19/08/2026
World Humanitarian Day (2026) | ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့
19 August 2026
"Standing Together, Supporting Communities"
ယနေ့ကမ္ဘာတစ်ဝှမ်းမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေဟာ ပိုမိုလိုအပ်လာနေပါတယ်။ ကျွန်ုပ်တို့ရဲ့ ဒေသတွင်းမှာလည်း သဘာဝဘေးအန္တရာယ်များ၊ စစ်ဘေးအန္တရာယ်များနဲ့ မတည်ငြိမ်တဲ့အခြေအနေတွေကြောင့် လူထုအများအပြားဟာ အစားအစာ၊ ဆေးဝါး၊ နေစရာနဲ့ အခြေခံလိုအပ်ချက်များအတွက် အကူအညီတွေ ဆက်လက်လိုအပ်နေကြပါတယ်။
ဒီလိုအခြေအနေတွေမှာ လူသားချင်းစာနာမှုအကူအညီဆိုတာ အရေးပေါ်အကူအညီပေးခြင်းတစ်ခုတည်း မဟုတ်ပါဘူး။ ဒေသခံလူထုရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း၊ ဒေသခံအဖွဲ့အစည်းများကို အားကောင်းစေခြင်းနဲ့ မိမိတို့ရဲ့ လူထုအတွက် မိမိတို့ကိုယ်တိုင် ဦးဆောင်ဖြေရှင်းနိုင်စွမ်းကို အားပေးခြင်းလည်း ဖြစ်ပါတယ်။
ယနေ့ကျရောက်သော ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့တွင် အကူအညီလိုအပ်နေသော ပြည်သူလူထုများနှင့်အတူရပ်တည်လျက် အနယ်နယ်အရပ်ရပ်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များကို လုပ်ဆောင်နေကြသူများအား ဧရာဝတီကရင်လူငယ်များမှ ဂုဏ်ပြုအပ်ပါသည်။