28/02/2026
ပအိုဝ်းအမျိုးသားနေ့ဖိတ်ကြားလွှာ
Global Pa-O Family
သာသနာသက္ကရာဇ် - ၂၅၆၉ ခုနှစ်၊ ပအိုဝ်းသက္ကရာဇ် - ၂၇၁၇ ခုနှစ်
ကောဇာသက္ကရာဇ် - ၁၃၈၇ ခု၊ တပေါင်းလပြည့်နေ့
(ခရစ်သက္ကရာဇ် - ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့) ၇၇ နှစ်မြောက်
ပအိုဝ်းအမျိုးသားနေ့ (ဒဲဉ်သီးလာဗွေ - မွူးနီꩻခွိုꩻပအိုဝ်း) အခမ်းအနား
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ အတူတကွ လက်တွဲပြီး ၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ (၇၇) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို လူမှုကွန်ယက်သတင်းစာမျက်နှာများတွင် တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ပါသောကြောင့် ပြည်တွင်း၊ ပြည်ပ နိုင်ငံအသီးသီးရှိ ပအိုဝ်းတိုင်းရင်းသား မိဘပြည်သူများ၊ သတင်းမီဒီယာလူကြီးမင်းများ ပူးပေါင်းပါဝင်တက်ရောက်အားပေးနိုင်ပါရန် လေးစားစွာ အသိပေးဖိတ်ကြားအပ်ပါသည်။
အခမ်းအနားအစီအစဉ်
နေ့ရက် ။ ။ ၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့ (တပေါင်းလပြည့်နေ့၊ တနင်္လာနေ့)
အချိန် ။ ။ နံနက် (၁၀) နာရီမှ နံနက် (၁၂:၃၀) နာရီထိ (မြန်မာစံတော်ချိန်)
နေရာ ။ ။ Virtual Event
မှတ်ချက် ။ ။ သတင်းမီဒီယာများအနေဖြင့် (Live) သတင်းထုတ်လွှင့်လိုပါက [email protected] သို့ ဆက်သွယ်နိုင်ပါသည်။
ပအိုဝ်းအမျိုးသားနေ့ဖိတ်ကြားလွှာ
Pa-O National Federal Council -PNFC