18/04/2026
#ကျောင်းအပ်လက်ခံနေပါပြီ
2026-2027 ပညာသင်နှစ် ကျောင်းအပ်နှံမှုဆိုင်ရာ အထူးကြေညာချက်
#ကျောင်းစတင်ဖွင့်လှစ်မည့်ရက် 20-4-2026 (တနင်္လာနေ့)
#ကျောင်းသားသစ်လက်ခံမည့်ကာလ
19-4-2026 မှ 31-5-2026 အထိ
#ကျောင်းသားဟောင်းများပြန်လည်အပ်နှံရမည့်ရက်
19-4-2026 30-4-2026 အထိသာ
#မှတ်ချက်
#သတ်မှတ်ထားသောကာလအတွင်းအမြန်ဆုံးအပ်နှံပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်
📚 #လက်ခံသင်ကြားပေးမည့်အတန်းများ
1။အခြေခံပညာကဏ္ဍ
(KG မှ Grade 9 အထိ)
မြန်မာပြည်သင်ရိုးနှင့် အင်တာနေရှင်နယ်သင်ရိုးတို့ကို စနစ်တကျ ပေါင်းစပ်သင်ကြားပေးခြင်း။
ထိုင်းဘာသာစကားနှင့် ကွန်ပျူတာနည်းပညာရပ်များကို အခြေခံမှစ၍ ကျွမ်းကျင်အဆင့်အထိ ပူးတွဲသင်ကြားပေးမည်။
2။ GED အတန်း
ထိုင်းနိုင်ငံနှင့် နိုင်ငံတကာတက္ကသိုလ်များသို့ တိုက်ရိုက်တက်ရောက်နိုင်ရန် ရည်ရွယ်သည့် နိုင်ငံတကာအဆင့်မီ အထက်တန်းအဆင့်အတန်း။
3။ Pre-GED အတန်း (Foundation Course)
GED တက်ရောက်ရန် အခြေခံလိုအပ်သူများနှင့် အထက်တန်းပညာ မပြီးဆုံးသေးသူများအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးမည့်အတန်း။
၄။ ဘာသာစကားနှင့် နည်းပညာအတန်းများ
ထိုင်းစာ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာဘာသာရပ်များကို သီးသန့်လေ့လာလိုသူများအတွက်။
🌟 #ကျွန်ုပ်တို့၏ #ကတိကဝတ်
သားငယ်၊ သမီးငယ်တို့၏ အနာဂတ်ခရီးလမ်းအတွက် AEC (ASEAN Education Center) ကို ယုံကြည်စွာ အပ်နှံပေးခဲ့ကြသော မိဘအုပ်ထိန်းသူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်လည်း ယခင်နှစ်များထက် ပိုမိုကောင်းမွန်ပြီး အဖက်ဖက်က တိုးတက်ပြည့်စုံသော ပညာရေးစနစ်ဖြစ်စေရန် ကျွန်တော်တို့ဘက်မှ အစွမ်းကုန် ကြိုးစားအားထုတ်သွားမည် ဖြစ်ပါသည်။
" #စိတ်ချယုံကြည် AEC ... #ရှေ့သို့လှမ်းချီ AEC"
ASEAN Education Center -AEC