liveable? 👇

Facebook Link - https://www.facebook.com/share/1CKubCtVCj/?mibextid=wwXIfr
Telegram Link - https://t.me/the_TheBalance

#ဟန်ချက်

"ကွာဟချက်တွေကို လျှော့ချလို့... ပိုမိုညီမျှတဲ့ ကမ္ဘာကြီးကို အတူတည်ဆောက်ကြမယ်" 🤝⚖️ [English Below 👇]ငါတို့ပတ်ဝန်းကျင်မှာ ...
03/08/2026

"ကွာဟချက်တွေကို လျှော့ချလို့... ပိုမိုညီမျှတဲ့ ကမ္ဘာကြီးကို အတူတည်ဆောက်ကြမယ်" 🤝⚖️ [English Below 👇]

ငါတို့ပတ်ဝန်းကျင်မှာ အခွင့်အလမ်း၊ ဝင်ငွေနဲ့ ရပိုင်ခွင့်တွေ မတူညီဘဲ ကွာခြားနေတာတွေကို သတိထားမိကြလား? လူတိုင်း တန်းတူညီမျှ အခွင့်အလမ်းရရှိဖို့နဲ့ ခွဲခြားဆက်ဆံမှုတွေ ပပျောက်ဖို့ဆိုတာ SDG 10 ရဲ့ ပန်းတိုင်ပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်ဖို့ မညီမျှမှုတွေကို လျှော့ချဖို့ လိုအပ်ပါတယ်။

❓ SDG 10 ဆိုတာ ဘာလဲ?

နိုင်ငံအသီးသီးရဲ့ အတွင်းမှာရော၊ နိုင်ငံတွေ အချင်းချင်းကြားမှာပါ ရှိနေတဲ့ မညီမျှမှုတွေကို လျှော့ချဖို့ ရည်မှန်းထားတာပါ။ လူမျိုး၊ ဘာသာ၊ ကျား/မ၊ ဆင်းရဲ/ချမ်းသာ၊ စွမ်းဆောင်ရည် စတဲ့ မတူညီမှုတွေပေါ် မူတည်ပြီး ဘယ်သူမှ နောက်ကျကျန်ရစ်မနေစေဖို့ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

💡 SDG 10 မှာ ဘာတွေ ပါဝင်လဲ?

• Income Equality: ဝင်ငွေနည်းပါးတဲ့ လူတန်းစားတွေရဲ့ စီးပွားရေး တိုးတက်လာအောင် ကူညီပေးပြီး ဝင်ငွေကွာဟမှုကို လျှော့ချခြင်း။
• Equal Opportunity: လူတိုင်း လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး အခွင့်အလမ်းတွေကို တန်းတူညီမျှ ရရှိစေခြင်း။
• Social Inclusion: မသန်စွမ်းသူများ၊ လူနည်းစုများနှင့် ဘေးဖယ်ခံထားရသူများကို အပြည့်အဝ အသိအမှတ်ပြု ပါဝင်ခွင့်ပေးခြင်း။
• Fair Policies: အခွန်အခ၊ လုပ်ခလစာနဲ့ လူမှုဖူလုံရေး မူဝါဒတွေကို လူတိုင်းအတွက် မျှတမှုရှိအောင် ပြုပြင်ဖန်တီးခြင်း။

🙋‍♂️ လူငယ်တွေနဲ့ ဘာဆိုင်လဲ?

Equality (တန်းတူညီမျှမှု) ဆိုတာ ကြီးမားတဲ့ မူဝါဒတွေတင် မဟုတ်ဘဲ ငါတို့ရဲ့ အပြုအမူနဲ့ အတွေးအခေါ်ကနေ စတင်တာပါ။

Embrace Diversity: မတူညီတဲ့ နောက်ခံ၊ အယူအဆနဲ့ စွမ်းဆောင်ရည်ရှိသူတွေကို ခွဲခြားဆက်ဆံမှုမရှိဘဲ လေးစားလက်ခံပါ။

Be an Ally: ဘေးဖယ်ခံထားရတဲ့ သူတွေ၊ အခွင့်အရေး နည်းပါးသူတွေရဲ့ အသံကို ကူညီဖော်ထုတ်ပေးပါ။

Practice Empathy: ကိုယ့်ပတ်ဝန်းကျင်က မညီမျှမှုတွေကို မြင်အောင်ကြည့်ပြီး အချင်းချင်း စာနာကူညီတဲ့ အလေ့အကျင့်ကို မွေးမြူပါ။

Share Opportunities: ကိုယ်ရရှိထားတဲ့ အသိပညာ၊ အခွင့်အလမ်းနဲ့ နည်းပညာတွေကို လိုအပ်နေသူတွေထံ ပြန်လည်မျှဝေပေးပါ။

"ဟန်ချက်ညီတဲ့ အနာဂတ်ဆိုတာ ဘယ်သူမှ နောက်ကျကျန်မနေဘဲ အားလုံး တန်းတူ လျှောက်လှမ်းနိုင်တဲ့ ကမ္ဘာတစ်ခုပါ"

သူငယ်ချင်းတို့ရော... အားလုံးပါဝင်နိုင်တဲ့ ပိုမိုမျှတတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ လူငယ်တစ်ယောက်အနေနဲ့ ဘာတွေ လုပ်ဆောင်ပေးနိုင်မလဲ? Comment မှာ ပြောပြခဲ့ဦးနော်! 👇

“Reducing Inequalities… Let’s Build a Fairer World Together.” 🤝⚖️

Have you ever noticed the gaps in opportunities, income, and rights around us? Ensuring equal opportunities and eliminating discrimination for everyone is the ultimate goal of SDG 10. To build a peaceful and prosperous society, we must reduce inequalities.

❓ What is SDG 10?

It focuses on reducing inequality within and among countries. The goal is to ensure that no one is left behind, regardless of age, s*x, disability, race, ethnicity, origin, religion, or economic status.

💡 What does SDG 10 include?

• Income Equality – Supporting lower-income groups to achieve sustained income growth and bridging the wealth gap.
• Equal Opportunity – Ensuring everyone has equal access to social, economic, and political opportunities.
• Social Inclusion – Empowering and promoting the inclusion of persons with disabilities, minorities, and marginalized groups.
• Fair Policies – Adopting fiscal, wage, and social protection policies to progressively achieve greater equality.

🙋‍♂️ Why does it matter to youth?

Equality isn’t just about big policies — it starts with our everyday attitudes and actions.

Embrace Diversity – Respect and accept people with different backgrounds, beliefs, and abilities without judgment.

Be an Ally – Stand up for marginalized groups and amplify the voices of those who are unheard.

Practice Empathy – Recognize the inequalities around you and cultivate empathy toward others.

Share Opportunities – Share your knowledge, access, and resources with those who have fewer opportunities.

✨ “A balanced future is a world where no one is left behind, and everyone walks forward together.”

What about you?

What is one small step youth can take to build a more inclusive society? 👇

Facebook Link - https://www.facebook.com/share/1CKubCtVCj/?mibextid=wwXIfr
Telegram Link - https://t.me/the_TheBalance

#ဟန်ချက်

📢 Logo အသစ်ဖြင့် ခရီးသစ်တစ်ခုကို စတင်ခြင်းThe Balance ၏ အဖွဲ့အစည်းဆိုင်ရာ Brand Identity ကို ပိုမိုခိုင်မာစေရန်နှင့် ကျွ...
29/07/2026

📢 Logo အသစ်ဖြင့် ခရီးသစ်တစ်ခုကို စတင်ခြင်း

The Balance ၏ အဖွဲ့အစည်းဆိုင်ရာ Brand Identity ကို ပိုမိုခိုင်မာစေရန်နှင့် ကျွန်ုပ်တို့၏ Vision၊ Mission နှင့် Values များကို ပိုမိုထင်ဟပ်စေရန် ရည်ရွယ်၍ Official Logo အသစ် ကို ယနေ့မှစတင်၍ တရားဝင် အသုံးပြုသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Logo အသစ်သည် ဟန်ချက်ညီမှု (Balance)၊ တန်းတူညီမျှမှု (Equality)၊ ပူးပေါင်းဆောင်ရွက်မှု (Collaboration) နှင့် လူငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်မှု (Youth Empowerment) တို့ကို ကိုယ်စားပြုဖော်ဆောင်ထားပြီး The Balance ၏ အနာဂတ်ဦးတည်ချက်နှင့် အဖွဲ့အစည်း၏ တန်ဖိုးများကို ထင်ဟပ်စေပါသည်။

ယနေ့မှစ၍ The Balance ၏ လူမှုကွန်ရက်စာမျက်နှာများ၊ စာရွက်စာတမ်းများ၊ လက်မှတ်များ၊ ပွဲအခမ်းအနားဆိုင်ရာ ဒီဇိုင်းများနှင့် အခြားတရားဝင်အသုံးပြုသည့် Platform များအားလုံးတွင် Logo အသစ် ကိုသာ အသုံးပြုသွားမည်ဖြစ်ပါသည်။

ယခုလို အစဉ်အမြဲ ယုံကြည်အားပေးပြီး အတူလက်တွဲပေးကြသော အဖွဲ့ဝင်များ၊ Volunteers၊ Partners နှင့် Supporters များအားလုံးကို The Balance မှ အထူးကျေးဇူးတင်ရှိပါသည်။

Together, we grow in balance. 💙

အလုပ်သမားနေ့ (May Day) မင်္ဂလာရှိပါစေ ✨မိမိတို့ရဲ့ ရည်မှန်းချက်တွေအတွက် နေ့စဉ် ဟန်ချက်ညီညီ ကြိုးစားအားထုတ်နေကြသူအားလုံးက...
01/05/2026

အလုပ်သမားနေ့ (May Day) မင်္ဂလာရှိပါစေ ✨

မိမိတို့ရဲ့ ရည်မှန်းချက်တွေအတွက် နေ့စဉ် ဟန်ချက်ညီညီ ကြိုးစားအားထုတ်နေကြသူအားလုံးကို ဟန်ချက် - The Balance မှ ဂုဏ်ပြုလိုက်ပါတယ်။

💪 အလုပ်နှင့် အနားယူခြင်း ဟန်ချက်ညီပါစေ —
အောင်မြင်မှုအတွက် ကြိုးစားအားထုတ်ခြင်း (Work) ကဲ့သို့ပင် စိတ်အပန်းဖြေ အနားယူခြင်း (Rest) ကလည်း အရေးကြီးပါသည်။

✨ ရေရှည်တည်တံ့သော ခွန်အား —
ယနေ့ အလုပ်သမားနေ့တွင် အနားယူရင်း ရှေ့ဆက်ရမယ့် ခရီးလမ်းအတွက် ဟန်ချက်ညီသော ခွန်အားသစ်များ ပြည့်ဝနိုင်ကြပါစေ။

သဟဇာတဖြစ်သော လူ့ဘောင်ဆီသို့၊
ဟန်ချက် - The Balance 🌿

ကဆုန်လပြည့် (ဗုဒ္ဓနေ့) မင်္ဂလာဆုတောင်း ✨ယနေ့ ကျရောက်သော ကဆုန်လပြည့် (ဗုဒ္ဓနေ့) မြတ်မင်္ဂလာ အခါသမယမှစ၍ –✨ ဗုဒ္ဓမြတ်စွာဘုရ...
30/04/2026

ကဆုန်လပြည့် (ဗုဒ္ဓနေ့) မင်္ဂလာဆုတောင်း ✨

ယနေ့ ကျရောက်သော ကဆုန်လပြည့် (ဗုဒ္ဓနေ့) မြတ်မင်္ဂလာ အခါသမယမှစ၍ –
✨ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဖွား၊ ပွင့်၊ စံ ထူးခြားချက်များဖြင့် ပြည့်နှက်နေသည့် ဤနေ့ထူးနေ့မြတ်တွင် မိမိတို့၏ စိတ်နှလုံးများ အေးချမ်းသာယာကြပါစေ။

✨ ညောင်ရေသွန်းလောင်း ပူဇော်ခြင်းသည် သဘာဝတရားကို ပြုစုပျိုးထောင်ခြင်းဖြစ်သကဲ့သို့၊ ကျွန်ုပ်တို့၏ လူ့ဘောင်လောကနှင့် သဘာဝပတ်ဝန်းကျင်အကြားတွင်လည်း အေးမြသော ဟန်ချက် (Balance) များဖြင့် သဟဇာတဖြစ်စွာ တည်ဆောက်နိုင်ကြပါစေ။

✨ ကဆုန်လပြည့်၏ ထူးမြတ်သော မင်္ဂလာအရှိန်အဝါကြောင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ရေရှည်တည်တံ့ခိုင်မြဲသော ကောင်းကျိုးတရားများကို ဖော်ဆောင်နိုင်ကြပါစေကြောင်း ဟန်ချက် - The Balance မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
သဟဇာတဖြစ်သော လူ့ဘောင်ဆီသို့၊
ဟန်ချက် - The Balance 🌿



#ကဆုန်လပြည့်
#ညောင်ရေသွန်းပွဲ

မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူးလေးဖြစ်ပါစေ 💦နှစ်ဟောင်းက အခက်အခဲတွေကို အတာရေနဲ့ ဆေးကြောပစ်ပြီး နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ...
17/04/2026

မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူးလေးဖြစ်ပါစေ 💦

နှစ်ဟောင်းက အခက်အခဲတွေကို အတာရေနဲ့ ဆေးကြောပစ်ပြီး နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ပျော်ရွှင်စရာနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေ။

ကိုယ့်ရဲ့ ရည်မှန်းချက်တွေဆီကိုလည်း ဟန်ချက် (The Balance) ညီညီနဲ့ အရောက်လှမ်းနိုင်ပြီး အောင်မြင်မှုတွေ ရရှိပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

✨ ကျွန်တော်တို့နဲ့ အဆက်အသွယ်မပြတ်စေဖို့ -

🔹 Facebook: https://www.facebook.com/share/1CKubCtVCj/
🔹 Telegram: https://t.me/the_TheBalance

#ဟန်ချက်

"အသစ်သစ်သော အတွေးအခေါ်တွေနဲ့... အနာဂတ်ကို တည်ဆောက်ကြမယ်" 🏭🚀 [English Below 👇]ငါတို့သုံးနေတဲ့ အင်တာနက်၊ သွားလာနေတဲ့ လမ်းတ...
05/04/2026

"အသစ်သစ်သော အတွေးအခေါ်တွေနဲ့... အနာဂတ်ကို တည်ဆောက်ကြမယ်" 🏭🚀 [English Below 👇]

ငါတို့သုံးနေတဲ့ အင်တာနက်၊ သွားလာနေတဲ့ လမ်းတံတားတွေနဲ့ နေ့စဉ်သုံး Apps တွေ... ဒါတွေအားလုံးဟာ SDG 9 ရဲ့ အစိတ်အပိုင်းတွေဆိုတာ သတိထားမိလား? တိုးတက်တဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်ဖို့ ခိုင်ခံ့တဲ့ အခြေခံအဆောက်အအုံနဲ့ ရဲရင့်တဲ့ တီထွင်ဆန်းသစ်မှုတွေ လိုအပ်ပါတယ်။

❓ SDG 9 ဆိုတာ ဘာလဲ?

ကြံ့ကြံ့ခံနိုင်တဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့၊ အားလုံးပါဝင်နိုင်ပြီး ရေရှည်တည်တံ့တဲ့ စက်မှုလုပ်ငန်းတွေကို မြှင့်တင်ဖို့နဲ့ တီထွင်ဆန်းသစ်မှု (Innovation) တွေကို အားပေးကူညီဖို့ ရည်မှန်းထားတာပါ။

💡 SDG 9 မှာ ဘာတွေ ပါဝင်လဲ?

• Sustainable Infrastructure: သဘာဝဘေးအန္တရာယ်တွေကို ခံနိုင်ရည်ရှိပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ လမ်း၊ တံတား၊ လျှပ်စစ်နဲ့ ဆက်သွယ်ရေးကွန်ရက်များ။

• Inclusive Industrialization: အသေးစား စက်မှုလုပ်ငန်းလေးတွေပါ တိုးတက်လာအောင်နဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်အောင် လုပ်ဆောင်ခြင်း။

• Access to ICT: လူတိုင်း အင်တာနက်နဲ့ နည်းပညာတွေကို သက်သာတဲ့ဈေးနှုန်းနဲ့ အလွယ်တကူ သုံးစွဲနိုင်ခြင်း။

• Research & Development (R&D): ပြဿနာတွေကို ဖြေရှင်းဖို့ သိပ္ပံနည်းကျ သုတေသနပြုတာနဲ့ အသစ်သစ်သော တီထွင်မှုတွေကို အားပေးခြင်း။

🙋‍♂️ လူငယ်တွေနဲ့ ဘာဆိုင်လဲ?

Innovation ဆိုတာ အခန်းထဲမှာ တစ်ယောက်တည်း စဉ်းစားနေတာမျိုး မဟုတ်ဘဲ ပြဿနာတစ်ခုကို ပိုကောင်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းလိုက်တာမျိုးပါ။

1. Be a Problem Solver: ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အခက်အခဲတွေကို မြင်အောင်ကြည့်ပါ။ "ဒါကို ဒီထက်ပိုကောင်းအောင် ဘယ်လိုလုပ်လို့ရမလဲ?" လို့ မေးခွန်းထုတ်တဲ့ အလေ့အကျင့်လုပ်ပါ။

2. Learn Digital Skills: နည်းပညာဟာ အနာဂတ်ရဲ့ ဘာသာစကားပါ။ Coding ဖြစ်ဖြစ်၊ Graphic Design ဖြစ်ဖြစ်၊ AI အသုံးပြုတာဖြစ်ဖြစ် အခြေခံလောက်တော့ သိထားသင့်ပါတယ်။

3. Support Local Innovations: ပြည်တွင်းဖြစ် တီထွင်မှုတွေနဲ့ Startup လေးတွေကို အားပေးပါ။ သူတို့ရဲ့ Idea လေးတွေ ရှင်သန်ဖို့ ကူညီပါ။

4. Sustainable Thinking: တစ်ခုခု တည်ဆောက်တော့မယ်၊ လုပ်တော့မယ်ဆိုရင် "ဒါက ရေရှည်မှာ ပတ်ဝန်းကျင်ကို ထိခိုက်မလား?" ဆိုတာကို ထည့်စဉ်းစားပါ။

"ဟန်ချက်ညီတဲ့ အနာဂတ်ဆိုတာ ခိုင်မာတဲ့ အခြေခံအုတ်မြစ်ပေါ်မှာ ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့ တည်ဆောက်ထားတာပါ"

သူငယ်ချင်းတို့ရော... အခုခေတ်မှာ ကိုယ့်ဘဝကို အဆင်ပြေဆုံးဖြစ်အောင် ကူညီပေးနေတဲ့ (သို့မဟုတ်) အကြိုက်ဆုံး နည်းပညာ/App တစ်ခုက ဘာလဲ? Comment မှာ ပြောပြခဲ့ဦးနော်! 👇

“With new ideas… let’s build the future together.” 🏭🚀

The internet we use, the roads and bridges we travel on, and the apps we rely on every day — have you ever realized these are all part of SDG 9? To build a developed society, we need strong infrastructure and bold innovation.

❓ What is SDG 9?

It focuses on building resilient infrastructure, promoting inclusive and sustainable industries, and supporting innovation. In simple terms, it’s about creating systems and ideas that help society grow and solve problems.

💡 What does SDG 9 include?
• Sustainable Infrastructure – Roads, bridges, electricity, and communication networks that are durable and environmentally friendly.
• Inclusive Industrialization – Supporting small industries and creating job opportunities for everyone.
• Access to ICT – Making technology and the internet affordable and accessible to all.
• Research & Development (R&D) – Encouraging scientific research and new innovations to solve problems.

🙋‍♂️ Why does it matter to youth?

Innovation isn’t just sitting alone and thinking — it’s about solving problems in better ways.
1. Be a Problem Solver – Look at challenges around you and ask, “How can this be improved?”
2. Learn Digital Skills – Technology is the language of the future. Learn basics like coding, graphic design, or even how to use AI tools.
3. Support Local Innovations – Encourage local startups and creative ideas to grow.
4. Think Sustainably – Before building or creating something, ask: “Will this harm the environment in the long run?”

✨ “A balanced future is built on strong foundations and powered by innovative ideas.”

What about you? What’s one technology or app that makes your life easier right now?👇

Facebook Link - https://www.facebook.com/share/1CKubCtVCj/?mibextid=wwXIfr

Telegram Link - https://t.me/the_TheBalance

#ဟန်ချက်

"အလုပ်ရှိဖို့တင် မဟုတ်ဘူး... လူသိက္ခာနဲ့အညီ လုပ်ကိုင်ခွင့်ရဖို့လည်း လိုတယ်" 💼📈 [English Below 👇]"ဘွဲ့ရပြီးရင် ဘာလုပ်မှာလ...
03/04/2026

"အလုပ်ရှိဖို့တင် မဟုတ်ဘူး... လူသိက္ခာနဲ့အညီ လုပ်ကိုင်ခွင့်ရဖို့လည်း လိုတယ်" 💼📈 [English Below 👇]

"ဘွဲ့ရပြီးရင် ဘာလုပ်မှာလဲ?" "အလုပ်အကိုင် အခွင့်အလမ်းတွေကရော ရှိရဲ့လား?" ဒါတွေဟာ လူငယ်တိုင်း ခေါင်းထဲမှာ အမြဲရှိနေတဲ့ မေးခွန်းတွေပါ။ SDG 8 ဆိုတာ လူတိုင်း အလုပ်ရှိရုံတင်မကဘဲ တရားမျှတတဲ့ လုပ်ခလစာနဲ့ ဘေးကင်းတဲ့ လုပ်ငန်းခွင်မှာ လုပ်ကိုင်ရင်း စီးပွားရေး တိုးတက်လာဖို့ ရည်မှန်းထားတာပါ။

❓ SDG 8 ဆိုတာ ဘာလဲ?

ရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်တဲ့ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ဖို့၊ လူတိုင်းအတွက် အကျိုးရှိပြီး ကောင်းမွန်တဲ့ အလုပ်အကိုင် (Decent Work) ရရှိစေဖို့ ရည်မှန်းထားတာပါ။

💡 Decent Work မှာ ဘာတွေ ပါဝင်လဲ?

• Productive Employment: လူတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကို အမှန်တကယ် အသုံးချနိုင်တဲ့ အလုပ်မျိုး ဖြစ်ခြင်း။

• Labor Rights: အလုပ်သမား အခွင့်အရေးတွေကို ကာကွယ်ပေးပြီး ဘေးကင်းလုံခြုံတဲ့ လုပ်ငန်းခွင် ဖြစ်ခြင်း။

• Equal Pay: တူညီတဲ့ အလုပ်အတွက် ကျား/မ ခွဲခြားမှုမရှိဘဲ တူညီတဲ့ လုပ်ခလစာ ရရှိခြင်း။

• End Forced Labor: ကလေးအလုပ်သမား ခိုင်းစေမှုနဲ့ အဓမ္မခိုင်းစေမှုမှန်သမျှကို အဆုံးသတ်ခြင်း။

• Youth Employment: လူငယ်တွေအတွက် အလုပ်အကိုင်၊ ပညာရေးနဲ့ လေ့ကျင့်ရေး အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးခြင်း။

🙋‍♂️ လူငယ်တွေနဲ့ ဘာဆိုင်လဲ?

အနာဂတ် စီးပွားရေးလောကကို မောင်းနှင်မယ့်သူတွေက ငါတို့ လူငယ်တွေပါပဲ။

1. Skills Upgrading: ခေတ်နဲ့အညီ လိုအပ်နေတဲ့ Skills (Digital Literacy, Soft Skills) တွေကို အမြဲလေ့လာပါ။ အလုပ်အကိုင် ဈေးကွက်မှာ ကိုယ့်ရဲ့ တန်ဖိုးကို မြှင့်တင်ပါ။

2. Know Your Rights: အလုပ်သမား အခွင့်အရေးတွေအကြောင်း လေ့လာထားပါ။ ကိုယ်တိုင်လည်း အလုပ်ရှင်ဖြစ်လာရင် တရားမျှတတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးမယ်လို့ သန္နိဋ္ဌာန်ချထားပါ။

3. Support Local & Small Businesses: မိသားစုပိုင် ဒါမှမဟုတ် ဒေသတွင်း လုပ်ငန်းလေးတွေကို အားပေးပါ။ ဒါဟာ ရပ်ရွာစီးပွားရေး တိုးတက်ဖို့ အထောက်အကူပြုပါတယ်။

4. Entrepreneurship Mindset: အလုပ်ရှာရုံတင်မဟုတ်ဘဲ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် စီးပွားရေးလုပ်ငန်းသစ်တွေ ဖန်တီးဖို့ ကြိုးစားကြည့်ပါ။

"ဟန်ချက်ညီတဲ့ စီးပွားရေးဆိုတာ အမြတ်အစွန်းတင်မကဘဲ လူသားတွေရဲ့ တန်ဖိုးကိုပါ မြှင့်တင်ပေးနိုင်တာကို ဆိုလိုပါတယ်"

သူငယ်ချင်းတို့ရော... အနာဂတ်မှာ ဘယ်လိုမျိုး လုပ်ငန်းခွင် (Environment) မျိုးမှာ အလုပ်လုပ်ချင်လဲ? (ဥပမာ - Flexible ဖြစ်တဲ့နေရာလား၊ Teamwork ကောင်းတဲ့နေရာလား?) Comment မှာ ဝေမျှပေးခဲ့ဦးနော်! 👇

“It’s not just about having a job… it’s about working with dignity.” 💼📈

“What will I do after graduation?”
“Are there enough job opportunities out there?”

These are questions every young person thinks about. SDG 8 is not just about having jobs — it’s about having fair wages, safe workplaces, and economic growth that benefits everyone.

❓ What is SDG 8?

It focuses on promoting sustained, inclusive economic growth, and ensuring decent work opportunities for all. Simply put, it means creating jobs that are fair, safe, and meaningful.

💡 What does Decent Work include?
• Productive Employment – Jobs that truly use a person’s skills and potential.
• Labor Rights – Protecting workers’ rights and ensuring safe working conditions.
• Equal Pay – Equal wages for equal work, without gender discrimination.
• End Forced Labor – Eliminating child labor and all forms of forced work.
• Youth Employment – Creating more job, education, and training opportunities for young people.

🙋‍♂️ Why does it matter to youth?

We are the ones who will drive the future economy.
1. Upgrade Your Skills – Learn modern skills like digital literacy and soft skills. Increase your value in the job market.
2. Know Your Rights – Understand labor rights, and commit to fairness if you become an employer.
3. Support Local & Small Businesses – Help local businesses grow and strengthen your community’s economy.
4. Think Like an Entrepreneur – Don’t just look for jobs — try creating solutions and new businesses.

✨ “A balanced economy is not just about profit, but about uplifting human dignity.”

What about you? What kind of work environment do you want in the future?
(Flexible? Strong teamwork? Positive culture?)
Share your thoughts in the comments 👇

Facebook Link - https://www.facebook.com/share/1CKubCtVCj/?mibextid=wwXIfr

Telegram Link - https://t.me/the_TheBalance

#ဟန်ချက်

"အလင်းရောင်ရှိဖို့တင် မဟုတ်ဘူး... ပတ်ဝန်းကျင်အတွက်ပါ သန့်စင်ဖို့ လိုတယ်" 💡☀️ [English Below 👇]ဖုန်းအားသွင်းဖို့၊ Laptop ...
01/04/2026

"အလင်းရောင်ရှိဖို့တင် မဟုတ်ဘူး... ပတ်ဝန်းကျင်အတွက်ပါ သန့်စင်ဖို့ လိုတယ်" 💡☀️ [English Below 👇]

ဖုန်းအားသွင်းဖို့၊ Laptop သုံးဖို့၊ ညဘက်စာကြည့်ဖို့ ငါတို့မှာ "လျှပ်စစ်စွမ်းအင်" အမြဲလိုအပ်ပါတယ်။ ဒါပေမဲ့ ငါတို့သုံးနေတဲ့ စွမ်းအင်တွေက ဘယ်ကလာတာလဲ? ကမ္ဘာကြီးကို ပိုပူလာစေတဲ့ ကျောက်မီးသွေးနဲ့ လောင်စာဆီတွေကပဲ လာနေတာလား? SDG 7 ကတော့ အားလုံးအတွက် သက်သာပြီး သန့်ရှင်းတဲ့ စွမ်းအင်ရရှိဖို့ ရည်မှန်းထားပါတယ်။

❓ SDG 7 ဆိုတာ ဘာလဲ?

လူတိုင်း သက်သာသောနှုန်းထားနဲ့ ယုံကြည်စိတ်ချရတဲ့၊ ခေတ်မီပြီး သန့်စင်တဲ့ စွမ်းအင်ဝန်ဆောင်မှုတွေကို ရရှိစေဖို့ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် "ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ မီးအမြဲရဖို့" ကြိုးစားတာပါ။

💡 Clean Energy မှာ ဘာတွေ ပါဝင်လဲ?

• Affordable Access: ဆင်းရဲချမ်းသာမရွေး လူတိုင်း စွမ်းအင်ကို သက်သက်သာသာနဲ့ ဝယ်ယူသုံးစွဲနိုင်ခြင်း။

• Renewable Energy: နေရောင်ခြည်၊ လေစွမ်းအင်နဲ့ ရေအားလျှပ်စစ်တို့လို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေကို ပိုမိုတိုးမြှင့်သုံးစွဲခြင်း။

• Energy Efficiency: စွမ်းအင်ကို အလေအလွင့်မရှိဘဲ ထိထိရောက်ရောက် အသုံးချခြင်း (Energy ချွေတာခြင်း)။

• International Cooperation: ဆင်းရဲတဲ့နိုင်ငံတွေမှာ သန့်စင်စွမ်းအင်သုံးနိုင်ဖို့ နည်းပညာနဲ့ အခြေခံအဆောက်အအုံတွေ ကူညီပေးခြင်း။

🙋‍♂️ လူငယ်တွေနဲ့ ဘာဆိုင်လဲ?

စွမ်းအင်ပြဿနာဟာ ငါတို့ရဲ့ နေ့စဉ်လူနေမှုဘဝနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။

1. Energy Saver ဖြစ်ပါစေ: မလိုအပ်ဘဲ မီးချောင်းတွေ၊ ပန်ကာတွေ ဖွင့်မထားပါနဲ့။ အသုံးမပြုတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို ခလုတ်ပိတ်ရုံတင်မကဘဲ Plug ပါ ဖြုတ်ထားတဲ့ အလေ့အကျင့်လုပ်ပါ။

2. Go Green (Solar Energy): ဖြစ်နိုင်ရင် အိမ်မှာ Solar စနစ်လေးတွေ သုံးဖို့ ကြိုးစားပါ။ ဒါဟာ ရေရှည်မှာ ပိုက်ဆံကုန်သက်သာစေသလို ကမ္ဘာကြီးကိုလည်း ကယ်တင်ရာရောက်ပါတယ်။

3. Spread Awareness: သန့်စင်စွမ်းအင်နဲ့ ရာသီဥတုပြောင်းလဲမှု ဘယ်လိုဆက်စပ်နေလဲဆိုတာကို သူငယ်ချင်းတွေကြားမှာ ပြောပြဆွေးနွေးပါ။

4. Innovation: အနာဂတ်မှာ စွမ်းအင်ချွေတာနိုင်မယ့် နည်းပညာတွေ၊ Gadgets တွေကို စိတ်ဝင်တစား လေ့လာပြီး တီထွင်ကြည့်ပါ။

"ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးမှုဆိုတာ သဘာဝပတ်ဝန်းကျင်ကို အမှောင်မချဘဲ အလင်းရောင်ပေးနိုင်တာကို ဆိုလိုပါတယ်"

သူငယ်ချင်းတို့ရော... အိမ်မှာ မီးခဏခဏပျက်တဲ့ဒဏ်ကို ဘယ်လိုနည်းလမ်းတွေနဲ့ အန်တုနေကြလဲ? Solar လား၊ Power Bank လား? Comment မှာ ပြောပြခဲ့ဦးနော်! 👇

“It’s not just about having light… it’s about keeping our planet clean too.” 💡☀️

We use electricity every day — to charge our phones, use laptops, and study at night. But have you ever thought about where that energy comes from? Is it from coal and fossil fuels that make our planet hotter? That’s where SDG 7 comes in — aiming to provide affordable and clean energy for everyone.

❓ What is SDG 7?

It’s about ensuring that everyone has access to affordable, reliable, modern, and clean energy services. In simple words, it means having electricity without harming the environment.

💡 What does Clean Energy include?
• Affordable Access – Energy should be available at a price everyone can afford.
• Renewable Energy – Expanding the use of solar, wind, and hydropower.
• Energy Efficiency – Using energy wisely without waste.
• International Cooperation – Supporting developing countries with clean energy technology and infrastructure.

🙋‍♂️ Why does it matter to youth?

Energy issues directly affect our daily lives, and small actions can make a big difference:
1. Be an Energy Saver – Don’t leave lights or fans on when not needed. Unplug devices, not just turn them off.
2. Go Green (Solar Energy) – If possible, try using solar systems at home. It saves money in the long run and helps the planet.
3. Spread Awareness – Talk about clean energy and how it connects to climate change.
4. Innovation – Explore and create new ideas or gadgets that save energy in the future.

✨ “Balanced development means bringing light to our lives without putting the planet in darkness.”

What about you? How do you deal with frequent power cuts at home?
Solar? Power banks? Share your ideas in the comments 👇

Facebook Link - https://www.facebook.com/share/1CKubCtVCj/?mibextid=wwXIfr

Telegram Link - https://t.me/the_TheBalance

#ဟန်ချက်

"ရေရှိမှ အသက်ရှင်မှာမို့... ရေရှိဖို့ အတူတူကြိုးစားစို့" 💧🚽 [English Below 👇]ငါတို့ မနက်အိပ်ရာနိုးလို့ မျက်နှာသစ်တာ၊ ရေသ...
29/03/2026

"ရေရှိမှ အသက်ရှင်မှာမို့... ရေရှိဖို့ အတူတူကြိုးစားစို့" 💧🚽 [English Below 👇]

ငါတို့ မနက်အိပ်ရာနိုးလို့ မျက်နှာသစ်တာ၊ ရေသောက်တာကအစ အလွယ်တကူ ရေရနေလို့ "ရေ" ရဲ့ တန်ဖိုးကို မေ့နေတတ်ကြပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ လူ (၄) ယောက်မှာ (၁) ယောက်က သန့်ရှင်းတဲ့ သောက်သုံးရေကို မရရှိကြသေးဘူးဆိုတာ သိပါသလား? SDG 6 ရဲ့ ရည်မှန်းချက်က ဒီပြဿနာကို ဖြေရှင်းဖို့ပါ။

❓ SDG 6 ဆိုတာ ဘာလဲ?

လူတိုင်းအတွက် သန့်ရှင်းတဲ့ ရေရရှိမှုနဲ့ စနစ်ကျတဲ့ မိလ္လာစနစ် (Sanitation) ကို ရေရှည်တည်တံ့အောင် စီမံခန့်ခွဲပေးဖို့ ရည်မှန်းထားတာပါ။ ရေရှိရုံတင်မဟုတ်ဘဲ ရေရဲ့ အရည်အသွေး ကောင်းမွန်ဖို့ကလည်း အဓိကကျပါတယ်။

💡 Clean Water & Sanitation မှာ ဘာတွေ ပါဝင်လဲ?

Drinking Water - ဘေးကင်းပြီး ဈေးနှုန်းသက်သာတဲ့ သောက်သုံးရေကို လူတိုင်း ရရှိခြင်း။

Sanitation & Hygiene - စနစ်ကျတဲ့ အိမ်သာနဲ့ မိလ္လာစနစ် ရှိခြင်း၊ လက်ဆေးခြင်းကဲ့သို့ တစ်ကိုယ်ရေသန့်ရှင်းမှု မြှင့်တင်ခြင်း။

Water Quality - ရေထုညစ်ညမ်းမှုကို လျှော့ချခြင်းနဲ့ စွန့်ပစ်ရေတွေကို စနစ်တကျ ပြန်လည်သန့်စင်ခြင်း။

Protect Ecosystems - ရေအရင်းအမြစ်ဖြစ်တဲ့ တောင်တန်းတွေ၊ သစ်တောတွေနဲ့ မြစ်ချောင်းတွေကို ကာကွယ်ခြင်း။

🙋‍♂️ လူငယ်တွေနဲ့ ဘာဆိုင်လဲ?

"ရေဆိုတာ သယံဇာတ၊ သုံးတတ်ရင် အမြတ်" ဆိုတဲ့အတိုင်း ငါတို့ လူငယ်တွေရဲ့ အလေ့အကျင့်က အများကြီး ပြောင်းလဲပေးနိုင်ပါတယ်။

Be Water-Wise - သွားတိုက်နေစဉ် ဒါမှမဟုတ် ဆပ်ပြာတိုက်နေစဉ်မှာ ရေတိုင်ကီကို ပိတ်ထားပါ။ ရေကို လိုအပ်တာထက် ပိုမဖြုန်းပါနဲ့။

Say No to Pollution - ရေထဲကို အမှိုက်ပစ်တာ၊ ဓာတုပစ္စည်းတွေ သွန်တာမျိုးတွေကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် ပလတ်စတစ် အမှိုက်တွေဟာ ရေထုညစ်ညမ်းမှုရဲ့ တရားခံတွေပါပဲ။

Spread the Word - လက်ဆေးခြင်းရဲ့ အရေးပါပုံနဲ့ ရေကို ဘယ်လိုသန့်စင်အောင် ထားရမလဲဆိုတဲ့ ဗဟုသုတတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ မျှဝေပေးပါ။

Local Action - ကိုယ့်ရပ်ကွက်၊ ကိုယ့်ဒေသက မြစ်ချောင်းတွေ သန့်ရှင်းရေးလုပ်တဲ့ Campaign တွေမှာ ပါဝင်ပါ။

"ဟန်ချက်ညီတဲ့ ကမ္ဘာကြီးမှာ သန့်ရှင်းတဲ့ရေဟာ လူတိုင်းအတွက် အလှမ်းမဝေးတဲ့ အရာဖြစ်ရမယ်"

သူငယ်ချင်းတို့ရော... အိမ်မှာ ရေကို ချွေတာဖို့ ဘယ်လိုနည်းလမ်းလေးတွေ သုံးဖြစ်လဲ? Comment မှာ တစ်ချက်လောက် Share ပေးခဲ့ပါဦး! 👇

“We need water to live… so let’s work together to protect it.” 💧🚽

When we wake up in the morning, washing our face or drinking water feels so easy that we often forget how valuable water really is. But did you know that 1 in 4 people in the world still don’t have access to safe drinking water? That’s exactly what SDG 6 aims to solve.

❓ What is SDG 6?

It focuses on ensuring access to clean water and proper sanitation for everyone, while managing water resources sustainably. It’s not just about having water — it’s about having safe and high-quality water.

💡 What does Clean Water & Sanitation include?
• Drinking Water – Everyone should have access to safe and affordable water.
• Sanitation & Hygiene – Proper toilets, sewage systems, and habits like handwashing.
• Water Quality – Reducing pollution and treating wastewater properly.
• Protect Ecosystems – Protecting forests, rivers, and mountains that provide water.

🙋‍♂️ Why does it matter to youth?

As the saying goes, “Water is a resource — use it wisely, gain its value.” Our daily habits can make a big difference.
• Be Water-Wise – Turn off the tap while brushing your teeth or using soap. Don’t waste water.
• Say No to Pollution – Avoid throwing trash or chemicals into water. Plastic waste is a major cause of pollution.
• Spread the Word – Share knowledge about hygiene and keeping water clean.
• Local Action – Join clean-up campaigns for rivers and communities.

✨ “In a balanced world, clean water should never be out of reach for anyone.”

What about you? How do you save water at home?
Drop your ideas in the comments 👇

Facebook Link - https://www.facebook.com/share/1CKubCtVCj/?mibextid=wwXIfr

Telegram Link - https://t.me/the_TheBalance

#ဟန်ချက်

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဟန်ချက် - The Balanceผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์