YTTB - Energy Aid ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก YTTB - Energy Aid, องค์กรไม่แสวงหาผลกำไร, Ban Mae Sot

✊ စွန့်ပစ်ရေသန့်ဗူးခွံများကို လိုက်လံစုစည်းပြီး ဆေးကြောသန့်စင် ရေသန့်ပြန်ဖြည့်၍ တော်လှန်ရေးရဲဘော်များနှင့် စစ်ဘေးရှောင်ပြည်သူများအတွက် သောက်‌ရေသန့်ဗူးများ မျှဝေပေးနေသော ရေသယ်သူပုန်အဖွဲ့✊ (♻️ Recycle → 🧽 Clean → 💧 Refill → ✊ Share )

ကနေ့အတွက်တော့ ဆေးရင်း၊ ဖြည့်ရင်းပေါ့။ရဲဘော်တွေနဲ့၊ စစ်ရှောင်ပြည်သူတွေ လိုအပ်ချက်ကိုဖြည့်စည်းနိုင်ဖို့ရာ လိုအပ်တဲ့ တထောင်...
15/06/2026

ကနေ့အတွက်တော့ ဆေးရင်း၊ ဖြည့်ရင်းပေါ့။
ရဲဘော်တွေနဲ့၊ စစ်ရှောင်ပြည်သူတွေ လိုအပ်ချက်ကို
ဖြည့်စည်းနိုင်ဖို့ရာ လိုအပ်တဲ့ တထောင့်တနေရာစာက ကူထမ်းကြရင်းပါပဲ။
#လှမ်းနေသမျှအရွေ့ရှိတယ်
#ဘယ်တော့မှရပ်မသွားဘူး
#ရေသယ်သူပုန်✊️✊️✊️

'ရေသယ်သူပုန်'တို့ ရေဘူးကောက်တဲ့ နေ့လေးပါ။သုံးပြီးသား(used)ရေသန့်ဘူးခွံတွေကိုဆေးကြောသန့်စင်၊ အခြောက်ခံပြီး ​ပြန်လည်အသုံးပ...
14/06/2026

'ရေသယ်သူပုန်'တို့ ရေဘူးကောက်တဲ့ နေ့လေးပါ။
သုံးပြီးသား(used)ရေသန့်ဘူးခွံတွေကို
ဆေးကြောသန့်စင်၊ အခြောက်ခံပြီး ​ပြန်လည်အသုံးပြု(reused)ပြီး၊ သောက်ရေသန့်ဖြည့်ကာ
ရှေ့တန်းရဲဘော်တွေနဲ့၊ စစ်ရှောင်ပြည်သူတွေဆီ ပို့ဆောင်ပါတယ်။♻️💧🌐

ဂေဟစနစ် ထိန်းသိမ်းဖို့ရာအတွက်၊
ပလက်စတစ်အသုံးပြုမှုလည်း လျော့ချနိုင်သလို၊
တကယ်လိုအပ်နေတဲ့ နေရာတွေဆီလည်း
သောက်ရေသန့်ကို စရိတ်နည်းပါး(low budget)နဲ့
ပို့ဆောင်နိုင်ပါတယ်။♻️💧🌐

ရဲဘော်နှင့်၊ ပြည်သူတွေရဲ့ ရေအခက်အခဲ၊
ရေကြောင့်ဖြစ်တဲ့ရောဂါ ပြဿနာ(ကျောက်ကပ်၊ဝမ်းရောဂါ...)တွေကိုလည်း ဖြေရှင်းပြီးရာရောက်တဲ့
အဘက်ဘက်က အကျိုးရှိတဲ့(win-win situation) ပါပဲ။🤝🤝🤝

ကျနော်တို့ လိုချင်တဲ့ စစ်မှန်သော ဒီမိုကရေစီနှင့်အတူ ပိုမိုလှပသော ကမ္ဘာတခုကို ကျနော်တို့ကိုယ်တိုင်ပဲ တည်ဆောက်ကြရမှာပါ။🍀🌐🍀

#လှမ်းနေသမျှအရွေ့ရှိတယ်
#ငါတို့မှာငါတို့ပဲရှိတယ်
#ရေသယ်သူပုန်✊️✊️✊️

ဒီနေ့ ၁၂၊၆၊၂၆အတွက် 'ရေသယ်သူပုန်'များရဲ့ လုပ်ဆောင်မှု မှတ်တမ်းပါ။ဒီနေ့အတွက်လည်း မှတ်မှတ်ရရပါပဲ။ဂိတ်တွေအကုန်ပိတ်ထားတာကြောင...
12/06/2026

ဒီနေ့ ၁၂၊၆၊၂၆အတွက် 'ရေသယ်သူပုန်'များရဲ့ လုပ်ဆောင်မှု မှတ်တမ်းပါ။
ဒီနေ့အတွက်လည်း မှတ်မှတ်ရရပါပဲ။
ဂိတ်တွေအကုန်ပိတ်ထားတာကြောင့် အသိအိမ်မှာ ရေဝင်ချပြီး အမြန်ပြန်လာခဲ့ရပါတယ်။
ဝရုန်းသုန်းကားပါပဲ။🏃🏃🏃
ဘယ်လိုဖြစ်ဖြစ် ကိုယ့်ရဲဘော်တွေဆီ သောက်ရေသန့်မပြတ်တန်း ရောက်ရှိနေဖို့က အဓိကပါပဲ။
အပြန်လမ်း မိုးမိပြီး ကြွက်စုတ်ဖြစ် တုန်နေတာတော့ တပိုင်းပေါ့​ဗျနော။🥶🥶🥶

ကျနော်တို့ဒီနေ့ ရေသန့်ဘူး ၆၆ဘူးပါ ရေသန့်အိပ် venomစစ်ကြောင်း - ၅အိပ်
မင်းလက်ပံရှေ့တန်း+ဆေးရုံ - ၉အိပ်
Cobraခွဲ၂၊ ခွဲ၄ - ၉အိပ်
lion battalion - ၄အိပ်
ကျားသစ်နက်စစ်ကြောင်း - ၄အိပ်
စုစုပေါင်း ၃၁အိပ် ပို့ဆောင်လိုက်နိုင်ခဲ့ပါတယ်။

ပါဝင်ကူညီသော volunteer၁ဦး၁ယောက်ချင်းဆီတိုင်းနှင့် ကိုယ့်ဆီကိုယ်ဖြည့် ကားမောင်းလိုက်ပို့ပေးပါသော ညီအကိုများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ဗျ။
သောက်ရေသန့်ကူညီပေးသူများ၊ အတူပူပေါင်းကူညီ ထောက်ပံ့ပေးသူများ အားလုံးကို 'ရေသယ်သူပုန်'များမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်။☺️☺️☺️
ကျနော်တို့ရွယ်ရည်ရာဖြစ်တဲ့ ဖက်ဆစ်အာဏာရှင်စနစ် ဖြုတ်ချရေးကို ကျနော်တို့အတူ တွဲသောလက်တွေ မြဲမြဲကိုင်ရင်း ပန်းတိုင်အရောက် လှမ်းကြမယ်ဗျာ။💪🤝✊️
#လှမ်းနေသမျှအရွေ့ရှိတယ်
#ဘယ်တော့မှရပ်မသွားဘူး
#ရေသယ်သူပုန်✊️✊️✊️

'ရေသယ်သူပုန်'လူငယ်လေးတွေကို လာရောက်ကူညီအားဖြည့်၊ရေဆေးကူပေးသော အဘိုးကြီးတွေဖြစ်တဲ့ဘကြီး ပိုး လေး ၊ အရပ် ထဲက စပ်ဖြဲ ၊ Ko L...
11/06/2026

'ရေသယ်သူပုန်'လူငယ်လေးတွေကို လာရောက်ကူညီအားဖြည့်၊
ရေဆေးကူပေးသော အဘိုးကြီးတွေဖြစ်တဲ့
ဘကြီး ပိုး လေး ၊ အရပ် ထဲက စပ်ဖြဲ ၊ Ko Lynn Lay ၊ ဘကြီးအောင်ငွေတို့ကို 'ရေသယ်သူပုန်'များမှကျေးဇူးအထူး တင်ရှိပါတယ်ဗျ😊
နောင်လည်းမကြာမကြာ ရေဆေးကူနိုင်ပါစေ😁

#လှမ်းနေသမျှအရွေ့ရှိတယ်
#ငါတို့မှာငါတို့ပဲရှိတယ်
#ရေသယ်သူပုန် ✊️✊️✊️

10/06/2026
☺️☺️☺️အပြုံးတွေနဲ့ ရုန်းနေကြတဲ့'ရေသယ်သူပုန်'တွေ💪💪💪ရဲဘော်နဲ့၊ စစ်ရှောင်ပြည်သူတွေရဲ့ လိုအပ်ချက်ကို တထောင့်တနေရာက ဖြည့်တင်း...
10/06/2026

☺️☺️☺️အပြုံးတွေနဲ့ ရုန်းနေကြတဲ့
'ရေသယ်သူပုန်'တွေ💪💪💪
ရဲဘော်နဲ့၊ စစ်ရှောင်ပြည်သူတွေရဲ့ လိုအပ်ချက်ကို တထောင့်တနေရာက ဖြည့်တင်းနိုင်ဖို့ရာ
အရောက်လာခဲ့ပါ့မယ်ဗျ။✊️✊️✊️

#လှမ်းနေသမျှအရွေ့ရှိတယ်
#ဘယ်တော့မှရပ်မသွားဘူး
#ရေသယ်သူပုန်✊️✊️✊️

💧💧💧ရေဓါတ်ဆိုတာ သက်ရှိတိုင်းအတွက်အရေးအကြီးဆုံးတော့ မပြောနိုင်လျှင်​တောင်မှအတော်အတန် အရေးပါတဲ့ လိုအပ်ချက်တခုပါ။ချွေးထွက်မျ...
09/06/2026

💧💧💧ရေဓါတ်ဆိုတာ သက်ရှိတိုင်းအတွက်
အရေးအကြီးဆုံးတော့ မပြောနိုင်လျှင်​တောင်မှ
အတော်အတန် အရေးပါတဲ့ လိုအပ်ချက်တခုပါ။
ချွေးထွက်များတဲ့ ကျနော်တို့ရဲဘော်တွေအတွက်တော့ အသက်ဓါတ်တခုပါပဲ။

💯💯💯ရေဆိုတိုင်းလည်း သောက်ဖို့မသင့်လျှော်တဲ့ ရေတွေကြောင့် ကျနော်တို့ရဲဘော်တွေနှင့် ပြည်သူတွေမှာ ကျောက်ကပ်၊ ဝမ်းပျက်ဝမ်းလျောနှင့် အခြားသောရောဂါတွေ ဖြစ်နိုင်၊ ဖြစ်လာရပါတယ်။
အဲ့အတွက် ကျနော်တို့အပတ်စဥ် ရေသန့်ကို နည်းနိုင်သမျှ အနည်းဆုံး ကုန်ကျစရိတ်(low budget)နဲ့ ပို့ဆောင်နိုင်ဖို့ ကြိုးစားကြတာပါဗျ။

🙏🙏🙏ယခင်အပတ်တွေမှာ ကျနော်တို့ ပုံမှန်မပို့လိုက်နိုင်လို့ ရဲဘော်တွေမှာ အခက်အခဲတွေ ဖြစ်စေခဲ့လို့ ​'ရေသယ်သူပုန်'အဖွဲ့သားများက အနူးအညွတ်တောင်းပန်ပါတယ်ဗျ။ low budgetဆိုသော်မျှလည်း အပတ်စဥ်ရေသန့် ၃၀၀၀လီတာမျှအတွက် ကုန်ကျစရိတ်ကလည်း အတန်အသင့်ရှိနေတာကလည်း အခက်အခဲတခုအပြင်၊ အခြားသောအချင်းအရာ အခက်အခဲတွေကလည်း ရှိနေတာကြောင့်ပါ။

💪💪💪ဘယ်လိုအခက်အခဲတွေ ရှိနေပါစေ၊ ကျနော်တို့'ရေသယ်သူပုန်'အဖွဲ့သားများက ရအောင်ကျော်လွှားရင်း ရဲဘော်တို့နဲ့၊ ပြည်သူတွေဆီ ရေသန့်ထောက်ကူမှု အပတ်စဥ်ပို့နိုင်အောင် ကြိုးစားပြီး ပို့ဆောင်နေမှာပါ။

#လှမ်းနေသမျှအရွေ့ရှိတယ်
#ဘယ်တော့မှရပ်မသွားဘူး
#ရေသယ်သူပုန်✊️✊️✊️

ရဲဘော်တွေဆီ အမြန်ဆုံး သောက်ရေပို့နိုင်ဖို့ရာ ကျနော်တို့ ရေသယ်သူပုန်တွေကြိုးစားနေကြပါတယ်ဗျ။💧💧💧Low budgetနဲ့ runနေရတဲ့ အဖွ...
08/06/2026

ရဲဘော်တွေဆီ အမြန်ဆုံး သောက်ရေပို့နိုင်ဖို့ရာ ကျနော်တို့ ရေသယ်သူပုန်တွေ
ကြိုးစားနေကြပါတယ်ဗျ။💧💧💧
Low budgetနဲ့ runနေရတဲ့ အဖွဲ့မို့
ရေသန့်ဘူးခွံတွေ စုဆောင်းဖို့ရာလည်း ကားအခက်အခဲ၊ အခြားသော အခက်အခဲ​တွေ ရှိနေတဲ့ကြားက ကျနော်တို့ အမြန်ဆုံး အဆင်ပြေအောင်
ကြိုးစားလုပ်ကိုင်နေကြပါတယ်။💪💪💪
ရဲဘော်တွေနဲ့၊ စစ်ဘေးရှောင်ပြည်သူတွေအတွက်
ကျနော်တို့ ရေသယ်သူပုန်တွေ အမြဲအသင့်ရှိနေမှာပါ။✊️✊️✊️
#လှမ်းနေသမျှအရွေ့ရှိတယ်
#ဘယ်တော့မှရပ်မသွားဘူး
#ရေသယ်သူပုန် ✊️✊️✊️

💧💧💧ဒီနေ့အတွက် ဆေး၊ ဖြည့်၊ ချုပ်လုပ်ငန်းစဥ်လေးပါ။အဆင်မသင့်မှုလေး ဖြစ်သွားရတဲ့အတွက်၊ရေဘော်တွေ ရေသန့်လိုအပ်ချက် အဆင်မပြေဖြစ...
07/06/2026

💧💧💧ဒီနေ့အတွက် ဆေး၊ ဖြည့်၊ ချုပ်
လုပ်ငန်းစဥ်လေးပါ။
အဆင်မသင့်မှုလေး ဖြစ်သွားရတဲ့အတွက်၊
ရေဘော်တွေ ရေသန့်လိုအပ်ချက် အဆင်မပြေဖြစ်သွားရတာ ဝမ်းနည်းမိပါတယ်ဗျ😌😌😌
အမြန်ဆုံး အရောက်လာနိုင်အောင် ကြိုးစားပါ့မယ်။✊️✊️✊️
#လှမ်းနေသမျှအရွေ့ရှိတယ်
#ငါတို့မှာငါတို့ပဲရှိတယ်
#ရေသယ်သူပုန်✊️✊️✊️

06/06/2026

ရေသယ်သူပုန်တို့ရဲ့ လုပ်ငန်းဆောင်တာ တရက်စာ။
ရေသန့်ထောက်ကူမှုအတွက် ကျနော်တို့အမြဲ အသင့်ရှိပါတယ်။
#လှမ်းနေသမျှအရွေ့ရှိတယ်
#ငါတို့မှာငါတို့ပဲရှိတယ်
#ရေသယ်သူပုန်✊️✊️✊️

ที่อยู่

Ban Mae Sot
63110

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ YTTB - Energy Aid โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์